← Chapters

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း (၁၁၄၂) ဖိတ်ကြားချက်။

ဘန်း…။

ချင်ယွင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားပုံစံများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ အငွေ့အသက်များ တဖြည်းဖြည်း ငြိမ်သက်သွားပါသည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားကွက်လဲ။ ငါ ဒီဓားသိုင်းရဲ့ အပေါ်ယံကို နားလည်ရုံနဲ့တောင်, ဒီလောက်ပြင်းထန်တဲ့ ဓားသိုင်းကွက်ကို ထုတ်လွှတ်နိုင်ခဲ့တယ်။ တကယ်လို့, ငါသာ ဓားသိုင်းကို လုံးဝ နားလည်သွားမယ်ဆိုရင် ဒီထက်တောင်မှ ပိုအစွမ်းထက်နေမှာ မဟုတ်ဘူးလား" ချင်ယွင်သည် စိတ်လှုပ်ရှားဟန် အပြုံးကို ထုတ်ဖော် ရင်း ဝူဝမ်ဓားသိုင်းကို စိတ်ရင်းမှန်ဖြင့် ချီးကျူးကာ သက်ပြင်းချလိုက်သည်။

ဝူဝမ်ဓားသိုင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည့် မိတ်ဆက်မူအဖြစ် ကနဦးအဆင့်မှာ ကိုယ်ပိုင် စွမ်းအင်ကို ရရှိပိုင်ဆိုင်ရန် ဖြစ်သည်။ ဤအဆင့်ကို ပြီးမြောက်မှသာ နောက်ထပ် ဓားသိုင်းကွက်များကို ဆက်လက် ဆင်ခြင်နိုင်မည် ဖြစ်သည်။

ဘိုးဘေးနတ်ဘုရားဝူဝမ်သည် ဝူဝမ်တောင်ထိပ်တွင်တွင် ဝူဝမ်ဓားသိုင်းကို ဆင်ခြင်ရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာ တစ်ဖက်တွင်မူ ဝူဝမ်တောင်ထိပ်သည် ဝူဝမ် တောင်တန်းဒေသ တစ်ခုလုံးကို ဖြတ်ကျော်ကြည့်ရူနိုင်ရန် ဖြစ်ပြီး၊ တစ်ဖက်တွင်မူ, သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို နားလည်နိုင်ရန် ဝူဝမ်တောင်ထိပ်၏စွမ်းအားကို အားကိုးသောကြောင့် ဖြစ်သည်။

“ဂုဏ်ယူပါတယ် ချင်ယွင်”။ မင်းက ဝူဝမ်ဓားသိုင်းရဲ့ ကနဦးအဆင့်ကို ဒီလောက် မြန်မြန်ဆန်ဆန် ရောက်သွားဖို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ ဒီမှာရောက်နေတာ နှစ်ပေါင်း တစ်ရာရှိပြီ၊ ဒါပေမယ့် နည်းနည်းလေးမှ မရောက်ရှိသေးဘူး။ မင်းကတော့ ဓားပုံစံတွေကို နားလည်ဖို့ လေးလလောက်ပဲ အချိန်ယူရတယ်။” အကြီးအကဲလင်းက ချင်ယွင်ထံ လှမ်းလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာသည်လည်း အလွန်ရိုးသားသည်။

"ကျွန်တော်က အကြီးအကဲလင်းကို အကြွေးတင်နေတုန်းပါပဲ။ တကယ်လို့, အကြီးအကဲ လင်းက ဒီလောက်ကောင်းတဲ့ နေရာမျိုး မပေးခဲ့ဘူးဆိုရင် ဓားသိုင်းပညာရဲ့ ကနဦးအဆင့် ကို ဒီလောက်ကြီး မြန်မြန်ဆန်ဆန် နားမလည်နိုင်မှာကို ကျွန်တော် ကြောက်မိတယ်။" ချင်ယွင်က ကျေးဇူးတင်စကားဆိုသည်။

"အရမ်းကောင်းတယ်၊ မောက်မာခြင်းလည်း မရှိသလို, စိတ်မရှည်မူလည်း မရှိဘူး။ မင်းက တကယ်ကို ပါရမီရှင်တစ်ဦးပဲ" ချင်ယွင်ကို ပို၍ပင် သဘောကျစပြုလာသည်နှင့်အမျှ အကြီးအကဲလင်းက တောက်ပစွာ ပြုံးလိုက်သည်။

