အခန်း ၁၁၃၉
Vol. 76 Ch. 1139
အခန်း (၁၁၃၉) အကြီးအကဲလင်း။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် စီနီယာ…။" ချင်ယွင်သည် ဆံပင်ဖြူ အဘိုးအိုကို ကြည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဝူဝမ်ဓားသိုင်းကို နားလည်ဆင်ခြင်ရ လွယ်ကူအောင် သူသည် တောင်ထိပ်ပေါ်ကို တက်ပြီး ဝူဝမ်တောင်တန်းဒေသတစ်ခုလုံးကို အပေါ်စီးကနေ အမှန်တကယ် ကြည့်ရူချင်သော် လည်း၊ အခုတော့ တောင်ထိပ်ပေါ်ကို တက်ဖို့က အနည်းငယ် ခက်ခဲနေပုံရပါသည်။ ထို့အပြင်၊ ဆံပင်ဖြူ အဘိုးကြီးက သူ့ကိုကူညီရန် ကြင်နာစွာ ကမ်းလှမ်းထားသောကြောင့် သူသည် ငြင်းဆန်ရန် သဘာဝအတိုင်း ရှက်ရွံ့နေမိသည်။ ထိုကြောင့် ချင်ယွင်က တိုက်ရိုက် သဘောတူလိုက်ပါသည်။
ဆံပင်ဖြူ အဘိုးကြီးသည် ချင်ယွင်၏ စကားကို ကြားသောအခါ ကျေနပ်သော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
ထို့ကြောင့် ချင်ယွင်သည် ဆံပင်ဖြူအဘိုးကြီး ရှိရာဆီသို့ လျှောက်သွားလိုက်သည်။ ထိုမြင်ကွင်းကို အနီးပတ်ဝန်းကျင်မှ လူများ မြင်တွေ့ကြလျှင်, အားလုံးလည်း ကူကယ်ရာမဲ့ လူစုခွဲသွားကြသည်.
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် သူ၏ဓားကို ဖယ်ရှားလိုက်ပြီး မည်သူ့ကိုမျှ ဝင်ခွင့်မပြုဘဲ သံမဏိမျှော်စင်ကဲ့သို့ တောင်ထိပ်သို့သွားလမ်းကြောင်းကို စောင့်ရှောက်နေခဲ့သည်။
ချင်ယွင်သည် တောင်ထိပ်သို့ အတင်းအကြပ် မတက်တော့သည့်အတွက်, ချင်ယွင်အပေါ်, ခက်ခဲသော အရာများ လုပ်ဆောင်ရန် မလိုအပ်တော့ပါ။ သူ၏တာဝန်မှာ တောင်ထိပ်ပေါ် လမ်းကြောင်းကို စောင့်ရှောက်ရန်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ တောင်ထိပ်ပေါ် သို့ မတက်ရောက်စေရန် ဖြစ်သည်။
ထိုအချိန်တွင် ချင်ယွင်သည် ဆံပင်ဖြူအဘိုးကြီး၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်က သူ၏အကြည့်တွေကို အကြမ်းဖျင်း လှည့်ပတ် ကြည့်လိုက်သည် ။
ဆံပင်ဖြူ အဖိုးအိုသည် ဝူဝမ်တောင်တန်းဒေသ၏ ထက်ဝက်ကျော်ကို လှမ်းမြင်နိုင်သည့် တောင်စောင်းရှိ ကြီးမားသော ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် ထိုင်နေသည်ကို သူ တွေ့ရှိခဲ့သည်။
ကျောက်တုံးကြီးသည် အလွန်ကြီးမားလှပြီး လူဆယ်ဦးထက်မနည်း နေထိုင်နိုင်သည်။
ဤစင်မြင့်သည် သေချာပေါက် နားလည်ဆင်ခြင်ရန် အကောင်းဆုံးနေရာဟု ဆိုနိုင်သည်။
ဟုတ်ပါသည်, ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် အလွန် ကျေးဇူးတင်နေမိတုန်းပင်။ စင်မြင့်သည် အရမ်းကိုကြီးမားသော်လည်း အဖိုးအိုက သူတစ်ယောက်တည်းကိုသာ ကိုယ်တိုင် ဖိတ်ခေါ်ခဲသည်။ ဤအချက်က သူသည် သေချာပေါက် သူ့အပေါ် ကြီးမားသည့် ယုံကြည်မှုရှိ၍ ဖြစ်သည်။
