← Chapters

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အခန်း (၁၁၄၈) ဓားလှိုင်း..။

"ဓားစွမ်းအားလား…”။ မင်းရဲ့ဓားစွမ်းအားနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေတာ လား?။ ဝူဝမ်ဓားသိုင်းသာ မရှိရင် မင်းရဲ့ဓားစွမ်းအားက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်မှာ မဟုတ်ဘူး။” တင်းချန်သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားအငွေ့အသက် ကို ကြည့်ပြီး အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။

သူ၏အမြင်အရဆို, ချင်ယွင်သည် ဓားစွမ်းအားကို နားလည်ထားရင်ရော ဘာဖြစ်သွား မှာလဲ?။ ဓားစွမ်းအားသည် ဓားသိုင်းပညာရပ်ကို ပို၍ကြီးမားသော စွမ်းအားကို ပြသနိုင်ရန် အတွက်သာ လုပ်ဆောင်ပေးနိုင်ပါသည်။ အစွမ်းထက်သော ဓားကွက်များနှင့် အကြွင်းမဲ့ ခွန်အားမရှိဘူးဆိုလျှင်, ဓားစွမ်းအားတစ်ခုတည်းက အရေးကြီးသည့် အခန်းကဏ္ဍတွင် အနည်းငယ်မျှ ပါဝင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့်၊ ချင်ယွင်၏ ဓားဖြင့် တိုက်ခိုက်ခြင်းသည် သူ၏မျက်လုံးထဲတွင် ဟာသတစ်ခု ထက် ဘာမှမပိုပေ။

"ဝူဝမ်တောင်ထိပ်မှာ ငါရခဲ့တာက ဓားစွမ်းအားလို့ မင်း တကယ်ထင်နေတာလား?” ချင်ယွင်က ပြုံးရင်း ပြောလိုက်သည် ။

သူစကားပြောပြီးသည်နှင့် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားသည် လှည့်ပတ်သွား ပြီး၊ ထက်ရှသည့် ဓားစွမ်းအင်လှိုင်းလုံးကြီးက ရုတ်တရက် လွတ်ထွက်သွားသည်။ လှိုင်းလုံးကြီးများ ဖြတ်သန်းသွားသော သစ်ပင်များနှင့် ကျောက်တုံးများသည် ဤကြောက်မက်ဖွယ် ကောင်းသော ဓားအငွေ့အသက်ကြောင့် ပျက်စီးသွားကြသည်။

ဓားတာအို၏ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားလှိုင်းလုံးကြီးသည် အနှိုင်းမဲ့ အစွမ်းထက်သော ဓားအငွေ့အသက်ဖြင့် ရောနှောကာ လူတိုင်းကို သူတို့၏နှလုံးသား အောက်ခြေမှ တုန်လှုပ်သွားစေနိုင်သည်။

"ဟင်၊ ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ?။ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ?။ တင်းချန်သည် ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားမှ ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် ဓားစွမ်းအား လှိုင်းလုံးကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ပေါ်လွင်စေသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏လက်ထဲရှိ ဓားပေါ်တွင်ပါရှိသော ပြင်းထန်သော ဓားစွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး၊ ၎င်းသည် အမူအရာဖြင့်သာ လုပ်ဆောင်ပြခြင်း ဖြစ်သည်။ ၎င်းသည် အစစ်အမှန် ဓားဖြင့် လှုပ်ရှားခြင်း မဟုတ်သေး ပါဘူး။ အကယ်၍, အစစ်အမှန် ဓားသာ လှုပ်ရှားခဲ့မည်ဆိုလျှင်, ၎င်းသည် ပို၍ပင် အားကောင်းလာမည် ဖြစ်သည်။

"ဒါက ဝူဝမ်ဓားသိုင်း ဖြစ်နိုင်မလား?။ ဝူဝမ်ဓားသိုင်းကို မင်း တကယ် နားလည်သွားပြီ လား?”။ တင်းချန်သည် မျက်လုံးများကို ပြူးကျယ်ဖွင့်ကာ ပြောလိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း မယုံနိုင်လောက်သည့် အမူအရာ ပေါ်လာပါသည်။

