အခန်း ၁၁၄၄
Vol. 77 Ch. 1144
အခန်း (၁၁၄၄) ဘိုးဘေးနတ်ဘုရားဝူဝမ်၏ အမွေအနှစ်။
ဝူဝမ်တောင်ထိပ်သည် ပြင်းထန်စွာ လှုပ်ခါနေပြီး တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။
"ဖျစ်... ဖျစ်..."
တောင်ကြောများသည် အက်ကွဲလာကာ တောင်ထိပ်များ စတင်ပြိုကျလာသည်။ အက်ကွဲ ကြောင်းများသည် မိုးခြိမ်းသံကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
"ဘာဖြစ်နေတာလဲ၊ ဝူဝမ်တောင်ထိပ်က ဘယ်လိုဖြစ်သွားတာလဲ။" လူတိုင်း ထိတ်လန့်စွာ အော်ဟစ်ကြပြီး၊ တောင်ထိပ်ပေါ်မှ အရူးအမူး ပြေးဆင်းကြသည်။
ဝူဝမ်တောင်ထိပ်သည် ပေ ၁၀၀၀၀၀ မြင့်မားသည်။ အကယ်၍, ဝူဝမ်တောင်ထိပ်သာ အမှန်တကယ် ပြိုကျပါက, သူတို့သည် နတ်ဘုရားတစ်ပိုင်းများ ဖြစ်နေလျှင်, သူတို့ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရနိုင်ပါသေးသည်။
"သွားကြရအောင်.."
အနက်ရောင်ဝတ် လူငယ်သည် တိုးညှင်းစွာ အော်ပြောရင်း အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို ဖမ်းကိုင်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး အဝေးသို့ ပျံသန်းသွားခဲ့သည်။
အနက်ရောင်ဝတ် လူငယ်သည် ကြယ်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် နတ်ဘုရားကမ္ဘာတွင် ကောင်းကင်ယံ၌ လျှောက်လှမ်း နိုင်သောကြောင့် ဝူဝမ်တောင်ထိပ် ပြိုကျခြင်းသည် သူ့ကို လုံးဝ မခြိမ်းခြောက်နိုင်ပေ။
"ချင်ယွင် သွားရအောင်" အကြီးအကဲလင်းသည်လည်း ချင်ယွင်ကို အော်ပြောပြီး တောင်ထိပ်ပေါ်ကနေ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သည်။
ချင်ယွင်သည် သူ၏ခြေဖဝါးအောက်တွင် ခွန်အားကို စိုက်ထုတ်လိုက်ပြီး သူ၏ရုပ်အသွင် သည်လည်း ပေါက်ကွဲထွက်လာသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်တောင်ကြီဂသည် ပေ ၁၀၀,၀၀၀ မြင့်မားသော်လည်း ချင်ယွင်နှင့် အခြားလူများ အတွက်မူ, အောက်သို့ခုန်ချခြင်းက သူတို့ကို သေဆုံးသွားစေရန် မလုံလောက်သေးပေ။ ထို့ကြောင့်, အလွန်လျင်မြန်စွာပင် ချင်ယွင်နှင့် အခြားသူများ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ သည်။ (အောက်သို့ ခုန်ဆင်းရုံဖြင် မသေနိုင်ဟု ဆိုလိုခြင်း ဖြစ်ပါသည်)။
ချင်ယွင်နှင့် အခြားလူများ ဆင်းသက်ပြီး၍ မကြာခင်မှာ ကြောက်မက်ဖွယ် ကျယ်လောင် သော တုန်ခါအသံက သူတို့၏နောက်မှ ထွက်ပေါ်လာသည်။
