အခန်း ၁၁၂၆
Vol. 76 Ch. 1126
အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၁၂၆) ပြဿနာအရင်းမြစ်တစ်ခု ချမိခြင်း။
စည်တူဝူဒီသည် အသက်ဓာတ်ကင်းမဲ့ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီဂျွန်ကို ကြည့်ကာ သူ၏တစ်ကိုယ်လုံး အေးခဲသွားခဲ့သည်။
"ဒီလိုသေသွားတာလား?" စည်တူဝူဒီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူသည် နှစ်ပေါင်းသိန်းချီ၍ ရှင်သန်နေထိုင်ခဲ့ဖူးပြီး၊ သူ၏ စိတ်နေစိတ်ထားသည် တည်ငြိမ်နေသော် လည်း ယခုတိုက်ပွဲကြောင့် တုန်လှုပ်နေရဆဲ ဖြစ်သည်။
တိုက်ပွဲအစနေအဆုံးထိ, အမှန်တကယ် တိုက်ခိုက်သည်နှင့် ချင်ယွင်သည် ဓားသုံးချက်သာ အသုံးပြုခဲ့သည်။
ပထမဓားချက်သည် လီဂျွန်၏လက်နက်ကို ဖြိုခွဲပစ်လိုက်သည်။
ဒုတိယမြောက်ဓားချက်သည် လီဂျွန်အား ပြင်းထန်စွာ ဒဏ်ရာရစေပြီး သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
တတိယမြောက်ဓားချက်ကတော့ လီဂျွန်ကို တိုက်ရိုက် သတ်ပစ်လိုက်သည်။
ဤဓားသုံးချက်သည် အနှိုင်းမဲ့ ရင်သပ်ရှုမောဖွယ်ကောင်းပြီး၊ စည်တူဝူဒီသည် အဆုံးမဲ့ ထိတ်လန့်သွားစေသည်။
ချင်ယွင်သည် လုံးဝ မလှုပ်ရှားနိုင်တော့သည့် လီဂျွန်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏အငွေ့အသက်များလည်း လျော့ပါးသွားပြီး သူ၏တစ်ကိုယ်လုံး ချက်ခြင်းပင် စိတ်ပျက်လက်ပျက်ဖြစ်ဖွယ် အမူအရာ ဖြစ်သွားပါသည်။
နတ်ဘုရားသတ်ဓားသိုင်း၏ ပထမဆုံး လှုပ်ရှားမှု နှစ်ခုသည် သူ၏ နတ်ဘုရားတန်ခိုး စွမ်းအားကို အများအပြား သုံးစွဲခဲ့ရသည်။ ယခုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်ထဲမှာ ဖရိုဖရဲ နတ်ဘုရားတန်ခိုး များစွာ မကျန်တော့ပါ။ အကယ်၍, ယခုအချိန်မှာ ရန်သူတစ်ဦးနှင့်သာ ရင်ဆိုင်ရလျှင် ချင်ယွင်သည် တိုက်ခိုက်ရန်အတွက် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရား တန်ခိုးကိုသာ အသုံးပြုနိုင်တော့မည်။ သို့သော် ဤနည်းဖြင့် သူ၏ ခွန်အားသည် သိသိသာသာ လျော့ကျသွားလိမ့်မည် ။
ဟုတ်ပါသည်၊ ချင်ယွင်မှာလည်း ဝှက်ဖဲတစ်ခု ရှိနေသေးပြီး၊ ယင်းက အမှောင်ထု စွမ်းအင်ပင်ဖြစ်သည်။ ဤစွမ်းအင်မျိုးသည် သေခြင်းရှင်ခြင်း၏ အရေးကြီးသော အချိန်အခါကာလတွင် မရှိပါက, သူသည် အလွယ်တကူ အသုံးပြုမည် မဟုတ်ပေ။ တကယ်တမ်း ပြောရရင် အမှောင်ထုစွမ်းအင်သည် အကန့်အသတ်ရှိသည့်အတွက်, သူ့အနေဖြင့် နည်းနည်းတော့ ချွေတာရလိမ့်မည်။
လီဂျွန် သေဆုံးပြီးနောက် သူ၏လက်ထဲမှ သိုလှောင်လက်စွပ်လည်း ပေါ်လာပါသည်။
