အခန်း ၁၁၃၃
Vol. 76 Ch. 1133
အခန်း (၁၁၃၃)။ ဝင်္ကပါထဲသို့ ကျရောက်ခြင်း။
ချင်ယွင်သည် အဖြူရောင်ဝတ်လူငယ် သဘောတူကြောင်းကြားသောအခါ အံ့ဩသွား သည်။
အခုပဲ ထိတွေ့ဆက်ဆံပြီး အကဲဖြတ်မူမှတဆင့်, အဖြူရောင်ဝတ်လူငယ်၏ ပင်ကိုယ် စရိုက်က အလွန့်လွန် မာနကြီးသင့်သည်။ သူက သူ၏တောင်းဆိုချက်ကို လွယ်လွယ်နှင့် မည်သို့ သဘောတူနိုင်ရသနည်း?။
ထို့အပြင်၊ သူသည် ယခင်က သေခြင်းတရားကိုပင် မကြောက်ခဲ့ပေ။ ထိုသို့မဟုတ်ပါက၊ ချင်ယွင်က သူတို့ကို ထွက်ခွာသွားရန် အကြံပြုစဉ်အခါတုန်းက သူတို့သည် လုံးဝ ထွက်ခွာသွားနိုင်သည်။
ချင်ယွင်က သူ၏ညီလေးကို သတ်ဖြတ်ခဲ့သည့်အကြောင်းကိုပါ စဉ်းစားကြည့်လျှင်၊ အတော်လေး သတ္တိကောင်းသူ တစ်ယောက်ပင်လျှင် ယခုလိုတောင်းဆိုမူမျိုးကို သဘောတူ မှာ မဟုတ်ပါဘူး။ ချင်ယွင် ယခုလိုတောင်းဆိုရသည့် အကြောင်းရင်းကလည်း ရုတ်တရက် အတွေးကြောင့်သာဖြစ်ပြီး၊ သူ့မှာ အခြားမည်သည့်အကြံအစည်မှ မရှိပါဘူး။
"မင်း ဘာလို့ ဒီတောင်းဆိုချက်ကို သဘောတူရတာလဲ?။" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။ သူ၏ရည်ရွယ်ချက်ကို သူ အရမ်းကို သိချင်နေခဲ့သည်။
အဖြူရောင်ဝတ်လူငယ်က ချင်ယွင် ယခုလိုမေးခွန်းမျိုး မေးတော့မည်ကို သိနေပုံရသည်။ သူက ညင်သာစွာ ပြုံးပြီး ပြောသည် "ငါတို့က ပိုင်ယွီကလန်ရဲ့ အဖွဲ့ဝင်တွေပါ။ အခု ပိုင်ယွီကလန် တစ်ခုလုံးမှာ ငါတို့ သုံးယောက်ပဲ ကျန်တော့တယ်။ အခု ဒုတိယညီက သေဆုံးသွားပြီ။ အခု တတိယညီနဲ့ ငါပဲ ကျန်တော့တယ်။ ဒါကြောင့်, ငါတို့ရဲ့ ပိုင်ယွီကလန်ရဲ့ သွေးမျိုးဆက် လုံခြုံဘေးကင်းစေဖို့ ငါသေဖို့ဆန္ဒရှိပေမယ့်, တတိယညီကို တော့ အသက်ရှင်ခွင့်ပြုရမယ်"။
"ဒါဆို မင်းတို့ကို ငါ အရင်က သွားခွင့်ပေးပေမယ့် မင်းတို့ ဘာလို့ ထွက်မသွားခဲ့တာလဲ?" ချင်ယွင်က ထပ်မေးသည်။
"မတိုက်ခိုက်ဘဲ ထွက်ပြေးသွားတဲ့လူမျိုး ပိုင်ယွီကလန်ထဲမှာ တစ်ယောက်မှ မရှိဘူး။ ငါတို့မှာ တိုက်ခိုက်ရေး စွမ်းအား နည်းနည်းလေး ကျန်ရှိနေသေးသရွေ့ ငါတို့ အဆုံးထိ တိုက်ပွဲဝင်ရမယ်။" အဖြူရောင်ဝတ်လူငယ်က မောက်မာစွာ ပြောသည်။ သူက ဂုဏ်ယူဝင့်ကြွားမူဖြင့် နှုတ်ဆက်စကားဆိုသည်။
ချင်ယွင်၏ နှလုံးသားသည် ရုတ်တရက် နားလည်လာကာ ဤအဖြူရောင်ဝတ် လူငယ်အပေါ် ပို၍ပင် လေးစားမူရှိလာခဲ့သည်။
