အခန်း ၁၁၃၈
Vol. 76 Ch. 1138
အခန်း (၁၁၃၈) ဝူဝမ်တောင်ထိပ်။
ချင်ယွင်သည် တော်ညီအစ်မနှစ်ယောက်ကို သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။
အမှန်တကယ်ဆို, အတိတ်က မကောင်းမှုများနှင့် ပတ်သက်ပြီး၊ ချင်ယွင်၏ အမုန်းတရား အပေါ် အခြေခံလိုက်လျှင်, သူသည် ၎င်းတို့လက်များတွင် သွေးစွန်းနေသည့် တော်ညီအစ်မ နှစ်ယောက်ကဲ့သို့ လူမျိုးတွေကို သတ်ပစ်ရန်အတွက် မကြာခဏ ရွေးချယ်လေ့ရှိခဲ့ပါသည်။
သို့သော်, ယခုအချိန်မှာတော့ သူ၏စိတ်ဓာတ်က ပြောင်းလဲသွားခဲ့ပါပြီ။ ယင်းက သူသည် ကနဦးစကြဝဠာကို ဖန်တီးခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သူသည် ထိုပြဿနာကို ကြည့်ရူဆင်ခြင်မိသည့်အခါ, ၎င်းပြဿနာသည် ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ ပို၍ပို၍ များပြားလာသည်ကို သူ တွေ့ရှိခဲ့ရသည်။
တော်ညီအစ်မနှစ်ယောက် သွေးများကို ဝါးမျိုချရန် ရွေးချယ်ရသည့် အကြောင်းရင်းက သူမတို့အနေဖြင့်ဆို မျိုးရိုးဗီဇသက်သက်သာ ဖြစ်ပါသည်။ ၎င်းသည် ကောင်းကင်ဘုံက သူမတို့အပေါ် အပ်နှင်းထားတဲ့ စွမ်းရည်တစ်ခုဖြစ်သည်။ သူမတို့ ညီမနှစ်ယောက် အမြင်ဖြင့်ဆို, အသတ်ခံရသူများသည် သားကောင်များထက် ဘာမှ မပိုပါဘူး။
ဒီကမ္ဘာကြီးက သူမတို့ကို ဖန်ဆင်းပြီးကတည်းက, ရှင်သန်ရပ်တည်ရန်အတွက် အကြောင်းပြချက်တစ်ခုရှိတော့ ရှိနေပါသည်။ ထို့ကြောင့်, သူမတို့အမြင်အရဆို, မည်သည့် မှားယွင်းမူမှ မရှိပါဘူး။
ဤအရာကိုပင် ကောင်းကင်ဘုံ၏ တန်ခိုးအစွမ်းဟု ခေါ်ဆိုခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ သက်ရှိအားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင် ဥပဒေသများ ရှိနေပါသည်။
သေချာသည်မှာ,၊ အကယ်၍, တစ်စုံတစ်ယောက်သည် ချင်ယွင်၏ ပြောင်းပြန်ကြေးခွံများ ကို စော်ကားပြီး သူ့ကို အမှန်တကယ် ဒေါသထွက်စေမည်ဆိုလျှင်, ချင်ယွင်သည် အစစ်မှန်ကမ္ဘာကြီး၏ ပါဝင်ပတ်သက်မူကို (ဉပဒေသများကို) မစဉ်းစားတော့ဘဲ၊ ကောင်းကင်ဘုံ၏တန်ခိုး အစွမ်းကို တိုက်ရိုက် ပြသပါလိမ့်မည်။
ချင်ယွင်သည် တောင်ဘက်အရပ်သို့ တောက်လျှောက် လျှောက်သွားသည်။
သူ့ခရီးစဉ်’ ဦးတည်ရာကတော့ ဝူဝမ်တောင်တန်း၏ အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် ဝူဝမ်တောင်ထိပ်ပင် ဖြစ်ပါသည်။
ဝူဝမ်တောင်ထိပ်ဟု ခေါ်သည့်နေရာသည် ဟိုတချိန်တုန်းက ဘိုးဘေးနတ်ဘုရား ဝူဝမ် ကိုယ်တိုင် ဝူဝမ်ဓားသိုင်းကို ဆင်ခြင်နားလည်ခဲ့သည့် နေရာဖြစ်ပါသည်။ ၎င်းသည် ဝူဝမ်တောင်တစ်ခုလုံးရှိ အမြင့်ဆုံးတောင်ဖြစ်ပြီး ဝူဝမ်ဓားသိုင်းကို နားလည်ဆင်ခြင်ရန် အကောင်းဆုံးနေရာလည်း ဖြစ်သည်။ ထို့ကြောင့်၊ ယခုတစ်ကြိမ် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်သူ အများစုသည် ဝူဝမ်တောင်ထိပ်သို့ သွားကြပြီ ဖြစ်သည်။
ရှေးဟောင်းတာအိုဆရာသခင်နှင့် ချူယွန်တို့သည် ချင်ယွင်တို့နှင့် ခွဲထွက်ပြီး၊ ဝူဝမ် တောင်ထိပ်သို့ သွားကြသည်။
ချင်ယွင်သည် ဝူဝမ်တောင်တန်းဆီသို့ ဆက်လက် ချီတက်လာခဲ့သည်။