ဝူဝမ်တောင်ထိပ်တစ်ခုလုံး လုံးလုံးပြိုကျသွားပြီး ကောင်းကင်ယံသည် ပြည့်လျှံနေသော ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပါသည်။ ကျယ်လောင်သော မြည်ဟီးအသံများသည် ကောင်းကင်တစ်ခွင်လုံး အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေကာ လေထဲသို့ တဖြည်းဖြည်း ပျံ့လွင့်သွားခဲ့သည်။
လူတိုင်းသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသော ဝူဝမ်တောင်ထိပ်အား လှည့်ကြည့်လိုက်ကြပြီး ဖြစ်ပျက်ခဲ့သည်များကို နားမလည်သဖြင့်၊ သူတို့မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပါသည်။
ထိုအချိန်တွင် ချင်ယွင်လည်း စိတ်အိုက်နေမိသည်။ ဝူဝမ်တောင်ထိပ် ပြိုကျရခြင်း၏ အကြောင်းရင်းကို သူ မသိသော်လည်း၊ ဝူဝမ်တောင်ထိပ်ပြိုကျမှုသည် သူ၏ ယခင်က နားလည်မှုနှင့် ဆက်စပ်နေပုံရသည်ဟု သူ ယောင်ဝါးဝါး ခံစားမိလာသည်။
ဘန်း….။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားပြီး သူ၏တစ်ကိုယ်လုံး ချက်ချင်း အေးခဲသွားလေသည်။
ကြီးမားသော အချက်အလက် လှိုင်းလုံးကြီးက သူ၏စိတ်ထဲသို့ ဒီရေလှိုင်းကဲ့သို့ စိမ့်ဝင်လာသည်။ တခဏအတွင်းမှာပင် သူ၏ခေါင်းသည် ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ များပြားလှသည့် အချက်အလက်တွေက သူ၏ခေါင်းကို ကြေမွသွားစေ နိုင်သည်။
"ချင်ယွင်, မင်း ဘာဖြစ်နေတာလဲ?" ဘေးနားရှိ အကြီးအကဲလင်းသည် ချင်ယွင်၏ ထူးဆန်းသော အပြုအမူကို သတိပြုမိပြီး ကမန်းကတန်း မေးလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် အကြီးအကဲလင်း၏ အသံကို မကြားနိုင်တော့ ပေ။ ဤများပြားလှသော အချက်အလက်များက သူ၏အသိစိတ်အားလုံးကို သိမ်းပိုက်ထား သည်။
သူ၏စိတ်ဝိညာဉ်သည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ဤပေါက်ကွဲစေတတ်သော သတင်းစကားကို သူ မခံနိုင်သေးပါ။
ထိုပုံစံအတိုင်းပင်၊ ချင်ယွင်သည် နာကျင်မှု တဖြည်းဖြည်း ပျောက်ကွယ်မသွားခင် နာရီဝက်နီးပါး နာကျင်မှုကို ခံစားခဲ့ရသည်။
ချင်ယွင်သည် သက်ပြင်းရှည်ကြီးကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ ယခုအချိန်မှာ, သူသည် ချွေးသီးသွေးပေါက်တွေ တသီကြီး ထွက်နေပြီး၊ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ စိတ်နှလုံးသည် အလွန်တရာမှ စိတ်လှုပ်ရှားနေ သည်။ အကြောင်းမှာ သူ၏စိတ်ထဲသို့ ဝင်ရောက်လာသော အချက်အလက်များသည် ပြီးပြည့်စုံသော ဝူဝမ်ဓားသိုင်းမှလွဲ၍ အခြားမဟုတ်သောကြောင့် ဖြစ်ပါသည်။
