အခန်း ၁၁၃၀
Vol. 76 Ch. 1130
အခန်း (၁၁၃၀) အဖြူရောင်လူငယ် လှုပ်ရှားခြင်း။
ချင်ယွင်သည် လူထွားကြီး၏ ခြေဖဝါးကို ထိုးနှက်လိုက်ရာ ပြင်းထန်သော အင်အားတစ်ခု က ပေါက်ကွဲထွက်လာသည်။
လူထွားကြီးသည် ချင်ယွင်၏လက်သီးချက်ကြောင့် ပျံသန်းသွားသော်လည်း ချင်ယွင်၏ ရုပ်အသွင်ကတော့ ရုပ်တုတစ်ခုကဲ့သို့ မတ်တပ်ရပ်လျက် မလှုပ်မယှက် ဖြစ်နေသည်။
ယခုအချိန်မှာ သူ၏မျက်လုံးတွေက မီးခိုးရောင်သမ်းနေပြီး၊ သူ၏နောက်ကျောမှ ဆံပင်တွေက ရိုင်းစိုင်းစွာ ကခုန်နေသည်. ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုးသည် သူ၏ ခန္ဓာကိုယ်ထဲတွင် အရူးအမူး ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်သည် လုံးဝ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"ဘုန်း..”။
ချင်ယွင်သည် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ် ခြေဆောင့်လိုက်ပြီး၊ နောက်ပြန် လွင့်ပျံသွားသော လူထွားကြီးနောက်သို့ လိုက်ပါရင်း လျှပ်စီးလက်သလို ပစ်လွှတ်လိုက် သည်။ သူ၏အရှိန်ဟုန်က မြန်ဆန်လွန်းပြီး ထိပ်တန်းအမြန်နှုန်းဖြင့် လင်းလက်သွားသော လျှပ်စီးကဲ့သို့ပင်။
အလွန်မင်း မြန်ဆန်သော အရှိန်ဟုန်ဖြင့် ချဉ်းကပ်လာသော ချင်ယွင်ကို ကြည့်လိုက်ရင်း၊ လူထွားကြီး၏ အမူအရာက ပြောင်းလဲသွားသည်။ အစွမ်းထက်သော နတ်ဘုရား တန်ခိုးက တစ်ဖန်ပြန်ထွက်လာပြီး ချင်ယွင်ဆီသို့ ကြမ်းတမ်းစွာ ရိုက်ခတ်သွားစဉ်၊ သူ၏ မျက်လုံးများ သည် ပြင်းထန်သော အလင်းတန်းနှင့်အတူ တောက်ပလာသည်။
ထိုလက်သီးချက်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားတွေ ပါ၀င်နေပြီး၊ ၎င်း၏ စွမ်းအားက အလွန်ကြီးမားပါသည်။
သို့သော် ချင်ယွင်သည် သူ၏မျက်နှာတွင် ကြောက်ရွံ့ခြင်း အလျင်းမရှိပေ။ သူသည် လူထွားကြီး၏ လက်သီးချက်ကို မရှောင်တိမ်းခဲ့ပေ။
"သဘာဝတရားဖမ်းဆုတ်ခြင်းနတ်ဘုရား " ချင်ယွင်သည် သူ၏ နတ်ဘုရားတန်ခိုးများကို သူ၏ခန္ဓာကိုယ်အတွင်းမှာ လှည့်ပတ်ရင်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ နောက်ထပ် လက်လေးချောင်းက ချက်ချင်း ထွက်လာခဲ့သည်။
"ဘုန်း”။
ချင်ယွင်သည် လူထွားကြီး၏ လက်သီးကို လက်သီးတစ်ချက်ဖြင့် တားဆီးလိုက်သည်။ ထို့နောက် သူ၏လက်သီးငါးချက်သည် မုန်တိုင်းတစ်ခုကဲ့သို့ ပစ်လွှတ်တော့သည်။ ချက်ခြင်းပင် ကောင်းကင်ယံ၌ လက်သီးချက်များ ထွက်ပေါ်လာသည်။
"ဘာလဲ?" လူထွားကြီးသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။
