← Chapters

အခန်း ၁၁၄၅

Vol. 77 Ch. 1145

အခန်း ၁၁၄၅

Vol. 77 Ch. 1145

အခန်း (၁၁၄၅) နှုတ်ဆက်ပါတယ် ဝိညာဉ်နတ်ဘုရားမ။

ဝူဝမ်တောင်ထိပ် ပြိုကျပြီးနောက် ဝူဝမ်တောင်ထိပ်ရှိ လူတွေအားလုံးလည်း ထိုနေရာမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြပါသည်။

ချင်ယွင်သည်လည်း အကြီးအကဲလင်းနှင့် လမ်းခွဲပြီး ရှေးဟောင်းတာအိုဆရာသခင်၏ နေရာကို စတင်ရှာဖွေခဲ့သည်။

သို့သော် အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်တွင်၊ သူသည် အစ်ကိုချူယွန်သာမက, ရှေးဟောင်းတာအိုဆရာသခင်၏ အရိပ်ယောင်ကိုပင် ရှာမတွေ့ခဲ့ပေ။

ချင်ယွင်သည် တောင်ထိပ်ပေါ်သို့ တက်လာစဉ်တုန်းက, ကျင့်ကြံသူအားလုံးကို ဂရုမစိုက်မိ ခဲ့ပေ။ ရှေးဟောင်းတာအိုဆရာသခင်နှင့် အစ်ကိုချူယွန်တို့သည် ဓားသိုင်းကို ဆင်ခြင်ရန် ဝူဝမ်တောင်ထိပ် တစ်နေရာရာ၌ ရောက်ရှိနေပြီဟု သူ အမြဲတမ်း တွေးထားခဲ့သည်။

အဆုံးတွင်, ထိုအချိန်တုန်းက အစ်ကိုချူယွန်သည် ဝူဝမ်တောင်ထိပ်၏ ဖြစ်တည်မှုကို သိရှိသည်ဟု ချင်ယွင်အား ပြောပြခဲ့ဖူးပါသည်.

ယခုမူ၊ ရှေးဟောင်းတာအိုဆရာသခင်နှင့် အစ်ကိုချူယွန်တို့သည် ဝူဝမ်တောင်ထိပ်တွင် မရှိသည့်အတွက်၊ ယင်းက ချင်ယွင်ကို လွန်စွာမှ လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး အံ့သြသွားရ သည်။

"ရှေးဟောင်းတာအိုဆရာသခင်နဲ့ အစ်ကိုချူယွန်တို့ ဘယ်ရောက်သွားတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက်သည်။

အကယ်၍ ရှေးဟောင်းတာအိုဆရာသခင်သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်သို့ ဝင်လိုပါက, သူသည် ဉာဏ်အလင်းစမ်းသပ်မူ မစ်ရှင်ကို ပြီးမြောက်စေရမည်။ ဤဝူဝမ်တောင်ထိပ်သည် သဘာဝအတိုင်း ဉာဏ်အလင်းရရှိရန် အကောင်းဆုံးနေရာ ဖြစ်သည်။ ယခုမူ ဝူဝမ်တောင်ထိပ်မှာ ရှေးဟောင်းတာအိုဆရာသခင်တို့ မရှိတော့ခြင်းက သူ့ကို အမှန်တကယ် စိတ်ရှုပ်ထွေးစေခဲ့သည်။

သို့သော် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင် မည်သည့်နေရာ ရောက်သွားသည် ကို မသိနိုင်သေးပေ။

သို့သော် အစ်ကိုချူယွန်နှင့် အတူရှိနေသည့်အကြောင်းကို သူ တွေးလိုက်သော အခါတွင် သူ၏စိတ်သည် ပို၍သက်တောင့်သက်သာ ရှိလာပါသည်။

ချူယွန်သည် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ ဤဝူဝမ်တောင်တန်း ဒေသတွင် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် အလွန်ရှားပါးပါသည်။ ထို့ကြောင့်၊ ရှေးဟောင်းတာအိုဆရာသခင်နှင့် အစ်ကိုချူယွန်တို့သည် အတူရှိနေသည့် အတွက် ပြဿနာတစ်စုံတစ်ရာရှိရန် အလွန်ခက်ခဲပါလိမ့်မည်။

