← Chapters

အခန်း ၁၁၄၆

Vol. 77 Ch. 1146

အခန်း ၁၁၄၆

Vol. 77 Ch. 1146

အခန်း (၁၁၄၆) ဝိညာဉ်နတ်ဘုရားမ၏အန္တရာယ်။

ဝူဝမ်တောင်တန်းဒေသသည် အလွန်မင်းဝေးလံသော တောင်တန်းဒေသတစ်ခု ဖြစ်ပါသည်။

ပုံရိပ်နှစ်ခုသည် လေထဲသို့ လျင်မြန်စွာ ဖြတ်သန်းသွားနေကြသည်။ နောက်မှ လိုက်ပါလာ သည့် ပုံရိပ်သည် ရုတ်တရက် အရှိန်မြင့်တက်လာခဲ့ပြီး သူ၏ရှေ့မှ ပုံရိပ်ကို တိုက်ရိုက် ဖြတ်ကျော်သွားကာ ထိုလူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ပါသည်။

ဤလူနှစ်ဦးသည် အစောပိုင်းက ချင်ယွင်၏ ဦးခေါင်းထက်မှ ပျံသန်းသွားခဲ့သော ဝိညာဉ်နတ်ဘုရားမနှင့် တင်းမျိုးနွယ်၏ ဒုတိယသခင်လေးမှလွဲ၍ အခြားလူများ မဟုတ်ကြပေ။

"ကျိုးလင်, မင်း ဘယ်ကို ထွက်ပြေးနေတာလဲ" တင်းချန်သည် ပြန်လှည့်ကြည့်ကာ ဝိညာဉ်နတ်ဘုရားမကို လှောင်ပြောင်ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် ဆော့ကစား လိုသည့် အမူအရာ အပြည့်ရှိနေသည်။

ထိုအချိန်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားပြီး သူမ၏ အမူအရာက အလွန်ကြည့်ရဆိုးနေသည်။ သူမ၏ပါးစပ်ထောင့်စွန်းမှာ သွေးစသွေးနများ ခိုတွဲနေပုံရသည်။ သူမသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည်မှာ ထင်ရှားပါသည်။

"ရိုင်းစိုင်းလိုက်တာ၊ ကျိုးလင်ဆိုတဲ့နာမည်က မင်း ငါ့ကို ခေါ်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းအဖေတောင် ငါ့ကို ဒီလို ခေါ်ဝံ့မှာ မဟုတ်ဘူး”။ ဝိညာဉ်နတ်ဘုရားမက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော် လည်း သူမ၏စကားများသည် ပြင်းထန်သော တန်ခိုးအရှိန်ဝါကို ထုတ်လွှတ်နေဆဲဖြစ်ပြီး လူအများ၏စိတ်နှလုံးကို ကြောက်ရွံ့ထိတ်လန့်စေနိုင်သည်။

ထိုစကားကို ကြားတော့ တင်းချန်၏ နှလုံးက တစ်ချက်တုန်လှုပ်သွားသော်လည်း၊ မကြာခင်မှာပင်, အေးစက်သည့်အပြုံးတစ်ခုက သူ၏မျက်နှာမှာ ပေါ်လာပါသည်။

"တကယ်လို့, မင်းအနေနဲ့ အရင်တုန်းက ဝိညာဉ်နတ်ဘုရားမ ဖြစ်နေသေးတယ် ဆိုရင်တော့ ငါ ကြောက်နေဉီးမှာပါ။ ဒါပေမယ့် အခု မင်းရဲ့ခွန်အားက ကြယ်နတ်ဘုရား အလတ်လတ်အဆင့် ဝန်းကျင်မှာပဲ ရှိနေတယ်။ မင်းက ငါနဲ့တန်းတူပါပဲ။ အခု မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေတယ်။ မင်း ပြောကြည့်ပါ။ ငါက မင်းကို ကြောက်နေဦးမယ် လို့ မင်းထင်လား?”။ တင်းချန်သည် ရွှင်မြူးသော အမူအရာဖြင့် ဝိညာဉ်နတ်ဘုရားမကို ကြည့်ရင်း ရယ်မောလိုက်သည်။