သာမာန်လူများသည် ယခုလိုချီးကျူးသံတွေ ကြားရသည့်အခါ သူတို့၏အမြီးတွေက ကောင်းကင်တခွင် ထောင်မတ်နေလိမ့်မည်။ ချင်ယွင်ကဲ့သို့ အလွန်နှိမ့်ချနေ ဖြစ်ပြီး ကျေးဇူးသိတတ်သူက အလွန်နည်းပါးသည်။

'"ကောင်းပြီ၊ ချင်ယွင်၊ မင်းက ဝူဝမ်ဓားသိုင်းရဲ့ ကနဦးအဆင့်ကို နားလည်ထားပြီး ဖြစ်လို့ မင်းအနေနဲ့ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကို သဘာဝအတိုင်း ဝင်ဖြစ်မှာပဲ မဟုတ်လား?။ အဲဒီအချိန်မှ မင်း ဘယ်မြို့ကို ရွေးမလဲဆိုတာ ငါ သိချင်တယ်။” အကြီးအကဲလင်းက မေးသည်။

"မြို့တစ်မြို့လား?။ အဲဒီမြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်တစ်ခုလုံးက မြို့ကြီးတစ်မြို့ မဟုတ်ဘူးလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အယ်..၊ မင်း မသိသေးဘူးလား?" အကြီးအကဲလင်းလည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်ပြီး ချင်ယွင်၏မေးခွန်းကြောင့် အံ့ဩသွားရသည်။

"အကြီးအကဲလင်း၊ အမှန်အတိုင်းပြောရရင်၊ ဒီဂျူနီယာက နတ်ဘုရားကမ္ဘာကို အခုမှ တက်လှမ်းလာခဲ့တာ။ ကျွန်တော် နတ်ဘုရားကမ္ဘာထဲ ရောက်တာနဲ့ ဒီဝူဝမ် တောင်တန်း ဒေသဆီ တမ်းပို့လိုက်တာပဲ။ နတ်ဘုရားကမ္ဘာရဲ့ အခြေအနေအကြောင်း သိပ်မသိသေး ဘူး။ “ချင်ယွင်က ရှင်းပြသည်။

အကြီးအကဲလင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသော်လည်း သူ၏စိတ်နှလုံးက ပို၍ပင် တုန်လှုပ်သွားသည်။

နတ်ဘုရားကမ္ဘာကို အခုမှ တက်လှမ်းလာသူတစ်ဦးက ဝူဝမ်ဓားသိုင်း၏ ကနဦးအဆင့်ကို မြန်မြန်ဆန်ဆန် နားလည်နိုင်ခဲ့သည်။ ဤအရည်အချင်းသည် ကောင်းကင်ဘုံကို အံတုလွန်းသည် မဟုတ်ပါလော။

"မဟုတ်ဘူး၊ ငါ သူ့ကို ငါတို့ရဲ့ လွင့်မျောနှင်းမြို့တော်ထဲကို သေချာပေါက် ဆွဲခေါ်ရမယ်။" အကြီးအကဲလင်းက သူ့ကိုယ်သူ ပြတ်ပြတ်သားသား ပြောလိုက်သည် ။

"တကယ်တော့၊ ရှေးခေတ်ကတည်းက နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ နတ်ဘုရားမြို့ တစ်ဆယ့် ခြောက်မြို့ရှိတယ်။ ဘုရားနန်းတော်ကြီးလေးအနက် နန်းတော်တစ်ခုစီက မြို့လေးမြို့ကို သိမ်းပိုက်ထားတယ်။ အဲဒီအထဲမှာမှ၊ ငါတို့ရဲ့ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က လွင့်မျောနှင်းမြို့တော်၊ ဆောင်းမြို့တော်၊ အဖြူရောင်ဖီးနစ် မြို့တော်နဲ့ ကောင်းကင်ဘုံထွဋ်မြို့တော်တို့ကို အုပ်ချုပ်ထားတယ်။ ငါ့ရဲ့ သခင်မလေးက လွင့်မျောနှင်းမြို့တော်သခင်ရဲ့သမီးပဲ။ မင်း ငါတို့ လွင့်မျောနှင်းမြို့တော်မှာ ပူပေါင်း ပါဝင်တာနဲ့, ငါက မင်းကို အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်အောင် လုပ်ဆောင်ပေးမယ်။ အဲဒီအချိန်မှာ မင်းလည်း မင်းရဲ့ကျင့်ကြံမူအတွက် အကောင်းဆုံး ဆက်ဆံပေးခြင်း ခံရလိမ့်မယ်။ မင်း ငါတို့ လွင့်မျောနှင်းမြို့တော်နဲ့ ပူးပေါင်းဖို့ ဘာလို့ မစဉ်းစားတာလဲ?”။

