အခန်း ၁၁၂၉
Vol. 76 Ch. 1129
အခန်း (၁၁၂၉) တောရိုင်းခွန်အားသုံးဆင့်။
ကမန်းကတန်း ရှောင်တိမ်းနေစဉ် ချင်ယွင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွား သည်။
"ဘုန်း..”။
လူထွားကြီး၏လက်သီးသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ချက် ထွက်လာပါသည်။ မြေပြင်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားပြီး ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။
"ဟမ်၊ မင်း ထွက်ပြေးချင်ရင်တောင် လွတ်မြောက်နိုင်ပါ့မလား" လူထွားကြီးသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ နတ်ဘုရားအလင်းရောင်က တစ်ဖန် ပျံ့နှံ့ ထွက်ပေါ် လာပြန်သည်။ သူ၏တစ်ကိုယ်လုံးသည် ဖျတ်ခနဲလင်းလက်သွားပြီး၊ သူသည် ချင်ယွင်၏ ရှေ့မှာပေါ်လာကာ၊ သူ၏လက်သီးက ချင်ယွင်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
သူ၏လက်သီးပေါ်တွင် ပျံ့နှံ့နေသော နတ်ဘုရားအလင်းရောင်သည် အနှိုင်းမဲ့ အစွမ်းထက်သည်။
အကယ်၍, ထိုလက်သီးချက်သာ ချင်ယွင်၏ ခေါင်းကို ထိလိုက်မည်ဆိုလျှင်၊ သူက ချင်ယွင်၏ ခေါင်းကို လက်သီးတစ်ချက်တည်းဖြင့် တိုက်ရိုက် ပေါက်ခွဲပစ်နိုင်မှာ သေချာပါသည်။
ချင်ယွင်၏ မျက်လုံးများသည် ပေါက်ကွဲအသက် နတ်ဘုရားတန်ခိုးများ ထွက်ပေါ်နေချိန်မှာ ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်မြွက်ကို ချက်ချင်း ဖော်ထုတ်လာသည်။ ဤကြောက်စရာ ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအားများ ထွက်ပေါ်လာသောအခါ၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်တွင် တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအားများဖြင့် ပြည့်နှက်နေ ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
ဝှီး....။
ချင်ယွင်သည် သူ၏နောက်ကွယ်မှ တိုက်ခိုက်လာသော ရန်သူကို လျှပ်စီးလက်သကဲ့သို့ တိုက်ခိုက်လိုက်ပြီး၊ လူထွားကြီး၏ ရင်ဘတ်ထဲသို့ လက်သီးတစ်ချက် တိုက်ရိုက် ထိုးလိုက်သည်။
ဒေါင်!
ခပ်အူအူ အသံတစ်ချက် ထွက်ပေါ်လာပြီး လူထွားကြီး၏ ရုပ်အသွင်သည် ချက်ချင်း နောက်သို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးများတွင် အေးစက်မူ အရိပ်အယောင် ပေါ်လာသည်။ သူသည် သူ၏ ခြေထောက်ကို လှုပ်ရှားလိုက်ပြီး ချက်ချင်း နောက်မှ အနီးကပ် လိုက်သွားသည် ။
"မင်း ငါ့ကို သတ်ချင်နေတယ်ဆိုမှတော့ မယဉ်ကျေးလို့ ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေသည်။
ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုးသည် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ လက်ဖဝါးကို ဖုံးလွှမ်းထားသည်။ သူသည် လူထွားကြီး၏ ခြေကျင်းဝတ်ကို ဆွဲကိုင်ကာ ကျောက်တုံးကြီး ကို လှုပ်ယမ်းလိုက်သကဲ့သို့ အဝေးမှ တောင်ထွတ်တစ်ခုသို့ ပစ်ရိုက်ချလိုက်သည်။
