အခန်း ၁၁၄၀
Vol. 76 Ch. 1140
အခန်း (၁၁၄၀) ဓားသိုင်းကို နားလည်ဆင်ခြင်ခြင်း။
အကြီးအကဲလင်းသည် ချင်ယွင်က သူ့ကို ကျေးဇူးတင်ကြောင်းစကားကို ကြားတော့ သူက ပြုံးပြီး ခေါင်းခါကာ ပြောလိုက်သည် "အင်း, တခြားဘာမှ စဉ်းစားမနေနဲ့။ မင်း အရင်ဆုံး ဝူဝမ်ဓားသိုင်းပညာရပ်ကို ဆင်ခြင်တာ အကောင်းဆုံးပဲ။ ဒီဝူဝမ်ဓားသိုင်းပညာရပ်က ဒီဝူဝမ်ဒေသက တောင်တန်းတွေနဲ့ မြစ်တွေကို အခြေခံပြီး ဘိုးဘေးနတ်ဘုရား ဝူဝမ်က ဖန်တီးထားခြင်း ဖြစ်တယ်။ ဒါ့အပြင်၊ အဲဒီအချိန်တုန်းက ဘိုးဘေးနတ်ဘုရားဝူဝမ်ဟာ သူရဲ့ဓားဆန္ဒကို ဒီကမ္ဘာလောကထဲ ပေါင်းစပ်ထားခဲ့တယ်။ မင်း အဲဒီဓားဆန္ဒကို ခံစားနိုင်တာနဲ့ ဝူဝမ်ဓားသိုင်းပညာရပ်ရဲ့ ကနဦးအဆင့်ကို ရောက်သွားပြီလို့ ယူဆလို့ရပြီ”။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ချင်ယွင်သည် ဤစကားများကို ယခင်က ကြားဖူးပါ သည်။ ဝူဝမ်းဓားသိုင်းပညာရပ်ကို သူ နားလည်လိုပါက၊ သူသည် ဤကမ္ဘာလောကကြီး၏ တည်ရှိမူ အခြေအနေနှင့် ဆက်သွယ်နိုင်ရန် အာရုံစိုက်ရမည့်အပြင်, ဘိုးဘေးနတ်ဘုရား ဝူဝမ် ချန်ထားရစ်ခဲ့သော ဓားဆန္ဒကိုလည်း နားလည်ရမည် ဖြစ်သည်။ သေချာသည်မှာ, ဤလုပ်ငန်းစဉ်သည် အလွန်မင်း ခက်ခဲပါသည်။ ထိုသို့မဟုတ်လျှင်၊ နှစ်သန်းပေါင်းများစွာ အတွင်းမှာ ဝူဝမ်ဓားသိုင်းပညာကို နားလည်နိုင်သည့်လူများ ဤမျှ နည်းပါးနေမည် မဟုတ်ပေ။
'"ငါ့နေရာကနေဆို တောင်ထိပ်ပေါ်ကလို ကမ္ဘာကြီးတစ်ခုလုံးကို မမြင်နိုင်ပေမယ့် ဝူဝမ်တောင်တန်းဒေသ အများစုကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် မြင်နိုင်ပါတယ်။ ဝူဝမ်ဓားသိုင်းရဲ့ ကနဦးအဆင့်ကို ခြေချနိုင်ဖို့က မင်းအတွက် ပြဿနာ မရှိလောက်ပါဘူး။ ဒါကြောင့်, မင်း ကောင်းကောင်း ဆင်ခြင်သင့်တယ်။" အကြီးအကဲ လင်းက ထပ်ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီးနောက်၊ သူသည် တင်ပျဉ်ခွေထိုင်ရန် နေရာတစ်ခုကို တိုက်ရိုက် ရှာတွေ့ကာ ဝူဝမ်ဓားသိုင်းပညာရပ်ကို နားလည်နိုင်ရန် ကြိုးစားလာသည်။
ဆံပင်ဖြူ အဘိုးကြီးသည် ချင်ယွင်၏ ကျင့်ကြံမှု အခြေအနေထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ မူလနေရာသို့ လျှောက်သွားပြီး သူ၏ ကျင့်ကြံမှု အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့သည်။
...