ချင်ယွင်အကြောင်း စကားပြောဆိုနေကြသည့် ပတ်ဝန်းကျင်ရှိလူတိုင်းသည် အကြီးအကဲ လင်းက ချင်ယွင်နှင့်ပတ်သက်ပြီး ပြောစကားကို သွားရသည့်အခါ, သူတို့အားလုံးသည် အံ့အားသင့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာကြပြီး၊ ချင်ယွင်ကိုကြည့်ရင်း, သူတို့၏ အကြည့်များသည်လည်း မနာလိုဖြစ်လာကြသည်။

"လွင့်မျောနှင်းမြို့တော်ရဲ့ အမာခံအဖွဲ့ဝင်တစ်ဦး..။ အို.. ဘုရား, ဘုရား..။ နတ်ဘုရားခန်းမဲ ဝင်ရောက်နိုင်ကြတဲ့ လူအများစုဟာ အတွင်းအဖွဲ့ဝင် အဖြစ်တောင် မရကြဘဲ, အပြင်ဘက် အဖွဲ့ဝင်တွေအဖြစ်သာ ရရှိကြတယ်။ အကြီးအကဲလင်းက သူ့ကို တကယ်ပဲ အမာခံအဖွဲ့ဝင် ဖြစ်အောင်လုပ်ပေးမယ်ပေါ့။ သူက လေးလတည်းနဲ့ ဓားသိုင်းပညာရဲ့ ကနဦးအဆင့်ကို ဝင်ရောက်နိုင်ရင်တောင်, အခုလိုဆက်ဆံမူမျိုး မခံစားနိုင်သင့်ဘူး မဟုတ်လား?"။

"မှန်တယ်။ အမာခံအဖွဲ့ဝင်တွေက များသောအားဖြင့် ကြယ်နတ်ဘုရားနယ်ပယ် အထက်မှာရှိတဲ့ ကျွမ်းကျင်သူတွေပဲလေ။ ဒီကောင်က နတ်ဘုရားခန္ဓာကိုယ်ကိုတောင် မသန့်စင်နိုင်သေးဘူးလေ"

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချင်ယွင်ကို အလွန်မနာလိုစိတ်ဖြင့် စတင် ဆွေးနွေးကြသည်။

ထိုအချိန်တွင် ချင်ယွင်သည် ထူးထူးခြားခြား ရှက်ရွံ့သလို ခံစားလိုက်ရပါသည်။ သူ၏ ပန်းတိုင်က လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော် ဖြစ်ပြီး၊ သူသည် လွင့်မျောနှင်း မြို့တော်ကို မဆိုထားနှင့် မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကိုပင် မ၀င်ရောက်ချင်ပါ။

သို့သော်၊ အကြီးအကဲလင်းက သူ့အပေါ် ကျေးဇူးတရားရှိနေပြီး၊ သူ့ကို ယခုလို ရက်ရော သည့်အရာတွေဖြင့် ကမ်းလှမ်းနေခဲ့သည်။ အကယ်၍, သူသာ တိုက်ရိုက် ငြင်းဆိုပါက၊ အကြီးအကဲလင်း၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ထိခိုက်စေမည် မဟုတ်ပါ လော?။

သို့သော် သဘောတူညီလိုက်ခြင်းကလည်း မကောင်းလှပေ။ အမှန်တော့၊ သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်သို့ ၀င်ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူး ပေ။ ထို့ကြောင့် သူ့အနေဖြင့် မှားယွင်းမူကို ခံစားရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