ချင်ယွင်သည် သိုလှောင်လက်စွပ်ကို ချွတ်လိုက်ပြီး နတ်ဘုရားအာရုံက အထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ သိုလှောင်လက်စွပ်သည် သူထင်ထားသည်ထက် များစွာပိုကြီး သည်ကို သူ တွေ့ရှိခဲ့ရသည်။ ကုဗမီတာ တစ်သောင်းအထိ ဖြစ်နိုင်ပါသည်။ ထို့အပြင်၊ သိုလှောင်လက်စွပ်တွင် အခြားသော အင်္ဂါရပ်များလည်း ရှိနေသေးသည်၊ ဆိုလိုသည်မှာ ၎င်းသည် သက်ရှိအရာများကိုပင် သိမ်းဆည်းထားနိုင်သည်။ ဥပဒေသနှင့် စည်းမျဉ်း စည်းကမ်းများ မရှိခြင်းမှလွဲ၍ သိုလှောင်လက်စွပ်၏ ကျန်အစိတ်ပိုင်းများသည် ကမ္ဘာငယ်လေးတစ်ခုလိုပင် ဖြစ်သည်။
လီဂျွန်ယူသွားခဲ့သော တစ္ဆေနတ်ဘုရားကျောက်တုံးသည် ယခုအခါ သိုလှောင်လက်စွပ်ထဲ တွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေပါသည်။ လီဂျန်၏ ကျန်ရစ်ခဲ့သော ရတနာ အချို့လည်း ရှိနေခဲ့ပြီး၊ နတ်ဘုရားစွမ်းရည်များနှင့် မှော်နည်းပညာအချို့လည်း ပါဝင်သည်။ လီဂျွန်၏စုဆောင်းမှုသည် အလွန်ကြွယ်ဝသည်ဟု ဆိုနိုင်သည်။
"စီနီယာ၊ ကျွန်တော် စီနီယာကို တစ္ဆေနတ်ဘုရားကျောက်တုံး ပေးမယ်။ ဒီလက်စွပ်ကို တော့ ကျွန်တော် ယူလိုက်မယ်။" ချင်ယွင်က သူ၏လက်ထဲမှ တစ္ဆေနတ်ဘုရားကျောက်တုံး ကို စည်တူဝူဒီဆီကို ပစ်ချခါနီးမှာ ပြောလိုက်ပါသည်။
စည်သူဝူဒီက သူ၏လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည် "ဒီ တစ္ဆေနတ်ဘုရား ကျောက်တုံးကို ငါ လက်မခံနိုင်ဘူး။ တကယ်လို့ စောစောက မင်း မတိုက်ခိုက်ဘူးဆိုရင် ဒီ တစ္ဆေနတ်ဘုရားကျောက်တုံးလည်း လုယူသွားလောက်ပြီ။ နောက်ပြီး ငါ့အနေနဲ့ ဒီကျောက်တုံးကို ရှာဖွေဖို့ နှစ်နှစ်ကျော် အချိန်ကျန်သေးတယ်၊ တစ္ဆေနတ်ဘုရား ကျောက်တုံးအတွက် မင်းမှာ အချိန်သိပ်မရှိတော့ဘူး၊ ဒါကြောင့်, ဒီ တစ္ဆေနတ်ဘုရား ကျောက်တုံးကို မင်းကိုယ်တိုင် ထိန်းသိမ်းထားသင့်တယ်။"
စီတူဝူဒီ၏ စကားကိုကြားတော့ ချင်ယွင်လည်း ချီတုံချတုံ အမူအရာ ပေါ်လာသည်။
အမှန်တကယ်လည်း စီတူဝူဒီ ပြောသည်မှာ မှန်ကန်ပါသည်။ ဤ တစ္ဆေနတ်ဘုရား ကျောက်တုံးကို ရှာဖွေရန် သူ့တွင် အချိန်များစွာ မကျန်ရှိတော့ပါ။ စီတူဝူဒီသည် ၎င်းကို ရှာဖွေရန် အချိန်နှစ်နှစ်ကျော် ကျန်သေးသည်။ အကယ်၍, သူ ရှာမတွေ့လျှင်တောင် ချင်ယွင်က အချိန်မနှောင်းသေးခင် သူ့ဆီ ပြန်ပေးနိုင်သည်။
"ကောင်းပြီ၊ ကျွန်တော် ဒီတစ္ဆေနတ်ဘုရားကျောက်တုံးကို အရင်ယူလိုက်မယ်။ တချိန်တုန်း က ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးတြ့ ဆုလာဘ်အနေနဲ့ ဒီသိုလှောင်လက်စွပ်ကို စီနီယာစီတူအတွက် ထားခဲ့လိုက်မယ်။" ချင်ယွင်က တစ္ဆေနတ်ဘုရားကျောက်တုံးကို ဖယ်ပြီး နတ်ဘုရားသိုလှောင်လက်စွပ်ကို စီတူဝူဒီထံ ပစ်ချပေးရင်း ပြောလိုက်သည်။
