အခန်း ၁၁၃၁
Vol. 76 Ch. 1131
အခန်း (၁၁၃၁) ဓားသိုင်းပြိုင်ပွဲ။
အဖြူရောင်ဝတ်လူငယ်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သော ဓားဆန္ဒကို အာရုံခံပြီး အံ့အားသင့်ဟန် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သို့သော် သူ၏မျက်နှာပေါ်ရှိ အံ့အားသင့်ဟန်များ လျင်မြန်စွာ ပျောက်ကွယ်သွားကာ ခပ်ဖျော့ဖျော့အပြုံးက အစားထိုး ဝင်ရောက်လာခဲ့သည်။
"မင်းကရော ဓားကို ဘာလို့ မထုတ်သေးတာလဲ။" အဖြူရောင်ဝတ် လူငယ်သည် သူ၏ဓားကို အသုံးပြုရန် ရည်ရွယ်ချက် မရှိသေးသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါ့ဓားကို ဆွဲထုတ်စေချင်ရင်, အဲဒါက မင်းမှာ အရည်အချင်းရှိမရှိပေါ် မူတည်နေတယ်" အဖြူရောင်ဝတ်လူငယ်က ရယ်မောရင်း ပြောလိုက်သည်။ သူ၏လေသံက မောက်မာမှုများ ဖြင့် ပြည့်နေခဲ့သည်။ မင်းက ငါ့ဓားကို အသုံးပြုရလောက်အောင် အရည်အချင်း မရှိသေးဟု ပြောလိုသည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သူ၏စိတ်ထဲတွင် အမျက်ဒေါသ မထွက်ဘဲ မနေခဲ့ပေ။
"မင်းက မင်းရဲ့ဓားကို ဆွဲထုတ်ဖို့ ဆန္ဒမရှိသေးဘူးဆိုမှတော့, မင်းရဲ့ဓားကို မဆွဲထုတ်မချင်း ငါ မင်းကို ရိုက်နှက်ရတော့မှာပေါ့" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းသည် ထူထပ်သိပ်သည်းနေပြီး၊ ကြောက်မက်ဖွယ် ဓားအလင်းတန်းက ကောင်းကင်ယံ၌ လျင်မြန်စွာ လင်းလက်တောက်ပလာကာ အဖြူရောင်ဝတ် လူငယ်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားလေသည်။
အဖြူရောင်ဝတ်လူငယ်က ရယ်မောလိုက်သည်။ သူ မည်သို့ လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ရပါဘူး။ သူသည် သူ၏လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး လက်ညှိုးကိုသာ ဝှေ့ယမ်းလိုက်သည်။ ချက်ခြင်းပင်၊ ဓားချီအမျှင်တန်းတစ်ချောင်းသည် ထွက်သွားခဲ့ပြီး ချင်ယွင်၏ ဓားအလင်းကို အလွယ်တကူ ဖြိုခွဲပစ်လိုက်သည်။
"မင်း ငါ့ကို ဓားဆွဲထုတ်ခိုင်းချင်ရင်တော့, ဒီအဆင့်နဲ့ဆို လုံလောက်ဖို့ အဝေးကြီးလိုသေး တယ်။ မင်းရဲ့ အစွမ်းက ဒီအဆင့်လောက်ပဲ ရှိတယ်ဆိုရင်တော့ ဒီနေ့ မင်း အသက်ရှင်လျက် ထွက်သွားဖို့ မလိုတော့ဘူး။" အဖြူရောင်ဝတ်လူငယ်က ရယ်မောရင်း ပြောလိုက်သည်။ သူ၏ ကျက်သရေရှိသော အမူအရာက အလွန်ပင် လွတ်လပ်ပေါ့ပါးပြီး တုနှိုင်းမဲ့ ခံစားချက် ကို ပေးစွမ်းသည်။
