← Chapters

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အခန်း (၁၁၃၇) ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေး။

ဖျန်း…။

ချင်ယွင်က ဆက်ပြီး ရိုက်နှက်တော့မည့်အခိုက်, သူ၏အောက်မှ ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်လာပါသည်။

ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားစဉ်, သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲပြီး သူမနောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် တစ္ဆေသရဲသဖွယ် အရိပ်ကိုးခုသည် လျင်မြန်စွာ ထွက်ပေါ် လာပြီး ချင်ယွင်ကို ဖက်ထုပ်များအဖြစ် ချက်ချင်း ထုပ်ပိုးလိုက်သည်။ သူသည် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

"အမြီးကိုးချောင်းလား..၊ မင်းက နတ်ဆိုးသားရဲလား။" ချင်ယွင်သည် တော်ယုကို တအံ့တသြ ကြည့်ကာ အံ့သြစွာ ပြောလိုက်သည်။

ထိုအချိန်တွင် တော်ယု၏ အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားပြီ။ နားရွက်များသည် သူမဦးခေါင်းထက်တွင် ပေါက်နေပြီး သူမ၏ သူငယ်အိမ်များက ဒေါင်လိုက်ဖြစ်နေသည်။ ထို့အပြင် ၎င်းတို့သည် သွေးနီရောင် ဖြစ်သည်။ ချွန်ထက်သော သွားနှစ်ချောင်းသည် သူမ၏ ပါးစပ်မှ ပေါက်ထွက်နေပြီး၊ ရှည်လျားချွန်ထက်သော လက်သည်းများသည်လည်း သူမ၏ လက်များမှ ပေါက်ထွက်နေခဲ့သည်။

အရေးကြီးဆုံးအချက်က ချင်ယွင်ကို လုံး၀ တုတ်နှောင်ထားသည့် အရာက တော်ယု၏ မြေခွေးအမြီးကိုးချောင်းမှလွဲ၍ အခြားမဟုတ်ပေ။ ၎င်းတို့၏သားမွေးများသည် ပိုးသားကဲ့သို့ နူးညံ့ပြီး၊ နှင်းကဲ့သို့ ဖြူဆွတ်နေကာ အစွမ်းထက်သော နတ်ဘုရား တန်ခိုးများ ပါရှိနေသည်။ ချင်ယွင်သည် မည်မျှပင် ခက်ခဲစွာ ရုန်းကန်နေပါစေ, မြေခွေးအမြီး၏ ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။

"မင်း ငါ့ကို အရှက်ခွဲရဲမှတော့, မင်း သေရမယ်။" တော်ယုသည် ရေခဲတမျှ အေးစက်သော အမူအရာဖြင့် ပြောပြီး သူ၏ ဒေါင်လိုက် သူငယ်အိမ်များဆီမှ ပြင်းထန်သော သတ်ဖြတ်လို သည့်ဆန္ဒ ထွက်ပေါ်လာသည်။

ထိုနောက်, ချင်ယွင်၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသော မြေခွေးအမြီးများသည် ချင်ယွင်ကို လုံးလုံးလျားလျား ခြေမွတော့မည့်အလား တင်းကျပ်သွားပါသည်။

"မင်းက အစီအရင် ဝင်္ကပါကို အရင် တည်ဆောက်ထားတာလေ။ ဒါကြောင့် ငါက အခုလို ဆုံးဖြတ်ချက်ကို ချလိုက်ရတာ။ ငါက မင်းတို့ကို သင်ခန်းစာတစ်ခု သင်ပေးချင်ရုံ သက်သက်ပဲ။ တကယ်လို့, ငါသာ မင်းတို့ကို သတ်ချင်ရင် မင်းတို့ ဒီနေရာမှာ သေတာ ကြာလှပြီ" ချင်ယွင်က တဟားဟား ရယ်မောသည်။

"ဟမ့်၊ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်း သေရမယ်။ မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးကို ငါစုပ်ယူပြီး၊ အဲဒါက ငါ့ကို ကြယ်နတ်ဘုရား နယ်ပယ် ဖြတ်ကျော် ဝင်ရောက်နိုင်အောင် ကူညီပေးလိမ့်မယ်။" တော်ယုက အေးစက်စွာ ပြောလိုက်ပြီး သူမ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။

ရုတ်​တရက်​ပင်​ ​တော်​ယု၏ ခန္ဓာကိုယ်​မှ ပြင်းထန်​သော ​အေးဓာတ်က ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှာ တုတ်နှောင်ထားသည့် မြေခွေး အမြီးပေါ်က အမွေးများသည် ရုတ်တရက် သံမဏိ အပ်တစ်ချောင်းကဲ့သို့ မာကြောသွားပြီး၊ သူ၏အသားသွေးထဲကို တိုက်ရိုက် ထိုးဖောက်သွားသည်ကို ခံစားလိုက်ရသည်။