တစ်ရက်နီးပါး ခရီးထွက်ပြီးနောက် ချင်ယွင်သည် ဝူဝမ်တောင်သို့ ရောက်ရှိလာခဲ့သည်။
အမြင့်ပေ ၁၀၀၀၀၀ မြင့်သော တောင်ကြီးတစ်ခုသည် သူ၏ရှေ့တွင် ထီးထီးကြီး ရှိနေပြီး တုနှိုင်းမရအောင် အလွန်ကြီးမားသော ဖင်းဂေါ့ဂ်ကြီးတစ်ကောင်က သူ့ကို ငုံ့ကြည့်နေသည့် အလား ထင်မှတ်ရပြီး၊ သူသည် အသက်ရှူမဝသလို ခံစားလိုက်ရသည်။
"ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ တောင်ထိပ်ကြီးလဲ?။ အဲဒါကို ပထမ တောင်ထိပ်လို့ ခေါ်ရဲတာ အံ့သြစရာတော့ မရှိပါဘူး။ ဒီအငွေ့အသက် တစ်ခုတည်းက တောင် တခြားနတ်တောင်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး!" ချင်ယွင်သည် သူ၏ စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူ၏ရှေ့မှ ဤဧရာမ တောင်ထိပ်ကြီး သည် သူမြင်ဖူးသမျှထဲမှာ အခမ်းနားဆုံးနှင့် အမြင့်ဆုံးတောင်ထိပ်ကြီး ဖြစ်သည်။
ဝှီး….။
ဝူဝမ်တောင်ဆီသို့ ပျံသန်းလိုက်စဉ်, ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲ တောက်ပလာ သည်။
ချင်ယွင်သည် ဝူဝမ်တောင်တန်းဆီသို့ တိုက်ရိုက် တက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ချင်ယွင်သည် ပုံရိပ်အနည်းငယ်ကို တွေ့လိုက်ရသည်။ ဤလူများသည် ကမ္ဘာကြီး၏ အခြေအနေ အကြမ်းဖျင်းကို နားလည်သဘောပေါက်ထားကြပြီး၊ "ဝူဝမ်ဓားသိုင်း"ကို နားလည်ဆင်ခြင်နေသကဲ့သို့ ဝေးလံသော နေရာများတွင် တင်ပျဉ်ခွေ ထိုင်နေကြပါသည်။
ချင်ယွင်သည် သူတို့ကို မနှောင့်ယှက်ဘဲ တောင်ထိပ်ဆီသို့ ဆက်လက် ပျံသန်းခဲ့သည်။
သို့သော်လည်း ချင်ယွင်သည် တောင်ထိပ်နှင့် ပေ ၁၀၀၀ ခန့်အကွာ ရောက်ရှိလာစဉ်မှာ, ပြင်းထန်သော ဓားဆန္ဒတစ်ခုက သူ့ကို အရူးအမူး တိုက်ခိုက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားပြီး ဖျက်ဆီးခြင်း ဖရိုဖရဲ နတ်ဘုရားတန်ခိုးက သူ၏လက်တွင် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုဓားဆန္ဒကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက် သည်။
"ဘုန်း…။”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ဖက်စွမ်းအားများသည် အပြင်းအထန် တိုက်မိသွားပြီး အားပြင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်၏ ရုပ်အသွင်သည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်သို့ လွင့်ပျံသွားကာ သူ၏မျက်လုံးများက သူ၏ရှေ့ကို စိုက်ကြည့်နေသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကြီးတစ်ဦးသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ထိုအမျိုးသားသည် သူ၏လက်ထဲတွင် သံမဏိ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားကာ နတ်တောင်တစ်ခုအလား တုနှိုင်းမရအောင် အစွမ်းထက်သော အငွေ့အသက်က တဟုန်ထိုး ထွက်ပေါ်နေပါသည်။ အစောပိုင်းက ဓားချက်က သူတိုက်ခိုက်ခဲ့သည်မှာ ထင်ရှားသည်။
