အခန်း ၁၁၂၇
Vol. 76 Ch. 1127
အခန်း (၁၁၂၇) ပေါက်ကွဲအသက်စွမ်းအား…။
ချင်ယွင်သည် ဖြစ်ပေါ်လာတော့မည့် ကပ်ဘေးဒုက္ခအကြောင်းကို မသိသေးပါ။ ဤအခိုက် အတန့်တွင်၊ သူသည် နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်တွင် လုံးဝ နှစ်မြှုပ်နေခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်၏ ဒန်တန်အတွင်း၌ စွမ်းအားနှစ်ခု အပြင်းအထန် ထိပ်တိုက် တွေ့ဆုံနေသည်။ ထိပ်တိုက်တွေ့မှုတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အတက်အကျလှိုင်းကို ဖြစ်ပေါ်စေပြီး ဒန်တန်တစ်ခုလုံးကို အဆုံးမရှိ တုန်လှုပ်သွားစေခဲ့ သည်။ တုန်ခါမူဖြစ်ပေါ်လာတိုင်း ချင်ယွင်၏ မျက်နှာသည် နာကျင်သည့် အမူအရာ ပေါ်လာသည်။
"ဒီပေါက်ကွဲ နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ဖို့က တကယ်ကို မလွယ်ကူဘူးပဲ။ ပေါက်ကွဲ လျှပ်စီးဉပဒေသမှာပါတဲ့ စွမ်းအင်က တကယ်ကို အရိုင်းဆန်လွန်းတယ်။ ပေါင်းစပ်ဖို့က တကယ်ကို မလွယ်ဘူး။" ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပါသည်။
သူသည် လျှပ်စီးစွမ်းအားနှင့် ဖရိုဖရဲ စွမ်းအားကို ပေါင်းစပ်ရန် ကြိုးစားသည့်အခါတိုင်း၊ လျှပ်စီးစွမ်းအားနှင့် ဖရိုဖရဲ စွမ်းအားတို့သည် ထူးထူးခြားခြား မငြိမ်မသက် ဖြစ်လာကြ သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အရိုင်းဆန်စွာ ပျံသန်းသွားကြသည်။ ထို့ကြောင့် သူသည် စွမ်းအားနှစ်ခုကို ဖြည်းညှင်းစွာ ပေါင်းစပ်ရန်အတွက် မထိန်းချုပ် နိုင်သေးပေ။ သူသည် ဤပြင်းထန်သော နည်းလမ်းကို အသုံးပြုပြီး စွမ်းအားနှစ်ခုကို အချင်းချင်း ထိပ်တိုက်တွေ့ဆုံရန်သာ ခွင့်ပြုနိုင်ခဲ့သည်။
အမှန်ပင်၊ အကျိုးဆက်ကတော့ ကြီးစွာသော နာကျင်မှုကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။ နှစ်ဖက်စွမ်းအားများ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများသည် အလွန်မင်း အားကောင်းလွန်းသည်။
အကယ်၍ သူ၏ခန္ဓာကိုယ်သည် ရှေးဟောင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိ နေခြင်း မရှိသေးပါက၊ သူသည် နတ်ဘုရားတန်ခိုးကို မပေါင်းစပ်နိုင်ခင်မှာ စွမ်းအားနှစ်ခု၏ အပြင်းအထန် တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျ လှိုင်းများ ကြောင့် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲကောင်း ပေါက်ကွဲသွားနိုင်ပါသည်။
"ဘုန်း..”။
ချင်ယွင်သည် နှစ်ဖက်စွမ်းအားများ၏ တိုက်ခိုက်တွေ့ဆုံခြင်းကို ထိန်းချုပ်ရန် ထပ်မံ ကြိုးစားခဲ့သော်လည်း ရလာဒ်မှာ ယခင်အတိုင်းပင် ရှိနေသေးသည်။ စွမ်းအားနှစ်ရပ်၏ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမှုသည် ချက်ခြင်း ပေါက်ကွဲထွက်သွားပြီး၊ သူ၏ ဒန်တန် တစ်ခုလုံးကို ဖြတ်ကျော်သွားသည့် ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။
"ဖူး..”။
ချင်ယွင်က မထိန်းနိုင်ဘဲ ပါးစပ်ထဲမှ သွေးတပွက် အန်ထုတ်လိုက်ရသည်။။ ယခုလို မကြာခဏ တိုက်ခိုက်မှုတွေကြောင့် သူ၏ခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ၊ သူသည် ၎င်းတိုက်ခိုက်မူများကို မခံနိုင်တော့ပါဘူး။