"ကောင်းပြီလေ၊ မင်းရဲ့အသက်ဝိညာဉ်ကို အပ်နှံလိုက်တာနဲ့ မင်းရဲ့ညီနဲ့ မင်းကို သေခြင်းကနေ ကယ်တင်နိုင်ပြီ" ချင်ယွင်က အဖြူရောင်ဝတ်လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။
အဝတ်ဖြူဝတ်လူငယ်သည် တုံ့ဆိုင်းမနေဘဲ သူ၏စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို သူ၏ နီဝမ်နန်းတော်မှ တိုက်ရိုက် ထုတ်ယူလိုက်သည်။
ချင်ယွင်သည် အဖြူရောင်ဝတ်လူငယ်၏ စိတ်ဝိညာဉ်အမျှင်တန်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင်၊ သူ၏စိတ်ဝိညာဉ်သည် အဖြူရောင်ဝတ်လူငယ်နှင့် ဆက်သွယ်မှု ရှိလာခဲ့သည်။ အခုအချိန်မှာ သူ၏စိတ်က တချက်လှုပ်ရှားလိုက်သည်နှင့်, သူသည် အဖြူရောင်ဝတ် လူငယ်၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည်။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ဖယ်ရှားလိုက်ပြီး အဖြူရောင်ဝတ် လူငယ်၏ ပခုံးပေါ်ကို လက်တင်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော အမှောင်ထုစွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက် အဖြူရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်ထဲသို့ အသက်သစ်ပင်၏ အသက်စွမ်းအားကို ထည့်သွင်းလိုက်သည်။
အသက်သစ်ပင်၏ စွမ်းအားသည် မပြင်းထန်သော်လည်း၊ ၎င်းသည် နတ်ဘုရား ခန္ဓာကိုယ်ကို ပြန်လည်ကုသခြင်းအပေါ် သက်ရောက်မှုရှိနေဆဲ ဖြစ်သည်။ ထို့အပြင်၊ အမှောင်ထုစွမ်းအင်၏ ဖျက်ဆီးခြင်းစွမ်းအား မရှိတော့သည့်အတွက် အဖြူရောင်ဝတ် လူငယ်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။
ယခု ချင်ယွင်သည် အဖြူရောင်ဝတ်လူငယ်၏ စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ချုပ်ကိုင်ထားနိုင်သည်။ ထို့ကြောင့် အဖြူရောင်ဝတ်လူငယ်က သူ့ကို ပုန်ကန်မည်ကို သူ လုံးဝ စိုးရိမ်ခြင်း မရှိတော့ပါဘူး။
"ဟုတ်တယ်, မင်းနာမည်က ဘယ်လိုခေါ်လဲ။ ငါ သိချင်တယ်" ချင်ယွင်က မေးသည်။
"ငါ့နာမည်က လီဟောင်၊ ငါ့ရဲ့တတိယမြောက်ညီက လီဘ..” အဖြူရောင်ဝတ်လူငယ်က ပြန်ဖြေသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး လီဟောင်၏ နာမည်ကို သူ၏နှလုံးသားထဲတွင် မှတ်သားထား လိုက်သည်။
"ကောင်းပြီလေ၊ မင်းရဲ့ဒဏ်ရာတွေ သက်သာလာပြီဆိုတော့, မင်းရဲ့ညီကို ခေါ်ပြီး ထွက်သွားလို့ရပြီ" ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
လီဟောင်သည် အနည်းငယ် အံ့အားသင့်သွားကာ ချင်ယွင်ဆိုလိုသည့်သဘောကို သူ နားမလည်သည်မှာ ထင်ရှားပါသည်။