ချင်ယွင်သည် ဤမျှလောက် ကောင်းကင်ဘုံကို အံတုနိုင်သော နတ်ဘုရားစွမ်းရည်ဖြင့် အခြားလက်လေးချောင်းကို ကြီးထွားနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
သူ၏လက်သီးများသည် လက်ခြောက်ဖက်ကို မယှဉ်နိုင်တော့ဘဲ ချင်ယွင်၏ လုံးလုံး လျားလျား ဖိနှိပ်မူကို ခံလိုက်ရသည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် သဲအိတ် တစ်အိတ်ကဲ့သို့ ချင်ယွင်၏ ရိုက်နှက်ခြင်းကို ခံနေရသည်။
ချင်ယွင်၏ လက်သီးချက်များက လူထွားကြီး၏ နတ်ဘုရားခန္ဓာကိုယ်ကို တရပ်စပ် တိုက်ခိုက်ပြီး၊ ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုး အဆက်မပြတ် အသုံးပြုကာ လူထွားကြီး၏ နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နေသည်။
အကယ်၍, သူသည် လူထွားကြီးကို အနိုင်ယူလိုပါက၊ သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ် ကို လုံးဝ ဖျက်ဆီးပစ်ရမည်။ မဟုတ်လျှင် သူ့ကို အမှန်တကယ် ဒဏ်ရာရရှိစေရန် တော်တော်လေး ခက်ခဲလိမ့်မည်။
"ဘုန်း.. ဘန်း... ဘန်း.. ဘန်း... ဘန်း..”။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ချင်ယွင်၏ လက်သီးချက်တိုင်းသည် အလွန်ပြင်းထန်သည်။
တစ်ချက်ထိုးရုံဖြင့် ပေရာနှင့်ချီမြင့်သော နတ်တောင်ကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပါ သည်။ ဤလူထွားကြီး၏ နတ်ဘုရားခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ ချင်ယွင်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိတော့ပေ။ အသက်ရူချိန် အကြိမ်သုံးဆယ်အတွင်းမှာ သူ့ခန္ဓာကိုယ်၏ ထက်ဝက်ကျော်ကို ချင်ယွင်က ဖျက်ဆီးပစ်ခဲ့ပြီး သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
သို့သော် ချင်ယွင်သည် လူထွားကြီးကို သတ်ဖြတ်ခါနီးတွင် ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။
"ရပ်...”
အဝေးမှာ မလှုပ်မယှက် ရပ်နေသော အဖြူရောင်ဝတ်လူငယ်ဟာ နောက်ဆုံးတော့ မလှုပ်ရှားဘဲ မနေနိုင်တော့ပါဘူး။ သူ၏ရုပ်အသွင်သည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ဖြင့် တောင်ထိပ်မှ ပျံထွက်သွားသည်။ သူ၏ရုပ်အသွင်သည် ပျံထွက်လာရင်း သူသည် ဓားချီအမျှင်တန်းတစ်ခုကို ချက်ခြင်း ပစ်လွှတ်လိုက်သည်။
ဓားချီသည် လွင့်ထွက်သွားပြီး ကောင်းကင်နှင့် မြေကြီးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ တုနှိုင်းမရနိုင်သော အစွမ်းထက်သော အငွေ့အသက်သည် ချင်ယွင် အပေါ် ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။ ၎င်း၏အရှိန်သည် အလွန်ထူးဆန်းပြီး ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဤဓားချီ၏ ကြီးမားသော ခြိမ်းခြောက်မှုကို သူ ခံစားနိုင်သည်။