ချင်ယွင်၏ အကြည့်များသည်လည်း လေးနက်လာခဲ့သည်။ ယခုလေးတင် ထိုဓားချက် သည် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ သူသည် မည်သည့် ဓားကွက်ကိုမျှ မသုံးမပြုဘဲ ဓားဆန္ဒသက်သက်ကိုသာ ထည့်သွင်းထားခဲ့သည်။ အဖြူရောင်ဝတ်လူငယ်သည် ထိုဓားချက်ကို ခံယူနိုင်မည်ဟု သူသိသော်လည်း ဤမျှလောက် သက်တောင့်သက်သာ ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။
"ငါ နတ်ဘုရားသတ်ဓားသိုင်းကို အသုံးပြုရန် လိုအပ်မယ့်ပုံပဲ။ မဟုတ်ရင်, ငါ သူ့ကို လုံးဝ အနိုင်ယူနိုင်မှာ မဟုတ်ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူ၏ရှေ့မှ ဤလူငယ်သည် သူထင်ထားသည်ထက် အများကြီး ပိုသန်မာနေသည်မှာ သိသာပါသည်။ ထိုလူငယ်သည် သူ၏နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်း အထွတ်အထိပ်သို့ မရောက်ရှိသေးလျှင်ပင်, သူ၏နတ်ဘုရားခန္ဓာကိုယ်သည် အထွတ်အထိပ်သို့ ရောက်ရှိရန် မဝေးတော့သည်မှာ သေချာပါသည်။
ဘန်း…။
ဓားဆန္ဒက တစ်ဖန် ထွက်ပေါ်လာပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက မီးခိုးရောင် နတ်ဘုရားအလင်းအလွှာဖြင့် ဖုံးလွှမ်းနေသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နတ်ဘုရားသတ်ခြင်း အငွေ့အသက်က ပျံ့နှံ့ထွက်ပေါ်လာပါသည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းက ဓားပညာရပ်တွေကို တကယ်သိထားတာပဲ။ ဒါပေမယ့် အဲဒီပညာရပ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါ သိချင်မိတယ်။ အဖြူရောင်ဝတ်လူငယ်၏ နှုတ်ခမ်းထောင့်များက အပြုံးမပျက်ပင်။ သူ၏မျက်နှာက အနည်းငယ် အံ့အားသင့်သည့် အမူအရာ ရှိနေသော်လည်း သူ၏အကြည့်တွေက တည်ငြိမ်နေဆဲပင်။
"ငါ့ဓားချက်ကို ခံယူလိုက်ပါ၊ နတ်ဘုရားသတ်ဓားသိုင်း ပထမသိုင်းကွက်၊ သွေးပင်လယ် စေတီ ခုတ်ပိုင်းခြင်းဓားချက်။ ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ လက်ထဲမှ မြူနှင်းချောက်နက်ဓားက တဖန် ခုတ်ပိုင်းသွားပါသည်။
တခဏအတွင်းမှာပင်၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် ကောင်းကင်ယံကို ဆုတ်ဖြဲသွားကာ အနှိုင်းမဲ့ ထက်မြက်သော အငွေ့အသက်ဖြင့် အဖြူရောင်ဝတ် လူငယ်ဆီသို့ ဖြတ်သန်းသွားခဲ့သည်။
ယခုတစ်ကြိမ် အသုံးပြုခဲ့သော သွေးပင်လယ်စေတီကို ခုတ်ထွင်ခြင်းဓားချက်သည် ချင်ယွင်သည် လီဂျွန်နှင့်ရင်ဆိုင်ခဲ့စဉ်ကထက် ပိုမိုအားကောင်းသည်၊ အကြောင်းမှာ ယခု သူအသုံးပြုသော စွမ်းအားမှာ ချင်ယွင်၏ အသစ်စက်စက်ဖြစ်သော ပေါက်ကွဲအသက် နတ်ဘုရားတန်ခိုး ဖြစ်သောကြောင့်ပင်။
ဘန်း…။
ဓားအလင်းသည် ကောင်းကင်ကို ဖြတ်သန်းပြီး အဖြူရောင်ဝတ် လူငယ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ်လူငယ်သည် သူ၏ဆော့ကစားလိုဟန် အကြည့်ကို ဖယ်ရှားလိုက်ပြီး လေးနက်လာခဲ့သည်။