ချင်ယွင်က အဆုံးမဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်ထဲကို ထိုးဖောက် ဝင်ရောက်လာသည် အမွှေးတွေက သူ့ကို ပြင်းထန်စွာ နာကျင်စေရုံသာမက ပြင်းထန်သည့် ထုံထိုင်းမူ အကျိုးသက်ရောက်မှုကိုပါ ဖြစ်ပေါ်စေပြီး သူ၏တစ်ကိုယ်လုံးကို တဖြည်းဖြည်း သတိလစ်သွားစေသည်။

သို့သော်လည်း ဤအရာမပြီးဆုံးခင်မှာ ချင်ယွင်သည် အမွှေးများထံမှ ပြင်းထန်သော စုပ်ယူမူစွမ်းအားကို ခံစားရလိုက်သည်။ ထို့နောက်တွင် သူ၏သွေးများ အရူးအမူး စုပ်ထုတ်သွားပြီး တော်ယု၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။

အသက်တစ်ရှိုက်အတွင်းမှာပင်, တော်ယု၏ သန့်စင်သော အဖြူရောင် မြေခွေးအမြီးသည် ချင်ယွင်၏သွေးများဖြင့် အနီရောင်ခြယ်သွားပါသည်။

ချင်ယွင်၏သွေးများသည် မြေခွေးအမြီးတစ်လျှောက် တော်ယု၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။ တော်ယု၏ မျက်နှာသည် လွန်စွာမှ ပျော်ရွှင်နေသည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်က အတောမသတ် မျက်မှောင်ကြုတ်နေမိသည်။ သူ၏ခန္ဓာကိုယ်ထဲကို ထိုးဖောက် လာသည့် အမွှေးများက သူ၏သွေးတွေကို အရူးအမူး ဝါးမျိုချနေည်။ ထို့အပြင်, သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ထုံကျင်လာသည်။ ရုန်းကန်ရန်ပင် မဖြစ်နိုင်တော့ပါဘူး။ သူ၏သွေးတွေ အဆက်မပြတ် ထုတ်ယူခံနေရသည်ကို သူသည် စောင့်ကြည့်ရုံသာ တတ်နိုင်ပါသည်။

"မင်း ရုန်းကန်နေစရာ မလိုတော့ပါဘူး။ ငါက ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေး တစ်ကောင်ပဲ။ ငါ့ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားက ထူးထူးခြားခြား လေဖြတ်စေတဲ့ အကျိုးသက်ရောက်မှု ရှိတယ်။ ငါ့မြေခွေးအမြီးနဲ့ ချည်နှောင်ခံရတဲ့ ဘယ်သူမဆို လွတ်မြောက်ဖို့ အခွင့်အလမ်း မရှိတော့ဘူး။" တော်ယုက သူမပါးစပ်ထောင့်စွန်းမှ သရော်ဟန်နှင့်အတူ အေးစက်စွာ ရယ်မောရင်း ပြောလိုက်ပါသည်။

"ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးလား…?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးအကြောင်း သူ ကြားသိဖူးပြီး၊ ၎င်းသည် ရှေးခေတ် ထူးခြားဆန်းပြားသော သားရဲတစ်ကောင်ဖြစ်ကြောင်း သူသိထားသည်။ ၎င်းသည် အစွမ်းထက်သော မွေးရာပါ နတ်ဘုရား စွမ်းရည်ဖြစ်သည့် သွေးကို ဝါးမျိုခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် အခြားလူများ၏သွေးကို ဝါးမျိုနိုင်ပြီး အခြားလူများ၏ သွေးအနှစ်သာရ၏ စွမ်းအားကို စုပ်ယူနိုင်ကာ ၎င်းတို့ကို သူတို့၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သည်။

သို့သော် ဤကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးများသည် ထွက်ပေါ်မလာခဲ့သည် မှာ နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ။ ထိုကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးများ မျိုးသုဉ်းသွားပြီဟု လူအများက ထင်ခဲ့ကြသော်လည်း ချင်ယွင်သည် ယခုအချိန်တွင် ၎င်းကို ရင်ဆိုင်ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။

"ဒါဆို မင်းနဲ့ မင်းညီမ နှစ်ယောက်လုံးက ကျောက်စိမ်းသွေး အမြီးကိုးချောင်းမြေခွေးတွေ လား?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