"ငါ နားလည်ပြီ" ချင်ယွင်သည် "ဝူဝမ်ဓားသိုင်း" အဘယ်ကြောင့် သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်ရကို ရုတ်တရက် သဘောပေါက်သွားသည်။ ဤဝူဝမ်တောင်ထိပ် အဘယ့်ကြောင့် ရုတ်တရက် ပြိုကျသွားရလဲဆိုတာကိုပါ သူ နားလည်သွားခဲ့သည်။ ဤအရာအားလုံးသည် သူ၏ဓားစွမ်းအင်ကို နားလည်သဘောပေါက်မူနှင့် ဆက်စပ်နေ သည်ကိုပါ သူ သိလာရ၏။
ချင်ယွင်၏ စိတ်ထဲမှ သတင်းအချက်အလက်များအရ၊ ဘိုးဘေးနတ်ဘုရား ဝူဝမ်သည် ဝူဝမ်ဓားသိုင်းကို နားလည်ပြီးနောက်၊ ဝူဝမ်တောင်ထိပ်တွင် အရာနှစ်ခုကို ချန်ထားခဲ့သည်။ တစ်ခုက ဓားစွမ်းအင်နှင့် နောက်တစ်ခုက ဝူဝမ်ဓားသိုင်း၏ ဓားသိုင်းကွက်များဖြစ်သည်။ ရည်ရွယ်ချက်မှာ အနာဂတ်တွင် သူ၏အမွေနှစ်ကို နောင်လာနောက်သားများ မျှော်လင့် စောင့်စားကြစေရန် ဖြစ်သည်။
သို့သော်၊ ဘိုးဘေးနတ်ဘုရားဝူဝမ်၏ အမွေနှစ်ကို ရရှိရန်မှာ မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် ဘိုးဘေးနတ်ဘုရား ဝူဝမ်သည် ဤအရာနှစ်ခုကို ချန်ထားခဲ့သော အခါ၊ သူသည် ၎င်းတို့အား ဝူဝမ်တောင်ထိပ်နှင့် လုံးလုံးလျားလျား ပေါင်းစပ်ထားခဲ့သော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဤအမွေနှစ်ကိုရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ဝူဝမ်တောင်ထိပ်ကို ချိုးဖျက်ရန် ဖြစ်သည်။
ဝူဝမ်တောင်ထိပ်က အရမ်းကို မြင့်မားလွန်းပါသည်။ အကယ်၍ သူသည် ဤထောင်ထိပ်ကို ချိုးဖျက်လိုပါက မြေကမ္ဘာန်ဘုရားတစ်ပါး၏ အစွမ်းမရှိဘဲ ၎င်းကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘိုးဘေးနတ်ဘုရား ဝူဝမ်သည် ဤအချက်အလက်ကို ချန်ထားခဲ့စဉ်ကတည်းက၊ တစ်နေ့တွင် သူ၏အမွေနှစ်ကို နတ်ဘုရားတစ်ပိုင်းတစ်ဦးမှ ရရှိသွားလိမ့်မည်ဟု မထင်ထားလောက်ပေ။ ဤအချက်လက်များကြောင့် ချင်ယွင်၏ စိတ်ဝိညာဉ်သည် ပြိုပျက်လုမတတ်ပင် ဖြစ်သွားစေခဲ့သည်။
ဤဝူဝမ်တောင်ထိပ် ရုတ်တရက် ကွဲအက်သွားရသည့် အကြောင်းအရင်းကတော့ တကယ်ကို တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်ပါသည်။
ချင်ယွင်သည် သူပိုင်ဆိုင်ခဲ့သော ဓားစွမ်းအင်ကို ဆင်ခြင်သောအခါ၊ ကောင်းကင်ဘုံတန်ခို အစွမ်းကို ထည့်သွင်းခဲ့မိသည်။ ထိုကောင်းကင်ဘုံတန်ခိုးအစွမ်းသည် ဝူဝမ်တောင်ထိပ်မှာ အမြဲဝှက်ထားခဲ့သော ဓားစွမ်းအင်ကို အသက်သွင်းခဲ့မိသည်။