သူ၏မျက်လုံးတစ်စုံ ဝိညာဉ်နတ်ဘုရားမ၏ လှပသောကိုယ်ခန္ဓာကိုပင် အပေါ်အအောက် စုံချည်ဆန်ချည် ကြည့်နေခဲ့သည်။

ဝိညာဉ်နတ်ဘုရားမသည် ဤစကားကိုကြားသောအခါ၊ သူမ၏မျက်ခုံးများသည် အနည်းငယ် ကော့သွားခဲ့ပြီး၊ သူမ၏မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒက ထွက်ပေါ်လာခဲ့သည်။

"တကယ်လို့ မင်း နောက်တစ်ကြိမ် ပြန်ကြည့်ဝံ့ရင်, မင်းရဲ့ခွေးမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်လို့ ငါ ကတိပေးတယ်။" ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ အော်ပြောလိုက်ပြီး၊ သူမ၏မျက်လုံးထဲမှ သတ်ပစ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာခဲ့သည်။

'"ဟား…၊ ဟား…..။ ငါ့ရဲ့ခွေးမျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်စမ်းပါ။ ကျိုးလင်, မင်းက သိပ်နုံအလွန်းတယ် မဟုတ်လား”။ အခု မင်းက အတိတ်တုန်းကလို ဒီကမ္ဘာကြီးမှာ ကြီးစိုးနိုင်တဲ့ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားတစ်ပါးလို့ ထင်နေသေးတာလား?။ အခု မင်းရဲ့အခြေနေမျိုးနဲ့ဆို, ငါ မင်းကို လက်တစ်ဖက်တည်းနဲ့တောင် အနိုင်ယူနိုင်တယ်။ ငါ့မျက်လုံးတွေကို ဖောက်ထုတ်နိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား?။” တင်းချန် က ကျယ်လောင်စွာ ရယ်မောပြီး သူ၏မျက်လုံးတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။

ဝိညာဉ်နတ်ဘုရားမသည် ဤစကားကိုကြားသောအခါ၊ သူမ၏မျက်ခုံးများသည် ပို၍ပင် တွန့်လာခဲ့သည်။

"မင်းက တင်းချန်, ဟုတ်တယ်မဟုတ်လား?။ ငါတို့အားလုံးက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က ဖြစ်တယ်ဆိုတာ မမေ့နဲ့နော်။ မင်း ငါ့ကို မရိုမသေ ပြုမူဝံ့ရင်၊ မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က မင်းကို သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဒီအချိန်ရောက်ရင်, မင်းအဖေတောင် မင်းကို ကာကွယ်ပေးနိုင် မှာ မဟုတ်ဘူး။” ဝိညာဉ်နတ်ဘုရားမက ခြိမ်းခြောက်လိုက်သည်။

သို့သော် တင်းချန်သည် ထိုစကားကိုကြားသောအခါတွင် သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

"ကျိုးလင်, ကြည့်ရတာ, မင်းရဲ့ဒဏ်ရာက ပေါ့သေးသေး မဟုတ်ဘူးထင်တယ်။ တကယ်လို့ အတိတ်တုန်းကသာ တစ်စုံတစ်ယောက်က မင်းကို အခုလိုမျိုး လှောင်ပြောင်ဝံ့တယ်ဆိုရင်, မင်းအနေနဲ့ သူ့ကိုသတ်ပြီးသား ဖြစ်နေလိမ့်မယ်။ အခုချိန်ထိ ဘယ်လိုလုပ် အဓိပ္ပာယ်မဲ့ စကားတွေ ပြောနိုင်မှာလဲ။ မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က ငါ့ကို ရှာဖွေတွေ့ရှိသွားမယ့်ကိစ္စနဲ့ ပတ်သက်ရင်တော့, ဟမ့်, ငါ ဘယ်နေရာမှာ ရောက်နေလဲဆို တာ မင်း မြင်ဖို့မလိုအပ်တော့ဘူးလေ။ ဒီနေရာမှာ လူနည်းနည်းလေးပဲ ရှိတယ်။ တကယ်လို့, ငါ မင်းကို တကယ်ပဲ တစ်ခုခုလုပ်ခဲ့ရင်တောင်, အလောင်းကို ဖျောက်ဖျက်ပြီး၊ လမ်းကြောင်းတွေအားလုံးကို ဖျက်ဆီးခဲ့မှာဖြစ်လို့, ငါလုပ်ခဲ့တာကို ဘယ်သူက သိတော့မှာ လဲ။" တင်းချန်က လှောင်ပြောင်ပြီး သူ၏အမူအရာက ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ဝိညာဉ်နတ်ဘုရားမ၏ လှပသော မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူမ၏ ခန္ဓာကိုယ်မှ စူးစူးရဲရဲ ထွက်ပေါ်လာသည်။