'"မှန်တယ်။ ငါ့ညီမနဲ့ ငါက ဒီကမ္ဘာပေါ်မှာ ကျန်နေတဲ့ ကျောက်စိမ်းသွေး အမြီးကိုးချောင်း မြေခွေးနှစ်ကောင်ပဲ၊ ငါက သားကောင်ကို မြှူဆွယ်ဖို့ ဝင်္ကပါတစ်ခု တည်ဆောက်ထား ပေမယ့် မင်းရဲ့လျှို့ဝှက်အကြံအစည်ကို ရင်ဆိုင်ကြုံတွေ့ရမယ်လို့ ငါ မမျှော်လင့်ထားဘူး။ တကယ်ဆို, မင်းရဲ့ ခွန်အားအရ, ငါတို့သာ မင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် မင်းရဲ့သွေးကို ဝါးမျိုနိုင်ဖို့ အခွင့်အလမ်း မရှိလောက်ဘူး။ ဒါကြောင့် ငါ့အပေါ် ဒီလိုညစ်ပတ်တဲ့ အပြုမူကို လုပ်ဆောင်ခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့”။ တော်ယုက အေးစက်စွာ ပြောလိုက်သည်။

ထိုအကြောင်းကိုပြောရင်း ချင်ယွင်က သူမ၏အပေါ်ဝတ်စုံကို ချွတ်ပြီး ခြေထောက်ပေါ် တင်ကာ ရိုက်နှက်ခဲ့သည့် မြင်ကွင်းကို သူမ မမေ့နိုင်ခဲ့ပေ။ သူမမျက်နှာက ရှက်ကိုး ရှက်ကန်းဖြစ်မူနှင့်အတူ ဒေါသထွက်သည့် အမူအရာက ပေါ်လာပြန်သည်။

"အစ်မ၊ သူ့အသွေးကို ညှစ်ထုတ်ပြီး လက်စားချေလိုက်ပါ။ ဒီလူရဲ့လက်က ငါ့ကိုလည်း ထိသွားသေးတယ်" အဝေးမှာရှိနေသည့် တော်အန်းကလည်း ရှက်ရွှံ့မူနှင့်အတူ ဒေါသအမျက် ထွက်ကာ အော်ပြောလိုက်သည်။

ချင်ယွင်သည် ခါးသီးစွာ ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ အကယ်၍, သူသည် အမှန်တကယ် ညစ်ညမ်းစွာ လုပ်ဆောင်လိုပါက, ယခုအချိန်တွင် ထိုသို့သော အခြေအနေမျိုးတွင် ရှိနေလိမ့်မည် မဟုတ်ပေ။

တော်အန်း ပြောသည့်စကားက ပို၍ပင် တရားမျှတမူ မရှိပေ။ သူမကို ထိတာက အတိအကျ ဘယ်နေလဲ?။ သူသည် သူမ၏ မေးစေ့နှင့် ပါးပြင်ကိုသာ ထိကိုင်ခဲ့ပြီး၊ အခြားအစိတ်အပိုင်းများကို မထိကိုင်ခဲ့ပါ။ တော်အန်း၏ စကားလုံးများက သူ့ကို မဟုတ်မမှန် စွပ်ဆွဲပြောဆိုလိုက်သည်မှာ ထင်ရှားသည်။

"တကယ်​​တော့, ငါ မင်းကို တစ်​ခုခု​ပြောပြချင်​တယ်​" ချင်ယွင် ရုတ်တရက် ပြောလိုက်သည်။

"ဘာလဲ?" တော်ယုက စူးစူးရဲရဲ မေးလိုက်သည်။

"မင်းညီမလေးထက် မင်းရဲ့အသားအရေက ပိုကောင်းတယ်" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ထိုစကားကြားတော့ ချင်ယွင်ကို ဝါးစားလိုသည့်အကြည့်ဖြင့် စိုက်ကြည့်ရင်း တော်ယု၏ မျက်နှာက အလွန်အမင်း ရှက်ရွံ့ပြီး ဒေါသထွက်နေသည့် အမူအရာ ပေါ်လာသည်။

အဝေးမှ တော်အန်းဆိုလျှင်လည်း သတ်ပစ်ချင်စိတ်ပင် ပေါက်လာခဲ့သည်။ သူမပုံစံအရ, သူမသွားတွေကို ကိုက်နေသလိုပင်။ ကံအားလျော်စွာ၊ သူမသည် အခု မလှုပ်နိုင်သေးပါဘူး။ မဟုတ်ရင် သူမသည် အမြန်ထပြီး ချင်ယွင်ကို ခါးခါးသီးသီး ကိုက်မိလိမ့်မည်။

"ဟမ့်၊ တယ်လည်း ထက်ရှတဲ့လျှာပါလား?။ မင်းရဲ့ခန္ဓာကိုယ်ထဲက သွေးအနှစ်သာရတွေ အားလုံး ငါ ထုတ်ယူပြီးတဲ့အထိ စောင့်ကြည့်ဦးမယ်။ အဲဒီအချိန်ရောက်ရင် မင်း အခုလိုမျိုး ဟာသလုပ်နိုင်ဦးမလား ငါမြင်ချင်မိမယ်။" တော်ယုက အေးစက်စွာ ပြောသည်။

