အခန်း ၁၁၃၆
Vol. 76 Ch. 1136
အခန်း (၁၁၃၆) အနိုင်ကျင့်ခြင်း
ဤအချိန်တွင် တော်အန်းသည် တကယ်ကို ကြောက်ရွှံ့ထိတ်လန့်ပြီး ငိုနေပါသည်။ သူမသည် ချင်ယွင်၏ လက်ဖမိုးကို အရူးအမူး ကိုက်လိုက်ပြီး သူမမျက်လုံးတွေက ချင်ယွင်ကို စိုက်ကြည့်နေသည်။
အစောပိုင်းက ချင်ယွင်သည် သူမ၏ ဗိုက်ဖုံးအဝတ်ကို ဆုတ်ဖြဲလိုက်လျှင်, ဖြစ်ပျက်လာ မည့် အရာကို သူမသည် တကယ်ကို မယုံကြည်နိုင်ပေ။
အခုချိန်မှာ သူမ၏ နှင်းဖြူရောင်ကျောပြင် ပေါ်နေခြင်းကပင် သူမအနေဖြင့် အလွန်မင်း ရှက်ရွှံ့မူကို ခံစားနေရပြီ။
ချင်ယွင်သည် တော်အန်း၏ သတ်ဖြတ်လိုသည့် အကြည့်ကို လျစ်လျူရှုထားပြီး၊ လေဟာနယ်ကို ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်သည်။
ယခုလေးတင်, သူသည် အစီအရင် ဝင်္ကပါ အပြင်ဘက်မှ အစ်မကြီးကို ခြိမ်းခြောက်နိုင်ရန် အတွက် ဟန်ဆောင်နေခဲ့သည်။ သူသည် တော်အန်း၏ ဗိုက်ဖုံးအင်္ကျီကို အမှန်တကယ် ဆွဲမချွတ်ချင်ပါဘူး။ အဆုံးမှာတော့, ချင်ယွင်သည် မိသားစုမရှိသည့် လူတစ်ယောက် မဟုတ်ပါဘူး။ သူ၏မိသားစုတွင် လှပသော အမျိုးသမီးအနည်းငယ် ရှိကာ၊ သူမတို့ တစ်ဦးစီသည် ကောင်းကင်နတ်သမီးများကဲ့သို့ လှပကြသည်။ သူမတို့သည် ချင်ယွင်၏ ကြီးမားသော တောင့်ခံနိုင်စွမ်းကို ရင့်ကျက်စေပြီးသား ဖြစ်သည်။
အကယ်၍, တော်အန်း၏ သတ်မှတ်ချက်က အမှတ်တစ်ရာအပြည့် ရှိသည်ဆိုလျှင်ပင်, သူထံမှ ရှစ်ဆယ့်ငါးမှတ်လောက်သာ ရနိုင်ပါလိမ့်မည်။
ရှစ်ဆယ့်ငါးမှတ်သည်ပင် အလွန်မြင့်မားသောအဆင့်ဟု သတ်မှတ်နိုင်ပါသည်။ ကျန်းရွှမ်ရှင်းနှင့် ရန်စီချီတို့ နှစ်ယောက်စလုံးသည် ကိုးဆယ်အပြည့် ရှိကြသည်။ သူမတို့ အထဲတွင် လျူရန်ယွင်နှင့် ချန်မင်ရှီတို့သည် သူမတို့၏ စိတ်နေသဘောထားကြောင့် ပို၍ပင် မြင့်မားပါသည်။ သူမတို့သည် ကိုးဆယ့်ငါးမှတ်အထိ ရယူနိုင်သည်။
ထို့ကြောင့်၊ တော်အန်းသည် အမှတ်ရှစ်ဆယ်အဆင့် ရရှိခြင်းက အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
'ဟေ့၊ အပြင်က အစ်မကြီး၊ မြန်မြန် ဖြည်လိုက်နော်။ မင်း အစီအရင်ဝင်္ကပါကို မဖြေပေးဘူးဆိုရင်, မင်းညီမရဲ့ အဝတ်အစားတွေကို ငါ ဖြည်ချလိုက်တော့မယ်။ ငါ မထိန်းနိုင်လို့ တစ်ခုခုလုပ်မိရင်လည်း ငါ့ကို အပြစ်မတင်နဲ့။” ချင်ယွင်က ဆက်လက် ရယ်မောပြီး ကောင်းကင်ယံကို လှမ်းအော်ကာ၊ ဤကောင်မလေး၏ အစ်မဖြစ်သူကို ဖိအားပေးလိုက်သည်။
"အယုတ်တမာကောင်၊ ငါ့ညီမရဲ့ဆံပင်တစ်ချောင်းကို ထိကိုင်ဝံ့ရင်တောင် မင်းကို အသားဆော့စ်အဖြစ် အပိုင်းပိုင်းလှီးဖြတ်ပြီဂ ခွေးကျွေးပစ်မယ်" ကောင်းကင်ယံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အိုး တကယ်လား?။ ဒါဆို ငါ စမ်းကြည့်ချင်တယ်။ မင်း ငါ့ကို အသားဆော့စ်အဖြစ် တကယ် လှီးဖြတ်မှာလား?။"
ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး၊ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ တော်အန်းအား နတ်ဘုရားတန်ခိုးဖြင့် တိုက်ရိုက် ချုပ်နှောင်လိုက်သည်။