"ငါ့သခင်က တိတ်ဆိတ်ငြိမ်စွာ အားထုတ်ပြီး ဓားသိုင်းပညာရပ်ကို ကျင့်ကြံနေတယ်။ ဘယ်သူမှ တောင်ထိပ်ပေါ်ကို တက်ခွင့်မရှိဘူး။" အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ရဲရင့်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပါသည်။
ဝူဝမ်တောင်တန်း၏ တောင်ထိပ်သည် နားလည်ဆင်ခြင်ရန် အကောင်းဆုံးနေရာ ဖြစ်သည်မှာ သေချာပါသည်။ သို့သော်လည်း သူ၏ရှေ့မှ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ် အမျိုးသားသည် ထိုတောင်ထိပ်ကို သိမ်းပိုက်ချင်နေသည်။ ယင်းက တကယ်ကို ကြီးစိုးလွန်းပါသည်။
သို့သော် သူ၏ရှေ့မှာရှိနေသည့် ဤအနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် အလွန်ထူးခြားနေပုံရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများသည် အလွန်မင်း အစွမ်းထက်သည်။ သူသည် ကြယ်နတ်ဘုရား နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။ ချင်ယွင်သည် ဤလူ၏ နတ်ဘုရား ခန္ဓာကိုယ်သည် ၎င်း၏ သန့်စင်မှု ၉၉ ရာခိုင်နှုန်းကို ရောက်ရှိနေပြီဟု ခန့်မှန်းလိုက်သည်။
ရှင်းနေသည်မှာ၊ ဤလူများအားလုံးသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသား၏ စွမ်းအားကို ကြောက်နေကြသောကြောင့် မည်သူမျှ တောင်ထိပ်ကို မတက်ဝံ့ကြပေ။
"ငါမှတ်မိသလောက်ဆို ဒီဝူဝမ်တောင်က ပိုင်ရှင်မရှိတဲ့ တောင်တစ်ခု မဟုတ်လား။ မင်းရဲ့ သခင်က ဘာလို့ တောင်ထိပ်တစ်ခုလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်ရတာလဲ?" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။
တခြားလူများသည် ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားကို ကြောက်ကြ သော်လည်း သူကတော့ မကြောက်ပါဘူး။
ယခင်က လီဟောင်သည် သူ၏ရှေ့ရှိ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားနှင့် တန်းတူရှိသည်။ ချင်ယွင်သည် လီဟောင်ကို အနိုင်ယူနိုင်ခဲ့သောကြောင့်၊ သူသည် ဤ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်အမျိုးသားကို သဘာဝအတိုင်း အနိုင်ယူနိုင်မည်ဟု ယူဆထားသည်။
သို့သော် ချင်ယွင် ပြောပြီးသည်နှင့် ပတ်ဝန်းကျင်တွင် ပြင်းထန်သော ဆွေးနွေးမှုတစ်ခု ထွက်ပေါ်လာသည်။
“ဒီကောင်က သေချင်နေတာလား?။” သူက ဒီလိုစကားမျိုးကို တကယ်ပြောရဲတပ်ပေါ့”။
"ဒီကောင်က တောင်ထိပ်က လူတွေကို မသိဘူးလို့ ငါ့ကို လာမပြောနဲ့နော်.."။
"အဲဒါ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီအရူးက ဒီလိုစကားမျိုး မပြောလောက်ဘူး"။
"ဟမ့်၊ သူက အရူးလို့ ငါ ထင်တယ်။ မဟုတ်ရင် နတ်ဘုရားခန္ဓာကိုယ်တောင် မသန့်စင်ရ သေးတဲ့သူက တောင်ထိပ်ပေါ်ကို တက်ချင်မှာတဲ့လား?။” တောင်ထိပ်ပေါ်ကလူ မရှိဘူးဆို ရင်တောင်, သူ့အလှည့်က ရောက်လာမှာ မဟုတ်ဘူး”။
“ငါ့ကို သတိကင်းမဲ့တယ်လို့ မပြောနဲ့။ သူက တကယ်ပဲ နတ်ဘုရား ခန္ဓာကိုယ်ကိုတောင် မသန့်စင်ရသေးသူပဲ”။ ဒီလိုခွန်အားလေးနဲ့ သူက ဝူဝမ်းဓားသိုင်းကို နားလည်ဆင်ခြင် ဝံ့တယ်ပေါ့”။
လူတိုင်းက ဆွေးနွေးပြောဆိုနေကြပြီး၊ ချင်ယွင်ကို ကြည့်ပြီး လှောင်ပြောင်လာကြသည်။