"အခု မင်းက ငါ့ကို မင်းရဲ့သခင်အဖြစ် အသိအမှတ် ပြုထားပြီဆိုတော့, ငါက မင်းကို ပုံမှန်အတိုင်း အမိန့်ပေးလိုက်မယ်။ မင်း လုပ်ချင်တာမှန်သမျှကို ငါက အနှောင့်အယှက် ပေးမှာမဟုတ်ဘူး။ မင်းကိုတွေ့ဖို့ လိုအပ်ရင်, ငါ မင်းဆီ အသံလွင့်ပြီး ပို့ပေးလိုက်မယ်။" ချင်ယွင်က ရှင်းပြသည်။
လီဟောင်သည် ချင်ယွင်ကို လေးလေးနက်နက် ကြည့်ကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူသည် လီဘ၏ရှိရာဆီသို့ တိတ်တဆိတ် လှည့်ကြည့်ကာ သတိလစ်နေသော လီဘကို သူ့ရင်ခွင်ထဲထည့်ပြီး ထွက်သွားတော့သည်။
ချင်ယွင်သည် လီညီအစ်ကိုများ ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်မိသည်။
သူ့အတွက်၊ ဤတိုက်ပွဲသည် မူလကတည်းက အဓိပ္ပာယ်မရှိပေ။ သူ၏စိတ်ထဲမှာ လီညီအစ်ကိုအပေါ် မုန်းတီးမှု မရှိပါဘူး။ အဆုံးတွင်, သူ့ကို သခင်အဖြစ် အသိအမှတ် ပြုခိုင်းရခြင်းမှာ နောင်တွင် မလိုလားအပ်သော ပြဿနာများ ယူဆောင်လာခြင်းမှ တားဆီးရန် ဖြစ်သည်။ သူသည် လီဟောင်ကို သူ့အစေခံ မဖြစ်စေချင်ပါဘူး။
စီတူဝူဒီသည် အဝေးမှ ပြေးထွက်လာသည်။ သူသည် အစောပိုင်းက တိုက်ပွဲကို လုံး၀ မြင်တွေ့ခဲ့ရပြီး၊ သူ၏ရင်တွင်း၌ အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်နေဆဲပင်။
ချင်ယွင်သည် ထိုညီအစ်ကိုနှစ်ဦးအတွက် ပြိုင်ဘက်မဖြစ်နိုင်ဟု မူလက သူထင်ခဲ့သော် လည်း နောက်ဆုံးတွင် ချင်ယွင်သည် ၎င်းတို့နှစ်ဦးလုံးကို အမှန်တကယ် အနိုင်ယူလိမ့် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ချင်ယွင်၊ အမှောင်ထုစွမ်းအင်ကို မင်း ဘယ်လို ထိန်းချုပ်နိုင်တာလဲ?။" စီတူဝူဒီသည် ချင်ယွင်၏ရှေ့သို့ ရောက်သည်နှင့် တပြိုင်နက် မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းပညာရပ်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ နတ်ဘုရားကမ္ဘာ အဝင်တံခါးကို မဝင်ခင်မှာ ဒီအမှောင်ထု စွမ်းအင်တွေကို စုပ်ယူနိုင်တယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော်လည်း နည်းနည်းပါးပါး စုပ်ယူလိုက်တာပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ အစောပိုင်းက တိုက်ပွဲမှာ အကုန်နီးပါး အသုံးပြုလိုက်ရပြီ" ချင်ယွင်က အဆင်မပြေစွာ ရှင်းပြရသည်။
သူ့တွင် ကနဦးစကြဝဠာ ရှိသည်ကို အခြားသူများ မသိစေလိုပေ။ ထို့ကြောင့် သူသည် သူ၏ ထူးခြားသော ကျင့်ကြံခြင်းပညာရပ်အကြောင်းသာ ရှင်းပြနိုင်ပါသည်။