ထို့နောက်, သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တော်အန်း၏ မေးစေ့ကို အနည်းငယ် မြှောက်လိုက်သည်။ သူက ပြုံးပြီး ပြောသည် "တကယ်လို့, ငါ မင်းကို စားလိုက်ရင်, မင်းအစ်မက ငါ့ကိုသတ်မယ်လို့ မင်း ထင်လား?။"
ထိုသို့ပြောပြီးနောက် ချင်ယွင်၏လက်သည် တော်အန်းအား ဆက်လက်၍ ဆော့ကစား လိုက်သည်။
"အား.... ငါ . နင့်ကို သတ်ပစ်မယ်…" တော်အန်းက အရူးအမူး အော်လိုက်သည်။
"ရပ်လိုက်ပါ..။ ငါ အစီအရင်ဝင်္ကပါကို ပြန်ဖျက်လိုက်မယ်။ ရပ်လိုက်ပါ" ကောင်းကင်ယံမှ အလောတကြီး အော်သံများ ကြားနေရသည်။
"အခုမှ အစီအရင်ဝင်္ကပါကို ဖွင့်ပေးချင်တာလား?။ အရမ်းကို နောက်ကျသွားပြီ။ ငါက မင်းညီမကို လွှတ်ပေးမယ်လို့ မင်း ထင်နေလား?။" ချင်ယွင်၏ နှုတ်ခမ်းများသည် ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် တွန်းကွေးသွားကာ သူ့လက်များ၏ လှုပ်ရှားမှုများက ရပ်တန့်မသွားခဲ့ပေ။
သို့သော် ဤအခိုက်အတန့်တွင် သူ၏ပတ်ဝန်းကျင်မှ မြူခိုးများက လေထဲတွင် ပျံ့သွားပြီး ပြင်းထန်သော နတ်ဘုရားအလင်းတန်းများက သူ့ဆီသို့ ပျံသန်းလာခဲ့သည်။ နတ်ဘုရား အလင်းတန်းများတွင် အလွန်မင်းပြင်းထန်သော အေးစက်မှုလည်း ပါဝင်နေသည်။
ချင်ယွင်သည် စိတ်ရှုပ်ထွေးစေသော အခိုးအငွေ့များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက်၊ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ၊ လက်ဖဝါးတစ်ချက် တိုက်ရိုက် ရိုက်ထုတ်ပြီး၊ နတ်ဘုရား အလင်းတန်းကို ဖြိုခွဲပစ်လိုက်သည်။
သူ၏ဖီးနစ်မျက်လုံးတစ်စုံ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် မနီးမဝေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဤအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်သည် ချင်ယွင်၏ နတ်ဘုရားတန်ခိုးဖြင့် အကျဉ်းချ ခံထားရသော တော်အန်းနှင့် အလွန်ဆင်တူသည်။ သူမ၏ခန္ဓာကိုယ်သည်လည်း ထိပ်တန်း အရည်အသွေးဟု ဆိုနိုင်သည်။ သူမသည် တော်အန်းနှင့် တန်းတူနီးပါးပင်။ တစ်ခုတည်း သော ခြားနားချက်မှာ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းအလှပက ပို၍ပြီးပြည့်စုံပြီး သူမ၏ စိတ်နေစိတ်ထားကလည်း တော်အန်းထက် အနည်းငယ် အေးစက်နေခြင်းသာ ဖြစ်သည်။
အကယ်၍, သူ အကဲဖြတ်ရမည်ဆိုလျှင်, ဤအမျိုးသမီးသည် အမှတ်ကိုးဆယ် ရှိလာမည်ဟု ချင်ယွင် ယုံကြည်ခဲ့သည်။
"အစ်မ၊ သူ့ကို မြန်မြန်သတ်လိုက်ပါ။ သူက ငါ့ကို အနိုင်ကျင့်တယ်" ဤအမျိုးသမီးကို မြင်သောအခါ တော်အန်းက စူးစူးရဲရဲ အော်ပြောလိုက်သည်။
အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ချင်ယွင်ကိုကြည့်ပြီး "ငါအစီအရင် ဝင်္ကပါကို ရုတ်သိမ်းလိုက်ပြီ။ ငါ့ညီမကို လွှတ်ပေးလိုက်ပါ" ဟု ပြောလိုက်သည်။
ချင်ယွင်က တဟားဟား ရယ်မောပြီး တုန့်ပြန်လိုက်သည် "မင်းက ငါ့ကို သတ်ချင်နေတာ မဟုတ်လား?။ မင်းညီမကို လွှတ်ပေးမယ်လို့ မင်းထင်နေတာလား?"။