ထိုလူများ၏ ဆွေးနွေးပြောဆိုမူကို ကြားပြီး၊ ချင်ယွင်၏ မျက်ခုံးတွေက တွန့်သွားခဲ့သည်။
ထိုလူများ၏ လှောင်ပြောင်သရော်မှုကို သူ ဂရုမစိုက်ပါဘူး။ စောစောက ပြောခဲ့သည့် ထိုတောင်ထိပ်ပိုင်ရှင်၏ ကိုယ်ရေးအချက်လက်က အတော်လေး ထူးခြားပုံပေါ်သည်။ ထိုသို့မဟုတ်လျှင် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် ဤနေရာမှာ ရှိနေကြသည့် လူတိုင်းကို ခြိမ်းခြောက်ရန် မလုံလောက်ပါဘူး။
"ကောင်စုတ်၊ မင်းကို ထွက်သွားဖို့ ငါ အကြံပေးတယ်။ မင်း ငါ့သခင်ကို နှောင့်ယှက်မိရင် မင်းမှာ အသက်ရှင်ဖို့ အခွင့်အလမ်းတောင် မရှိတော့မှာ ငါ ကြောက်မိတယ်။" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ပြောသည် ။
"မှန်တယ်, ကောင်လေး, တောင်ထိပ်ပေါ်က တစ်ယောက်ကို ပြစ်မှားစော်ကားဖို့က မတတ်နိုင်တဲ့အရာပဲ။ မြန်မြန်ထွက်သွားပြီး ကျင့်ကြံဖို့ တခြားနေရာကို ရှာလိုက်ပါ။ တောင်ထိပ်ပေါ်က အကောင်းဆုံးဆိုပေမယ့် တောင်ထိပ်ပေါ်က တည်နေရာအတွက်နဲ့ တော့ စိတ်ပူစရာ မလိုပါဘူး။ လာ လာ…၊ ဒီအဘိုးကြီးဘေးကို လာခဲ့ကွာ”။ အဝေးမှ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ကြင်နာစွာ အကြံပေးသည်။
အဘိုးအိုက ချင်ယွင်ကို ကူညီရန် အစပြုလာသည်ကို မြင်သောအခါ၊ မူလက ချင်ယွင်ကို လှောင်ပြောင်နေကြသော အနီးပတ်ဝန်းကျင်ရှိ လူများသည် ၎င်းတို့၏ မျက်နှာများတွင် အဆုံးမရှိ မနာလိုစိတ်များ ပေါ်လာသည်။
"တကယ်ကြီးလား?။ ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက် ကံကောင်းရတာလဲ?။ အကြီးအကဲ လင်းက တကယ်ပဲ အစပြုပြီး စကားပြောတယ်။ ပြီးတော့ သူ့ကိုလည်း ကူညီပေးတယ်”။
"မှန်တယ်။ အရင်တုန်းက တစ်စုံတစ်ယောက်က အကြီးအကဲလင်းကို မေးခွန်းတစ်ခု မေးဖို့ အစပြုခဲ့တာတောင် အကြီးအကဲလင်းက ငြင်းဆိုခဲ့တယ်။ ဒါပေမယ့် အခုတော့ သူက ဒီကလေးကို အရင်ဆုံး ဖိတ်ခေါ်ခဲ့တယ်။"
"အကြီးအကဲလင်းရဲ့ အနေအထားကလည်း တောင်ထိပ်ပေါ်မှာပါပဲ။ အဲဒီနေရာကနေ ဝူဝမ်တောင်ရဲ့ ထက်ဝက်ကျော်ကို ငုံ့ကြည့်နိုင်တယ်။ ဒီကောင်လေးက တကယ်ကို ကံကောင်းပါတယ်။"
…
ပတ်ဝန်းကျင်ရှိ လူတိုင်းက ချက်ချင်းဆိုသလို စတင် ဆွေးနွေးကြပြီး ချင်ယွင်ကိုကြည့် သည့် သူတို့အကြည့်တွေက အနှိုင်းမဲ့ မနာလိုဖြစ်နေကြသည်။
ဝူဝမ်တောင်သည် အလွန်မြင့်မားသော်လည်း ဓားသိုင်းပညာကို နားလည်ဆင်ခြင်ရန် သင့်တော်သည့် နေရာများစွာ မရှိပေ။ ပုံမှန်အားဖြင့် ကောင်းမွန်သော နေရာများကို သြဇာအာဏာရှိသူများ သိမ်းပိုက်နိုင်ကြသည်။ ထို့အပြင်, ဤအကြီးအကဲလင်းသည် နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်း၏ အထွတ်အထိပ်ကို ရောက်ရှိရန် ခြေတစ်လှမ်းသာသာ ဝေးတော့ပြီး၊ တောင်ထိပ်ပေါ်မှာ အကောင်းဆုံး နေရာအနေအထားကို သိမ်းပိုက်ထားပါ သည်။
ထိုအခိုက်တွင် ချင်ယွင်သည်လည်း အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။ သူ၏ရှေ့မှ ဤအဘိုးအိုကို သူ မသိပါဘူး။ အဘိုးအိုသည် အမှန်တကယ်ပင် သူ့ကိုကူညီရန် အစပြုခဲ့ပြီး၊ ယင်းက သူ၏စိတ်နှလုံးကို ထိမှန်သွားခဲ့သည်။