အခန်း ၁၁၃၅
Vol. 76 Ch. 1135
အခန်း (၁၁၃၅) နတ်ဆိုးလက်ချောင်း။
'"နင် မူးမေ့မသွားဘူးလား…? မင်းဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...နင်.." တော်အန်းက သူမမျက်နှာပေါ်တွင် အံ့သြသည့် အမူအရာဖြင့် သူမကိုယ်သူမ ရေရွတ်လိုက်ပါသည်။
ထိုအခိုက်တွင် ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ အခြေအနေကို အခွင့်ကောင်း ယူပြီး ယုန်တစ်ကောင်ကို ဖမ်းဖို့ စောင့်မျှော်နေသော်လည်း မိန်းမပျိုလေးတစ်ဦးကို ဖမ်းမိမည်ဟု သူ မမျှော်လင့်ထားပါဘူး။
ထို့အပြင် သူ၏ရှေ့မှ ဤအမျိုးသမီးသည် သိသိသာသာ လှပသည်။ သူမ၏မျက်နှာသည် နူးညံ့သိမ်မွေ့ပြီး သူမ၏အသွင်အပြင်သည် ပို၍ပင် သပ်ရပ်လှပသည်။ ပန်းရောင်ဝတ်စုံ သည် သူမ၏ လှပသော ကောက်ကြောင်းများကို ပေါ်လွင်စေသည်။
သူမ၏ အသားအရည်သည် ချောဆီကဲ့သို့ ဖြူစင်သည်။ ချင်ယွင်သည် သူမလည်ပင်းကို ဆွဲညှစ်လိုက်သည်နှင့် သူမ၏ အသားအရည်သည် အလွန်ချောမွေ့ပြီး နူးညံ့သိမ်မွေ့နေ ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"တကယ်လို့ ငါသာ မူးမေ့ချင်ယောင် ဆောင်မနေခဲ့ရင် မင်းကို ငါ ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ?။ ငါ့ကို ပြောစမ်းပါဦး။ မင်းက ဒီအစီအရင် ဝင်္ကပါကို တည်ဆောက် ထားတာလား?။ တကယ်လို့ မင်း လိမ်ပြောဝံ့တယ်ဆိုရင်, မယုံမရှိနဲ့ ငါ မင်းရဲ့ စိတ်ဝိညာဉ် ကို ငါချက်ချင်း သုတ်သင်ပစ်နိုင်တယ်" ချင်ယွင်က ကြမ်းကြတ်ချင် ဟန်ဆောင်ပြီး ခြိမ်းခြောက်လိုက်သည်။
တော်အန်းက သူမမျက်လုံးတွေကို လှိမ့်ကစားပြီး အလောတကြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည် "ဟုတ်တယ်၊ ငါ ဒီအစီအရင် ဝင်္ကပါကို တည်ဆောက်ထားသူပဲ။ နင် ငါ့ကို သတ်လိုက်ရင် နင့်ဘဝတစ်သက်သာလုံး ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး"
ထိုစကားကို ပြောပြီးနောက်, သူမသည် နင် ငါ့ကိုသတ်ဖို့ ကြိုးစားရဲသေးလားဟူသော ပုံစံဖြင့် သူမ၏ခေါင်းကို ဝင့်ကြွားစွာ မော့လိုက်သည်။
ချင်ယွင်သည် တော်အန်း၏အမူအရာကို မြင်သောအခါ, သူသည် မယုံကြည်တော့်ပေ။
ယခုလေးတင် သူ သတိလစ်သလို ဟန်ဆောင်နေချိန်မှာ, သူ၏ရှေ့မှ ဤအမျိုးသမီးသည် သူမအစ်မအကြောင်း ပြောနေသည်ကို ရှင်းရှင်းလင်းလင်း သူ ကြားလိုက်ရသည့်အတွက် ဒီအစီအရင် ဝင်္ကပါက ဤအမျိုးသမီးက တည်ဆောက်ထားခြင်း လုံးဝ မဟုတ်ဘူးဟု သူ သံသယဖြစ်မိပါသည်။ သူမပြောခဲ့သည် အစ်မဆိုသူက တည်ဆောက်ထားတာ ဖြစ်လိမ့်မည်။