ဟုတ်ပါသည်၊ ချင်ယွင်ကို အမှန်တကယ် စိတ်ချလက်ချဖြစ်စေသည်က ရှေးဟောင်းတာအို ဆရာသခင်၏ ဝိညာဉ်ကျောက်စိမ်းဆွဲသီးသည် နဂိုအတိုင်း ရှိနေပါသေးသည်။ ယင်းက သူ၏အသက်သည် အန္တရာယ်အတွင်း ကျရောက်ခြင်းမရှိဟု ဆိုလိုပါသည်။

"မေ့လိုက်ပါ၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို အပြီးသတ်နိုင် မယ့် နည်းလမ်းကို စဉ်းစားရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခုအချိန်ထိ, သူသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို မည်သို့ ပြီးမြောက်အောင် လုပ်ရမည်ဆိုသည်ကို မသိသေးပါဘူး။

သူသည် နတ်ဘုရားတစ်ပါးဖြစ်လာရန် ခြေတစ်လှမ်းသာ ဝေးကွာသော်လည်း၊ ချင်ယွင် အတွက်မူ, ဤအဆင့်သည် အလွန်မင်း ခဲခက်လွန်းပါသည်။ အဘယ့်ကြောင့်ဆိုသော်, သူ့မှာ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်, အဋ္ဌမအဆင့်၏ ကျင့်ကြံခြင်းပညာရပ် မရှိသောကြောင့် ဖြစ်ပါသည်။ ဤနည်းအားဖြင့်၊ သူသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း ၏ အဋ္ဌမအဆင့်သို့ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ချင်ယွင်အတွက် အချိန်သိပ်မကျန်တော့ပေ။ တစ်နှစ်လောက်သာ ကျန်ပါတော့သည်။

အကယ်၍ သူသည် ဤမစ်ရှင်ကို မပြီးမြောက်ပါက၊ လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်သို့ သူ ဝင်ရောက်နိုင်မည် မဟုတ်ပါ။

ချင်ယွင်က အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားလိုက်သည်။

အမှန်တကယ်တော့ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို သူ ဝင်ချင်ရသည့် အကြောင်းရင်းက လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်မှု နှင့် စွမ်းအားတွေကြောင့် မဟုတ်ပါ။

လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်တွင် လေဟာနယ်နှင့် အချိန် ဘိုးဘေး နတ်ဘုရားတစ်ပါးရှိကြောင်း တစ်ချိန်တုန်းက ဝိညာဉ်နတ်ဘုရားမသည် သ့းအား ပြောပြခဲ့ဖူးသည်။ ထိုပြိုင်ဘက်ကင်းကျွမ်းကျင်ပညာရှင်သည် အချိန်၏ဉပဒေသများကို ထိန်းချုပ်နိုင်ပြီး အတိတ်ကအရာအားလုံးကို နားလည်နိုင်စွမ်းရှိသည်။

ချင်ယွင်သည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သို့ ၀င်ရောက်လိုသည့် အကြောင်းရင်းမှာ သူသည် လေဟာနယ်နှင့် အချိန်ဘိုးဘေးနတ်ဘုရားကို တွေ့လိုပြီး၊ သူ၏မိဘများကို ရှာတွေ့ရာမှာ အကူညီတောင်းခံလိုသောကြောင့် ဖြစ်သည်။

ချင်ယွင်သည် သူ၏မိဘများ ပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်၍ အမြဲစိုးရိမ်နေခဲ့ပြီး၊ ၎င်းသည် သူ၏နှလုံးသားတွင် အကြီးမားဆုံးသော အနှောင်အဖွဲ့ကြီး ဖြစ်လာခဲ့သည်။