စီတူဝူဒီက လှောင်လက်စွပ်ကို ဖမ်းယူပြီး တစ်ခုခုပြောတော့မည် ဖြစ်သော်လည်း ချင်ယွင်၏ ငြင်းဆန်မည့် အမူအရာကို မြင်လိုက်ရတော့ သူက ခေါင်းညိတ်ကာ "ကောင်းပြီ လေ၊ ဒါဆိုရင် ဒီလူကြီးက မရိုမသေ ပြုမိပြီ" ဟု ဆိုလေသည်။
ထိုသို့ပြောပြီးနောက် သိုလှောင်လက်စွပ်ပေါ်တွင် သွေးစက်ကို တိုက်ရိုက် ချလိုက်ကာ ၎င်း၏ပိုင်ရှင်ကို အသိအမှတ် ပြုလိုက်ပါသည်။
"စီနီယာ....၊ စီနီယာရဲ့ ခန္ဓာကိုယ်ကို အရင်ပြန်ကောင်းအောင် ကုသလိုက်ဦး။ ကျွန်တော် စောင့်ရှောက်ပေးထားမယ်။ စီနီယာရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အခါ, ကျွန်တော်က အစောင့်ရှောက်အဖြစ် စီနီယာကို ဒုက္ခပေးရဦးမယ်။" ချင်ယွင်က စီတူဝူဒီကို ပြောသည်။
စီတူဝူဒီ ခေါင်းညိတ်လိုက်သည်။ မဆိုင်းမတွပင် သူသည် ဒဏ်ရာမှ ပြန်ကောင်းလာစေရန် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပါသည်။
စီတူဝူဒီသည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ၇၀ ရာခိုင်နှုန်း သန်စင်ထားပြီး ဖြစ်သည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော်လည်း လီဂျွန်၏ နတ်ဘုရားတန်ခိုးကြောင့် သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် အလွန်အမင်း ပျက်စီးသွားခဲ့သည်။ ထို့ကြောင့်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားခန္ဓာကိုယ်ဆဲလ်များ ပြန်လည်ရရှိရန် နတ်ဘုရားတန်ခိုး စွမ်းအားများစွာ လိုအပ်နေသေးသည်။
စီတူဝူဒီသည် ဆိတ်ငြိမ်စွာ ကျင့်ကြံခြင်းအခြေနေသို့ ဝင်ရောက်သွားခဲ့ပြီး၊ ချင်ယွင်သည် သူ၏ဘေးနားမှ တောင်ကုန်းပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ၊ ကာကွယ်ပေးရန်အတွက် သူ၏ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေလေသည်။
နှစ်နာရီကြာပြီးနောက်၊ စီတူဝူဒီ၏ နတ်ဘုရားခန္ဓာကိုယ်သည် ပြန်လည် ကောင်းမွန်လု နီးပါး ဖြစ်လာခဲ့ပြီး၊ သူသည် ချင်ယွင်ကို ကာကွယ်ပေးရမည့်လူ ဖြစ်လာသည်။
တကယ်တော့၊ ဒီတစ်ကြိမ် ချင်ယွင်က စီတူဝူဒီကို သူ့ကို ကာကွယ်ပေးရန် တောင်းဆိုရ သည့် အကြောင်းရင်းက သူ့၏ ဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုး ပြန်လည်ရယူရန် မဟုတ်ဘဲ ယခင်တိုက်ပွဲအတွင်းမှာ အဆင့်ဖြတ်ကျော်ဖို့ အခွင့်အလမ်းကို ခံစားမိသောကြောင့် ၎င်းကို ကြိုးစားချင်၍ ဖြစ်သည်။ သူသည် နတ်ဘုရားတန်ခိုးအသစ်ကို ပေါင်းစပ်ကောင်း ပေါင်းစပ်နိုင်လောက်သည်။