ကျင့်ကြံနေကြစဉ်မှာ, လူတိုင်းသည် အလုံးစုံသော ဥာဏ်အလင်းထဲ၌ နှစ်မြုပ်နေကြပါ သည်။ ထို့ကြောင့် ကျင့်ကြံနေစဉ်မှာ များသောအားဖြင့် ဘေးရန်ကင်းလောက်သည့် အကွာအဝေးအတွင်း အခြား မည်သူ့ကိုမျှ ချဉ်းကပ်မလာစေရန် သေချာအောင် လုပ်ကြသည်။ ထိုအကွာအဝေးသည် များသောအားဖြင့် အနည်းဆုံး မီတာတစ်ရာ အကွာဝေး ဖြစ်သည်။
ဤစင်မြင့်သည် ကြီးမားသော်လည်း ၎င်းသည် မီတာသုံးဆယ်မှ မီတာလေးဆယ်လောက် သာရှိပါသည်။ လုံခြုံဘေးကင်းသော အကွာအဝေးတစ်ခုရောက်ရန် အများကြီး လိုပါသေး သည်။
ထို့ကြောင့်, အကယ်၍, ချင်ယွင်သည် အဘိုးအို၏ လေ့ကျင့်နေမှုကို အခွင့်ကောင်းယူ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည်ဆိုပါက၊ သူ အလွယ်တကူ အောင်မြင်နိုင်မည်မှာ သေချာပါသည်။ ထို့ကြောင့်၊ အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးသော လူတစ်ယောက်အပေါ် ဤအဆင့်ကို အမှန်တကယ် အောင်မြင်အောင် လုပ်ဆောင်နိုင်သည့်အတွက် ချင်ယွင် သည် အံ့သြသွားရသည်။
"စီနီယာ၊ ဒီဂျူနီယာက အရမ်းသိချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ မေးကြည့်လို့ရမလား?။" ချင်ယွင်က ဆံပင်ဖြူ အဘိုးကြီးကို ကြည့်ကာ မေးလိုက်သည်။
ဆံပင်ဖြူ အဘိုးအိုက ချင်ယွင်၏ စကားကိုကြားတော့ သူက ကြင်နာစွာ ပြုံးပြီး ပြောသည် "မင်း မေးချင်တာကို ငါ သိပါတယ်။ မင်း ဘာလို့ ငါက မင်းကို ကူညီပေးလဲဆိုတာ သိချင်နေတာပဲ၊ ဟုတ်တယ်မလား"။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ ဒါက အရမ်းကို ရိုးရှင်းပါတယ်။ မင်းက အမြင်အားကောင်းတယ်လို့ ငါ ထင်တယ်၊ မင်းရဲ့ အသွင်အပြင်က ဟိုတုန်းက ငါ့တပည့်တစ်ယောက်နဲ့ အရမ်းကို ဆင်တူတယ်။ အဲဒါကြောင့် မင်းကို စစတွေ့တွေ့ချင်းပဲ ရင်းနှီးမှုကို ခံစားရတယ်။” ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြုံးလေး ပြောသည်။
ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သော်လည်း ခါးသီးသော အပြုံးတစ်ခု သူ၏ နှလုံးသားထဲတွင် ပေါ်လာခဲ့သည်။ ဆံပင်ဖြူ အဘိုးကြီးသည် ယခုလို အကြောင်းပြချက်လေးကြောင့် သူ့ကိုကူညီလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါ ဘူး။
"ဒါဆို စီနီယာက စီနီယာရဲ့တပည့်ကို အရမ်းသဘောကျမှာပေါ့။ ဟုတ်တယ် မဟုတ်လား?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