ချင်ယွင်သည် သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်ကို မုန်းတီးခဲ့ဖူး သည်။ သို့သော်, သူ၏ခမည်းတော်သည် သူ့ကို ကာကွယ်ရန်အတွက် ခါးသီးဖွယ် ရည်ရွယ်ချက်များဖြင့် သူ့ကို သေမျိုးကမ္ဘာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူ၏အဒေါ်ထံမှ ကြားသိရပြီးနောက် သူ၏စိတ်ထဲတွင် အမုန်းတရားများ ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်မှာတော့ သူသည် သူ့မိဘများ၏ နေရာထိုင်ရာနေရာကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့လိုသည်။ ထိုမှသာ, သူသည် လုံးလုံးလျားလျား စိတ်သက်သာရာ ရပါလိမ့်မည်။

ထိုအချိန်တုန်းက ချင်ယွင်သည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း သူ့မိဘများ၏ နေရာကို ရှာမတွေ့ခဲ့သေးပေ။ ထို့ကြောင့်၊ သူ၏မိဘများသည် နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာနိုင်သည်ဟု သူ ထင်ခဲ့သည်။

သို့သော်၊ နတ်ဘုရားကမ္ဘာသည် အလွန်ကြီးမားသောကြောင့် သူ၏မိဘများကို ရှာတွေ့ရန် မလွယ်ကူပေ။

ထို့ကြောင့်၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို ဝင်ရောက်ပြီး လေဟာနယ်နှင့် အချိန် ဘိုးဘေးနတ်ဘုရားကို အကူအညီ တောင်းခံခြင်းသည် ပညာအရှိဆုံး ရွေးချယ်မှု ဖြစ်သည်။

"ငါ လေဟာနယ်နဲ့အချိန် နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို ပြီးမြောက်စေရမယ်"။ ချင်ယွင် သည် သူ၏စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး၊ သူ၏ မျက်လုံးများသည် ဆုံးဖြတ်ချက်မီးလျှံများဖြင့် လင်းလက်တောက်ပနေပါသည်။

ဘန်း…။

သို့သော် ထိုအချိန်တွင် သူ၏ခေါင်းပေါ်မှ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ သည်။ ၎င်းသည် မြန်လွန်းသဖြင့် ဖျတ်ခနဲလင်းလက်သွားသည်ဟုပင် ဆိုနိုင်သည်။

ချင်ယွင် မော့ကြည့်လိုက်စဉ်မှာ ထိုရုပ်ရည်အသွင်ပြင်ကို တွေ့လိုက်ရသဖြင့်, အံ့သြသည့် အမူအရာက သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာပါသည်။

အဘယ်ကြောင့်ဆိုသော် ဤပုဂ္ဂိုလ်သည် ထိုအချိန်တုန်းက ထွက်ခွာသွားခဲ့သော ဝိညာဉ်နတ်ဘုရားမမှလွဲ၍ အခြားလူမဟုတ်သောကြောင့် ဖြစ်ပါသည်။

"ဒီလောက် အကွာအဝေးနီးနီးလေးကို ဘာလို့ ငါ့ကို မမြင်ရတာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

ဝိညာဉ်နတ်ဘုရားမ၏ စိတ်ဝိညာဉ်သည် ထူးထူးခြားခြား စွမ်းထက်သည်။ မြေကြီးပေါ်၌ ရပ်နေသည့် သူ့ကို မဆိုထားနှင့်, မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကိုပင် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည် ။

သို့ရာတွင်၊ ဝိညာဉ်နတ်ဘုရားမသည် သူ၏ဦးခေါင်းမှပေါ်မှ ပျံသန်းသွားစဉ် သူ့ကို မမြင်ခဲ့ပေ။ ယင်းက အချက်နှစ်ချက်သာ ဖြစ်နိုင်ချေရှိပါသည်။

တစ်ခုမှာ ဝိညာဉ်နတ်ဘုရားမသည် သူ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သော်လည်း၊ သူ့ကို အာရုံမစိုက်ချင်သည့်အတွက် မမြင်ချင်ဟန်ဆောင်နေခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ သူမသည် ချင်ယွင်ကို ရှာဖွေရန် အချိန်ပင်မရှိလောက်အောင်ပင် အလျင်လိုနေခြင်း ဖြစ်လောက်သည်။