“လွင့်မျောနှင်းမြို့တော်က မင်းကို ပေးနိုင်တဲ့အရာကို ငါတို့ ကောင်းကင်ဘုံ ဆင်းသက်ခြင်းမြို့တော်ကလည်း ပေးနိုင်တယ်။ တကယ်ဆို, ငါတို့က မင်းကို လွင့်မျော နှင်းမြို့တော်ကပေးတဲ့ အရင်းအမြစ်တွေထက် နှစ်ဆတောင် ပိုပေးနိုင်တယ်။"

သို့သော်၊ ချင်ယွင်က အကြီးအကဲလင်း၏ကြင်နာမှုကို လိမ္မာပါးနပ်စွာ ငြင်းဆိုနိုင်မည့် နည်းလမ်းကို တွေးတောနေစဉ်တွင် ကျယ်လောင်သောအသံက အဝေးမှ ထွက်ပေါ်လာ သည်။

ထိုအသံထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါ တော့သည်။ လူတိုင်းသည် တောင်ထိပ်ပေါ်မှဆင်းလာသော အနက်ရောင်ဝတ် လူငယ်လေးဆီသို့ လှည့်ကြည့် လိုက်ကြသည်။

"အဲဒါ သူပဲ၊ သူ တကယ်ကို ဆင်းလာခဲ့တာပဲ။ ဖြစ်နိုင်တာက, ဒီကောင်ရဲ့ ဓားစွမ်းအား ကြောင့် သူနိုးထလာတာများလား?" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အံ့သြစွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ ဒုတိယသခင်လေး၊ သူက အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပဲ။ သူ့ရဲ့အဆင့်အတန်းက တုနှိုင်းမရအောင် မြင့်မြတ်လွန်းတယ်” တစ်စုံတစ်ယောက်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူတို့အားလုံးသည် အနက်ရောင်ဝတ်လူငယ်ကို ရိုသေလေးစားမှုဖြင့် ကြည့်နေကြသည်။

"ဟေး၊ အဲဒါက လိုရင်းမဟုတ်ဘူး။ မင်းတို့ စောစောက သခင်လေးတင်း ပြောတာကို မကြားလိုက်ဘူးလား?။ သူက ဒီကောင်ကို အမာခံအဖွဲ့ဝင်အဖြစ် ခန့်အပ်ပြီး၊ အရင်းအမြစ် နှစ်ဆပေးမယ်ဆိုတာကိုလေ။ အမာခံအဖွဲ့ဝင်လား?။ နှစ်ဆလား?။ ဒါက ကောင်းကင်ဘုံကို အံတုနေပြီလေ" တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ အော်ပြောလိုက်ပါသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အနက်ရောင်ဝတ်လူငယ်၏ စကားများကို ပြန်သတိရကြ သွားပြီး အားလုံးသည် အလွန်မင်း အံ့ဩနေသည့် အမူအရာများကို ထုတ်ဖော်လာကြ သည်။

အစောပိုင်းက သူတို့သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အနက်ရောင်ဝတ် လူငယ် ၏ ကိုယ်ရေးအချက်လက်ကိုသာ အာရုံစိုက်နေခဲ့ကြပြီး၊ သူပြောခဲ့သော စကားများကို လျစ်လျူရှုခဲ့ကြသည်။ အခုမှပင် သူ့စကားထဲမှာပါသည့် ပေါက်ကွဲစေလောက်သော အချက်အလက်တွေက မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ ပြန်ပြီး သတိရမိသွား ကြသည်။

ထိုအခိုက်တွင် ချင်ယွင်လည်း အလွန်မင်း အံ့ဩသွားရသည်။ တောင်ထိပ်ပေါ်ရှိလူသည် အမှန်တကယ် ဆင်းလာခဲ့ပြီး၊ သူ့ကို အမာခံအဖွဲ့ဝင်တစ်ဦး၏ ဆက်ဆံမူထက် နှစ်ဆ ပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