စီတူဝူဒီသည် ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မေးခွန်းများ မမေးတော့ပါ။ သာမန်အားဖြင့်, သူသည် အခြားလူများ၏ ကျင့်ကြံခြင်းပညာရပ်များအကြောင်း အလွန်အကျွံ မမေးတတ်ပေ။ တကယ်တော့ ဤသည်မှာ ကျင့်ကြံသူတိုင်းအတွက် တားမြစ်ချက် တစ်ခုလည်း ဖြစ်ပါသည်။
"စီနီယာ စီတူ, အရာအားလုံးက ဒီမှာ ပြီးဆုံးသွားပြီ။ ဒါကြောင့် ဝူဝမ်ဓားသိုင်းကို နားလည် ဆင်ခြင်အတွက် ကျွန်တော် ထွက်ခွာဖို့ စီစဉ်ထားတယ်။ ဒါပေမယ့်၊ တစ္ဆေနတ်ဘုရား ကျောက်တုံးရဲ့ တည်နေရာကို ရှာဖွေနိုင်ဖို့ ကျွန်တော် ဆက်ပြီး ကူညီသွားမှာပါ။" ချင်ယွင်က ပြောသည်။
"သွားပါ၊ ငါ နောက်ထပ် တစ္ဆေနတ်ဘုရားကျောက်တုံးကို ရှာတွေ့နိုင်မယ်လို့ ယုံကြည် တယ်။" စီတူဝူဒီက ခေါင်းညိတ်ပြီး ပြောသည် ။
ထိုအခိုက်တန့်တွင်, သူသည် ချင်ယွင်၏ ခွန်အားကြောင့် လုံး၀ စိတ်ပျက်အားငယ်မိသည်။ သူသည် ချင်ယွင်နှင့် အဆင်ပြေအောင် ဆက်ဆံရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်တွင် ချင်ယွင်၏ အောင်မြင်မှုတွေက သေချာပေါက် အကန့်အသတ်မရှိ ဖြစ်လာနိုင်သောကြောင့် ဖြစ်ပါသည်။
"ကောင်းပါပြီ၊ ဒါဆိုလည်း ဒီဂျူနီယာက အရင်ထွက်သွားတော့မယ်။" ချင်ယွင်သည် စကားတစ်ခွန်းကို ထုတ်ဖော်ပြောဆိုပြီးနောက် အလင်းတန်းတစ်ခုအဖြစ်ထဲသို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့သည်။
စီတူဝူဒီသည် ချင်ယွင် ထွက်သွားသည်ကို ကြည့်နေပြီး၊ သူ၏မျက်လုံးများတွင် စိတ်ခံစားမှုများဖြင့် ပြည့်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ချင်ယွင်သည် သူ အလွယ်တကူ အနိုင်ယူနိုင်သော ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း၊ ယခုအခါတွင် သူသည် သူကိုယ်တိုင်ပင် မတက်လှမ်းနိုင်သော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် ချင်ယွင်၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်များစွာရှိကြောင်း သူ တွေ့ရှိခဲ့သည်။
ချင်ယွင်သည် အနာဂတ်တွင် မည်သို့သောအဆင့်မျိုးထိ ရောက်ရှိသွားမည်ကို တွေးကြည့်ရန်ပင် သူ့အတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။
"ထာဝရနတ်ဆိုးပဲ။ ထာဝရနတ်ဆိုးပဲ" စီတူဝူဒီက သူ၏စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး တိတ်တဆိတ် လှည့်ကာ ထွက်ခွာသွားတော့သည် ။