ဝှီး….။

ထိုအချိန်တွင် ချင်ယွင်၏ ခေါင်းပေါ်မှ အခြားရုပ်အသွင်တစ်ခုက ပျံသန်းသွားပြန်သည်။ ၎င်း၏အမြန်နှုန်းသည်လည်း အလွန်လျင်မြန်ပြီး ဝိညာဉ်နတ်ဘုရားမနှင့် တူညီသော ဦးတည်ရာအရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

အရေးအကြီးဆုံးကတော့ ချင်ယွင်သည် ထိုရုပ်ရည်အသွင်ပြင်ကို မှတ်မိပါသည်။

အတိအကျဆိုရသော် ၎င်းသည် ကောင်းကင်ဘုံထွဋ်မြို့တော်မှ တင်းမျိုးနွယ်၏ ဒုတိယ သခင်လေးဖြစ်ပြီး၊ သူနှင့် ဝူဝမ်တောင်ထိပ်တွင် တွေ့ဆုံခဲ့ဖူးသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်သွားပြီး ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခုက သူ၏နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။

"မကောင်းတော့ဘူး၊ ဒီတင်းမျိုးနွယ်ရဲ့ ဒုတိယသခင်လေးက ဝိညာဉ်နတ်ဘုရားမ နောက်ကို လိုက်နေတာ ထင်ရှားတယ်။ အစောပိုင်းက သူမဟာ ငါ့ကို မတွေ့တာ မဟုတ်ဘူး။ သူမက ငါ့ကို ရှာတွေ့ခဲ့ပေမယ့် ပြဿနာထဲ ငါ့ကို ဆွဲခေါ်မိမှာစိုးလို့ မမြင်ချင်ယောင် ဆောင်သွားတာပဲ" ချင်ယွင်သည် ချက်ချင်းပင် ကျိုးကြောင်းဆီလျှော်စွာ တွေးတောလိုက်ပြီး၊ သူ၏မျက်ခုံးများက အဆုံးစွန်ထိ တွန့်သွားခဲ့သည်။

ဝူဝမ်တောင်ထိပ် ပြိုကျပြီးကတည်းက ချင်ယွင်သည် ဤအနက်ရောင်ဝတ် လူငယ်ကို တစ်ခါမျှ မမြင်တွေ့တော့ပေ။ သူသည် ဝိညာဉ်နတ်ဘုရားမ နောက်သို့ အမှန်တကယ် လိုက်နေမည်ဟု ချင်ယွင် မမျှော်လင့်ထားပေ။

"မဟုတ်ဘူး၊ ငါ သူ့ကို ဝိညာဉ်နတ်ဘုရားမကို သတ်ဖြတ်မှာကို လုံးဝ ခွင့်မပြုနိုင်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့်၊ ဝိညာဉ်နတ်ဘုရားမနှင့် တင်းမျိုးနွယ်၏ ဒုတိယသခင်လေးတို့ ပျံသန်းသည့် လမ်းကြောင်းဆီသို့ အသည်းအသန် ပြေးသွားခဲ့သည်။

ချင်ယွင်က သူသည် တင်းမျိုးနွယ်စု၏ ဒုတိယသခင်လေးနှင့် မယှဉ်နိုင်မှန်း သိသော်လည်း၊ သူသည် ဝိညာဉ်နတ်ဘုရားမ၏ လုံခြုံရေးကို လျစ်လျူရှုမည် မဟုတ်သည်မှာ သေချာပါ သည်။ အဆုံးတွင်၊ လက်ရှိဝိညာဉ်နတ်ဘုရားမသည် ရှရှန်းယု၏ အင်မော်တယ် စိတ်ဝိညာဉ်နှင့် အတူတကွ ပေါင်းစပ်ထားသူ ဖြစ်သည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားသာ သေဆုံးသွားမည်ဆိုလျှင်, ရှရှန်းယုလည်း သေရလိမ့် မည်။ ဤအရာက ချင်ယွင် လုံးဝ ခွင့်မပြုနိုင်တဲ့ ကိစ္စဖြစ်သည်။