အကယ်၍, သူသည် လူထွားကြီးကို သတ်ရန် အတင်း ရွေးချယ်လိုက်မည်ဆိုလျှင်၊ ဤဓားချီကြောင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် တိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။ ကူရာမဲ့စွာဖြင့် ချင်ယွင်သည် လက်လျှော့ရန် သာ ရွေးချယ်နိုင်ခဲ့သည်။
သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားပြီး၊ ထိုဓားအလင်းကို ရှောင်တိမ်းပြီး အဝေးကို ရှောင်ထွက်သွားခဲ့သည်။
ဓားအလင်းသည် ချင်ယွင်၏ရင်ဘတ်ကို ဖြတ်တောက်လုနီးပါးပင်။ ထို့တိုင် ၎င်းတွင် ပါရှိသော ပြင်းထန်သော အငွေ့အသက်သည် ချင်ယွင်၏ ရင်ဘတ်တွင် အပေါက်ကြီး တစ်ပေါက်ကို ဆုတ်ဖြဲသွားဆဲဖြစ်ပြီး လတ်ဆတ်သော သွေးများ စီးကျလာသည်။
ဓားချီသည် ခပ်ဝေးဝေးရှိ ကျောက်ဆောင်ကြီးထဲသို့ နစ်မြုပ်သွားခဲ့ပြီး၊ ၎င်းသည် အမှုန့်အဖြစ် ပြိုကွဲသွားလေသည်။
ချင်ယွင်၏ မျက်လုံးများသည် ထိတ်လန့်တကြား ဖြစ်သွားသည့်အမူအရာ ပေါ်လာသည်။ ယခုလေးတင် ထိုလူငယ် ရှောင်တခင် ထုတ်လွတ်လိုက်သည့် ဓားချီသည် တကယ်ကို ကြောက်စရာကောင်းလွန်းပြီး၊ သူ့ကို ဒဏ်ရာအပြင်းအထန် ရလုနီးပါး ဖြစ်စေပါသည်။ ယင်းက သူ၏အမူအရာကို လေးနက်ထားလာစေသည်။
အဖြူရောင်ဝတ်လူငယ်သည် လူထွားကြီး၏ ရှေ့သို့ လွင့်မျောပျံသန်းသွားသည်။ သူသည် လူထွားကြီး၏ဒဏ်ရာကို စစ်ဆေးပြီးနောက် သူ၏အသက် အန္တရာယ်မရှိဟု အတည်ပြုလိုက်သည်။ ထို့နောက် ချင်ယွင်ထံသို လှည့်ကြည့်လိုက်သည်။ သူ၏အကြည့်က ဓားသွားကဲ့သို့ ထက်ရှသည်။
"မင်းရဲ့နတ်ဘုရားတန်ခိုး စွမ်းအားက အရမ်းကို ထူးခြားတယ်။ မင်းရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို မသန့်စင်နိုင်သေးခင်မှာ, မင်းက နတ်ဘုရားခန္ဓာကိုယ်ကို ၉၀ ရာခိုင်နှုန်း သန့်စင်ပြီးလူတစ်ယောက်ရဲ့ စွမ်းအားနဲ့ ပေါက်ကွဲထွက်နိုင်တယ်။ မင်း လီဂျွန်ကို သတ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။" အဖြူရောင်ဝတ်လူငယ်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏လေသံက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဖြူရောင်ဝတ်လူငယ်က သူ့ကို အဝေးကနေ စောင့်ကြည့်နေမှန်း သူ သိသည်။ ပေါက်ကွဲအသက် နတ်ဘုရားတန်ခိုး၏ ထူးခြားမူကို တွေ့မြင်ရခြင်းမှာ သူ့အတွက် မထူးဆန်းပေ။ လီဂျွန်ဆိုသူကတော့ သဘာဝအတိုင်း အစောပိုင်းက သူသတ်ဖြတ်ခဲ့သည့် မာနကြီးသော လူငယ်ဖြစ်သည်။
