အခန်း ၁၁၂၅
Vol. 75 Ch. 1125
အခန်း (၁၁၂၅) နတ်ဘုရားသတ်ဓားသိုင်းပညာရပ်။
ချင်ယွင်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ သူ့ဆီသို့ ထိုးဖောက်လာသော ရှည်လျားသော ကြာပွတ်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။
သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ကြာပွတ်ဆီသို့ ဝှေ့ယမ်းသွားခဲ့ပြီး၊ ပြင်းပြင်း ထန်ထန် တုန်ခါသွားပါသည်။
ချွင်….။
စူးရှသော သတ္တုအချင်းချင်း အပြင်းအထန် တိုက်မိသည့်အသံကိုပင် ကြားနိုင်ပါသည်။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားမှတဆင့် ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ချက်ခြင်း ခံစားလိုက်ရပြီးနောက်၊ သူသည် နောက်ပြန် တွန်းထုတ်ခြင်း ခံလိုက်ရပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ ဆက်တိုက် လွင့်ထွက်သွားခဲ့သည်။ သူ၏ခြေဖျားက မာကျောလှသည့် မြေပြင်ပေါ်မှာ ရှည်လျားသော စွပ်ကြောင်းအမှတ်အသားတစ်ခုကို ဆွဲယူသွားခဲ့သော်လည်း၊ သူသည် ထိုစွမ်းအားကို ဖယ်ရှားရန် ခက်ခဲနေတုန်းပင်။
"ဟမ့်၊ မင်း ငါ့ရဲ့ ကွင်းဆက်ကိုးခုပါကြာပွတ်ကို အတင်းကြပ် လှုပ်ခါရဲတယ်ဆိုတော့, မင်းက တကယ်ကို သေချင်နေတာပဲ" လီဂျွန်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ လက်ထဲမှ ကွင်းဆက်ကိုးခုပါကြာပွတ်ကို ထပ်မံ၍ ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
ကွင်းဆက်ကိုးခုပါကြာပွတ်သည် ချက်ချင်းဆိုသလို ကျယ်ပြန့်လာခဲ့ပြီး၊ တရွှီးရွှီး မြည်ဟီးသံနှင့်အတူ ဟိန်းဟောက်နေသော ရွှေနဂါးကြီးကဲ့သို့ ချင်ယွင်ဆီသို့ ပြေးဝင်သွား ပါသည်။
၎င်းတွင်ပါရှိသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် အလွန်မင်း ကြောက်စရာကောင်းပြီး ချင်ယွင်ပင်လျှင် ၎င်းကို ထိပ်တိုက်ရင်မဆိုင်ရဲပေ။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ၏ခြေဖဝါးအောက်တွင် ခွန်အားကို စိုက်ထုတ်လိုက်သည်။ သူသည် သူ၏ခွန်အားကို ငှါးယူလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အလျားလိုက်ရွေ့လျားသွားသည်။
သို့သော် သူ၏အမြန်နှုန်းက နှေးကွေးနေသေးသည်။ ကွင်းဆက်ကိုးခုပါကြာပွတ်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုနီးပါးဖြစ်သွားခဲ့ပြီးမှ မြေပြင်ပေါ်သို့ ကျရောက် သွားသည်။
"ဘုန်း….။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးသည် တခဏချင်း ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း အပြင်သို့ လွင့်ထွက်သွားသည်။
မြေပြင်သည် တစ်လက်မချင်းစီ ကွဲအက်ကာ ရှည်လျားသော လျှိုမြောင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည်လည်း ဤပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအားကြောင့် ပစ်လွှင့်သွားခဲ့ သည်။ သူ၏ခန္ဓာကိုယ်သည် လွင့်ထွက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာပြင်းပြင်း ထန်ထန် ခံစားခဲ့သည်။