ဘိုးဘေးနတ်ဘုရား ဝူဝမ်၏ ဓားစွမ်းအား ပေါက်ကွဲခဲ့ခြင်းကြောင့် ဝူဝမ်တောင်ထိပ်သည် သဘာဝအတိုင်း ကွဲအက်သွားခဲ့ရသည်။ ဝူဝမ်တောင်ထိပ်ကို ပြိုကွဲသွားပြီးနောက်၊ ဘိုးဘေးဘုရား ဝူဝမ်၏ဓားစွမ်းအင်သည်လည်း လေထဲတွင် ပျံ့လွင့်သွားသည်။ ထို့ကြောင့် ချင်ယွင်သည် ဓားသိုင်းကွက်ကို ရရှိခဲ့ခြင်းဖြစ်ပြီး၊ ဘိုးဘေးနတ်ဘုရားဝူဝမ် ချန်ထားခဲ့သော ဓားစွမ်းအင်ကို ရရှိခဲ့ခြင်း မဟုတ်ပေ။
"ကမ္ဘာကြီးကတော့ ဝူဝမ်ဓားသိုင်းကို ရှာဖွေပြီး နားလည်သဘောပေါက်ဖို့အတွက် နှစ်သန်းပေါင်းများစွာ ကုန်ဆုံးခဲ့ကြတယ်။ ဒါပေမယ့်, ဘိုးဘေးနတ်ဘုရား ဝူဝမ်က ဝူဝမ်တောင်ထိပ်မှာ သူရဲ့ဓားစွမ်းအင်နှင့် ဓားပညာရပ်ကို ချန်ထားခဲ့လိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြဘူး။ ကံမကောင်းစွာပဲ, သူတို့ဟာ ဝူဝမ်တောင်ထိပ်ကို အထွတ်အမြတ် ထားရာနေရာအဖြစ် အမြဲဆက်ဆံခဲ့ကြပြီး၊ ပျက်စီးမှုအနည်းငယ်မျှကိုတောင် သည်းမခံနိုင် ကြဘူး။ တကယ်ပဲ, ကောင်းကင်ဘုံရဲ့အလိုဆန္ဒက ဒီလူတွေအပေါ် ကျီစားနေတယ်လို့ ပြောလို့ရတယ်။" ချင်ယွင်သည် ဝူဝမ်တောင်ထိပ်ကို မတော်တဆ ချိုးဖျက်မိသွားသည့် အတွက် ပျော်ရွှင်နေပြီး၊ သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
"ချင်ယွင် မင်း အဆင်ပြေရဲ့လား" အကြီးအကဲလင်းက ထပ်မေးသည်။
"အဆင်ပြေပါတယ် အကြီးအကဲလင်း။ ဒါက ဝူဝမ်ဓားသိုင်းရဲ့ ဓားစွမ်းအင်ကို အတင်းအကြပ် ဆင်ခြင်မိခဲ့တာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ လေးလလောက် အနားမယူခဲ့တဲ့ ကျွန်တော့် စိတ်ဝိညာဉ်က ခံနိုင်ရည်မရှိတော့တာပါ။ အဲဒါက နောက်ဆက်တွဲ ကျန်ရစ်ခဲ့တဲ့ အကျိုးဆက်တစ်ခုပေါ့ ." ချင်ယွင်က ရှင်းပြသည်။
သူသည် သူရရှိခဲ့သည့် "ဝူဝမ်ဓားသိုင်းပညာရပ်" အပြည့်အစုံကို အကြီးအကဲလင်းအား မပြောပြခဲ့ပါ။ အကြီးအကဲလင်းက သူ့အပေါ် ကျေးဇူးများသော်လည်း, အဆုံးမှာတော့ သူသည် အကြီးအကဲလင်းနှင့် သိသည်မှာ သိပ်မကြာသေးပါဘူး။ ထို့ကြောင့်, ဤကိစ္စကို လျှို့ဝှက်ထားခြင်းက ပိုကောင်းပါသည်။
ဆန့်ကျင်ဘက်အနေဖြင့်, အကယ်၍, ဤကိစ္စသာ ပြန့်နှံ့သွားမည်ဆိုလျှင်, သူ့အတွက် အနှိုင်းမဲ့ ကြီးမားသည့်ပြဿနာကြီး သယ်ဆောင်လာမည်မှာ သေချာပါသည်။ ထိုအချိန်တွင် နတ်ဘုရားနန်းတော်ကြီးလေးခုသည်ပင် သူ့နောက်သို့ လိုက်လာပေရော့ မည်.