သို့သော်, သူမသည် သူမ၏ နတ်ဘုရားတန်ခိုးကို အသုံးပြုတော့မည့်အခိုက်မှာပင်, သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ချက်ချင်း ဆွဲဆန်သလိုဖြစ်ပြီး၊ သူမ၏ပါးစပ် ထောင့်စွန်းမှ လတ်ဆတ်သောသွေးများ စီးကျလာသည်။

“သောက်ပြဿနာပဲ။ တကယ်လို့, စောစောကသာ ကြိုသိခဲ့ရင်၊ ငါ အဲဒီရှေးဟောင်း နယ်မြေကို သိမ်းပိုက်မှာ မဟုတ်ပါဘူး။” ဝိညာဉ်နတ်ဘုရားမသည် သူမ၏ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ အခုအချိန်မှာ, သူမသည် သူမ၏ နတ်ဘုရားတန်ခိုးကို လုံးဝ အသုံးမချနိုင်သေးပါဘူး။ သူမ နတ်ဘုရားတန်ခိုးကို အသုံးပြုလိုက်သည့် အခိုက်အတန့်မှာ ပင် သူမခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများသည် ပေါက်ထွက်လာပါလိမ့်မည်။

"ဟား..၊ ဟား…၊ ကျိုးလင်, ကျိုးလင်..၊ "ကြည့်ရတာ, မင်းရဲ့ဒဏ်ရာတွေက ငါထင်ထားတာထက်တောင် ပိုပြင်းထန်နေပုံရတယ်။ ကြည့်ရတာ, ဒီနေ့ ငါတင်းချန်တော့ ကောင်းချီးပေးခံရပြီနဲ့တူတယ်။ နောက်ဆုံးမှာတော့ မင်းဆိုတဲ့ ကျိုးလင်းက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်မှာ နံပါတ်တစ်အလှပိုင်ရှင်တစ်ယောက်ပဲ။ မင်းရဲ့ ဆွဲမက်ဖွယ်အလှကလည်း ယခင်အတိုင်းပဲ။ ဒါကပဲ မင်းကို လူတွေ မချစ်ဘဲမနေနိုင်အောင် ဖြစ်စေခဲ့တယ်။ မင်း မစိုးရိမ်ပါနဲ့။ မင်း ငါ့ရဲ့မိန်းကလေးအဖြစ်နေပြီး ငါ့ကို လိုက်လျော ညီထွေ ပြုစုပေးတာနဲ့, ငါက မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်ပါတယ်။” တင်းချန်က ဝိညာဉ်နတ်ဘုရားမ၏ အမူအရာကို ကြည့်ရင်း၊ သူ၏ စကားများသည် ပို၍ပင် အထိန်းအကွပ်မဲ့လာခဲ့သည်။

"ဟမ့်၊ ဒီနေ့ ငါဝိညာဉ်နတ်ဘုရားမ သေဆုံးခဲ့ရင်တောင်, မင်းလိုလူတစ်ယောက်ကို ငါ့ခန္ဓာကိုယ်ကို ညစ်ညမ်းစေခွင့် မပြုနိုင်ဘူး။" ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ပြောပြီး သူမ၏လေသံက စိတ်ပိုင်းဖြတ်မှု သဲလွန်စကို သယ်ဆောင်လာသည်။

ဘန်း…။

သူမလက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်မှ လူပေါင်းများစွာ ကို ထိတ်လန့်သွားစေလောက်သည့် ပြင်းထန်သော ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက် သည်။