ကွင်းဆက်ကိုးခုပါကြာပွတ်သည် သူ့အား တိုက်ရိုက် မတိုက်ခိုက်မိသော်လည်း ကွင်းဆက် ကိုးခုပါကြာပွတ်၏ ပေါက်ကွဲစွမ်းအားသည် ချင်ယွင်ကို ဒဏ်ရာရစေရန် လုံလောက်နေပြီ။
"အွတ်....”။
ချင်ယွင်သည် ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး၊ အခြားတဖက်၏ နတ်ဘုရားခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာ သောစွမ်းအားသည် သူ၏ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကိုပင် ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့သည်။
"ဟား…၊ ဟား…၊ ငါ ပြောခဲ့ပါတယ်။ မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်သေးဘူးဆိုတာ ကို။ မင်းက ငါ့ကို မယုံကြည်သေးဘူး။ ဘယ်လိုလဲ၊ အခုတော့ မင်း ငါ့ရဲ့ ဝိညာဉ်ကိုးပါး ခွဲထုတ်ခြင်းကြာပွတ်ကို မြည်းစမ်းခွင့်ရပြီ မဟုတ်လား" လီဂျွန်က ဟက်ဟက်ပက်ပက် ရယ်မောသည်။ ချင်ယွင်တကိုယ်လုံး သွေးတွေရွှဲနေသည်ကို မြင်တော့, သူ၏ပုံစံက ကျေနပ်သည့် အမူအရာ ပေါ်လွင်နေသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ လီဂျွန်ကို စိုက်ကြည့်နေသည်။
လီဂျွန်သည် အခုချိန်ထိတိုင် ချင်ယွင်၏ အသန်မာဆုံး ပြိုင်ဘက်ဟု ဆိုရပေမည်။ သူ၏ နတ်ဘုရားတန်ခိုးသည် ယခင် လူနည်းစုထက် သိသိသာသာ အားကောင်းနေပါသည်။ အထူးသဖြင့် ချင်ယွင်ကို အလွန်ဒုက္ခရောက်စေသည့်အရာက သူ၏ နတ်တန်ခိုးတွင် ပါဝင်နေသော အဖျက်စွမ်းအား ဖြစ်သည်။
သို့သော် ယင်းကြောင့် သူ့ကို အနိုင်ယူလိုသည်ဆိုလျှင်တော့, ယင်းက ချင်ယွင်ကို လျှော့တွက်ရာရောက်သည်ဟု ဆိုလိုပေသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထားလိုက်ပြီး လီဂျွန်ကို စူးစူးရှရှ ကြည့်လိုက်သည်။ သူ၏ ပါးစပ်ထောင့်စွန်းတွင် သွေးများ စီးကျနေသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ပြောင်းလဲလာပါသည်။
"မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား?" ချင်ယွင်သည် သူ၏ ပါးစပ်ထောင့်စွန်းမှ နီမြန်းသော သွေးများကို သုတ်လိုက်ပြီး၊ လီဂျွန်ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ရုတ်ချည်းပင် အနှိုင်းမဲ့ ပြင်းထန်လာသည်။
ထိုအချိန်တွင်၊ ချင်ယွင်၏ခါးသည် ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းနေခဲ့ပြီး၊ ရုတ်တရက် ပြိုင်ဘက်ကင်းဓားတစ်ချောင်းက သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာတော့မည့် အတိုင်းပင်။ ဓားချီသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ထက်ရှမူက သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရူးအမူး စတင်လှုပ်ခတ်လာစေသည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ဓားဆန္ဒလဲ။ ဒါက နတ်ဘုရားစွမ်းရည် ဓားသိုင်းပညာရပ်များ ဖြစ်နိုင်မလား?" စည်သူဝူဒီသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ချင်ယွင်ကို စူးစူးဝါးဝါး ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် အလွန်မင်း တုန်လှုပ်နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။