ချင်ယွင်သည် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ ပြင်းထန်သော လေက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် တိုက်ခတ်နေသဖြင့် သူ့အား စိတ်ကူးယဉ်ဆန်ဆန် ဖြစ်တည်မှုတစ်ခုကဲ့သို့ ခံစားလာရစေသည်။
ပုံမှန်အားဖြင့်၊ လူတစ်ဦးသည် ကမ္ဘာလောကကြီး၏ တည်ရှိမူအခြေအနေကို သတိပြုမိ သောအခါ၊ သူတို့သည် သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များကို ဤကမ္ဘာလောကထဲသို့ ပေါင်းစည်းရန် အသုံးပြုနိုင်ကြသည်။ ထို့နောက်မှသာ သူတို့သည် ဤကမ္ဘာလောကကြီး၏ တည်ရှိမူအခြေအနေတွင်ပါရှိသော ဓားဆန္ဒကို နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။
သို့သော် ချင်ယွင်က ထိုသို့မလုပ်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည် သူ၏မျက်လုံးများ ကို ပြူးကျယ်စွာ ဖွင့်ကာ သူ၏ရှေ့မှ ကမ္ဘာကြီးကို လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ၏မျက်စိရှေ့မှာ စွဲထင်နေသည့်အရာက တောင်တန်းကြီးတစ်ခု ဖြစ်နေပြီး၊ နတ်တောင်များသည် သူ၏ရှေ့တွင် တစ်တောင်ပြီးတစ်တောင် အဆင့်ဆင့် ဖြတ်ကျော်လျှက် ရပ်တည်နေသကဲ့သို့ ဖြစ်နေပါသည်။
တိမ်စိုင်များနှင့် မြူခိုးများက တောင်တန်းများကို ဝိုင်းရံထားပြီး၊ တစ်ချက်ကြည့်ရုံဖြင့် တိမ်ပင်လယ်ကြီးကို မြင်တွေ့နိုင်သည်။
"ဘယ်လောက်တောင် လှပလိုက်တဲ့ နတ်ဘုရားကမ္ဘာရဲ့ရှုခင်းလဲ။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ချီးမွမ်းလိုက်သည်။
နတ်ဘုရားကမ္ဘာ၏ရှုခင်းသည် အင်မော်တယ်ကမ္ဘာ၏ရှုခင်းနှင့် အလွန်ကွာခြားသည်ကို သူ တွေ့ရှိခဲ့ရသည်။ နတ်ဘုရားကမ္ဘာ၏ရှုခင်းသည် ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပြီး၊ ၎င်းသည် ပို၍ပင် ကြမ်းတမ်း ရိုင်းစိုင်းသည်။ နတ်ဘုရားကမ္ဘာ၏ ရှုခင်းနှင့် နှိုင်းယှဉ်ပါက အင်မော်တယ်ကမ္ဘာ၏ရှုခင်းသည် ကလေးမလေးနှင့် တူသည်။
ချင်ယွင်သည် ထိုကဲ့သို့ပုံစံမျိုးဖြင့် အဝေးမှ ရှုခင်းများကို လှမ်းကြည့်လိုက်ပြီး၊ အချိန်အတော်ကြာအောင် ကြည့်ပြီးမှသာ၊ သူ၏စိတ်ကို ချုပ်တည်းပြီး ဓားသိုင်းကို ဆင်ခြင်လိုက်သည်။
အကယ်၍ ချင်ယွင်သည် ဤမျှကောင်းမွန်သော နေရာအနေအထားကို သိမ်းပိုက်ထားပြီး ရှုခင်းများကို အမှန်တကယ် ကြည့်နေကြောင်း အခြားနတ်ဘုရားတစ်ပိုင်းများက သိရှိသွား ပါက ၎င်းတို့သည် အလွန်ဒေါသထွက်ကာ သွေးအန်သွားလောက်သည်။
ချင်ယွင်သည် သူ၏စိတ်ကို ချုပ်တည်းကာ ဤကမ္ဘာလောကကြီး၏ တည်ရှိမူကို နားလည် သဘောပေါက်ရန် သူ၏ နတ်ဘုရားအာရုံကို လွှတ်ထုတ်လိုက်ပါသည်။
ချင်ယွင်၏ နတ်ဘုရားအာရုံသည် သာမန် နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူထက် များစွာ အားကောင်းသည်။ သူ၏ လက်ရှိ နတ်ဘုရားအာရုံသည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နေပြီ ဖြစ်နိုင်သည်။