သို့သော်, ဆံပင်ဖြူ အဘိုးကြီးသည် ထိုစကားကိုကြားသောအခါ၊ သူ၏မျက်နှာတွင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်တစ်ခု ရှိလာပါသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည် “အင်း၊ သူက တကယ်ပဲ ငါသဘောကျဆုံး အလုပ်သင်တစ်ယောက်ပဲ” သူ ကြီးပြင်းလာတာကို ငါ တွေ့မြင်ခဲ့ရတာလေ။ သူက ငယ်ငယ်လေးကတည်းက အရမ်း တော်တယ်။ ဒါပေမယ့် သူက မာနကြီးလွန်းတာကြောင့် အသတ်ခံလိုက်ရတယ်ပေါ့။ အခုချိန် ပြန်တွေးကြည့်တော့ ငါလည်း နောင်တရနေမိတယ်။ တကယ်လို့, ငါသာ သူ့ကို အရမ်းကြီး အလိုမလိုက်ပဲ မှန်ကန်တဲ့ ပြုမူနေထိုင်ပုံတွေကို သင်ပေးခဲ့ရင် သူလည်း ကြီးမားတဲ့ အမှားကြီးကို လွန်ကျူးပြီး အခုလို အဆုံးသတ်ရမှာ မဟုတ်ဘူးပေါ့။”
ထိုစကားပြောပြီးနောက် ဆံပင်ဖြူ အဘိုးအိုသည် အလွန်မင်း ဝမ်းနည်းကြေကွဲနေဟန် အမူအရာကို ထုတ်ဖော်လာသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ၏စိတ်ထဲမှာ နားလည်သွားခဲ့သည်။ ကြည့်ရသည်မှာ, ဤအဘိုးကြီးသည် သူ့တပည့်နှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်း သူ့ကိုယ်သူ ခံစားနေခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ချင်ယွင်သည် သူ၏တပည့်နှင့် အလွန်ဆင်တူကြောင်း တွေ့လိုက်ရသည့်အတွက်, သူ့ကို သူ၏တပည့်အနေဖြင့် တဒင်္ဂမျှ ဆက်ဆံမိခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ကိုကူညီပေးရန် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
ဆံပင်ဖြူ အဘိုးကြီးသည် သူ့ကို အမှတ်တမဲ့ ကူညီပေးခဲ့ခြင်း ဖြစ်သော်လည်း၊ ချင်ယွန်းက တော့ သူ၏စိတ်ထဲတွင် ဆံပင်ဖြူ အဖိုးအိုကို ကျေးဇူးတင်နေဆဲပင်။ တချိန်တည်းမှာပင်, ဆံပင်ဖြူ အဘိုးကြီး သူ၏တပည့်အပေါ်ထားသည့် ချစ်ခြင်းမေတ္တာကြောင့် သူသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။
“စီနီယာ၊ ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာ မလိုဘူး။ တကယ်တော့ စီနီယာအနေနဲ့ လုံလောက်နေပါပြီ။ စီနီယာကိုယ်တိုင်ကလည်း သူ့ကို မြှင့်တင်ပေးခဲ့တာပဲလေ။ သူ ဒီလိုလိုလူစားမျိုး ဖြစ်လာတာကတော့ သူ့အပြစ်ချည်းပါပဲ။ အခု သူ နောင်တရနေပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။" ချင်ယွင်က နှစ်သိမ့်ပေးလိုက်သည်။
ဆံပင်ဖြူ အဘိုးကြီးက ခေါင်းညိတ်ပြပြီး ချင်ယွင်ကို ကြည့်နေသည့် သူ၏အကြည့်တွေက ပို၍ပင် ကျေနပ်သွားခဲ့သည်။
“မင်းက သူနဲ့ဆင်တယ်ဆိုပေမယ့် မင်းက သူ့ထက် အများကြီး ကျိုးကြောင်းဆီလျော်သူ တစ်ယောက်ပဲ။ တကယ်လို့, အဲဒီအချိန်တုန်းက မင်းထက်ဝက်လောက်သာ ဥာဏ်ရည် ထက်မြက်ခဲ့မယ်ဆိုရင်, ကြီးကြီးမားမား ရာဇ၀တ်မှုကြီးကို သူ ကျူးလွန်မိမှာ မဟုတ်ဘူး။" ဆံပင်ဖြူ အဘိုးအိုက ပြောပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက ပို၍ပင် ချီးကျူးလာပါသည်။