ထိုအမျိုးသမီး ယခုလေးတင် ပစ်လွှတ်လိုက်သော နတ်ဘုရားအလင်းတန်းသည် သူ့ကို သတ်ဖြတ်ရန် ကြိုးစားသည်မှာ ထင်ရှားပါသည်။ အကယ်၍ သူ အနည်းငယ် အားနည်းနေ ပါက သို့မဟုတ် အချိန်မီ မတုံ့ပြန်နိုင်ပါက ဤအမျိုးသမီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားဖွယ် ရှိသည်။
"မင်းက ပြောပြီးစကား ပြန်ရုတ်သိမ်းချင်တာလား?။ သေချင်နေတာပဲ"။ အဖြူရောင်ဝတ် အမျိုးသမီးသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ သူမ၏လက်ထဲတွင် နှင်းဖြူရောင် ဓားမောက်တစ်ချောင်း ပေါ်လာပြီး သူမ၏ရုပ်အသွင်က ချင်ယွင်ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ပြင်းထန်သော နတ်ဘုရားအလင်းသည် ဓားမောက် အလင်းမှ ပျံ့နှံ့နေကာ အဆုံးမရှိ အေးစက်မှုကို ပေါ်လွင်စေသည်။
ဝှီး...။
အမျိုးသမီး၏ ရုပ်အသွင်သည် လင်းလက်လာပြီး ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ သူမ၏ လက်ထဲမှ အေးစက်သော ဓားမောက်သည် ချင်ယွင်၏လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလာသည်။
ချင်ယွင်က တဟားတဟား ရယ်မောလိုက်သည်။ အစောပိုင်းက ထိုအမျိုးသမီး၏ တိုက်ခိုက်မှုတဆင့် ဤအမျိုးသမီးသည် ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်ကြောင်း သူ ပြောနိုင်ပါသည်။ အကယ်၍, သူမ သဘောမကျပါက, သူမသည် တိုက်ရိုက် တိုက်ခိုက်တတ်သည့် လူစားမျိုးဖြစ်သည်။ ထို့အပြင်, သူမ၏ တိုက်ခိုက်မှုသည် သေစေလောက်သည့် တိုက်ခိုက်မူများ ဖြစ်သည်။
ဟုတ်ပါသည်။ ဤအဆင့်တိုက်ခိုက်မှုက ချင်ယွင်ကို လုံးဝ ဒုက္ခမပေးနိုင်ပါဘူး။
"ဘုန်း..”။
ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူသည် မည်သည့်လှုပ်ရှားမူမှ မလုပ်ဘဲ မလှုပ်မယှက် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုး ၏ စွမ်းအားသည် ပေါက်ကွဲ ထွက်လာပြီး တုနှိုင်းမရအောင် ပြင်းထန်သော အငွေ့အသက် က တိုက်ရိုက် ဖြစ်ပေါ်လာသည်။
ထိုအမျိုးသမီးသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏လက်ထဲမှ အေးစက်နေသော ဓားမောက်သည် ချင်ယွင်၏ခန္ဓာကိုယ်သို့ မရောက်ရှိမီတွင်၊ သူမ၏တစ်ကိုယ်လုံးသည် ပြင်းထန်သော ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုး စွမ်းအား ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းကြောင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် လွင့်ပျံသွား သည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နတ်ဘုရားတန်ခိုးလဲ?။ ဒီလို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က သူရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ဘယ်လိုလုပ် မသန့်စင်နိုင်ရတာလဲ?" တော်ယုက သူမကိုယ်သူမ လေးနက်စွာ ရေရွတ်လိုက်သည်။ သူမသည် သူမ၏လက်များ ကို ဖြန့်တန်းကာ နောက်သို့ လွင့်ပျံသွားရင်း သူမနောက်မှ မြေပြင်ပေါ်သို့ ဆင်းသက်လာ သည်။
"ဘယ်လောက် သန်မာလိုက်လဲ?" သို့သော် ထိုအချိန်တွင် တော်ယု၏ နားထဲတွင် ကျီစားဟန် အသံတစ်ခု ထွက်ပေါ်လာသည်။