"ဘုန်း..”။
နှိုင်းယှဉ်ပြ၍မရအောင် ကျယ်လောင်သည့် ပေါက်ကွဲအသံနှင့်အတူ၊ လူထွားကြီး၏ ခန္ဓာကိုယ်ကြီးသည် တောင်ကုန်းပေါ်ကို တိုက်ရိုက် ပစ်မှန်သွားပြီး၊ ကျောက်စရစ်ခဲတွေက လိမ့်ဆင်းလာက သူ့ကို မြုပ်နှံသွားပါသည်။
ချင်ယွင်သည် ထိုနေရာတွင် ရပ်နေပြီး သူ၏ အငွေ့အသက်သည် အနှိုင်းမဲ့ ပြင်းထန်နေ သည်။
"မင်းတို့နဲ့ သူ့ကြားမှာ ဘယ်လို ဆက်ဆံရေးတွေ ရှိလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခု ချက်ချင်း ရပ်လိုက်ပါ။ မဟုတ်ရင် သတ်ဖြတ်မှုကို စတင်ခဲ့တဲ့အတွက် ငါ့ကို အပြစ်မတင် နဲ့။" ချင်ယွင်က ပြင်းပြင်းထန်ထန် အော်ပြောလိုက်ပြီး သူ၏အသံက အလွန်ပင် ကျယ်လောင်လှသည်။
ဤစကားများသည် ကျောက်တုံးများထဲ နစ်မြုပ်နေသော လူထွားကြီးနှင့် တောင်ထိပ်ပေါ် တွင် ရပ်နေသည့် အဖြူရောင်ဝတ် လူငယ်လေးထံသို့ ရောက်ရှိသွားပါသည်။ ထိုအဖြူရောင်ဝတ် လူငယ်၏ စွမ်းအား အစစ်အမှန်ကို သူ မမြင်နိုင်သော်လည်း၊ သူ့ကို အမှောင်ထုစွမ်းအင်ဖြင့်ဆို သေချာပေါက် သတ်ပစ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
လူထွားကြီးအနေဖြင့်လည်း သေချာပေါက် သေဦးမှာ မဟုတ်ပါဘူး။ ဒီအဆင့် တိုက်ခိုက်မှု က သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမှာ မဟုတ်ပါဘူး။ ထုံးစံအတိုင်း သူ ယခုလို ပုံစံမျိုးဖြင့် သေဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။ ချင်ယွင်သည် ဤကိစ္စရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်ခဲ့သည်။
"ဘုန်း...”။
အပျက်အစီးများ တိုက်ရိုက် ပေါက်ကွဲသွားသည်။ ထို့နောက်, လူထွားကြီး၏ ရုပ်အသွင်က ချင်ယွင်၏ အမြင်အာရုံထဲမှာ ပြန်ပေါ်လာပါသည်။
ထိုအချိန်တွင် လူထွားကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်စားများသည် ကွဲမွနေခဲ့ပြီး သူ၏ အနှိုင်းမဲ့ သန်မာသောကြွက်သားများ ထွက်ပေါ်လာသည်။ သူ၏ပါးစပ်ထောင့်မှာ သွေးစသွေးနတွေ စီးကျနေသေးသော်လည်း၊ သူ၏မျက်နှာပေါ်မှ အမူအရာက ပို၍ပင် အေးစက်ပြီး ခက်ထန်နေသည်။
"ဟမ့်၊ ရပ်လိုက်ကြရအောင် ဟုတ်လား?။ အခု မင်းရဲ့စိတ်ဝိညာဉ်ကို မသုတ်သင်နိုင်ဘူး ဆိုရင် ဒီကိစ္စက ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။" လူထွားကြီးသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏အမူအရာက အလွန်မောက်မာလှသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဒီနေ့ သေသည်အထိ အမှန်တကယ် တိုက်ပွဲ ဝင်ရမည့်ပုံပင်။ တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသ ထွက်ပေါ်လာသည်။
ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းလား....?။
ဘယ်လောက် မောက်မာတဲ့ လေသံလဲ။ အခုအချိန်ထိ ဒီကမ္ဘာကြီးမှာ မတိုက်ခိုက်ရသေးဘဲ သူ ကြောက်ပါပြီဟု ဝန်ခံရသည့်အရာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ချင်ယွင်သည် အတူတကွ ပျက်သုဉ်းခြင်းလမ်းစဉ်ကို ရွေးချယ်ပြီး စကြဝဠာကို ကိုယ်တိုင် ဖျက်ဆီးရန် စိတ်ပိုင်း ဖြတ်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလျှင် ပင်၊ အသက်ရှင်လွတ်မြောက်ရန် မျှော်လင့်ချက် မရှိပေ။ ဘိုးဘေးနတ်ဘုရားများပင်, ရှင်သန်လွတ်မြောက်နိုင်စွမ်း ရှိကောင်းမှရှိပါလိမ့်မည်။ ထိုကြောင့် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို သူ့ဘာသာသူ မည်သို့ ရှင်းလင်းသုတ်သင်ပစ်နိုင်မည်နည်း?။
"မင်းက တိုက်ခိုက်ချင်တယ်ဆိုမှတော့, ငါ့ဘက်ကလည်း သတ်ဖြတ်မူ စတင်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးပေါ့။" ချင်ယွင်၏ အသံက အေးစက်သွားခဲ့သည် ။
"ဟမ့်၊ ကြွားဝါနေလိုက်တာ။ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား?။ ကောင်းပြီလေ၊ ငါ့ရဲ့ အစစ်မှန်ခွန်အားကို မင်းကို မြင်တွေ့ခွင့် ပေးမယ်။ တောရိုင်းခွန်အား ရဲ့အဆင့်သုံး ငါ့အတွက် ပေါက်ကွဲထွက်လိုက်စမ်း..." လူထွားကြီးက ဟစ်ကြွေးလိုက်သည်။
ထို့နောက် ပြင်းထန်သော ခွန်အားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။
ထိုအခါ လူထွားကြီး၏ ခန္ဓာကိုယ်သည် ပြောင်းလဲလာသည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများ အားလုံး တင်းမာလာပြီး အရေပြားသည် ချက်ချင်းပင် နီမြန်းလာသည်။ သူ၏တစ်ကိုယ်လုံးသည် အနီရောင်မီးလျှံဖြင့် လောင်ကျွမ်းနေသည့်အလား တောရိုင်း၏ ပြင်းထန်သော အငွေ့အသက်များဖြင့် ပြည့်လျှံနေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သော လေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် လေပွေတစ်ခုလိုပင် သူ၏ခန္ဓာကိုယ်ကနေ ဝှေ့ယမ်းကာ အဝေးသို့ လှည့်ပတ် သွားသည်။ သူ၏ခြေဖဝါးအောက်မှ မြေပြင်သည် တစ်လက်မချင်း အနေဖြင့် ကွဲအက်သွား ပြီး ပတ်ဝန်းကျင်က သဲမှုန့်တွေ ကျောက်တုံးစတွေနှင့် လွင့်ပျံနေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လူထွားကြီး၏ ခန္ဓာကိုယ်ရှိ ခွန်အားသည် တဖြည်းဖြည်း တိုးမြင့်လာခဲ့ပြီး၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။
အဝေးမှာ ပုန်းအောင်းနေသည့် စီတူဝူဒီသည် အငွေ့အသက်က မနှိုင်းယှဉ်သာအောင် ပြင်းထန်လာသော လူထွားကြီးကို ကြည့်လိုက်ရင်း၊ သူ၏စိတ်နှလုံးထဲတွင် ချင်ယွင် အတွက် စိုးရိမ်စ ပြုလာသည်။
"အား.........”