နတ်ဘုရာစွမ်းရည် အမျိုးအစားပေါင်းများစွာ ရှိပါသည်။ ၎င်းတို့ထဲမှ အချို့ကို နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် ဖန်တီးထားသော်လည်း အချို့မှာမူ ရှေးခေတ်ကတည်းက ဆင်းသက်လာကြသည်။ သို့သော်၊ ဤနတ်ဘုရားစွမ်းရည်များကို များသောအားဖြင့် လက်သီးနှင့် ခြေထောက်များပေါ်တွင်သာ အာရုံစိုက်ကြသည်။ ဓားသိုင်းပညာရပ်များ၊ ဆေဘာပညာရပ်များကဲ့သို့ နတ်ဘုရားစွမ်းရည် ပညာရပ်များသည် အလွန်မင်း အဖိုးထိုက်တန်ပါသည်။ ၎င်းနတ်ဘုရားစွမ်းရည်များ၏ စွမ်းအားသည်လည်း အလွန်မင်း အစွမ်းထက်လှသည်။
သူကဲ့သို့ အင်မော်တယ်ကမ္ဘာမှ လူငယ်တစ်ဦးသည် ဤမျှ အဖိုးတန်သော နတ်ဘုရား စွမ်းရည် ဓားသိုင်းပညာရပ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ ပေ။
လီဂျွန်သည်လည်း သူ၏မျက်လုံးများက အုံ့မှိုင်းစပြုရင်း အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်ပြသလာသည်။ သူသည် စည်သူဝူဒီထက် ပို၍ ခံစားနိုင်ပါသည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒသည် အလွန့်လွန်ထူးခြားပြီး သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စါမ်းအင်အတက်အကျလှိုင်းများသည် သူ့အား နှလုံးသားအောက်ခြေ အထိ ကြောက်ရွံ့မှု ဖြစ်စေသည်ကို သူ ခံစားနိုင်သည်။
"ငါ ဒီချာတိတ်ကို လုံးဝ ရှင်သန်ခွင့်ပေးလို့ မရနိုင်ဘူး။ မဟုတ်ရင် သူက အနာဂတ်မှာ ကပ်ဘေးဆိုးကြီး ဖြစ်လာမှာ သေချာတယ်။" လီဂျွန်က သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏နှလုံးသားထဲတွင် သတ်ဖြတ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာခဲ့ပါ သည်။
"ငရဲဘုရင်၊ သူ့ရဲ့အသက်ကို ယူလိုက်စမ်း.." လီဂျွန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ ကွင်းဆက်ကိုးခုပါကြာပွတ်က ချက်ချင်း တောက်ပ လင်းလက်သွားသည် ။
ကွင်းဆက်ကိုးခုပါကြာပွတ်သည် ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက်စဉ် တုန်လှုပ် ချောက်ချား ဖွယ် စွမ်းအင်အတက်အကျလှိုင်းကို သယ်ဆောင်သွားသည်။ ၎င်းတွင် အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။
ကွင်းဆက်ကိုးခုပါကြာပွတ်သည် ဧရာမနဂါးကြီးကဲ့သို့ ဟိန်းဟောက်ပြီး၊ လေဟာနယ်ထဲ ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော်လည်း ချင်ယွင်သည် သူ့အား တိုက်ခိုက်လာသော ကွင်းဆက်ကိုးခုပါကြာပွတ်ကို ကြည့်လိုက်ချိန်, သူ၏မျက်လုံးများတွင် မည်သည့်ခံစားချက် အရိပ်အယောင် မရှိခဲ့ပေ။ သူ၏အကြည့်တွေက လျှပ်စီးလက်သလို စူးရှနေဆဲပင်။