ချင်ယွင်၏ နတ်ဘုရားတန်ခိုးစွမ်းအား အားလုံးကို သူ၏ခြေထောက်များပေါ်တွင် ဖြန့်ကျက်ထားပြီး သူ၏ အမြန်နှုန်းသည် အဆုံးစွန်ထိ တိုးမြင့်လာခဲ့သည်။ သူဖြတ်သန်း သွားသည့် နေရာတိုင်းတွင် ဖုန်မှုန့်အလွှာတစ်ခုသာ ကျန်ရစ်နေခဲ့သည်။

သို့သော်၊ အဆုံးတွင်, သူသည် မပျံသန်းနိုင်ခဲ့ပေ။ သူ၏အမြန်နှုန်းသည် ပျံသန်းနေသော ဝိညာဉ်နတ်ဘုရားမနှင့် အခြားလူထက် အဆပေါင်းများစွာ နိမ့်ကျနေသောကြောင့် သူတို့၏ပုံရိပ်များသည် အလွန်လျင်မြန်စွာဖြင့် ချင်ယွင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ သည်။

"လခွမ်း… ၊ တကယ်လို့ ငါသာ ပျံသန်းနိုင်ခဲ့ရင်ကွာ" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ပျံသန်းတာလား…?

ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး သူ၏နောက်ကျောမှ အတောင်ပံကြီးတစ်ခု ထွက်လာပါသည်။

"ငါ ဒီစွမ်းရည်ကို အသုံးမပြုတာတောင် တော်တော်ကြာခဲ့ပြီပဲ။ ငါ ဒါကို မေ့တောင်မေ့နေ ပြီ။" ချင်ယွင်သည် စိတ်နှလုံးထဲတွင် ပျော်ရွှင်စွာဖြင့် တိတ်တဆိတ် ပြောလိုက်သည်။

သူသည် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ပြီးကတည်းက နဂါးတောင်ပံများကို နောက်တစ်ကြိမ် အသုံးပြုခဲလှသည်။ ထို့ကြောင့် သူသည် ဤစွမ်းရည်ကို မေ့သွားခဲ့သည်။

ယခု သူသည် ဝိညာဉ်နတ်ဘုရားမနှင့် အခြားလူတို့ ပျံသန်းသွားသည်ကို မြင်သောအခါ၊ ချင်ယွင်သည် သူ့မှာ တောင်ပံတစ်စုံ ရှိနေသေးကြောင်း သတိရမိသည်။

"အခုချက်ချင်းပဲ, ငါ မင်းတို့ကို လိုက်မမီနိုင်ဘူးလို့ မယုံဘူး။" ချင်ယွင်က တိတ်တဆိတ် ခက်ထန်စွာ ပြောလိုက်သည်။ ထို့နောက် ချင်ယွင်သည် သူ၏နဂါးတောင်ပံများထဲသို့ အမှောင်ထုစွမ်းအင်ကို တိုက်ရိုက် လောင်းထည့်လိုက်သည်။

ဝှီး….။

ချင်ယွင်၏ အမြန်နှုန်းသည် ရုတ်တရက် အလွန့်လွန် မြန်ဆန်လာခဲ့သည်။ သူ၏ အမြန်နှုန်း သည် ယခင်က ပျံသန်းသွားသည့် ဝိညာဉ်နတ်ဘုရားမ၊ အနက်ရောင်ဝတ်လူငယ်တို့နှင့် ယှဉ်လျှင် အနည်းငယ်ပင် မြန်နေသေးသည်။

"ဟား.. ဟား…၊ ပျံသန်းရတာ တကယ်ကို ကောင်းတာပဲ။ ရှန်းယု၊ မင်း ငါ့ကို စောင့်နေရ မယ်" ချင်ယွင်သည် သူ၏နားရွက်ဘေးမှ လေတိုက်သံကို ခံစားလိုက်ရပြီး သူ့နှလုံးသား သည် ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်သွားသည် ။

သူ၏အတောင်ပံခတ်သံနှင့်အတူ သူ၏အမြန်နှုန်းက နောက်တကြိမ် တဟုန်ထိုး မြင့်တက်သွားပြန်သည်။

All Chapters