ယခုတစ်ကြိမ်တွင်၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည် ပေါက်ကွဲလျှပ်စီး ဉပဒေသကို ဖရိုဖရဲ စွမ်းအင်နှင့် ပေါင်းစပ်ရန် ကြိုးစားနေပါသည်။ အကယ်၍ သူသည် ဤ ပေါက်ကွဲလျှပ်စီး ဖရိုဖရဲ နတ်ဘုရားတန်ခိုးကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့ပါက၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်သစ်တစ်ခုသို့ မြင့်တက်လာမည် ဖြစ်သည်။
ရလာဒ်အနေနှင့်၊ ချင်ယွင်၏စိတ်သည် လျှပ်စီးစွမ်းရည် ပေါက်ကွဲလျှပ်စီး ဉပဒေသ စွမ်းအင် ကို ဖရိုဖရဲ စွမ်းအင်နှင့် ပေါင်းစပ်ရန် ကြိုးစားရင်း သူ၏ဒန်တန်ထဲသို့ လုံးလုံး နစ်မြုပ်သွားခဲ့သည်။
…
သို့သော်၊ ချင်ယွင်သည် နတ်ဘုရားတန်ခိုးအသစ်ကို ပေါင်းစပ်ရန် ကြိုးစားနေစဉ်မှာ, သူတို့နှင့် ကီလိုမီတာ တစ်သန်းကွာဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် အဖြူရောင်ဝတ် လူငယ်တစ်ဦးသည် လက်ရှိအချိန်တွင် တင်ပျဉ်ခွေထိုင်နေသည်။
လူငယ်၏ မျက်ခုံးများသည် ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းနေပြီး၊ သူ၏မျက်လုံးများကို တင်းတင်းမှိတ်ထားကာ၊ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒကို ထုတ်လွှတ်နေ သည်။ သို့သော် ဤဓားဆန္ဒသည် ထက်ရှခြင်းမရှိသော်လည်း၊ ၎င်းသည် အနီးနားရှိ တောင်များ၊ မြစ်များနှင့် လုံး၀ ပေါင်းစပ်ထားသောကြောင့် ကောင်းကင်နှင့် မြေကြီး အားလုံးကို ဓားများအဖြစ် အသုံးပြုနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ဝှီး....။
ထိုအခိုက်အတန့်တွင် အဝေးမှ ပုံရိပ်တစ်ခု ပျံသန်းလာခဲ့ပြီး၊ သန်မာထွားကျိုင်းသည့် လူတစ်ယောက်သည် တောင်ကုန်းအောက်မှ ပေါ်လာပါသည်။
"အစ်ကိုကြီး၊ ဒုတိယအစ်ကို တစ်ခုခုဖြစ်သွားပြီ" ထွားကြိုင်းသန်မာသောလူ ပေါ်လာ သည်နှင့် တပြိုင်နက် အဖြူရောင်ဝတ် လူငယ်ကို လှမ်းအော်ပြောသည်။ သူ၏အသံသည် ခေါင်းလောင်းသံနှင့် ဗုံသံကဲ့သို့ ကျယ်လောင်ကာ အနှိုင်းမဲ့ ပြင်းထန်လှသည်။
ဘန်း..။
အဖြူရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် မျက်လုံးဖွင့်လိုက် သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ထဲတွင် ကျောက်စိမ်းဆွဲသီးတစ်ခု ပေါ်လာသည်။ ထိုဆွဲသီးပေါ်တွင် "ဂျွန်" ဆိုသည့် စာလုံးတစ်လုံး ရှိနေသည်။
သို့သော် ထိုအချိန်တွင် ကျောက်စိမ်းဆွဲသီးသည် ကွဲအက်နေပြီး၊ မူလက နတ်ဘုရား ကျောက်စိမ်းဆွဲသီး၏ တောက်ပသောအလင်းရောင်လည်း မှိန်ဖျော့ဖျော့ ဖြစ်နေပြီ။