သေချာသည်မှာ၊ အကယ်၍, ဤအမျိုးသမီး တည်ဆောက်ထားတာ မဟုတ်ဘူးဆိုလျှင်, ဤအမျိုးသမီး သူ၏လက်ထဲမှာ ရှိနေသရွေ့ ထိုအစ်မဆိုသူသည် သူမ၏မျက်နှာကို ထုတ်မပြဟု သူ မယုံကြည်ပေ။
"မင်းမှာ အစ်မတစ်ယောက် ရှိသေးတယ် မဟုတ်လား?" ချင်ယွင်က မိန်းမပျိုကို မေးသည်။
"မဟုတ်ဘူး... မရှိဘူး၊ ငါတစ်ယောက်တည်းပဲ။" မိန်းမပျိုသည် ဆောလျင်စွာ သူမကိုယ် သူမ ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ဟန်ပန်အမူအရာက သူမကို သစ္စာဖောက်နေပြီ ဖြစ်သည်။
အမျိုးသမီး၏ ကိုးရိုးကားယားနိုင်သော အပြုအမူကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သူတွေးနေသည့် အရာက ပို၍ပင် သေချာသွားခဲ့သည်။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခု မင်းရဲ့ အစီအရင် ဝင်္ကပါကို ဖျက်ပေးပါ။ ဒါဆို မင်းညီမကို ငါ လွှတ်ပေးမယ်။ မဟုတ်ရင် သူမရဲ့အလောင်းကို ကောက်ယူဖို့ မင်း စောင့်နေလိုက်တော့။" ချင်ယွင်က သူ၏လက်ထဲမှ အမျိုးသမီးကို လျစ်လျူရှုပြီး လေဟာနယ်ထဲကို လှမ်းအော်လိုက်သည်။
အစ်မဆိုသူသည် ဤအစီအရင် ဝင်္ကပါကို တည်ဆောက်ထားသူ ဖြစ်သည့်အတွက်, သူမသည် တစ်နေရာကနေ သူ့ကို သေချာပေါက် စောင့်ကြည့်နေမည်ကို သူ သိသည်။ ထို့ကြောင့် သူသည် လေဟာနယ်ထဲသို့ အော်ပြောလိုက်သည်နှင့် တစ်ဖက်လူက သူ့စကားကို သေချာပေါက် ကြားနိုင်လိမ့်မည် ။
သေချာပါသည်။ အဝေးရှိတောင်ထိပ်ပေါ်မှာ တော်အန်းနှင့် အချက်ခုနစ်ချက်လောက် တူသော်လည်း ပို၍ အေးစက်သော မျက်နှာထားနှင့် အမျိုးသမီးတစ်ဦးသည် ထွက်လာခဲ့ပြီး၊ သူမ၏မျက်နှာမှာ အမျက်ဒေါသ ထွက်နေခဲ့သည်မှာ သေချာပါသည်။
"ဟမ့်၊ ငါ့ညီမရဲ့ဆံပင်တစ်ချောင်းကိုတောင် ထိခိုက်အောင်လုပ်ဖို့ သတ္တိရှိရင် ဒီနေ့ ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။" တော်ယုက အေးစက်စွာ နှာခေါင်းရှုံ့ပြီး အော်ပြော လိုက်သည်။ သူမ၏အသံသည် အစီအရင် ဝင်္ကပါတစ်လျှောက်လုံး ပဲ့တင်ထပ်ကာ ချင်ယွင်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ကြက်ကလေး တစ်ကောင်လို ကောက်ကိုင်ထားသည့် အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်ပြီး ပေါ့ပေါ့ ပါးပါး ပြုံးကာ ပြောသည် "မင်းပြောတော့ မင်းမှာ အစ်မမရှိဘူးဆို။ ဒါဆို သူမက ဘယ်သူလဲ?"။