"ငါတို့ သုံးယောက်ကြားက ဆက်ဆံရေးက ဘာလဲ မင်း သိလား?" အဖြူရောင်ဝတ် လူငယ်က ထပ်ပြောရင်း မေးခွန်းထုတ်လိုက်သည်။
ချင်ယွင်သည် ပြန်မဖြေနိုင်လောက်အောင် တုံးအသူမဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း အဖြူရောင်ဝတ် လူငယ်သည် ဤမေးခွန်းကို မေးလိုက်ပြီး နောက် သူကိုယ်တိုင် ချက်ချင်း အဖြေပေးခဲ့သည်။
"ငါတို့ သုံးယောက်က ညီအစ်ကိုရင်းတွေပဲ။” အဖြူရောင်ဝတ်လူငယ်က ပြန်ဖြေသည်။ သူ၏မျက်လုံးများသည် အလွန်မင်း အေးစက်နေပြီး သူ၏အကြည့်များက ဓားအိပ်ထဲမှ ထုတ်လိုက်သည့် ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ထက်ရှသော အလင်းကို သယ်ဆောင် လာသည်။
ထိုစကားကို ကြားတော့ ချင်ယွင် ချက်ချင်း မျက်မှောင်ကြုတ်သွားပါသည်။
အဖြူရောင်ဝတ်လူငယ် အခုလိုပြောပြခြင်း၏ အဓိပ္ပါယ်ကို သူသိပြီး၊ အဆုံးသတ်တွင် သူနှင့် သူတို့ကြားမှာ တစ်ဖက်တည်းသာ ရှင်သန်နိုင်မည်ဟု ပြောပြလိုခြင်း ဖြစ်သည်။
ယခုအဖြစ်ပျက်က အဖေတစ်ယောက်ကို သတ်လိုက်သကဲ့သို့ပင်။ မည်သူက မှန်သည် ဖြစ်စေ, မှားသည်ဖြစ်စေ မည်သည့်အခါမှ ရပ်တန့်နိုင်မှာ မဟုတ်တော့ပါဘူး။
"အစ်ကိုကြီး၊ ဘာလို့ သူ့ကို စကားပြောနေရတာလဲ?။ သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်ပါ။" လူထွားကြီးသည် သူ၏ဒဏ်ရာမှ ပြန်လည် သက်သာလာကာ စကားသိပ်မပြောနိုင်သေး သော်လည်း, ချင်ယွင်အားကြည့်နေသည့် သူ၏အကြည့်များက နှိုင်းပြ၍မရအောင် ခက်ထန်နေဆဲ ဖြစ်သည်။
"ဒါဆို မင်းတို့ကို သတ်ပြီးမှပဲ ငါ ဒီနေ့ ထွက်သွားနိုင်မယ်ပေါ့။ ဟုတ်လား?" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။
အဖြူရောင်ဝတ်လူငယ်နှင့် သူ၏ညီအစ်ကိုတွေကြားက ခံစားချက်များကို သူ နားလည်နိုင် ပါသည်။ အကယ်၍, ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို အသတ်ခံရမည်ဆိုလျှင်လည်း ချင်ယွင်က သေချာပေါက် ယခုလိုဘဲ လုပ်မိပါလိမ့်မည်။ သို့သော်၊ ယင်းက ချင်ယွင်သည် ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး သူ့ကိုသတ်ရန် ခွင့်ပြုပေးမည်ဟု မဆိုလိုပါ။ အဆုံးတွင်, ပထမအချက်အနေဖြင့် သူ မမှားခဲ့ပါဘူး။
"ဟုတ်တယ်.." အဖြူရောင်ဝတ်လူငယ်က အေးစက်စွာ ပြန်ဖြေသည်။ သူ၏အသံက ဓားတစ်ချောင်း၏ မြည်ဟီးသံလိုပင်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားချီသည် ပတ်ပတ်လည်မှာ ဝဲပျံနေသည်။ ဓားချီပျံဝဲသွားသည့် နေရာတိုင်းတွင် နက်ရှိုင်းသော လျှိုမြောင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ကောင်းပြီလေ၊ ဒါဆို မင်းတို့ရဲ့အသက်ရှုသံကို ဖြုန်းတီးနေစရာ မလိုတော့ဘူး။ မင်းတို့က ငါ့ကို သတ်ချင်နေမှတော့, ငါ အသက်ရှင်ချင်တယ်ဆိုရင် ဒီတိုက်ပွဲကို ရှောင်လွှဲလို့ မရတော့ ဘူး။ ကောင်းကောင်း တိုက်ခိုက်ကြတာပေါ့။ မင်းတို့မှာ ငါ့ကို လက်စားချေဖို့ ခွန်အားရှိမရှိ ကြည့်ရအောင်။" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ၏အသံက သူရဲကောင်းဆန်မှု အပြည့်ရှိနေသည်။
ရိုးသားစွာပြောရလျှင်, ချင်ယွင်သည် အဖြူရောင်ဝတ်လူနှင့် သူ၏ညီအစ်ကိုများကြားက ခံစားချက်များကို သူ၏နှလုံးသားအောက်ခြေမှပင် သဘောကျခဲ့သည်။ အဆုံးမှာတော့၊ ဤအရာက သူနှင့် ချင်လန်တို့ကြားက အကျိုးမြတ်တွက်ချက်ပြီး တွယ်တာမူများထက် နှစ်လိုဖွယ်ကောင်းပါသည်။ သို့ရာတွင်၊ သူတို့သည် ရန်လိုသော စိတ်သဘောထားရှိနေ သောကြောင့် ဤတိုက်ပွဲကို ဆင်နွှဲရပေမည်။
"မင်းရဲ့ဓားကို ထုတ်လိုက်ပါ။ မင်းက ဓားသမားတစ်ယောက် ဖြစ်တယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ပြသပါ။ မင်း အခုနက ပြသထားတဲ့ တိုက်ခိုက်ရေး အင်အားနဲ့ဆို မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။" အဖြူရောင်ဝတ်လူငယ်က အေးစက်စွာ ပြောပြီး သူ၏မျက်ခုံးမွှေးများသည်ပင် သူရဲကောင်းဆန်သည့် အငွေ့သက်ဖြင့် ပြည့်နေခဲ့သည်။
ချင်ယွင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဓားချီ သို့မဟုတ် လီဂျွန်၏ ဒဏ်ရာများမှတဆင့် ချင်ယွင်သည် ဓားကို အသုံးပြုသူဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ စွမ်းအားသည် အပေါ်ယံမျက်နှာပြင်ပေါ်တွင် ပေါ်လာသလောက် မရိုးရှင်းကြောင်း သူ ကောက်ချက်ချခဲ့သည်။ ထိုကြောင့်ပင် အစောပိုင်းက သူ တွန့်ဆိုင်းခြင်းမရှိ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
ရပ်နေသည့် လူထွားကြီးသည် အဖြူရောင်ဝတ်လူငယ်ပြောလာသည့် ထိုစကားကို ကြားလျှင် သူ၏မျက်နှာက အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။
ယခုအချိန်အထိ သူနှင့်တိုက်ခိုက်ခဲ့သော နို့နံ့မပြယ်သေးသည့် ကောင်စုတ်လေးသည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့သည်ကို သူ မယုံနိုင်ပေ။ သူ့အစ်ကိုကြီး၏ စကားကြောင့်သာ, မဟုတ်ရင် သူ ယုံကြည်မှာ မဟုတ်ပါဘူး။
ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး၊ သူ၏လက်ဖဝါးကို လှန်လိုက်သည်။ မြူနှင်း ချောက်နက်ဓားက သူ၏လက်ထဲမှာ ပေါ်လာပြီး ပြင်းထန်သော ဓားဆန္ဒက သူ၏ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာပါသည်။