"ဘယ်သူ လုပ်လိုက်တာလဲ?" အဖြူရောင်ဝတ် လူငယ်၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ပြင်းထန်သော ဓားဆန္ဒသည် သ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒသည် ပြင်းထန် သော ဓားချီစွမ်းအင်မုန်တိုင်းတစ်ခု ပြောင်းလဲဖြစ်ပေါ်လာပြီး သူ၏ပတ်ဝန်းကျင်ကို ချက်ချင်း ဝင်ရောက်ကာ ပတ်ပတ်လည်ရှိ ကျောက်သားနံရံများပေါ်တွင် နက်ရှိုင်းသော ဓားရာများ ချန်ထားရစ်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထွားကျိုင်းသန်မာသောလူသည် အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏စိတ်ထဲတွင် သက်ပြင်းချရင်း "အစ်ကိုကြီး ရဲ့ ဓားဆန္ဒက နောက်တကြိမ် မြင့်တက်လာပြန်ပြီ။ ဒီဝူဝမ်ဓားသိုင်းကို နားလည်နိုင်ဖို့ အတွက် အချိန်သုံးနှစ်လောက်ပဲ ယူရမှာတောင် ငါကြောက်မိတယ်။"
"ငါ မသိဘူး၊ ငါလည်း အခုမှတွေ့တာ။ ငါ တွေ့ပြီးတာနဲ့ မင်းကို လာရှာတာပဲ။" လူထွားကြီးက ပြန်ဖြေသည်။
အဖြူရောင်ဝတ် လူငယ်သည် ထိုစကားကိုကြားလျှင်, သူ၏မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။
"အစ်ကိုကြီး၊ ငါတို့ အခု ဘာလုပ်သင့်လဲ?။ ငါတို့ ဒုတိယအစ်ကိုအတွက် လက်စားချေသင့် လား?" လူထွားကြီးက လှမ်းအော်ပြီး မေးသည်။
"သေချာပေါက် ချေသင့်တာပေါ့၊ ဒုတိယညီက အချည်းနှီး မသေသင့်ဘူး။ ဒါပေမယ့် အခုအရေးကြီးဆုံးက ငါတို့ ဒုတိယညီရဲ့အလောင်းကို ရှာတွေ့ဖို့ပဲ။ ဒီနည်းနဲ့မှ သူ့ကို ဘယ်သူသတ်တယ်ဆိုတာ သိနိုင်မှာ။ ဒုတိယညီရဲ့ အလောင်း ဖျက်ဆီးမသွားဖို့ ငါ မျှော်လင့်တယ်။ ဒုတိယညီတစ်ယောက်သာ ဒီနေ့ တိုက်ပွဲမြင်ကွင်းကို မြင်နိုင်ပြီး၊ ငါက သူ့ရဲ့အလောင်းကနေ တိုက်ပွဲမြင်ကွင်းကို ထုတ်ယူပြီး လူသတ်သမားကို ရှာဖွေနိုင်မယ်။” အဖြူရောင်ဝတ်လူငယ်၏ မျက်ခုံးမွှေးများသည် ထက်ရှလာခဲ့ပြီး၊ သတ်ဖြတ်လိုသည့် ဆန္ဒက သူ၏မျက်လုံးများမှ ထွက်ကွဲထွက်ပေါ်လာသည်။
"ဟမ့်၊ လူသတ်သမားကို တွေ့ရင် ငါ သေချာပေါက် အစိပ်စိပ်မွှာမွှာ ဆုတ်ဖြဲပစ်မယ်" လူထွားကြီးလည်း သူ၏အမူအရာအရ အနှိုင်းမဲ့ ရက်စက်လွန်းသည်ဟု ဆိုသည်။
"သွားကြရအောင်!" အဖြူရောင်ဝတ်လူငယ်က အမိန့်ပေးကာ လမ်းကြောင်းတစ်ခုသို့ ပျံသန်းသွားစဉ် အဖြူရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထွားကျိုင်းသန်မာသော လူသည်လည်း သူ၏ခြေထောက်များကို လှမ်းကာ ရိုင်းစိုင်းစွာ ပြေးသွားတော့သည်။ သူ ဖြတ်သန်းသွားတိုင်း မြေကြီးသည် တုန်ခါသွားသည်။