အမာခံအဖွဲ့ဝင်တွေအပေါ် ဆက်ဆံသည့်ပုံစံက ဘာလဲဆိုတာ သူ မသိသေးသော်လည်း ပတ်ဝန်းကျင်မှ လူအများ၏ မနာလိုသည့် အကြည့်တွေကြောင့် အမာခံအဖွဲ့ဝင်များအပေါ် ပြုမူဆက်ဆံပုံက သာလွန်ထူးကဲပြီး ရက်ရောကြောင်း ရှုမြင်နိုင်ပါသည်။

ယခုတော့ ကောင်းကင်ဘုံထွဋ်မြို့တော်၏ ဒုတိယသခင်လေးသည် သူ့ကို အမာခံ အဖွဲ့ဝင်များ၏ဆက်ဆံမူထက် နှစ်ဆပေးလိုခဲ့သည်။ ယင်းသည် သူတို့အား မနာလို စိတ်ဖြင့် ရူးသွပ်သွားစေမည်မှာ သေချာပါသည်။

သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ အကယ်၍ သူသာ အကြီးအကဲလင်းကို စောစောက ငြင်းပယ်ခဲ့မည်ဆိုလျှင်၊ အကြီးအကဲလင်းသည် ဝမ်းနည်း သွားမည်ဖြစ်သော်လည်း၊ သူ့ကို အပြစ်တင်မည် မဟုတ်ပေ။

သို့သော် ဤကောင်းကင်ဘုံထွဋ်မြို့တော်၏ ဒုတိယသခင်လေးကတော့ ကွဲပြားပါသည်။ အကယ်၍, ချင်ယွင်သာ သူ့ကို ငြင်းပယ်လိုက်မည်ဆိုရင်, တစ်ဖက်လူက သူ့အတွက် ကောင်းသည့်အရာကို မသိရကောင်းလားဟု တွေးပြီး သူ့ကို သတ်ဖြတ်ရန်ပင် ရည်ရွယ်ချက်ရှိလာမှာကို သူ ကြောက်မိပါသည်။ ဤအရာက ချင်ယွင် မမြင်ချင်သည့် အရာဖြစ်ပါသည်။

ဤအခိုက်အတန့်တွင် အကြီးအကဲလင်း၏ အမူအရာလည်း လေးနက်နေပါသည်။ သူက အနက်ရောင်ဝတ် လူငယ်ကို ကြည့်ပြီး တင်းမာစွာ ပြောလိုက်သည် "ဒုတိယသခင်လေး တင်း, ဒီချင်ယွင်က ငါ့ရဲ့သခင်မလေး ပထမဆုံး တန်ဖိုးထားခဲ့တဲ့ လူတစ်ယောက်ပဲ။ မင်းက အခုလို တဖက်လူရဲ့လူကို ပွင့်ပွင့်လင်းလင်း ခိုးယူတာက နည်းနည်းတော့ ကြည့်ရဆိုးမနေဘူးလား?"။

"အိုး? ဒီလိုလား...? ဒါပေမယ့် ငါသိရသလောက်ဆို မင်းတို့မိသားစုရဲ့ သခင်မလေးက ဝူဝမ်တောင်ထိပ်ကို ရောက်လာတဲ့ပုံမပေါ်ပါဘူး။ သူက ဘယ်လိုလုပ် သူမလက်ထဲ ကျရောက်သွားမှာလဲ?။ မင်း သူ့ကို ခေါ်သွားဖို့ဆိုတာက မင်းရဲ့ကိုယ်ပိုင်စိတ်ကူးရော မဖြစ်နိုင်ဘူးလား?။ ဒါပေမယ့် မင်းက လွင့်မျောနှင်းမြို့တော်ရဲ့ အစေခံအိုကြီး တစ်ယောက် သာသာပဲလေ။ မင်းမှာ မင်းသခင်မလေးရဲ့ မိသားစုအတွက် ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ”။ အနက်ရောင်ဝတ်လူငယ်က လှောင်ပြောင်သည်။

ထိုစကားကို ကြားတော့ အကြီးအကဲလင်း၏ မျက်နှာက အလွန်ရုပ်ဆိုးသွားသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။ သူ၏မုတ်ဆိတ်မွေးများသည် ဒေါသကြောင့် တုန်ခါနေသော်လည်း, သူ ဒေါသမထွက်ရဲပါဘူး။

All Chapters