'ဟမ့်၊ မင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတာနောင် ငါ့ကို အနိုင်ယူနိုင်ဉီးမယ် ဆိုတာ ငါ မယုံဘူး။ မင်း ငါ့ကို အညံ့မခံမချင်း ငါ မင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ မင်း စောင့်ကြည့်လိုက်ဦး။ ငါ မင်းကို အော်ငိုအောင်လုပ်ပြီး သေချာပေါက် ဒူးထောက် တောင်းပန်စေရမယ်။” ဝိညာဉ်နတ်ဘုရားမ၏ မသိနားမလည်မူကို မြင်သောအခါ၊ တင်းချန်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး၊ ဝိညာဉ်နတ်ဘုရားမကို လှမ်းကြည့်ရင်း, သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။

ဝှီး…။

ပြင်းထန်သော နတ်ဘုရားတန်ခိုးက ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ တင်းချန်၏ ရုပ်အသွင်သည် ပျောက်ကွယ်မသွားခင် ဖျတ်ခနဲ တောက်ပသွားသည်။

ဝိညာဉ်နတ်ဘုရားမသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ တင်းချန်၏ အရှိန်အဟုန်ဖြင့်ဆို သူမ၏ လက်ရှိအင်အားနှင့် အခြေအနေအရ တစ်ဖက်လူ၏ တည်နေရာကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲလှသည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ ဝိညာဉ်နတ်ဘုရားမသည် သူမဘယ်ဘက်မှ အားကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်။

ဝိညာဉ်နတ်ဘုရားမသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ၊ ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး၊ သူမဘယ်ဘက်ခြမ်းကို တိုက်ခိုက်ရန် သူ၏ နတ်ဘုရားတန်ခိုးကို အသုံးပြုလိုက်သည်။

ဓားအလင်းသည် ထူးထူးခြားခြား ထက်ရှလှသည်။ တခဏအတွင်းမှာ၊ ၎င်းသည် လေဟာနယ်ကို ဖြတ်သန်းပြီး ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးနှင့် အပြင်းအထန် တိုက်မိသွားသည်။

နတ်ဘုရားတန်ခိုးသည် ပေါက်ကွဲသွားပြီး ပြင်းထန်သော သက်ရောက်မှုတစ်ခု ဖြစ်ပေါ်လာ သည်။ သို့သော်၊ တင်းချန်၏ ရုပ်အသွင်သည် ဘယ်ဘက်တွင် မဟုတ်ကြောင်း ဝိညာဉ်နတ်ဘုရားမသည် တွေ့ရှိသွားခဲ့သည်။

"မကောင်းတော့ဘူး…”။

ဝိညာဉ်နတ်ဘုရားမသည် သူမနှလုံးသားထဲတွင် ချက်ချင်း အော်ဟစ်လိုက်ပြီး၊ ပြင်းထန်ပြီး ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုက သူမနှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"ဟမ့်၊ သေချာတာပေါ့၊ မင်းရဲ့တုံ့ပြန်မှုက နည်းနည်းလေး နှေးနေတယ်။ ဒီလှည့်ကွက်လေး ကတောင် မင်းကို လှည့်စားနိုင်ခဲ့တယ်။” ထိုအခိုက်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏နားထဲတွင် အေးစက်သော အော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် တင်းချန်၏ ရုပ်အသွင်သည် သူမရှေ့တွင် ပေါ်လာပြီးဖြစ်ကြောင်းကို သူမသည် အံ့သြတကြီး တွေ့လိုက်ရပါသည်။

“ဘုန်း…”။

တင်းချန်သည် ချက်ချင်းပင် တိုက်ခိုက်လိုက်ပြီး ဝိညာဉ်နတ်ဘုရားမ၏ ဝမ်းဗိုက်ထဲသို့ သူ၏လက်သီးကို ထိုးလွှတ်လိုက်သည်။

ဝိညာဉ်နတ်ဘုရားမသည် ပြင်းထန်စွာ ဒဏ်ရာရနေခဲ့ပြီး ဖြစ်ကာ၊ ယခုအချိန်တွင် သူ၏ လက်သီး၏ ပြင်းထန်စွာ ထိုးနှက်ခြင်းကို ခံလိုက်ရကာ၊ သူမ၏ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန် လွင့်သွားခဲ့သည်။

