အခန်း ၁၁၃၄
Vol. 76 Ch. 1134
အခန်း (၁၁၃၄) တော်ညီအစ်မများ။
မြူခိုးများက အုံ့ဆိုင်းနေပြီး သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် သိသိသာသာ မှုန်ဝါးနေပါသည်။ သူမြင်နေရသည့် နေရာတိုင်းတွင် တိမ်တိုက်များကဲ့သို့ မြင့်မားသော နတ်တောင်ကြီးတစ်ခုသာရှိနေပြီး အခြားမည်သည့်အရာကိုမျှ မမြင်နိုင်ပေ။
ဤအခိုက်တွင် ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ သူ၏အမူအရာက လေးနက်သွား သည်။
သူသည် ဤနတ်တောင်တစ်ဝိုက်ကို ဆယ်ကြိမ်တိုင်တိုင် လှည့်ပတ်ပြီးဖြစ်သည်။ သူသည် ဤအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လို၍ မဟုတ်ဘဲ, အပြင်သို့ မထွက်နိုင်ဖြစ်ကာ၊ ဝင်္ကပါထဲမှာ ပိတ်မိနေသောကြောင့် ဖြစ်သည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အစီအရင် ဝင်္ကပါလဲ" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
သူကိုယ်တိုင်လည်း အစီအရင် ဝင်္ကပါ၌ ကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် အစီအရင် ဝင်္ကပါထဲသို့ သတိလက်လွတ် ကျဆင်းသွားခဲ့သည်။ ထို့အပြင်, သူသည် ဝင်္ကပါထဲသို့ ကျဆင်းသွားသည်ကို သတိမပြုမီ ဆယ်ပတ်တိတိ အစီအရင် ဝင်္ကပါထဲမှာ လျှောက်နေခဲ့သည်။ ဤအစီအရင် ဝင်္ကပါ မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါ သည်။
အမှန်တကယ်ဆို ဤအရာသည် ချင်ယွင်၏ အမှားကြောင့် မဟုတ်ဘဲ၊ ဤ အစီအရင် ဝင်္ကပါက တကယ့်ကို ဆန်းကြယ်နေသောကြောင့် ဖြစ်သည်။
သာမန် ရှုပ်ယှက်ခတ်နေသော အစီအရင် ဝင်္ကပါများသည် သာမန် မျက်စိအမြင်ဖြင့်သာ ရှုပ်ယှက်ခတ်နေသော်လည်း, သူ၏ရှေ့တွင်ရှိနေသည့် ဤထူးဆန်းသော အစီအရင် ဝင်္ကပါ သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်ကိုပင် ရှုပ်ထွေးသွားစေနိုင်သည်။ ချင်ယွင်သည် လမ်းကြောင်းကို စူးစမ်းရှာဖွေရန် သာမန်မျက်စိဖြင့်ဖြစ်စေ သို့မဟုတ် နတ်ဘုရား စိတ်ဝိညာဉ်ကိုဖြစ်စေ အသုံးပြုခဲ့သော်လည်း၊ သူ၏အသိစိတ်တွင် သူ၏ဦးတည်ချက်သည် အမြဲတမ်း ဖြောင့်မတ်စွာရှိနေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူသည် အဆက်မပြတ် လှည့်ပတ်သွားလာနေခြင်း ဖြစ်ပါသည်။
"ဒီအစီအရင် ဝင်္ကပါကို အတိအကျ ဘယ်သူက တည်ဆောက်ထားတာလဲ?။ ဘာလို့ ဒီနေရာမှာ အစီအရင် ဝင်္ကပါရဲ့ သဲလွန်စ မရှိရတာလဲ?။" ချင်ယွင်သည် နေရာတိုင်းတွင် အစီအရင် ဝင်္ကပါ၏ သဲလွန်စများကို ရှာဖွေနေရင်း သူ၏စိတ်ထဲတွင် ခန့်မှန်းနေမိသည်။ အစီအရင် ဝင်္ကပါသဲလွန်စများကို ရှာဖွေတွေ့ရှိမှသာလျှင် အစီအရင် ဝင်္ကပါကို ချိုးဖျက်ရန် နည်းလမ်းကို ရှာဖွေနိုင်မည် ဖြစ်သည်။