"ချင်ယွင်, မင်း အဆင်ပြေရဲ့လား" စီတူဝူဒီသည် ချင်ယွင် သွေးအန်နေသည်ကို တွေ့လိုက် သောအခါ ထိတ်လန့်စွာ မေးလိုက်သည်။
ချင်ယွင် ကျင့်ကြံနေသည်ကို သူ မြင်ထားပြီးသား ဖြစ်သော်လည်း ချင်ယွင်က မည့်သည့် အရာ ကျင့်ကြံနေလဲဆိုသည်ကို သူ မသိပါဘူး။ ချင်ယွင် သွေးအန်နေသည်ကို မြင်တော့ ချင်ယွင်တစ်ယောက် ရူးသွားပြီဟု သူ ထင်မိသည်။
"ကျွန်တော် အဆင်ပြေပါတယ်။ ဘုရားတန်ခိုးအသစ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ဒီစွမ်းအားနှစ်ခုက ပြင်းထန်လွန်းတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။" ချင်ယွင်က အမှန်အတိုင်း ရှင်းပြသည်။
စီတူဝူဒီ၏ မျက်နှာသည် နားလည်မှု အသွင်အပြင်ကို ထင်ရှားစေသည်။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး ပြောသည် "နတ်ဘုရားတန်ခိုး ပေါင်းစပ်မှုက ဒီလောက်တော့ မခက်ခဲနိုင် ပါဘူး။ တကယ်လို့, စွမ်းအားနှစ်ခုစလုံးက အရမ်းမာကြောနေရင်တောင်၊ အင်မော်တယ် စွမ်းအင်နဲ့ ဉပဒေသစွမ်းအားတို့ကို တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေ ဖြစ်အောင် အချိန်အကြာကြီး စဉ်ဆက်မပြတ် ခွင့်ပြုပေးနိုင်တယ်။ ဒီလိုမှမဟုတ်ရင်တော့, မအောင်မြင်ရုံတင်မကဘူး ကိုယ့်ကိုကိုယ်ပါ ဒဏ်ရာအပြင်းအထန် ရစေနိုင်တယ်။"
"မာကြောတယ်တယ်လား?။ အချင်းချင်း တိုက်ခိုက်တာလား?" ချင်ယွင်က ရေရွတ်လိုက် ပြီး သူ၏ခေါင်းကို လျင်မြန်စွာ လှည့်လိုက်သည်။
စီတူဝူဒီသည် ချင်ယွင်၏အမူအရာကို မြင်ပြီး ချင်ယွင် နားမလည်သေးဟု ထင်ခဲ့သည်။ သူ ဆက်လက်ရှင်းပြတော့မည့်အချိန်မှာ၊ ချင်ယွင်က ရုတ်တရက် အော်ပြောလိုက်သည့် အသံ ကို သူ ကြားလိုက်ရသည်။
"အယ်..၊ ကျွန်တော် နားလည်ပြီ။ ကျေးဇူးတင်ပါတယ် စီနီယာ စီတူ"။ စီတူဝူဒီကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့ သည်။
စီတူဝူဒီက ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး ပြောသည် "မင်းနားလည်တာ ကောင်းပါ တယ်။ ဒီနတ်ဘုရားတန်ခိုး ပေါင်းစပ်မှုက တစ်ညတည်းနဲ့ မပြီးနိုင်ဘူး။ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်နိုင်လိမ့်မယ်”။
ယခုအချိန်တွင် ချင်ယွင်သည် စီတူဝူဒီ၏ စကားကို နားမထောင်ခဲ့ပေ။ ယင်းအစား, သူ၏စိတ်ကို သူ၏ဒန်တန်ထဲကို တခါပြန်ထည့်လိုက်သည်။
"စီနီယာ စီတူ ပြောတာ မှန်တယ်" ပေါက်ကွဲလျှပ်စီးရဲ့ စွမ်းအားက ပြင်းထန်လွန်းတယ်။ ဖရိုဖရဲ စွမ်းအင်က အလုံးစုံ အကျုံးဝင်တယ်ဆိုပေမယ့်, တကယ်တော့ သူက ပိုပြီးတော့ အရိုင်းဆန်သေးတယ်။ ဒီလိုမတူကွဲပြားပြီး ရိုင်းစိုင်းတဲ့ စွမ်းအားနှစ်ခုကို ပေါင်းစပ်ဖို့က သဘာဝအတိုင်း အလွန်မင်း ခက်ခဲတယ်။ သူတို့ကို ဖြည်းဖြည်းချင်း ပေါင်းစပ်ဖို့ကျ အဲဒီလိုလုပ်ဖို့ ငါ့မှာ အချိန်မရှိဘူး။ တကယ်လို့, ငါ ဒီစွမ်းအားနှစ်ခုကို ပေါင်းစပ်ချင်ရင်တော့ သူတို့ကို ပျော့ပျောင်းလာစေမယ့် ပျော့ပျောင်းတဲ့စွမ်းအားတစ်ခု လိုအပ်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါသည်။
ပျော့ပြောင်းသော စွမ်းအားသည် ချင်ယွင် ပိုင်ဆိုင်သည့် တစ်ခုတည်းသော စွမ်းအား ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ပေါက်ကွဲလျှပ်စီး ဉပဒေသ၏ စွမ်းအင်နှင့် ဖရိုဖရဲ စွမ်းအင်တို့ကို ပေါင်းစည်းရန်အတွက် သူ၏ အသက်စွမ်းအားကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ သည်။