သူမ၏ လှပသော ခန္ဓာကိုယ်သည် လေထဲတွင် ဝှေ့ဝိုက်ကာ အဝေးမှ တောင်ထိပ်တစ်ခု ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ထိုတောင်ထိပ်သည် ကွဲအက်သွားပြီး၊ ဝိညာဉ်နတ်ဘုရားမ၏ နောက်ထပ် သွေးတလုတ် အန်ထုတ်လိုက်ရကာ၊ သူမ၏အငွေ့အသက်က ပို၍ပင် ညှိုးနွမ်းသွားလေသည်။

"ဟား…၊ ဟား…၊ ကျိုးလင်၊ ကျိုးလင်၊ တစ်နေ့, မင်း ငါ့လက်ထဲ ကျရောက်လာဖို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဒီနေ့, မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်ဖြစ်တဲ့ မင်းက ဘယ်လိုအရသာရှိလဲဆိုတာ ငါ မြည်းကြည့်စမ်းချင်ဘိ။" တင်းချန်က စိတ်အားထက်သန်စွာ ရယ်မောပြီး ဝိညာဉ်နတ်ဘုရား၏ရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

ဝိညာဉ်နတ်ဘုရားမသည် ဆက်လက် တိုက်ပွဲဝင်လိုသော်လည်း၊ ယခုအချိန်တွင် သူမသည် သူမ၏ နတ်ဘုရားတန်ခိုးကို မစုစည်းနိုင်တော့သည့်အတွက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ ကြောင်း သူမ တွေ့ရှိခဲ့သည်။

"သေစမ်းပါ…။ ငါ တကယ်ပဲ ဒီနေရာမှာ သေရတော့မှာလား?”။ ဝိညာဉ်နတ်ဘုရားမသည် သူမ၏စိတ်နှလုံးထဲတွင် ကျိန်ဆဲလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများမှ တစ်ဆင့် စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာကာ သူမ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ပြင်ဆင်နေသည်။

"ဟမ့်၊ မင်းရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးဖို့က ဒီလောက် မလွယ်ဘူး" ကောင်းကင်ယံတွင် ရှိနေသည့် တင်းချန်သည် ဝိညာဉ်နတ်ဘုရားမ၏ ရည်ရွယ်ချက်များကိုပင် သဘာဝကျကျ မြင်တွေ့နိုင်သည်။ သူ၏တစ်ကိုယ်လုံးသည် နတ်ဘုရားတန်ခိုးဖြင့် ပျံ့နှံ့သွားပြီး၊ သူသည် ဝိညာဉ်နတ်ဘုရားမထံ စတင်ပြေးသွားခဲ့သည်။

ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများသည် လုံးဝ ပြတ်သားမူရှိနေပြီး၊ သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ မထီမဲ့မြင်ပြုဟန်အပြုံးက ထွက်ပေါ်လာသည်။

"ငါမသေခင်မှာ ငါ တွေးနေတဲ့လူကို တကယ်ပဲ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။ ဒါက ဘယ်လိုလှောင်ပြောင်မူမျိုးလဲ”။ ဝိညာဉ်နတ်ဘုရားမသည် သူ၏စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

ထို့နောက် သူမ၏စိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် လျင်မြန်သော အလင်းတန်းတစ်ခုသည် အဝေးမှ တင်းချန်ဆီသို့ ပြေးဝင်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု သည် လေဟာနယ်ကို ချက်ခြင်း ဖြတ်သန်းသွားကာ တင်းချန်၏ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဖြတ်သွားသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ နားထဲတွင် အလွန်ဂုဏ်သိက္ခာရှိသော အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။

"မင်း သူမကို ထိဝံ့ရင် မင်းရဲ့ဆံမျှင်တစ်ချောင်းပါမကျန် အပိုင်းပိုင်း ဖြတ်မယ်။”

သူ၏အသံသည် လွှမ်းမိုးကြီးစိုးလွန်းပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည်။

All Chapters