သူ၏နတ်ဘုရားအာရုံသည် ကောင်းကင်များ၊ တောင်တန်းများ၊ မြစ်ရေပြင်များကို ဖုံးလွှမ်းကာ ကောင်းကင်,မြေကြီးတို့နှင့် ပေါင်းစပ်သွားပါသည်။
ပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ မြစ်ရေပြင်များနှင့် အသီးအရွက်များသည် ချင်ယွင်၏ နတ်ဘုရားအာရုံထဲမှာ ပြသလာသည်။ ထိုအချိန်တွင် ချင်ယွင်သည် ဤကမ္ဘာကြီးနှင့် ရောနှောနေပုံရသည်။
သို့သော်လည်း အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်၊ ချင်ယွင်သည် ကောင်းကင်နှင့် မြေကြီး၏ တောင်တန်းများနှင့် မြစ်များဆီမှ ဓားဆန္ဒကို အနည်းငယ်မျှ မခံစားမိသေးပေ။
"ကြည့်ရတာ, ဘိုးဘေးနတ်ဘုရားဝူဝမ် ဖန်တီးထားတဲ့ ဝူဝမ်ဓားသိုင်းက အဲဒီအချိန်တုန်းက သာမန်လူတွေ နားလည်နိုင်တဲ့အရာ မဟုတ်လောက်ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ဤကမ္ဘာလောကကြီးထဲမှ ဓားဆန္ဒကို ချက်ချင်း နားလည်ရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ အမှန်တကယ်ဆို, သူ၏ရှေ့မှာ မရေမတွက်နိုင်သည့်လူများသည် အနှစ်တစ်ရာ၊ အနှစ်တစ်ထောင် ထိုသို့မဟုတ် နှစ်ပေါင်းသောင်းနှင့်ချီပြီး ဤနေရာတွင် နေခဲ့ကြသည်။ အဆုံးတွင်၊ အချို့သောလူများသည် ဝူဝမ်ဓားသိုင်း၏ ကနဦးအဆင့်ကိုပင် နားမလည်ခဲ့ကြ ပေ။
အကယ်၍, ချင်ယွင်သာ တစ်ချက်ကြည့်ရုံမျှဖြင့် နားလည်နိုင်ခဲ့ပါက၊ သူ၏ ပင်ကိုယ် စွမ်းရည်သည် မွန်းစတားတစ်ကောင်အဖြစ်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။
"စိတ်အေးအေးထားပြီး သေသေချာချာ ဆင်ခြင်တာက ပိုကောင်းပါတယ်လေ။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့နောက်၊ သူသည် သူ၏ နတ်ဘုရားအာရုံကို တစ်ဖန်ပြန်လွှတ်ကာ ကောင်းကင်နှင့် မြေကြီးကို စတင်ဆင်ခြင်လိုက်သည်။
ထိုကဲ့သို့အနေထားဖြင့် အချိန်သုံးလ ကြာသွားခဲ့ပြီ။ ဤသုံးလအတွင်း ချင်ယွင်သည် ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ သူ၏တစ်ကိုယ်လုံးသည် ပန်းပုရုပ် တစ်ခုလို ဖြစ်ပြီး သူ၏စိတ်က ဤကမ္ဘာထဲသို့ လုံးလုံး နစ်မြုပ်သွားခဲ့သည်။
ဤကာလအတွင်းမှာ အကြီးအကဲ လင်းသည် သုံးလေးခါလောက် နိုးထလာခဲ့သည်။ သို့သော် ချင်ယွင်သည် အစမှအဆုံးအထိ ဆင်ခြင်နေသည်ကို သူမြင်လိုက်ရသောအခါတွင် သူ၏စိတ်ထဲ အံ့အားသင့်သွားလေသည်။
နောက်ထပ် အချိန်တစ်လကြာသည့်တိုင် ချင်ယွင်သည် ရုပ်တုတစ်ခုလို မလှုပ်မယှက် ဖြစ်နေဆဲပင်။
ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း ပစ်မှတ်ဖြစ်သည့် ချင်ယွင်ကို သတိပြုမိကြပါသည်။ အဆုံးမှာတော့၊ သူတို့၏ နတ်ဘုရားအာရုံများကို အသုံးပြု၍ ကောင်းကင်နှင့် မြေကြီးကို အချိန်အတော်ကြာအောင် ရှာဖွေခြင်းရသည် သူတို့၏ နတ်ဘုရားအာရုံအပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့်၊ လူအများစုသည် တစ်လကြာ ကြည့်ရှုပြီးနောက် အနားယူကြပြီး၊ နောက်တကြိမ် ပြန်လည်မလေ့လာခင် သူတို့၏ နတ်ဘုရားအာရုံများ ပြန်ကောင်းလာမွန်ရန် စောင့်စိုင်းကြရသည်။
ဤနည်းဖြင့် ချင်ယွင်သည် လေးလဆက်တိုက် မလှုပ်မယှက်ဘဲ ရှိနေသည့်အတွက် အခြားလူများ၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။
"ဟင်း….၊ ဒီကောင်လေးရဲ့ နတ်ဘုရားအာရုံက တကယ်ကို အစွမ်းထက်တယ်လို့ မင်း ထင်လား?။ သူက လေးလတိုင်တိုင် အနားမယူခဲ့ဘူး။ အစောပိုင်း ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတွေတောင်မှ ဒီလောက်ထိ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး မဟုတ်လား?။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သူ၏သံသယတွေကို ထုတ်ဖော် လိုက်ပါသည်။
"ဟမ့်၊ ငါ့အမြင်အရဆို၊ ဒီကောင်စုတ်လေး အိပ်ပျော်နေတာ ဖြစ်နိုင်တယ်ကွ။ သူ့မှာ သန့်စင်ထားတဲ့ နတ်ဘုရားခန္ဓာကိုယ်တောင် မရှိသေးဘူးလေ။ သူကများ ဝူဝမ်ဓားသိုင်းကို နားလည်ချင်နေတယ်။ သူ လေးလလောက် ဆက်တိုက် ဆင်ခြင်နေတယ်ဆိုတဲ့ စိတ်ကူးကို ရပ်လိုက်စမ်းပါ။ တကယ်လို့ သူ ငါ့ကိုသတ်မယ်လို့ပြောရင်တောင် ငါတော့ မယုံသေးဘူး" ထိုလူ၏ သံသယများက အခြားသူများ၏ ငြင်းခုံချင်စိတ်ကို ချက်ချင်း နှိုးဆွလာခဲ့သည်။
"မှန်တယ်။ သူက အကြီးအကဲလင်းကို ဟန်ဆောင်ပြနေတာပဲလို့ ကျွန်တော် ထင်တယ်။ ဒါဆို, သူက အကြီးအကဲလင်းရဲ့ မျက်နှာသာပေးမှုကို ရနိုင်မယ်လေ။ ကျွန်တော် သူ့ကို အရင်က မြင်ဖူးတယ်။ ဒီကောင်လေးက အကြီးအကဲလင်းကို ပျော်ရွှင်အောင်လုပ်နိုင်ဖို့ ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တယ်။ ငါကြောက်မိတာက, သူက အကြီးအကဲလင်း ကို အားကိုးပြီး၊ သခင်မလေးနဲ့ လိုက်လျှောညီထွေဖြစ်အောင် ဆက်ဆံသွားမှာကိုပဲ" အခြားတစ်ယောက်က ထပ်ပြောသည်။
ထိုလူ၏စကားက ပတ်ဝန်းကျင်မှ လူများ၏ သဘောတူထောက်ခံမှုကို ချက်ခြင်း မြင့်တက်လာစေပြီး၊ ချင်ယွင်သည် အကြီးအကဲလင်း၏ မျက်နှာသာပေးမူရရှိရန် ဟန်ဆောင်ဟန်ဆောင်နေသည်ဟု အားလုံးက ထင်ထားကြသည်။ ထို့နောက် သူတို့သည် အကြီးအကဲလင်း၏ နောက်ကွယ်မှ သခင်မလေးနှင့် လိုက်လျှော ညီထွေ ဖြစ်လာစေရန် အကြီးအကဲလင်းကို အသုံးချလိုကြသည်။
"ဟမ့်၊ သူက ဒီလောက်ကောင်းတဲ့ နေရာအနေအထားမှာ ရပ်တည်နေခဲ့တာ။ ငါ သူ့ကို ဘာမှ မလုပ်ရဲခဲ့ဘူး။ အကြီးအကဲလင်းကြောင့်သာ, မဟုတ်ရင် ငါက သူ့ကို ရိုက်နှက်ပြီး ဝူဝမ်တောင်ထိပ်ပေါ်ကနေ ကန်ထုတ်မိလိမ့်မယ်။"
"မှန်တယ်၊ နေရာကောင်းကို ခွေးတစ်ကောင်က ဝင်ယူထားတယ်။ ဒါက ကောင်းကင်ဘုံရဲ့ ရတနာတွေကို ဖြုန်းတီးပစ်လိုက်တာပဲ.."