ချင်းယွင်သည် ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ မည်သည့်နတ်ဘုရားတန်ခိုး အမျိုးစား ဖြစ်ပေါ်လာမည်ကို သူမသိသေးသော်လည်း ထိုနတ်ဘုရားတန်ခိုးသည် ဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုးထက် သေချာပေါက် ကြီးမားမည်ဟု ချင်ယွင် သေချာသည်။
ချင်ယွင်သည် ဤအချက်ကို နားလည်ပြီးနောက် တုံ့ဆိုင်းမနေတော့ဘဲ အသက်စွမ်းအင် ဉပဒေသ၏ စွမ်းအားကို စတင် စုစည်းလိုက်လေသည်။
စွမ်းအားသုံးခု ထိပ်တိုက်တွေ့ဆုံမိသောအခါတွင် ၎င်းတို့သည် ယခင်ကကဲ့သို့ ပြိုကွဲမသွားတော့ဘဲ အမှန်တကယ်ပင် ပေါင်းစည်းသွားခဲ့သည်။
ချင်ယွင်၏ နတ်ဘုရားအာရုံသည် သူ၏ဒန်တန်ထဲတွင် လွင့်မျောနေသော မီးခိုးရောင် နတ်ဘုရားတန်ခိုး အမျှင်တန်းကို ခံစားနိုင်ပြီး၊ သူ၏မျက်နှာက စိတ်အားတက်ကြွသည့် အမူအရာပေါ်လာပါသည်။ သူသည် ထိုမီးခိုးရောင် စွမ်းအင်အမျှင်တန်းအတွင်း ပါရှိသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနိုင်ပါသည်။
ဤစွမ်းအားသည် အသက်၏အငွေ့အသက်ကို သယ်ဆောင်ထားသော်လည်း၊ အဆုံးမဲ့ ကြမ်းတမ်းသော အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။ သို့သော်၊ ထို နတ်ဘုရား တန်ခိုးသည် ဖျက်ဆီးခင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးထက်ပင် ပို၍ စွမ်းအားကြီးပါသည်။
ဘန်း…။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်ပြီး ချက်ခြင်း ပျံထွက်သွားသည်။ သူသည် နောက်ဆက်တွဲ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး မီတာ ၃၀၀ မြင့်သော တောင်ကြီးတစ်ခုရှေ့တွင် ပေါ်လာသည်။
မီးခိုးရောင်နတ်ဘုရားတန်ခိုးက သူ၏လက်သီးကို လွှမ်းခြုံသွားပြီး၊ ထို့နောက် ချင်ယွင်က တောင်နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။
"ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်ကုန်းတစ်ခုလုံးသည် ချက်ချင်းဆိုသလို ပြိုကွဲသွားကာ ကောင်းကင်ယံအပြည့် လွင့်စင်သွားသော ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။
စီတူဝူဒီသည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေခဲ့ပြီး သူ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူ၏တစ်ကိုယ်လုံးသည် ထိုနေရာမှာပင် အလန့်တကြားဖြစ်ပြီး မလှုပ်ရှားနိုင်ဖြစ်နေ သည်။
နတ်ဘုရားကမ္ဘာရှိ ကျောက်တုံးများသည် အနှိုင်းမဲ့ မာကြောလှသည်။ ယခုလို မြင့်မားသော တောင်တစ်ခုကို လက်သီးတစ်ချက်ဖြင့် ဖြိုခွဲပစ်ရန် မပြောနှင့်, ၎င်းတို့၏ လက်နက်များကို အသုံးပြု၍ အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင်ပင် ဖြိုခွဲနိုင်မည် မဟုတ်ပေ။
သို့သော် ချင်ယွင်သည် အမှန်တကယ်ပင် ဤတောင်ထိပ်ကို လက်သီးတစ်ချက်ဖြင့် ဖြိုခွင်းခဲ့သည်။ ၎င်းသည် နတ်ဘုရားခန္ဓာကိုယ်ကို ၉၀ ရာခိုင်နှုန်း သန့်စင်ပြီးဖြစ်သည့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်ပြီး ဖြစ်သည်။