လူထွားကြီးသည် ကောင်းကင်ယံသို့ မော့ကာ ရုတ်တရက် ဟိန်းဟောက်လိုက်ရာ သူ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံသည် အချင်းဝက် တရာလီတာအထိပင် တုန်ခါသွား သည်။ ထို့နောက် သူ၏မျက်လုံးများက ချင်ယွင်ကို အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်နေလေသည်။
"ချာတိလေး၊ ဒါက ငါကျင့်ကြံထားတဲ့ နတ်ဘုရား စွမ်းရည်တစ်ခုပဲ။ တောရိုင်းခွန်အား တတိယအဆင့်။ မင်း ဒီနေ့ ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ရင်, မင်း ပေးလာမယ့် အပြစ်မှန်သမျှ ငါ လက်ခံမယ်။" လူထွားကြီးက သူရဲကောင်းဆန်စွာ ပြောသည်။ သူ၏လေသံက အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်း ရှိနေပါသည်။
ချင်ယွင်သည် လူထွားကြီး၏ စကားကို ပြန်မဖြေသော်လည်း သူ၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် လောင်ကျွမ်းလာခဲ့သည်။
ဤအခိုက်အတန့်တွင် လူထွားကြီး၏ ခွန်အားက သူ၏စိတ်နှလုံးထဲတွင် တွန်းလှန်လိုသော ဆန္ဒကို နှိုးဆွပေးပြီးဖြစ်ကာ သွေးများ ဆူပွက်နေသလို ခံစားလာရသည်။
"သေလိုက်တော့.." လူထွားကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ လက်သီးကို မြေပြင်ပေါ်သို့ ထိုးချလိုက်သည်။
ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက မြေပြင်တစ်ခုလုံးကို ချက်ချင်း ဖြိုခွင်း ပစ်လိုက်ပါ သည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ချင်ယွင်၏ နံဘေးတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ခြေဖျားများကို ထောက်ကာ အလျင်အမြန် နောက်ပြန်ဆုတ်သွားခဲ့သည်။
လူထွားကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူသည် နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲကာ ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့ပြီး သူ၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
"ဘယ်လောက်မြန်ဆန်လိုက်လဲ" ချင်ယွင် အံ့သြသွားသည်။ ထိုအချိန်တွင် လူထွားကြီး၏ အရှိန်ဟုန်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်လာသည်။ ဤအရာက ချင်ယွင်ကို သတိကြီးစွာ ရှိလာစေသည်။
"ဟမ့်၊ မင်းတော့ သေပြီ။" လူထွားကြီးသည် သူ၏သွားများကို တင်းတင်းကြိတ်ကာ နှင်းဖြူရောင် သွားများ ထွက်ပေါ်လာသည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် ကြမ်းကြုတ်လာသည်။
အလွန်မင်း အစွမ်းထက်သော နတ်ဘုရားအလင်းတစ်ခုက သူ၏လက်သီးမှ ထွက်ပေါ်လာ ပြီး ချင်ယွင်၏ ရင်ဘတ်ကို အညှာအတာမဲ့စွာ ထိုးလိုက်ပါသည်။
ချင်ယွင် မတုံ့ပြန်နိုင်ခင်မှာ ကြောက်စရာကောင်းသည့် နတ်ဘုရားတန်ခိုးက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါသည်။ သူသည် မှင်သက်သွားခဲ့ပြီး၊ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က နောက်ပြန် လွင့်စင်သွားခဲ့သည်။
လူထွားကြီးက ရပ်တန့်ခြင်း မရှိပါဘူး။ သူသည် အနီးကပ် လိုက်ပါလာခဲ့ပြီး ချင်ယွင်၏ ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်။ သူသည် ချင်ယွင်ကို ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ တိုက်ရိုက် ကန်ထုတ်လိုက်ပြီး၊ ချင်ယွင်သည် မရပ်တန့်ခင် အကြိမ်တစ်ရာခန့် လှိမ့်သွားခဲ့သည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ် အကြောဆွဲသကဲ့သို့ တောင့်တင်းမှုကို ခံစားလိုက်ရသည်။ လူထွားကြီး၏ နတ်ဘုရားတန်ခိုး တိုက်ခိုက်မှုသည် သူ့ဖင်းဂေါ့ဂ်ခန္ဓာကိုယ်၏ ဆဲလ်အများစုကို အမှန်တကယ် ပျက်စီးစေခဲ့သည်။
"ဟမ်၊ အဆုံးသတ် မဟုတ်သေးဘူး။"
ထိုအချိန်တွင် ကောင်းကင်ယံမှ နောက်ထပ် ကျယ်လောင်သော ဟစ်ကြွေးသံတစ်ခုက ထွက်ပေါ်လာပြန်သည်။ လူထွားကြီးသည် ကောင်းကင်ယံမှ ဆင်းလာပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် နင်းချလိုက်သည်။
အကယ်၍, သူသာ ထိုခြေထောက်ကြီးဖြင့် နင်းခံလိုက်ရလျှင်, ချင်ယွင်သည် မသေလျှင်ပင်, ဒဏ်ရာအပြင်းအထန် ရသွားပေလိမ့်မည်။
"လုံလောက်ပြီ.." ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ် မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် အောက်တွင် မြေကြီးတစ်ခုလုံး ပြိုကျသွားခဲ့သည်။
ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်း ကုန်းထလာပြီး လူထွားကြီး၏ ခြေဖဝါးကို လက်သီးဖြင့် ထိုးလိုက်သည်ကို တွေ့လိုက်ရပါသည်။