သို့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးနောက် ချင်ယွင်သည် အစီအရင် ဝင်္ကပါ၏ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ရပေ။ ဤအချက်က သူ့ကို အဆုံးမရှိ အံ့သြစေပါသည်။
ချင်ယွင်သည် အစီအရင် ဝင်္ကပါကို ဖြိုခွင်းရန် နည်းလမ်းရှာဖွေနေချိန်တွင် အခြားလူတွေ က သူ၏လုပ်ရပ်များကို မြင်နိုင်ကြပါသည်။
ခပ်လှမ်းလှမ်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းပြီး ရုပ်ရည် ချောမောသော အမျိုးသမီးနှစ်ဦးသည် သူမတို့ရှေ့တွင် လွင့်မျောနေသော ရေဘောလုံးကြီး ကို ကြည့်နေကြသည်။ ရေဘောလုံးပေါ်မှ မြင်ကွင်းသည် ချင်ယွင် လုပ်ဆောင်နေသည့် အရာများ အတိအကျ ဖြစ်နေပြီး၊ သူမတို့သည် ချင်ယွင်၏ လှုပ်ရှားမှုတိုင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
"အစ်မ၊ ဒီကောင်က အစ်မရဲ့အစီအရင် ဝင်္ကပါမှာ ချို့ယွင်းချက်ကို ရှာနေပုံရတယ်။ သူက အစီအရင် ဝင်္ကပါတွေအကြောင်း နည်းနည်းပါးပါး သိနေပုံပဲ။" ပန်းရောင်ဝတ်စုံဝတ်ထား သည့် အမျိုးသမီးက ပြုံးပြီး သူမနှင့်ချွတ်စွပ်တူသော သူမဘေးနားရှိ အမျိုးသမီးကို ပြောလိုက်သည်။
"ဟမ်၊ ငါ့ရဲ့ စိတ်ဝိညာဉ်ရှုပ်ထွေခြင်းအစီအရင်ဝင်္ကပါက ရှေးဟောင်း အစီအရင် ဝင်္ကပါ ပုံကြမ်းထဲကအတိုင်း ချမှတ်ထားတာ။ အစီအရင်ဝင်္ကပါပုံကြမ်းကို သူ မမြင်ရရင် ငါ့ရဲ့ အစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ခွင့်ပြုချက်မပါပဲ၊ သူ့ဘဝတသက်တာလုံး ဒီအစီအရင် ဝင်္ကပါထဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။" အစ်မအခေါ်ခံရ သော အမျိုးသမီးသည် အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ သူမ၏မျက်လုံးများတွင် လှောင်ပြောင်မူ အရိပ်အယောင်များ ရှိနေသည်။
"မှန်တယ်။ အစ်မရဲ့အစီအရင်ဝင်္ကပါက တကယ်ကို အစွမ်းထက်တယ်။ ဒီချာတိတ်က ကိုးယောက်မြောက်ပဲ။ ဒါပေမဲ့ ဒီကောင်လေးက တော်တော်ချောပုံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ ဘာမှလုပ်လို့မရနိုင်ဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ အစ်မက သူနဲ့ အရင်ဆုံး နေလိုက်လေ။ ဒါဆို ညီမလေးက သူနဲ့ ခင်မင်ရင်းနှီးဖို့ အခွင့်ကောင်းရနိုင်မယ်။ ပြီးရင် သူ့သွေးအနှစ်သာရကို ခမ်းခြောက်အောင် စုပ်ယူလိုက်မယ်။" ပန်းရောင်ဝတ် အမျိုးသမီးသည် ရေဘောလုံးထဲတွင် ချင်ယွင်၏ပုံရိပ်ကိုကြည့်ရင်း ချစ်စရာကောင်းစွာ ပြုံးလိုက်သည်။ သူမ၏ မက်မွန်ပွင့် မျက်လုံးများက စွဲမက်ဖွယ်ကောင်းသော အပြုံးကို ပေါ်လွင်စေသည်