သူ၏လက်နှစ်ချောင်းစလုံးကို ဓားတစ်ချောင်းအသွင် ထိုးညွှန်လိုက်ပြီး၊ ပြင်းထန်ပြီး အကန့်အသတ်မဲ့ ဓားဆန္ဒက သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ၏ လက်ချောင်းများက ချက်ချင်းပင် ပစ်လွှတ်ပြီးသည်နှင့် ချင်ယွင် ထုတ်ဖော်လိုက်သော ဓားအလင်းနှင့် အပြင်းအထန် တိုက်ရိုက် ထိမှန်သွားခဲ့သည်။
"ချွင်…”။
ဓားချီအမျှင်တန်းနှစ်ချောင်းသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကာ အဆက်မပြတ် တုန်ခါမြည်ဟီးသံများ ထွက်ပေါ်လာသည်။
အနီးနား လေဟာနယ် ပတ်ဝန်းကျင်တွင် လေပြင်းများက တိုက်ခတ်လာကာ အဖြူရောင်ဝတ်လူငယ်၏ ၀တ်စုံများသည် တဖျပ်ဖျပ်မြည်ဟီးသံများနှင့်အတူ လှုပ်ခါနေသည်။
အဖြူရောင်ဝတ်လူငယ်၏ နောက်တွင် ရပ်နေသော လူထွားကြီးသည် အလွန်မင်း အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်နေသည်။ သူသည် ထိုဓားချက်ကို တိုက်ရိုက် ခုခံရသူ မဟုတ်သော်လည်း ထိုဓားအလင်းနှစ်ခုစလုံးမှာပါသည့် စွမ်းအားကို သူ ကောင်းကောင်း ခံစားနိုင်ပါသေးသည်။ သူသည် ခွန်အားရှိသမျှကို အသုံးပြုခဲ့လျှင်ပင်, ထိုဓားချက်များကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ချိုးဖျက်လိုက်စမ်း..”။
ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ်လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ရုတ်တရက် လှုပ်ခါသွားသည်။
သူ၏လက်ချောင်းပေါ်က ဓားချီက ချက်ခြင်း ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင် ထုတ်ဖော်ထားသော ဓားအလင်းကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်သည်။
ဓားချီအမျှင်တန်း နှစ်ခုစလုံး ပေါက်ကွဲသွားပြီး၊ ပေါက်ကွဲစွမ်းအားသည် ပတ်ဝန်းကျင်ကို ဖြတ်သွားသော ပြင်းထန်သော မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ လေတိုက်ခတ်သည့် နေရာတိုင်းတွင် နက်ရှိုင်းသော ဓားဒဏ်ရာများ ကျန်ရစ်ခဲ့သည်။
အဖြူရောင်ဝတ်လူငယ်က ညင်သာစွာ အသက်ရှုထုတ်လိုက်ပြီး ချင်ယွင်ကို အေးစက်စွာ ကြည့်နေသည်။
"ဒီဓားချက်ရဲ့ အစွမ်းက မဆိုးဘူး၊ မင်းမှာ ငါ့ဓားကို ဆွဲထုတ်နိုင်တဲ့ အရည်အချင်းတွေ တကယ်ရှိတယ်" အဖြူရောင်ဝတ်လူငယ်က အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့် သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။
"ဓားပျော့လား...?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
အဖြူရောင်ဝတ်လူငယ်သည် အသုံးပြုသည့်ဓားသည် သူနှင့် အမှန်တကယ် ထပ်တူကျနေ မည်ဟု သူ မမျှော်လင့်ထားဘူး။ ၎င်းသည် ပျော့ပျောင်းသော ဓားတစ်ချောင်းဖြစ်သော် လည်း သူ၏ဓားပျော့သည် ချင်ယွင်နှင့် မတူပေ။