တော်အန်းက သူမ၏အနီရောင်နှုတ်ခမ်းကို စူလိုက်ပြီး မမူသည့်အမူအရာဖြင့် ပြောလိုက် သည် "ဟမ့်၊ နင်လည်း ကြားမှာပဲ။ နင် ငါ့ဆံပင်တစ်ချောင်းကို ထိခိုက်အောင် လုပ်ဝံ့ရင်, နင်တော့ ဒီကမ္ဘာကြီးကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး"။
"အိုး, မင်းအစ်မက မင်းကို တကယ်ပဲ အရမ်းကို ဂရုစိုက်တာလား?။ သူမက မင်းကို တစ်ယောက်တည်း ထားခဲ့နိုင်တာပဲ မဟုတ်လား…။" ချင်ယွင်က ရယ်မောကာ မေးသည်။
"ဟင့်အင်း၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါ့အတွက်တော့ ငါ့အစ်မက ကမ္ဘာပေါ်မှာ အကောင်းဆုံး လူတစ်ယောက်ပဲ။ သူမက ငါ အရမ်းကို ချစ်မြတ်နိုးရတဲ့ လူတစ်ယောက် လည်း ဖြစ်တယ်။ သူမက ဘာလို့ ငါ့ကို တစ်ယောက်တည်း ထားခဲ့ရမှာလဲ?" တော်အန်းက မယုံကြည်နိုင်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ပြုံးလိုက်ပါသည်။
ထိုစကားကြောင့် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ ဤအမျိုးသမီးသည် သူမအစ်မ၏ နှလုံးသားထဲမှာ မြင့်မားသော ပုံရိပ်တစ်ခုအဖြစ် ရှိနေခဲ့သည်။ ထို့ကြောင့်, သူသည် သူမကို ခြိမ်းခြောက်ရန် အားသာချက်တစ်ခု ရှိလာခဲ့ပါသည်။ အကယ်၍, သူမ အစ်မက လုံးဝ ဂရုမစိုက်ဘူးဆိုလျှင်, သူ့အနေဖြင့် ညှိနှိုင်းရန်အတွက် အခွင့်အရေးတောင် ရှိမှာ မဟုတ်ပါဘူး။
"ဟုတ်သားပဲ၊ မင်း နာမည်ဘယ်လိုခေါ်လဲ?" ချင်ယွင်က ပြုံးပြီး မေးလိုက်သည်။
ဤကောင်မလေးသည် တော်တော်လေး ချစ်စရာကောင်းသည်ကို သူ သတိထားမိသည်။ သူမသည် ဤလောကကြီးထဲတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖူးခြင်း မရှိသည်မှာ သိသာထင်ရှားလှသည်။ ထို့ကြောင့် သူမအနေဖြင့် အဘယ့်ကြောင့် ဤနေရာတွင် ပေါ်လာသည်ကို သူ မသိနိုင်ပေ။
တော်အန်းလည်း ချင်ယွင်က သူမကို လိမ်လည်လှည့်စားရန် ကြိုးစားနေသည်ကို သဘော ပေါက်သွားပါသည်။ သူမက ချင်ယွင်ကို အထင်အမြင်သေးစွာ ကြည့်ပြီး အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ နင်က အကြီးစား လူလိမ်တစ်ယောက်ပဲ။ ငါက ဘာလို့ နင့်ကို ငါပြောရမှာလဲ"။
ချင်ယွင်က ပြုံးလိုက်ပြီး ဒေါသမထွက်ပေ။ သူက လေဟာနယ်ထဲကို လှည့်ကြည့်လိုက်ပြီး ပြောသည် "ဟေး၊ ငါ မင်းရဲ့ ဒီငတုံးညီမအကြောင်း ပြောတော့မယ်။ ငါ တစ်ခါ ထပ်ပြောမယ်။ တကယ်လို့ မင်းအနေနဲ့ ဒီအစီအရင် ဝင်္ကပါကို မဖြည်ပေးဘူးဆိုရင်၊ ဒီငတုံးမလေးရဲ့ ကံကြမ္မာက တော်တော်ကို သနားစရာကောင်းသွားလိမ့်မယ်"လို့ ငါ အာမခံပါတယ်။