"ဟမ့်၊ နင်က ပန်းရူးလေးပဲ” ငါ နင့်ကို ပြောပြမယ်။ ဒါက ငါတို့ ကြုံဖူးသမျှ အကြီးမားဆုံး သားကောင်ပဲ။ ဒီကောင်ရဲ့ သွေးအနှစ်သာရက ငါတို့ ရှေ့ရှစ်ယောက်ဆီက ပေါင်းစပ်ထား တာထက် ပိုအစွမ်းထက်တယ်ဆိုတာ နင် သိရဲ့လား?။ ငါတို့ သူ့သွေးအနှစ်သာရကို ခမ်းခြောက်အောင် စုပ်ယူနိုင်တာနဲ့ ငါတို့နှစ်ယောက်စလုံး ကြယ်နတ်ဘုရားနယ်ပယ်ထဲကို ရောက်သွားနိုင်တယ်။" အစ်မဖြစ်သူက ပန်းနုရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးကို လက်ညှိုးထိုးပြီး ပြုံးကာ ကြိမ်းမောင်းလိုက်သည်။
"အယ်? သူက ဒီလောက် အစွမ်းထက်သလား?" ပန်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် ထိုစကားကိုကြားသောအခါ, သူမ၏မျက်လုံးများတွင် လင်းလက် တောက်ပနေသော အလင်းတန်းက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
"ဟုတ်တယ်၊ တကယ်လို့ ငါ ခန့်မှန်းသာ မမှားဘူးဆိုရင်၊ ဒီလူက ရှေးခေတ် ဖင်းဂေါ့ဂ် ခန္ဓာကိုယ်ကို သန့်စင်ခြင်းပညာရပ်ကို လေ့ကျင့်ထားသင့်တယ်။ သူက နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်မှာ တခြား စွမ်းအားတွေ ရှိနေသေးတယ်။ အဲဒါတွေက ရှေးဟောင်းနဂါးနတ်ဘုရားရဲ့ သွေးအနှစ်သာရလို့ ထင်တာ ပဲ။" အစ်မဖြစ်သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူမသည် ရေဘောလုံးအတွင်းမှ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်များကို သူမမျက်လုံးထဲတွင် အံ့သြသည့် အမူအရာဖြင့် ကြည့်နေပါသည်။
ဖင်းဂေါ့ဂ်သွေးနှင့် နဂါးနတ်ဘုရား၏သွေးမျိုးဆက်များသည် ထိုညီအစ်မများအတွက်မူ ကြီးမားသော အာဟာရကြီး ဖြစ်နေခဲ့သည်။ ထိုကဲ့သို့အရာ တစ်ခုပေါ်လာခြင်းကပင် သူမတို့၏ ကံကောင်းမူကြောင့် ဖြစ်ပါသည်။ သို့သော် ယခုတော့ ထိုနှစ်မျိုးစလုံးသည် တူညီသော လူတစ်ယောက်ထံမှ တစ်ချိန်တည်း ပေါ်လာခဲ့ပြီး၊ သူမတို့အနေဖြင့် မည်သို့လျှင် တုန်လှုပ်ခြင်းမရှိဘဲ နေမည်နည်း?။
"ဒါဆိုလည်း အစ်မက ဘာကို စောင့်နေတာလဲ?။ မြန်မြန်လုပ်ရအောင်လေ။ ဒီကောင်ကို သတိလစ်အောင် ကန်ကျောက်ပြီး သူ့သွေးအနှစ်ကို စုပ်လိုက်ရအောင်။"