လီဟောင်သည် ဝေးကွာလှသော တောင်ထိပ်ပေါ်မှနေ၍ ထွက်ခွာသွားသည့် ချင်ယွင်ကို သူ၏မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာဖြင့် တိတ်တဆိတ် ကြည့်ရှုနေသည်ကို ချင်ယွင်လည်း သတိမထားမိခဲ့ပေ။
သူသည် အနှစ် ၃၀၀၀၀ ကြာအောင် ကျင့်ကြံခဲ့သူဖြစ်ပြီး၊ ကြယ်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာဝေးကွာတော့သည်။ သူ၏နတ်ဘုရားခန္ဓာကိုယ်သည် ၉၉ ရာခိုင်နှုန်း သန့်စင်ပြီးသည့်အနေထားသို့ ရောက်ရှိနေခဲ့သော်လည်း ယခုအချိန်တွင် သူသည် ချင်ယွင်၏ အနိုင်ယူခြင်းကို ခံနေရဆဲဖြစ်သည်။
ချင်ယွင်သည် အထူးနည်းလမ်းကို အသုံးပြုခဲ့သော်လည်း ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။ ထို့အပြင် သူသည် လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ ယင်းက သူ့ကို ရှုံးနိမ့်ခြင်း၏ ပြင်းထန်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"နောက်တစ်ခါဆုံဖြစ်ရင် ငါ သေချာပေါက် ကြယ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပြီး ဖြစ်ရမယ်။ မင်း ငါ့ကို နောက်တစ်ကြိမ် အနိုင်ယူနိုင်ခဲ့ရင် ငါလီဟောင်က မင်းကို အကြွင်းမဲ့ သစ္စာခံပေးမယ်" လီဟောင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများက ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်လာသည်။
သူသည် သူ၏အသက်သွေးစိတ်ဝိညာဉ်ကို ပေးအပ်ခဲ့သော်လည်း၊ သူက ချင်ယွင်ကို နောက်တစ်ကြိမ် ထပ်တိုက်ချင်သေးသည်။ သေချာသည်မှာ, ချင်ယွင်က သူ၏စိတ်ဝိညာဉ် ကို အပြင်းအထန် ရှင်းလင်းသုတ်သင်ပစ်မည်ဆိုလျှင်ပင်, သူသည် အကြောက်တရား ကြောင့် ဂရုစိုက်မှာ မဟုတ်ပါဘူး။
ထို့နောက် လီဟောင်သည် ပြန်လှည့်ပြီး လီဘကို ကျောပိုးကာ ထွက်ခွာသွားခဲ့သည်။
လီဟောင်သည် တိတ်တဆိတ် စိတ်ပိုင်းဖြတ်နေချိန်မှာ ချင်ယွင်သည် ထူးဆန်းသော နေရာတစ်ခုသို့ တိုးဝင်လာခဲ့သည်။ သူသည် ဝင်္ကပါတစ်ခုထဲတွင် ပိတ်မိနေပုံရသည်။ သူ မည်သို့ပင် လျှောက်လှမ်းနေပါစေ, ထိုနတ်တောင်၏ အကွာအဝေးအတွင်းကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ အစမှအဆုံးထိ၊ သူသည် ထိုနတ်တောင်တစ်ဝိုက်မှာ လှည့်ပတ်နေ ၏။
"ဟီ.. ဟီ...၊ အစ်မကြီး၊ နောက်ထပ် သားကောင်တစ်ကောင်ကတော့ ငါးစာကို လာဟပ်နေပြီ" အမှောင်ထုထဲတွင် တခစ်ခစ် ရယ်မောသံက ထွက်ပေါ်လာပြီး၊ ထိုအသံသည် အလွန့်လွန် ဆွဲဆောင်မှုရှိသည့် ခံစားမူမျိုးကို သယ်ဆောင်လာသည်။