…
ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင် ဟန်ဆောင်နေသည်ဟု လူတိုင်း ခံစားမိကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်ကို အထင်သေး ရှုံ့ချခဲ့သော အကြည့်များက ပို၍ပင် အထင်မြင်သေးလာခဲ့ကြသည်။
ဤဆွေးနွေးချက်များသည် အကြီးအကဲလင်း၏နားထဲသို့ သဘာဝအတိုင်း ရောက်ရှိသွားပါ သည်။ သူသည် ထိုစကားမျိုးကို လေးလကြာအောင် ကြားနေရသည်။ ပထမတော့ ချင်ယွင် သည် ထိုကဲ့သို့လူတစ်ယောက်စု သူ မယုံခဲ့ပါဘူး။ သို့သော် ဤလေးလအတွင်း ထိုစကားများကို အကြိမ်ဖန်များစွာ ကြားလာရသည့်အခါ ချင်ယွင်သည် လေးလကြာ အောင် မနားမနေ ထိုင်နေခဲ့သည်မှာ အမှန်ပင် အလွန်မင်း ထူးဆန်းသည်ဟု ခံစားလာမိ သည်။ ယင်းကြောင့် သူ၏စိတ်ထဲတွင် တဖြည်းဖြည်း သံသယဝင်လာသည်။
"သူ တကယ် ဟန်ဆောင်နေတာများ ဖြစ်နိုင်မလား?။ ဒါပေမယ့် ငါ့ရဲ့ ပင်ကိုယ်စိတ်က ပြောနေတာက သူက ဒီလိုလူစားမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူက လေးလလောက် အနားယူမခဲ့ဘူး။ ဒါက မယုံနိုင်စရာပဲ မဟုတ်လား" အကြီးအကဲလင်းက သူ၏စိတ်ထဲတွင် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် သူသည် အံ့သြစပြုလာသည်။ ချင်ယွင်က သူ့ကို လိမ်ညာရန် အတွက် ကျင့်ကြံနေခြင်း မဟုတ်ဟု သူ၏ ပင်ကိုယ်အသိစိတ်က ပြောနေခဲ့သော်လည်း၊ သူ လေးလတိုင်တိုင် အနားမယူခဲ့ခြင်းက သူ့အတွက် မယုံနိုင်စရာပင်။
ဘန်း….။
သို့သော်လည်း အကြီးအကဲလင်းသည် အကျပ်ရိုက်နေစဉ်မှာ လွန်ခဲ့သည့် လေးလလုံးလုံး မလှုပ်မရှားထိုင်နေခဲ့သော ချင်ယွင်သည် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်လာခဲ့ သည်။ ရေကဲ့သို့ လှိုင်းအလွှာများက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး အနှိုင်းမဲ့ အစွမ်းထက်သော ဓားဆန္ဒက သူ၏ပတ်ပတ်လည်ကို ချက်ချင်း စိမ့်ဝင်သွားသည်။
ချက်ခြင်းဆိုသလို, လူတိုင်းက အံ့သြသွားပြီး အထိတ်တလန့် ရေရွတ်ကြသည် "ဓားပုံစံ၊ အဲဒါက တကယ်ကို ဓားပုံစံပဲ"။
စာစဉ် (၇၆) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။