"နတ်ဘုရားသတ်ဓားသိုင်းရဲ့ ပထမသိုင်းကွက် သွေးပင်လယ်စေတီခုတ်ပိုင်းခြင်း ဓားကွက်ကို ငါ မင်းကို မြည်းစမ်းခွင့်ပြုမယ်”။ ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓား စိတ်ကူးယဉ်ဆန်ဆန် မည်သည့်စကားတခွန်းမှ ပြောစရာမရှိဘဲ ချက်ချင်း ခုတ်ပိုင်းလိုက်ပါသည်။
သို့သော်, ဓားရှည် ခုတ်ပိုင်းလိုက်သည့်အခိုက်တွင် ပြင်းထန်သော အဖျက်စွမ်းအားများနှင့် အတူ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှည်လျားသော ကွင်းဆက်ကိုးခုပါကြာပွတ် နှင့် အပြင်းအထန် တိုက်မိသွားခဲ့သည်။
ချွင်…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ရှည်လျားသော ကွင်းဆက်ကိုးခုပါကြာပွတ် သည် ချင်ယွင်၏ ဓားအလင်းအောက်တွင် ပေါက်ကွဲသွားပြီး ကိုးပိုင်းပြတ်သွားကာ နေရာ အနှံ့ ပြန့်ကျဲသွားခဲ့သည်။
"ဘာလဲဟ?" လီဂျွန်သည် အလွန်မင်း တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
သူ၏ ဝိညာဉ်ကိုးပါး ခွဲထုတ်ခြင်းကြာပွတ်သည် နတ်ဘုရားပစ္စည်း မဟုတ်သော်လည်း၊ ၎င်းကို သူ၏နတ်ဘုရားတန်ခိုးဖြင့် နှစ်ပေါင်းတစ်သောင်းကြာအောင် ပြုစုပျိုးထောင် ပေးခဲ့ပြီး ဖြစ်သည်။ ၎င်း၏ မာကျောမှုသည် ထိုနတ်ဘုရား ပစ္စည်းများထက် များစွာ နိမ့်ကျသည်ဟု မဆိုနိုင်ပေ။ သို့သော် ယခုတော့ သူ၏ရှေ့မှ ဤကောင်စုတ်လေးသည် ဓားတစ်ချက်ဖြင့် ဖြိုခွဲပစ်လိုက်ရသည်။ သူ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း?။
အဝေးမှ စည်သူဝူဒီ၏ မျက်နှာသည်လည်း သိသိသာသာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာ ပေါ်လာပါသည်။ ယခုလေးတင် ချင်ယွင်၏ ဓားချက်က သူ့အား အသက်ရှူ ကြပ်သလို ခံစားရစေသည်။ အကယ်၍ ထိုဓားချက်သာ သူ့အား ပစ်မှတ်ထားမည်ဆိုပါက သူသည် သေချာပေါက် အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။
“နတ်ဘုရားသတ်ဓားသိုင်း.. ဒုတိယသိုင်းကွက်၊ ကောင်းကင်ဓားနတ်ဘုရား သတ်ဖြတ်ခြင်း ဓားကွက်" ထိုအချိန်တွင် ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြန်သည်။
တခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပါတော့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ချင်ယွင်၏ နောက်ကျောပေါ်မှ အနက်ရောင် ဆံပင်များသည် လေတိုက်ခြင်း မရှိဘဲ တဖျပ်ဖျပ် လှုပ်ယမ်းသွားကာ သူ၏လက်ထဲ မြူနှင်းချောက်နက်ဓားသည် လင်းလက် တောက်ပနေသည်။ ၎င်းသည် အလွန်မင်း ပြိုးပြိုးပြက်ပြက် လင်းလက်နေခြင်း ဖြစ်သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများက သူ့ကို နှလုံးသား အောက်ခြေမှ ကြောက်ရွံ့မှုကို ခံစားရစေခဲ့သည်။
ဘန်း….။
ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် လီဂျွန်ဘက်သို့ ချက်ခြင်း ခုတ်ပိုင်းသွား ပြီး ပေတစ်ရာအရွယ်စားရှိသည့် ဓားအလင်းတန်းတစ်ခုက ချက်ခြင်း ထွက်ပေါ်လာကာ၊ ကောင်းကင်နှင့်မြေကြီးကိုပင် ခွဲခြမ်းနိုင်သည့်စွမ်းအားကို သယ်ဆောင်လာရင်း လီဂျွန်ဆီ သို့ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ပျံသန်းသွားပါသည်။
၎င်းဓားအလင်းတန်း ဖြတ်သန်းသွားသည့် မြေကြီးသည် ချောက်နက်ကြီးအဖြစ်သို့ စုတ်ပြဲသွားခဲ့သည်။
လီဂျွန်၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား တန်ခိုး စွမ်းအား အားလုံးသည် လုံးဝထိန်ချန်ထားခြင်း မရှိတော့ပဲ တဟုန်ထိုး ထွက်ပေါ် လာခဲ့ပြီး၊ သူ၏ရှေ့တွင် အလွှာနှစ်ဆယ်အပြည့်ပါသည့် အကာကွယ် အလင်းဒိုင်းတစ်ခုကို ဖွဲ့စည်းထားလိုက်သည်။
"ဘုန်း..”။
သူ အကာကွယ်အလင်းဒိုင်းကို သိပ်သည်းပြီးသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်းသည် ချက်ချင်း ရောက်ရှိလာပြီး သူ၏ အလင်းဒိုင်းအလွှာ နှစ်ဆယ်ကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် ဓားအလင်းသည် သူ၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်သွားကာ သူ့ကို လွင့်ပျံသွားစေခဲ့သည်။
လီဂျွန်သည် ပေတစ်သောင်းအကွာဝေးထိ နောက်သို့ လွင့်ပျံသွားကာ၊ မရပ်နိုင်ခင် အဝေးမှ တောင်ထွတ်တစ်ခုကို ပစ်မှန်သွားပြီး တောင်ထိပ်လည်း ကျိုးပဲ့သွားခဲ့သည်။
"ဖူး…”။
လီဂျွန်သည် ပါးစပ်ထဲမှ သွေးများကို မဆုံးမရှိ ထွေးထုတ်နေရပြီး သူ၏မျက်လုံးများက ကြောက်ရွံမူများဖြင့် ပြည့်နေခဲ့သည်။
သူ ရှုံးသွားခဲ့ပြီ။ သူ အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီ။ သူသည် နတ်ဘုရားခန္ဓာကိုယ်ကိုတောင် သန့်စင်ထားခြင်းမရှိသေးသည် နတ်ဘုရားတစ်ပိုင်းတစ်ဦးကို ရှုံးနိမ့်သွားခဲ့သည်။
"ငါ မကျေနပ်ဘူး။ မင်းကို ငါ သတ်ပစ်မယ်။" လီဂျွန်က အရူးအမူး အော်ဟစ်လိုက်သည်။ သူသည် မတ်တပ်ရပ်ရန် ကြိုးစားရုန်းကန်ရင်း သူ၏မျက်လုံးများမှ သွေးတွေ စီးကျနေပါ သည်။ သို့သော်၊ ချင်ယွင်၏ တိုက်ခိုက်မှုသည် သူ၏နတ်ခန္ဓာကိုယ် အများစုကို ကြေမွသွားစေခဲ့ပြီ ဖြစ်သည်။
"မင်းမှာ အခွင့်အရေး မရှိတော့ဘူး" သို့သော် ထိုအချိန်တွင် အေးစက်စက် အသံက သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ဓားအလင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ လီဂျွန်၏ လည်ပင်းကို ထိုးဖောက်ဝင်ရောက်ပြီး သူ့ကို မြေကြီးပေါ်တွင် စွဲနှက်ရိုက်ထားလိုက်သည်။ ဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုးက သူ၏နတ်ဘုရားစိတ်ဝိညာဉ်အပါအဝင် လီဂျွန်၏နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးကို ချက်ချင်း သတ်ပစ်လိုက်သည်။
လီဂျွန်သည် သူ၏ တက်ကြွမှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့သည်။ ဝမ်းနည်းခြင်းနှင့် အတူ သူ သေဆုံးသွားစဉ်မှာ သူ၏မျက်နှာသည် အံ့ဩခြင်းများနှင့် ပြည့်နေခဲ့သည်။
စာစဉ် (၇၅) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။