တော်ယု၏ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသကဲ့သို့ တောင့်တင်းသွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအသံသည် သူမနားအနားကနေ ထွက်လာသောကြောင့် ဖြစ်သည်။ နားထဲကနေ ထွက်ပေါ်လာသည့် အသက်ရှူသံကိုတောင် သူမ ခံစားရနိုင်ပါ သည်။ သူမနားအနားကို လုံးဝ ဆန့်ကျင်ဘက်လူတစ်ဦး ကပ်ပြီးပြောခြင်းက သူမနားရွက် ကို ယားယံစေသည်။
ထိုမျှတင်မကသေးဘဲ သူမခါးပေါ်မှာ လက်နှစ်ချောင်းက ကျရောက်လာသည်ကို ရှင်းရှင်း လင်းလင်း ခံစားနိုင်ပြီး၊ သူမနောက်ကျောကနေ အရိုင်းဆန်သည့် အငွေ့အသက်တွေ ထွက်ပေါ်နေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် တော်ယု၏ နောက်ကျောနှင့် နီးကပ်နေသည့်အပြင်, သူ၏ပါးစပ်ထောင့်တွင် ဆိုးရွားသော အပြုံးတစ်ခုကလည်း ခိုတွဲနေသည်။
"အယုတ်တမာကောင်၊ မင်းကို ငါသတ်မယ်။" တော်ယုသည် တခဏမျှ ထိတ်လန့်သွားပြီး သူ၏မမျက်နှာလှလှလေးက ချက်ချင်း ဒေါသ ထွက်သွားသည်။
"ငါ့ကိုသတ်ဖို့က မဖြစ်နိုင်ဘူးထင်တယ်" ချင်ယွင်က ရယ်မောလိုက်ပြီး တော်ယု၏ အဖြူရောင် ဝတ်စုံကို ချွတ်လိုက်ပြီး နှင်းဖြူရောင် ကိုယ်ခန္ဓာကို ပေါ်လွင်စေသည်။
"အား..." တော်ယုသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။
"ဟမ့်၊ မင်းက ငါ့ကိုသတ်ချင်နေမှတော့, ငါလည်း မင်းကို ဒုက္ခပြန်ပေးရမယ်။" ချင်ယွင် သည် သူ၏နတ်ဘုရားတန်ခိုးများ ပေါက်ကွဲထွက်လာချိန်မှာ သရော်ဟန်ဖြင့် ပြောလိုက် သည်။ သူသည် တော်ယုကို သူ၏ပေါင်ပေါ်သို့ တိုက်ရိုက် ဖိတင်လိုက်ပြီး သူမခန္ဓာကိုယ်ကို လက်ဖဝါးဖြင့် ရိုက်လိုက်သည်။
"အား.." တော်ယုသည် ရုတ်တရက် တုန်တုန်ယင်ယင် အသံထွက်သည်အထိ အော်ဟစ်လိုက်ပြီး၊ သူမ၏မျက်နှာမှာ နီရဲနေကာ သူမ၏စိတ်ထဲတွင် ရှက်ရွှံ့မူ အပြည့်ရှိနေ သည်။
"ငါ့ကို သတ်ဖို့ ပြောဦးမလား?" ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ရိုက်ပြန်သည်။
ထိုအချိန်တွင် တော်ယုသည် အလွန်ရှက်နေပြီဖြစ်ကာ၊ သူမမျက်နှာက နီရဲနေပြီး မျက်ရည်များ ယိုထွက်လုနီးပါး ဖြစ်နေပြီး။
အဝေးတွင် အကျဉ်းချခံထားရသော တော်အန်းသည်လည်း အံသြသွားသည်။ သူမသည် ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်လိုက်ရင်း သူမရင်ထဲမှာ ဖော်မပြနိုင်သော ခံစားချက် တစ်ခု ရှိနေသည်။
"အစ်မ၊ နင် ငါ့အစ်မကို အနိုင်ကျင့်ခွင့် မရှိဘူး.." အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် တော်အန်းက တုံ့ပြန်ပြီး ကမန်းကတန်း အော်ပြောလိုက်သည်။
"ဒါဆို မင်းအစ်မကို ငါ အနိုင်မကျင့်ရဘူးဆို မင်းကို အနိုင်ကျင့်ရမှာလား?" ချင်ယွင်က လှောင်ပြောင်ပြီး တော်အန်းကို မေးခွန်းထုတ်သည်။
ထိုစကားကိုကြားတော့ တော်အန်းသည် ချက်ချင်းပင် သူမပါးစပ်ကို ပိတ်လိုက်သည်။ ယခုလေးတင် ချင်ယွင်၏ သိမ်ဖျင်းသော လုပ်ရပ်များကို တွေးလိုက်သောအခါတွင် သူမ၏မျက်နှာလည်း ရှက်ရွံ့စွာ နီရဲလာလေသည်။