"နင်ကမှ ငတုံငအကောင်" တော်ယုက ပြန်မဖြေခင်မှာ တော်အန်းက အော်ဟစ်လိုက် သည်။
သူမရှေ့မှ ဤလူသည် ဒီလောက်မုန်းစရာကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။ ပထမတော့, သူသည် သတိလစ်သွားသလို ဟန်ဆောင်ပြီး သူမကို လိမ်ညာခဲ့သည်။ ယခုလည်း သူမကို လှည့်စားရန် ကြိုးစားရုံသာမက သူမကို ငတုံးမလေးဟုပင် ခေါ်ဝေါ်ခဲ့ သည်။ သူမ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
“မင်းက မင်းရဲ့နာမည်ကို မပြောဘူးဆိုမှတော့, ငါလည်း မင်းကို ငတုံးမလေးလို့ပဲ ခေါ်ရတော့မှာပေါ့ဟု ပြောလိုသည့်အလား” ချင်ယွင်သည် ကူကယ်ရာမဲ့သည့် အမူအရာကို ထုတ်ဖော်ထားသည်။ ထိုအမူအရာကြောင့် အမျက်ဒေါသ အကြီးကျယ်ထွက်ပြီး၊ တော်အန်း၏ မျက်နှာက နီရဲလာသည်။
“အစီအရင် ဝင်္ကပါကို ဖွင့်ပေးရင် ငါ့ညီမကို လွတ်မြောက်နိုင်မယ်လို့ မင်း ဘယ်လို အာမခံမှာလဲ?။" တော်ယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုအခိုက်တွင် သူမရှေ့ရှိ ဤလူငယ်သည် သူမ ရန်ပြုနိုင်သူ မဟုတ်ကြောင်းကို သူမလည်း သဘောပေါက်သွားခဲ့သည်။
သူမတို့ အပြင်ထွက်လာအောင် သွေးဆောင်ရန်အတွက် မူးလဲချင်ယောင်ဆောင်ခဲ့သည့် လူငယ်တစ်ဦးအနေနှင့်ဖြစ်စေ၊ သို့မဟုတ်, နတ်ဘုရားခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်းကို သန့်စင်ထားသည့် သူမ၏ ညီမကို ထိန်းချုပ်နိုင်သည့် လူငယ်တစ်ဦးအနေနှင့်ဖြစ်စေ, သူသည် တော်အန်းစကားပြောလာရန်အတွက် သူမကို နှာသီးခေါင်းအဆုံးထိ တလှမ်းပြီး တစ်လှမ်း တွန့်ပို့ခဲ့သည်။ ဤလူ၏ ခွန်အားသည် အစွမ်းထက်ရုံသာမက, အကြံအစည်က လည်း အလွန့်လွန်များပြားသည်ကို တွေ့မြင်နိုင်သည်။
သူမ အကြောက်ဆုံးအရာက ကောက်ကျစ်လှည့်စားတတ်သည့်လူများနှင့် ရင်ဆိုင်ရမှာ ကိုပါ။ သို့မဟုတ်, ရန်သူတွေ ဖြစ်လာမှာကိုပါ။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက်သော လူများပင်လျှင် ထိုကဲ့သို့သောလူများနှင့် ရန်သူဖြစ်ခဲ့လျှင် အများစုက သေဆုံးကြသည်။ အဆုံးတွင် အရိုးတောင် ကျန်ကောင်းမှကျန်ပေလိမ့်မည်။
သေချာသည်မှာ, ယခုအချိန်တွင် သူမ အကြောက်ဆုံးအရာက ဖြစ်ပျက်လာခဲ့ပြီ။
"မင်းမှာ ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး။ မင်းညီမကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက် မယ်ဆို မင်း ယုံလား?" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများမှ တဆင့် ကြမ်းတမ်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏လက်တစ်ဖက်က ပန်းရောင်ဝတ်အမျိုးသမီး၏ အနီရောင်အဝတ်ကို ရုတ်တရက် ဆွဲချလိုက်သည်။