ပန်းရောင်ဝတ် အမျိုးသမီးသည် စိတ်မရှည်သည့် အမူအရာဖြင့် ကမန်းကတန်း အော်ပြော လိုက်သည်။ သူမစကားဆုံးသည့်အခါ, သူမသည် သူမ၏ နူးညံ့သောလျှာကိုပင် ဆန့်ထုတ် လိုက်ပြီး၊ သူမနှုတ်ခမ်းများ ယားယံသည့် အမူအရာဖြင့် သပ်လိုက်ပါသည်။
"ခဏစောင့်ဦး။ ဒီလူငယ်က ရင်ဆိုင်ရတာ မလွယ်ဘူးလို့ ငါ အမြဲ ခံစားနေရတယ်။ သူ့ဆီကနေ အရမ်းအန္တရာယ်များတဲ့ ခံစားချက်တစ်ခု ရရှိနေတယ်။" အစ်မဖြစ်သူက လေးနက်မှု အရိပ်အယောင်ဖြင့် သူမမျက်လုံးများကို တဖျပ်ဖျပ် ခတ်လိုက်ပါသည်။
အကြောင်းတစ်ခုခုကြောင့် သူမရှေ့မှ ဤလူငယ်ကို မတိုက်ခိုက်ရန် သူမ၏အလိုလိုသိစိတ် က သူမကို ပြောနေခဲ့သည်။ ထိုသို့မဟုတ်လျှင်, သူမတို့၏ အဆုံးသတ်က အလွန် စိတ်မကောင်းဖွယ် ဖြစ်လိမ့်မည်။
"အစ်မ, အစ်မက ဘာလို့ ပိုပိုပြီး သူရဲဘောကြောင်လာရတာလဲ?။ ဒီချာတိတ်က နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းတောင် မရှိသေးဘူး။ သူက သူ့ရဲ့နတ်ဘုရား ခန္ဓာကိုယ် တောင် မသန့်စင်ရသေးဘူးဆိုတာ သိသာပါတယ်။ အစ်မရဲ့ ၉၀ ရာခိုင်နှုန်းလောက် သန့်စင်ထားတဲ့ နတ်ဘုရားခန္ဓာကိုယ်ကို မပြောနဲ့ဦး၊ ၅၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်နဲ့တောင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်" ပန်းရောင်ဝတ်စုံ ဝတ် အမျိုးသမီးက ကမန်းကတန်း ပြောလိုက်ပြီး သူ၏မျက်နှာက စိတ်အားထက်သန်မူ အပြည့်ရှိနေသည်။
သို့သော်လည်း အစ်မဖြစ်သူ၏ အမူအရာမှာ လေးနက်နေဆဲ ဖြစ်ပြီး၊ သူမ၏ နှလုံးသားထဲ တွင် အနည်းငယ် စိတ်မသက်မသာ ခံစားရဆဲ ဖြစ်သည်။
"အစ်မ၊ အစ်မက ဒီလောက်စိုးရိမ်နေမှတော့ ဒီတစ်ခါတော့ ညီမလေး လှုပ်ရှားလိုက်မယ်" ပန်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ကမန်းကတန်း ပြောလိုက်ပြီး ပြေးထွက်သွားသည်။
"အန်းအာ..” ပန်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် သူမညီမက တားချင်သော် လည်း ပန်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် ဝင်္ကပါထဲသို့ ပြေးသွားသည်ကို သူမ တွေ့လိုက်ရသည်။
အစ်မဖြစ်သူက ကူကယ်ရာမဲ့သော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။ သူမသည် ရေဘောလုံးကို ကိုင်ဆောင်ထားရင်း ချင်ယွင်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကာ မထင်မှတ်ထားသည့် ဖြစ်ပျက်မျိုး ဖြစ်ပေါ်မလာစေရန် သူမစိတ်ထဲ တွင် ဆုတောင်းနေခဲ့သည်။
...