ချင်ယွင်၏ စကားများကို အကြီးအကဲလင်း ကြားသောအခါ သံသယ မရှိခဲ့ပေ။ ယင်းအစား, သူက စိုးရိမ်စိတ်နှင့် ပြောရှာသည် "အမှန်ပဲ။ အဲဒီတုန်းက မင်း လေးလဆက်တိုက် တရားထိုင်နေတဲ့အခါ, ငါ မင်းကို အရမ်းစိတ်ပူသွားသေးတယ်။ အခု မင်းရဲ့စိတ်ဝိညာဉ်ကို အတင်းအကြပ် တောင်ခံခဲ့တဲ့အတွက် မင်းရဲ့ဆင်ခြင်ခြင်းကိစ္စ ပြီးမြောက်သွားပုံရတယ်။ ဒါက မင်းရဲ့စိတ်ဝိညာဉ်ကို အလွန်နာကျင်စေလိမ့်မယ်။ မကြာခင်အတောတွင်း မင်းရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုဖို့ မကြိုးစားနဲ့ဦး”။
"အင်း...။ ကျေးဇူးတင်ပါတယ် အကြီးအကဲလင်း။ အကြီးအကဲလင်းရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်ရတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ အကြီးအကဲလင်း စိတ်မဆိုးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။" ချင်ယွင်က တောင်းပန်စကားဆိုသည်။
အကြီးအကဲလင်းသည် သူ့ကို မတော်တဆ ဆုံတွေ့ခြင်းဖြစ်သော်လည်း, သူ၏မိသားစုဝင် တစ်ဦးကဲ့သို့ သူ့ကို စိုးရိမ်ပူပန်ပေးခဲ့သည်။ သူ့ကို ကူညီပေးခြင်းကလည်း သူ၏စိတ်ထဲ တကယ်ကို ထိမှန်ခဲ့သည်။ ထို့ကြောင့်၊ စောစောက အကြီးအကဲလင်းကို ငြင်းပယ်ခဲ့ခြင်း အတွက် သူသည် ပြင်းပြင်းထန်ထန် အပြစ်ရှိကြောင်း ခံစားမိသေးသည်။
အကြီးအကဲလင်းက ပြုံးလိုက်သည်။ သူက လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းလိုက်သည်။ "မင်းအတွက် မင်းရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင် ရှိနေတာက သဘာဝကျပါတယ်။ တကယ်ဆို, မင်းအပေါ်ထားတဲ့ ငါ့ရဲ့ကြင်နာမူကို အားကိုးပြီး မင်းကို လွင့်မျောနှင်းမြို့တော် ထဲ ဝင်ဖို့ ခြိမ်းခြောက်ခြင်းကသာ အတော့်ကို ခွင့်လွှတ်နိုင်စရာ မကောင်းတာပါ။ ဒါပေမယ့် ငါ မင်းကို ပြောစရာတစ်ခု ကျန်နေသေးတယ်။ တကယ်လို့, မင်း လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ဖို့ ကျဆုံးသွားခဲ့ရင်, မင်း ငါကို ပြန်လာရှာလို့ရတယ်၊ အဲဒီအချိန်ရောက်ရင်, မင်းရဲ့အမာခံတပည့်အဖြစ် နှစ်ဆဆက်ခံရဖို့ ငါ သခင်မလေးကို တောင်းဆိုပေးမယ်”။
"ကျေးဇူးတင်ပါတယ် အကြီးအကဲလင်း ။" ချင်ယွင်က သူ့ကို ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဤအဘိုးအို၏ ကျင့်ကြံမှုသည် မမြင့်မားသော်လည်း, သူသည် ချင်ယွင်ကို စိတ်လှုပ်ရှားအောင် လုပ်ဆောင်သူ လူအနည်းထဲမှာ ပါဝင်ပါသည်။
"အကြီးအကဲလင်း၊ စိတ်မပူပါနဲ့။ အနာဂတ်မှာ ငါ့ရဲ့ခွန်အားတွေ ပြီးပြည့်စုံလာတဲ့အခါ, အဲဒီအချိန်ကပြီး အကြီးအကဲလင်းကို ပေါ့ပေါ့ပါးပါးဘဝနဲ့ သေချာပေါက် နေထိုင်ခွင့်ပေးပါ့ မယ်" ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ခိုင်မာသော အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူသည် အကြီးအကဲလင်းကို သူ၏မိသားစုဝင်တစ်ဦးအဖြစ် သဘောထားပြီး ဖြစ်သည်။ သူ့ကို အခြားမည်သူတစ်ဦးတစ်ယောက်မှ အနိုင်ကျင့်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။