ချက်ခြင်းပင်၊ တော်အန်း၏ လက်ရာမြောက်လှပသော အသွင်အပြင်သည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာပြီး၊ သူမ၏ နှင်းဖြူရောင် အသားအရည်ကို ပေါ်လွင်စေသည်။
'"အား…" တော်အန်းက အရူးအမူး အော်ဟစ်လိုက်သည်။
သူမသည် ယောက်ျားတစ်ယောက်နှင့် ကစားချင်သည်ဟု မကြာခဏ ပြောဖူးသော်လည်း၊ သူမသည် ယခင်က ယောက်ျားတစ်ယောက်ကို မထိဖူးသေးပေ။
ထိုအချိန်တွင် ချင်ယွင်က သူမ၏အဝတ်အစားကို ချွတ်လိုက်ပြီး၊ သူမသည် ချက်ချင်းပင် ထိတ်လန့်စွာ အော်လိုက်သည်။ အဆုံးတွင် သူမသည် ကျယ်လောင်စွာ အော်ဆဲတော့ သည်။ “လူယုတ်မာ၊ အယုတ်တမာကောင်၊ နင့်ကို ငါ သတ်မယ်…” ။
ယခုအချိန်တွင် တော်အန်း၏ လှပသော ခန္ဓာကိုယ်ကြောင့် ချင်ယွင် အံ့အားသင့်သွားသည်။ တော်အန်း၏ ကိုယ်လုံးကိုယ်ပေါက်သည် အမှန်တကယ် ထူးထူးခြားခြား ဖြစ်နေကြောင်း သူ တွေ့ရှိခဲ့သည်။
ချင်ယွင်က သူမကို ဖောက်ပြန်သည့် အမူအရာဖြင့် ကြည့်နေသည်ကို တော်အန်းက မြင်လိုက်ရသည်။ ရူးသွပ်နေပြီဖြစ်သော သူမသည် အရူးအမူး အော်ဟစ်ကာ ချင်ယွင်၏ လက်ဖမိုးကို တိုက်ရိုက် ကိုက်ချလိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ယခုအခါ ကြေးနီအရေခွံနှင့် သံမဏိအရိုးကဲ့သို့ ဖြစ်နေပါပြီ။ ထိုကြောင့်, သူသည် တော်အန်း၏ အကိုက်ခံရခြင်းကို သဘာဝအတိုင်း မကြောက်ပေ။ သို့သော်, သူသည် အိုးတိုးအန်းတမ်း အမူအရာဖြင့် လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး ကောင်းကင်ယံကို မော့ကာ အော်ပြောလိုက်သည် "ဒီအစီအရင် ဝင်္ကပါကို မဖျက်ဆီးဘူးဆို ရင်, သူမခန္ဓာကိုယ်ပေါ်က အဝတ်အားလုံးကို ဆွဲချွတ်ရလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် လှုပ်ရှားတော့မည်ဟု အရိပ်အယောင် ပြသလိုက်ပြီး၊ တော်အန်း၏ ဗိုက်ဖုံးအဝတ်ကို ဆွဲယူလိုက်သည်။
"ရပ်…" ချက်ချင်းပင် ကောင်းကင်ယံမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ထိုဆွဲဆောင်မူရှိသော အော်သံကို ကြားသောအခါ၊ သူ၏ ပါးစပ်ထောင့်များ က ချက်ချင်းပင် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာပြီး၊ သူ၏ မကောင်းဆိုးဝါး လက်ကို ရုပ်သိမ်းလိုက်ပါသည်။