ချင်ယွင်သည် အစီအရင် ဝင်္ကပါကို ဖြေရှင်းရန် နည်းလမ်းကို အချိန်အတော်ကြာအောင် ရှာဖွေနေသော်လည်း အစီအရင် ဝင်္ကပါ၏ မည်သည့်သဲလွန်စကိုမှ မတွေ့ရသေးပေ။
"ကြည့်ရတာ, ဒါက တော်တော်ကို အဆင့်မြင့်တဲ့ အစီအရင် ဝင်္ကပါတစ်ခု ဖြစ်ပုံပဲ။ တကယ်လို့, ငါ ဒီအစီအရင် ဝင်္ကပါထဲက ထွက်သွားချင်ရင် တည်ဆောက်ထားတဲ့လူကို ရှာဖွေရတော့မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ရုတ်တရက် ချင်ယွင်သည် ထူးဆန်းသောရနံ့တစ်ခုကို အနံ့ခံလိုက်ရသည်။ ဤရနံ့သည် အရိပ်မဲ့ပြီး မမြင်နိုင်ပေ။ အနံ့က ထူးထူးခြားခြား ကောင်းမွန်လွန်းသည်။
သို့သော်လည်း ချင်ယွင်သည် အသက်ရှုကြပ်ပြီး ခေါင်းမူးဝေလာသည်။ ထို့နောက်, သူသည် ပြင်းထန်သော အိပ်ငိုက်ခြင်းက သူ့ကို နှိပ်စက်လာခဲ့သည်။
"မကောင်းတော့ဘူး၊ အဲဒါ ဆိပ်ကြွဆေးရနံ့ပဲ”။ ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွား သည်။ သူသည် ပါးစပ်နှင့် နှာခေါင်းကို အမြန်ပိတ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ရန် အတွက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအင်ကို စုဆောင်းကာ ဤထူးဆန်းသော စိတ်ကြွဆေးရနံ့ကြောင့် သူ့ကိုယ်သူ ပြိုဆင်းခွင့်မပြုခဲ့ပေ။
"ဒီဝိညာဥ်အမွှေးနံ့သာကို ထုတ်လွှတ်တဲ့သူက ဒီအစီအရင်ဝင်္ကပါရဲ့ ပိုင်ရှင်ဖြစ်သင့်တယ်။ သူက ငါ့ကို ဆွဲဆောင်ချင်နေမှကြောင့် အရင်ဆုံး အစီစဉ်တစ်ခုချမှတ်ဖို့ အကောင်းဆုံး ဖြစ်သွားပြီ။" ချင်ယွင်က ချက်ချင်း အကြံတစ်ခုရလာသည်။
ယခင်ကတော့, သူသည် အစီအရင်ဝင်္ကပါ တည်ဆောက်ထားသူကို မည်သို့ ဆွဲဆောင်ရ မလဲဆိုသည့် အကြောင်းနှင့်ပတ်သက်၍ စိုးရိမ်နေသေးသော်လည်း၊ ထိုလူသည် သူ၏တံခါး ဆီသို့ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် ချင်ယွင် သတိလစ်သွားသလို ဟန်ဆောင်ပြီး မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
"ဟမ့်၊ အစ်မက ကြံဖန် စိတ်ပူနေသေးတယ်။ ဒီကောင်က တံတွေးကိုးသွယ် စိတ်ကြွဆေး ရနံ့မိပြီး မြန်မြန်ဆန်ဆန် ယစ်မူးသွားခဲ့ပြီ။ ဘာများ စိုးရိမ်စရာရှိလို့လဲ?။" ပန်းရောင်ဝတ်စုံ ဝတ် အမျိုးသမီးသည် ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ထုတ်ဖော်ရင်း မြူခိုးများထဲမှ ထွက်လာခဲ့သည်။ သူမသည် မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြစ်နေသော ချင်ယွင်ကို ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။
ဘန်း…။
သို့သော် ထိုအခိုက်အတန့်တွင် ချင်ယွင်သည် ရုတ်တရက် မြေပြင်မှ ခုန်ထလာပြီး ပန်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ လည်ပင်းကို ဖမ်းဆုပ်ရန် သူ၏လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။ အစွမ်းထက်သော နတ်ဘုရားတန်ခိုးတစ်ခုက သူမကို လွှမ်းခြုံသွား ခဲ့ပြီး၊ သူမသည် မလှုပ်ရှားနိုင်တော့ပေ။
ပန်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော် လိုက်ပြီး၊ သူမ၏မျက်လုံးများသည် မယုံကြည်နိုင်သည့် အမူအရာကို ထင်ရှားပေါ်လွင် စေသည်။