"စီနီယာ, ကျွန်တော် စီနီယာကို အရမ်းချီးကျူးမိပါတယ်။" ချင်ယွင်က အိုးတိုးအမ်းတမ်း ပြန်ဖြေလိုက်သည်။ သူ၏နှလုံးသည်လည်း နွေးထွေးမှုနှင့်အတူ တဟုန်ထိုး ခုန်နေပါသည်။
"ငါ့နာမည်က လင်းဟိုင်ပါ။ မင်းငါ့ကို အကြီးအကဲလင်းလို့ ခေါ်နိုင်တယ်။ စီနီယာတစ်ယောက်အဖြစ် ငါ့ကို ခေါ်ပြောနေစရာ မလိုပါဘူး။ ဒါက သိပ်ပြီး ရင်းနှီးမူ မရှိသလိုပဲ” ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြုံးလေး ပြောသည် ။
“အကြီးအကဲလင်း” ချင်ယွင်က ချက်ချင်း ပြုံးပြီး ပြောသည်။
ဆံပင်ဖြူ အဘိုးကြီး၏ စကားများသည် သူ့ကို အမှန်တကယ် အသိအမှတ်ပြု၍ ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိပါသည်။
ချင်ယွင်၏ ခေါ်သံကို ကြားသောအခါ ဆံပင်ဖြူ အဘိုးကြီးက ကြင်နာစွာ ပြုံးလိုက်ပါသည်။
“စကားမစပ်၊ ဒီတောင်ထိပ်ပေါ်ကလူရဲ့ ကိုယ်ရေးအချက်လက်က အတိအကျ ဘာလဲ?။ ပတ်ဝန်းကျင်က လူတွေအားလုံးက သူ့ကို ဘာလို့ ကြောက်နေကြတာလဲ?” ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
အစောပိုင်းက သူ စိတ်လိုက်မာန်ပါ မလုပ်ရသည့် အကြောင်းရင်းက တောင်ထိပ်ပေါ်မှ လူ၏ ကိုယ်ရေးအချက်လက်ကို စိုးရိမ်နေ၍ ဖြစ်သည်။
သူသည် ယခုမှ နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာစ ဖြစ်သည်။ ထို့ကြောင့်, သူ့မှာ လုပ်စရာများစွာ ရှိနေပါသေးသည်။ အကယ်၍, သူ့ကို မည်သည့် ဒုက္ခမှမပေးဘူးဆိုရင်, သူသည် ပြဿနာမဖြစ်အောင် အစွမ်းကုန် ကြိုးစားနေလိမ့်မည်။ သေချာသည်မှာ, အကယ်၍, တစ်စုံတစ်ယောက်က သူ့ကို ရန်စရန် အစပြုခဲ့မည်ဆိုလျှင်, သူသည် သူ၏ဒေါသကို မျိုချပစ်ရန် သေချာပေါက် ရွေးချယ်မှာ မဟုတ်ပါဘူး။
အကြီးအကဲလင်းသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ၊ သူက အလောတကြီး ပြောလိုက်သည် "မင်း တောင်ထိပ်ပေါ် မတက်လိုက်တာက ပညာရှိတဲ့ ရွေးချယ်မူပဲ၊ တောင်ထိပ်ပေါ်ကလူရဲ့ ကိုယ်ရေးအချက်လက်က မရိုးရှင်းဘူးကွ။ သူက မင်း ရန်စနိုင်တဲ့ လူတစ်ယောက် မဟုတ်တာ သေချာတယ်။ မင်းအနေနဲ့ သူ့အစောင့်ရှောက်ကို အနိုင်ယူ နိုင်ရင်တောင်မှ သူက အရမ်းကို သန်မာတဲ့အတွက် တောင်ထိပ်ပေါ်မှာ နေရာမရနိုင်ဘူး။"
"အရမ်းကိုသန်မာတာလား?။ ဘယ်လောက်တောင် သန်မာလဲ?" ချင်ယွင်က မေးသည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆို၊ အကယ်၍, သူသာ အမှောင်ထုစွမ်းအင်ဖြင့် လှုပ်ရှားလိုက် လျှင်, အစောပိုင်း ကြယ်နတ်ဘုရား ကျွမ်းကျင်သူကို တိုက်ထုတ်နိုင်မည် ဖြစ်သည်။
"အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်။" အကြီးအကဲလင်းက ပြန်ဖြေသည်။
"အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်လား" ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးပြူး သွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်မိသည်။
ယခုအချိန်အထိ သူမြင်ဖူးသမျှတွင် အသန်မာဆုံးပုဂ္ဂိုလ်မှာ အစောပိုင်း ကြယ်နတ်ဘုရား ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်သည်။ တိုက်ခိုက်ရန်မပြောနှင့်ဦး, သူသည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူကိုတောင် မမြင်ဖူးသေးပါဘူး။
တခဏကြာသည်အထိ, ချင်ယွင်သည် သူ အတင်းအကြပ် မဖြတ်ကျော်မိသည့်အတွက် သူ၏ရင်ထဲမှာ ရွှင်မြူးနေမိသည်။ သူသည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အစောင့်ကို အလွယ်တကူ အနိုင်ယူနိုင်လျှင်ပင်, သူ တောင်ထိပ်ကို ရောက်သည့်အခါ အလယ်အလတ် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။
"အကြီးအကဲလင်း၊ သူ့ရဲ့ကိုယ်ရေးအချက်လက်က မရိုးရှင်းဘူးလို့ အစောက ပြောလိုက်ပါ တယ်။ အဲဒါက ဘယ်လောက်တောင် ထူးခြားနေလို့လဲ?" ချင်ယွင်က ဆက်မေးသည်။
အကြီးအကဲလင်းသည် ထိုစကားကို ကြားလျှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည် “သူ့ရဲ့ကိုယ်ရေးအချက်လက် မရိုးရှင်းဘူးလို့ ငါတို့ပြောရတဲ့ အကြောင်းရင်းက သူ့အဖေက မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလို့ပဲ။ ပြီးတော့, သူက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်မှာ အလွန်မြင့်မားတဲ့ အဆင့်အတန်း တစ်ခု ရှိနေတယ်ကွ။ “
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အေးစက်စက် လေကို တစ်ချက်ချင်း ရူသွင်းလိုက်ပြီး၊ သူ မလှုပ်မရှားဖြစ်သွားသည့်အတွက် ပို၍ပင် ဝမ်းသာသွားမိသည်။
ယင်းက ကြောက်ရွှံ့ခြင်းကြောင့် မဟုတ်ဘဲ၊ မလိုအပ်သည့်ဒုက္ခကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။ အကယ်၍, ယခုအချိန်မှာ သူသာ မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို နှိုးဆော်လိုက်မည်ဆိုလျှင်၊ သူသည် နတ်ဘုရားကမ္ဘာတွင် တစ်လက်မမျှ လှုပ်ရှားနိုင်မည် မဟုတ်တော့ပေ။ ချင်ယွင်သည် ကနဦးစကြာဝဠာတွင် ပုန်းအောင်းနေခြင်း သို့မဟုတ် အင်မော်တယ်ကမ္ဘာသို့ ပြန်မပြေးပါက, မြေကမ္ဘာနတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူ တစ်ဦး အတွက် သူ့ကိုရှာဖွေရန်မှာ အလွန်လွယ်ကူသည်ဟု ဆိုနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ထိုနှစ်ခုစလုံးသည် ချင်ယွင်၏ ပင်ကိုယ်စရိုက်နှင့် မကိုက်ညီသောကြောင့် သူသည် ရေတိုတိုက်ပွဲများကို တောင့်ခံနိုင်စွမ်းရှိရန် လိုအပ်ပါသည်။
"ကျေးဇူးအများကြီး တင်ပါတယ်။ အကြီးအကဲလင်း" ချင်ယွင်က သူ့ကို ရိုးသားစွာ ကျေးဇူးတင်ပါသည်။