ချင်ယွင်၏ဓားပျော့သည် ဓားပျော့ဖြစ်သော်လည်း ပျော့ပျောင်းမှုသက်သက်တင် မဟုတ်ပဲ ၎င်းပျော့ပျောင်းမှုအတွင်းမှာ မာကျောမူ အနည်းငယ် ပါဝင်သေးသည်။ သို့သော်၊ ဤအဖြူရောင်ဝတ် လူငယ်လေး၏ ဓားဖျော့သည် ပါးလွှာသောဓားသွားသဖွယ် ဖြစ်နေပြီး၊ လုံးဝကို ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်စွမ်း ရှိသည်။
"ဒီဓားကို လွင့်မျောတိမ်တိုက်ဓားလို့ ခေါ်တယ်။ အဲဒါက နတ်ဘုရားပစ္စည်းတစ်ခုလည်း ဖြစ်တယ်။ ဒီနေ့ မင်း ဒီဓားအောက်မှာ သေရလိမ့်မယ်။" အဖြူရောင်ဝတ်လူငယ်က လှောင်ပြောင်ပြောပြီး သူ၏လက်မောင်းကို ယမ်းလိုက်သည်။ သူ၏ လွင့်မျော တိမ်တိုက် ဓားသည် 'တရှီးရှီး’မြည်သံကို ထုတ်ဖော်လာသည်။
"မင်း ငါ့ကိုသတ်နိုင်မယ်လို့ တကယ်ကို ယုံကြည်နေတာလား" ချင်ယွင်က မောက်မာစွာ ပြောသည်။
အဖြူရောင်ဝတ်လူငယ်၏ နယ်ပယ်က သူ့ထက် ပိုမြင့်မားသော်လည်း၊ သူသည် သူ့ထက် လုံးဝ နိမ့်ကျခြင်းမရှိသည့် အမှောင်ထုစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်, ဤအဖြူရောင်ဝတ်လူငယ်သည် သူ့ကို တကယ်သတ်နိုင်မည်ဟု သူ မယုံကြည်ပါဘူး။
"ဟမ့်၊ ငါ့အစ်ကိုအကြီးဆုံးရဲ့ ဓားရေးကျွမ်းကျင်မှုက အထွတ်အထိပ်ကို ရောက်ရှိနေပြီ။ သူရဲ့ ကျင့်ကြံမူက မင်းထက် ဘယ်လောက်တောင် မြင့်မားနေလဲဆိုတာ ငါ သိချင်မိတယ်။ သူက မင်းကို ဘယ်လိုလုပ် မသတ်နိုင်ဘဲနေမလဲ?။" အဖြူရောင်ဝတ်လူငယ်၏ နောက်မှ လူငယ်က ချက်ချင်း ပြန်ဖြေသည်။
"ကြည့်ရတာ, ကျင့်ကြံမူအဆင့်နိမ့်ကျတာက အပြစ်တစ်ခုလို ဖြစ်နေပဲ။ ငါ ဘယ်သွားသွား လှောင်ပြောင်ခံနေရတယ်။" ထိုစကားကို ကြားတော့ ချင်ယွင်၏ နှလုံးသားတွင် ခါးသီးဖွယ် အပြုံးက ရုတ်တရက် ထွက်ပေါ်လာသည်။
"တိုက်ခိုက်စမ်း၊ မင်းရဲ့ဓားပညာက ဘယ်လောက်တောင် ကောင်းမွန်လဲဆိုတာ ငါ ကြည့်ပါရစေ။" ချင်ယွင်က အဖြူရောင်ဝတ်လူငယ်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက် သည်။
သူသည် အချိန်ဆွဲလိုစိတ် မရှိတော့ပါဘူး။ ဤတိုက်ပွဲကို အဆုံးသတ်နိုင်ရန် အမှောင်ထု စွမ်းအင်ကို အသုံးပြုရန် သူ၏စိတ်ထဲမှာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ကောင်းပြီလေ၊ ဒီနေ့ မင်းရဲ့သွေးကို ဒုတိယညီကို ပူဇော်ဖို့အတွက် ငါ အသုံးပြုမယ်။" အဖြူရောင်ဝတ်လူငယ်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပေါက်ကြားလာခဲ့သည်။ သူ၏ နတ်ဘုရားတန်ခိုးသည် ရုတ်တရက် ပွင့်လန်းလာကာ သူ၏ရုပ်အသွင်သည် တုန်ခါသွားစဉ် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပါသည်။
ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားကာ၊ သူ၏ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် သူ၏ နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။
"ဒီမှာ။" ချင်ယွင်သည် ရုတ်တရက် ခေါင်းလှည့်ကာ လေဟာနယ်ထဲကို ခုတ်ပိုင်းလိုက် သည်။
ချွင်…
သန့်စင်သော သံမဏိအချင်းချင်း ထိပ်တိုက်ဆုံမိသည့် အသံသည် တခဏအတွင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ဓားအစွမ်းသည် ချက်ချင်းပင် ပြန့်ကျဲသွားသည်။
ချင်ယွင်၏ဓားသည် အဖြူရောင်ဝတ် လူငယ်၏ လွင့်မျောတိမ်တိုက် ဓားနှင့် အပြင်းအထန် ထိမိသွားသဖြင့် အလွန်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟမ့်၊ ငါ့ဓားကို တားဆီးဖို့က မလွယ်ဘူး" အဖြူရောင်ဝတ်လူငယ်က အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ ဓားသည် ချက်ချင်း တုန်ခါသွားပြီး ကြောက်စရာ ကောင်းသည့် ဓားချီက သူ၏ဓားပျော့ကနေ ပေါက်ကွဲထွက်လာခဲ့သည်။
ဓားချီသည် ချင်ယွင်၏ မြူနှင်းချောက်နက်ဓား ဓားပျော့အတိုင်း လိုက်ပါသွားရင်း၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့ဝင်ရောက်သွားကာ၊ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှာ ပေါက်ကွဲသွားသည်။
ကြောက်စရာကောင်းသော ဓားချီသည် ချင်ယွင်၏ အတွင်းအင်္ဂါများကို ဖြတ်ကျော်သွားပြီး ချက်ချင်းပင် သူ့ကို အပိုင်းပိုင်း ဖြတ်တောက်သွားခဲ့သည်။
"ဖူး..."
ချင်ယွင်သည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ကို နောက်ပြန်ဆုတ်ကာ သူ၏မျက်နှာပေါ်တွင် ဖြူဖျော့ဖျော့ အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓားချီလဲ။ အဲဒါက ငါ့ရဲ့ အကာကွယ်ကို လျစ်လျူရှုပြီး ငါ့ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်တယ်" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဟွမ်း.. ဟွမ်း...."
သို့သော် ထိုအခိုက်အတန့်တွင် လွင့်မျောတိမ်တိုက် ဓားပျော့၏ တဟွမ်းဟွမ်း မြည်ဟီးအသံက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ထို့နောက် ချင်ယွင်သည် သူ၏လည်ပင်းနောက်ဘက်မှ စူးရှသော အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ ဦးရေပြားပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်အားလုံးကို ထောင်မတ်သွားစေခဲ့သည်။
"ငါ မထိန်းနိုင်တော့ဘူး။" သူ တုန့်ဆိုင်းမနေဘဲ အမှောင်စွမ်းအင်ကို စတင် စုစည်းလိုက် ရင်း ချင်ယွင်၏ မျက်လုံးများသည် ကြမ်းတမ်းသော အမူအရာဖြင့် တောက်ပလာခဲ့သည်။