"သူက ဘယ်လိုလုပ် သန်မာလာတာလဲ?။" စီတူဝူဒီက တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ချင်ယွင်က သူ့ကို ယူဆောင်ပေးလာသည့် ထိတ်လန့်မှုက အရမ်းကို ကြီးမားလွန်းသည်။
ချင်ယွင်သည် သူ့ကြောင့် လုံးဝ ကွဲထွက်သွားသော တောင်ကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများက ရွှင်မြူးနေသည့်အမူအရာ ပေါ်လာသည်။
"ဒီပေါင်းစပ်နတ်ဘုရားတန်ခိုးက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလွန်းတယ်" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လျှပ်စီး၏ ပေါက်ကွဲဉပဒေသစွမ်းအား၊ အသက်ဉပဒေသ၏စွမ်းအားနှင့် ရှေးဟောင်း ဖရိုဖရဲ စွမ်းအားတို့ကို အတူတကွ ပေါင်းစပ်လိုက်သောအခါတွင် ဤမျှ အစွမ်းထက်မည်ကို သူ မည်သည့်အခါမှ စိတ်ကူးမယဉ်ခဲ့မိပေ။
"ဒီလိုနတ်ဘုရားတန်ခိုးမျိုးကို ငါ ဘယ်လို နာမည်ပေးရမလဲ?။ ပေါက်ကွဲအသက် နတ်ဘုရားတန်ခိုးလို့ပဲ ခေါ်လိုက်တော့မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
လုံးဝ မသက်ဆိုင်သော စွမ်းအင်အမျိုးစား နှစ်ခုကို လူတိုင်း ပေါင်းစပ်နိုင်ခြင်း မရှိသော ကြောင့် ဤကဲ့သို့သော စွမ်းအားများကို ပေါင်းစပ်နိုင်ခြင်းသည် သမိုင်းတွင် သူက ပထမဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ ယုံကြည်သည်။ ကနဦးစကြဝဠာ၏ အလုံးစုံ ပါဝင်မှုမရှိဘဲ၊ သူသည် ဤအရာကို သူပြုလုပ်ရန် မဖြစ်နိုင်ပေ။
"ချင်ယွင်၊ မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ပြီးသွားပြီလား?" စီတူဝူဒီက အဝေးမှ ပြေးလာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
သူ၏အမြင်အရ၊ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ထိုလက်သီးချက်သည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်မူကြောင့် ဖြစ်ရလိမ့်မည်။ ထိုသို့မဟုတ်လျှင်, သူ့အနေဖြင့် ထိုကဲ့သို့ စွမ်းအားမျိုးဖြင့် မည်သို့ ပေါက်ကွဲနိုင်မည်နည်း?။
"မဟုတ်ဘူး၊ ကျွန်တော် အခုလေးတင် နတ်ဘုရားတန်ခိုးအသစ်ကို ပေါင်းစပ်လိုက်တာပဲ။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်.
"နတ်ဘုရားတန်ခိုးအသစ်လား...?" စီတူဝူဒီက အံသြသွားပြီး သူ၏မျက်နှာက ဗလာကျင်း ဖြစ်သွားခဲ့သည်။
"နတ်ဘုရားတန်ခိုးအသစ်ကို ပေါင်းစပ်ခြင်းက ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ပွဲ စွမ်းအားကို ပိုင်ဆိုင်နိုင်စေတာလား?" စီတူဝူဒီသည် သူ့ကိုယ်သူ တွေးလိုက်သော် လည်း, သူ နားလည်နိုင်စွမ်း မရှိခဲ့ပါဘူး။
ချင်ယွင်သည် စီတူဝူဒီ အတွေးထဲတွင် နစ်မြုပ်သွားသည်ကို မြင်လိုက်ရပြီးနောက်၊ သူသည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ သူသည် စီတူဝူဒီအား ပေါက်ကွဲအသက် နတ်ဘုရား တန်ခိုးအကြောင်း ပြောပြလျှင်ပင် သူသည် ၎င်းကို နားမလည်နိုင်ပေ။
ဘန်း..။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ သူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားခဲ့ပြီး၊ သူသည် အဝေးသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
အဝေးက နတ်တောင်ပေါ်တွင် အဖြူရောင် လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။ ထိုလူငယ်သည် ချင်ယွင်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။