ချင်ယွင်က ရယ်မောပြီး ကျီစားဟန်ဖြင့် ပြောလိုက်သည် "မင်းပဲ ဝါးမျိုးနိုင်ပြီး ငါကတော့ မဝါးမျိုနိုင်ဘူးလို့ မင်း ထင်နေတာလား”။

ထိုစကားကို ကြားလျှင် တော်ယု၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပါသည်။

သို့သော် သူမ မတုံ့ပြန်နိုင်ခင်မှာ သူမ၏ခြေထောက်အောက်ရှိ မြေပြင်သည် ချက်ချင်းပင် ပြိုကွဲသွားခဲ့သည်။ ရာနှင့်ချီသော နွယ်ပင်များသည် မြေကြီးထဲမှ ရုတ်တရက် ပေါက်ထွက်လာကာ တော်ယု၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။

တော်ယု၏ အမူအရာသည် တုန်လှုပ်ခြောက်ခြားသွားပြီး ချက်ချင်းပင် အရောင်ဖျော့သွား ခဲ့သည်။ သူမသည် ဤနွယ်ပင်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်ပြေးချင်သော်လည်း ထိုသို့ မလုပ်ဆောင်နိုင်သည်ကို တွေ့ရှိခဲ့သည်။

"အစ်မ…" တော်အန်းက အဝေးကနေ လှမ်းအော်သည်။

ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အမှောင်ထုစွမ်းအင်က ထွက်ပေါ်လာပြီး တော်ယု၏ အမြီးကိုးချောင်းကို တိုက်ရိုက် လှုပ်ယမ်းလိုက်ကာ ချက်ချင်းပင် သူ၏လွတ်လပ်မှုကို ပြန်လည် ရရှိခဲ့သည်။

"ဘယ်လိုလဲ မြေခွေးမလေး?။ မင်းက အခုထိ ငါ့ခန္ဓာကိုယ်ထဲက သွေးတွေကို ညှစ်ထုတ်နိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား?" ချင်ယွင်က တော်ယုကို ကြည့်ပြီး မေးသည်။

"မင်း ငါ့ကိုသတ်ချင်ရင်, သတ်လိုက်ပါ။ ဒါပေမယ့်, မင်း ငါ့ကို အရှက်ခွဲချင်ရင်တော့, တကယ်လို့ ငါ့စိတ်ဝိညာဉ် သေဆုံးသွားရင်တောင် မင်းကို အောင်မြင်ခွင့် မပေးနိုင်ဘူး။"

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏မျက်လုံးများက အေးစက်သွားသည်။

ချင်ယွင်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး တော်ယု၏ ခန္ဓာကိုယ်ပေါ်ရှိ နွယ်ပင်များကို ချက်ခြင်း ဖယ်ရှားလိုက်ကာ၊ တော်အန်း၏ ခန္ဓာကိုယ်ပေါ်မှာ ချည်နှောင်ထားသည့် နတ်ဘုရားတန်ခိုးကိုလည်း ဖယ်ရှားလိုက်သည်။

"မင်း...မင်း ဘာသဘောလဲ?" တော်ယုက အံသြသွားဟန် အမူအရာဖြင့် မေးလိုက်သည်။

"ဟမ့်၊ ငါ မင်းတို့ကို စိတ်မဝင်စားဘူး။ ပြီးတော့, ငါက ပုံမှန်အားဖြင့် မိန်းမတွေကို သတ်ပစ်လေ့ မရှိဘူး။ ငါ့လမ်းကို ပိတ်ဆို့ဖို့ မင်းတည်ဆေက်ထားတဲ့ အစီအရင် ဝင်္ကပါကြောင့်သာ။ မဟုတ်ရင်, ငါက မင်းတို့နဲ့ အခုအချိန်အထိ တွယ်ကပ်နေမှာ မဟုတ်ဘူး။ ဒီနေ့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် မင်းတို့အနေနဲ့ နောင်အနာဂတ်မှာ ငါ့ကို ဒုက္ခပေးဝံ့ရင် ငါ့ကို အကြင်နာကင်းမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။” ချင်ယွင်က အထင်သေးဖြင့် ပြောလိုက်ပြီး၊ အဝေးသို့ ပျံသန်းသွားစဉ် သူမတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

တော်ယုသည် ထွက်ခွာသွားသော ချင်ယွင်ကို သူမမျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီး၊ တော်အန်း၏ပါးနှစ်ဖက်သည် ဒေါသကြောင့် ဖောင်းပွနေပြီး သူမသည် ဒေါသထွက်နေပုံရသည်။

All Chapters