ဝိညာဉ်နတ်ဘုရားမသည်လည်း အံ့သြသွားဟန် အမူအရာကို ဖော်ပြလာခဲ့ပါသည်။ ဝူဝမ်ဓားသိုင်းသည် နတ်ဘုရားကမ္ဘာမှာပင် အလွန်ကျော်ကြားခဲ့ပြီး ၎င်းသည် ဓားတာအို၏ အမြင့်ဆုံးအဆင့် နတ်ဘုရားစွမ်းရည်များနှင့် သက်ဆိုင်ပါသည်။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူမသည် ၎င်းကို မည်သို့ မကြားဖူးဘဲရှိမည်နည်း?။

သို့သော်လည်း ချင်ယွင်သည် နတ်ဘုရားကမ္ဘာတွင် မည်မျှကြာကြာ နေခဲ့ပြီးပြီလဲ?။ ဝူဝမ်ဓားသိုင်းကို နားလည်နိုင်ရန် နှစ်သန်းပေါင်းများစွာ အချိန်ယူ ဆင်ခြင်ခဲ့ကြသည့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူပေါင်း မည်မျှများပြားစွာ ရှိနေမည်နည်း?။ အကယ်၍, ဤအကြောင်းကို ပြောပြလိုက်မည်ဆိုလျှင်, နတ်ဘုရားကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားစေ မည်မှာ သေချာပါသည်။

"မှန်ပါတယ်၊ ဝူဝမ်တောင်ထိပ်မှာ ငါရရှိခဲ့တဲ့အရာက ဝူဝမ်ဓားသိုင်းရဲ့ ဓားစွမ်းအားတင် မကဘူး၊ ဝူဝမ်ဓားသိုင်းရဲ့ ဓားသိုင်းကွက်ကိုလည်း ကျွမ်းကျင်ခဲ့တယ်။" ချင်ယွင်က အေးစက်စက် ပြောလိုက်ပြီး သူ၏လေသံက ထူးထူးခြားခြား လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။

သူ၏အသံသည် အဆုံးတုန်ခါနေသည့် ဓားအော်သံနှင့်ပင် ပို၍တူနေသည်။

ထိုအသံနားထဲသို့ ဝင်ရောက်လာသောအခါတွင် နားစည်ကို ထိုးဖောက်တော့မည့် အတိုင်း ခံစားလိုက်ရသည်။

"ဘယ်လောက်တောင်မှ ပြင်းထန်လိုက်တဲ့ ဓားဆန္ဒလဲ?။ တကယ်ပဲ ဓားဆန္ဒနဲ့အတူ ဆက်သွယ် ပြောဆိုနိုင်တာလား?” ဒီဝူဝမ်ဓားသိုင်းက တကယ်ကို ကြောက်စရာ ကောင်းတာပါလား?။" ဝိညာဉ်နတ်ဘုရားမက သူ့မကိုယ်သူမ ထိတ်လန့်တကြား ရေရွတ်မိ သည်။

တင်းချန်၏ မျက်ခုံးများသည် တွန့်သွားခဲ့ပြီး၊ သူ၏မျက်နှာသည် လေးနက်လာပါသည်။

သူ၏ရှေ့မှာရှိနေသည့် ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းမျှသာ ဖြစ်သော်လည်း၊ အစောပိုင်း ချင်ယွင်အသုံးပြုခဲ့သော အထူးစွမ်းအင်မှတဆင့် သူသည် အစောပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကိုပင် ခြိမ်းခြောက်ရန် လုံလောက်နေသည်ကို တွေ့မြင်နိုင်ပါသည်။

တင်းချန်ပင်လျှင် သူ၏ရှေ့ရှိ ချင်ယွင်ကို အနိုင်ယူနိုင်မည်ဟု အာမခံဝံ့ခြင်း မရှိတော့ပေ။

တစ်ချိန်တုန်းက၊ ဝူဝမ်ဓားသိုင်း၏ အသေးစားအောင်မြင်မှုအအဆင့်ကို နားလည်ခဲ့သော အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိခဲ့ဖူးပြီး၊ သူသည် ဤအစွမ်းထက်သော ဓားသိုင်းပညာကို တိုက်ရိုက် အသုံးပြုကာ အလယ်လတ်အဆင့်ရှိ မြေကမ္ဘာနတ်ဘုရားတစ်ပါးကို သတ်ပစ်ခဲ့ဖူးသည်။ ထိုမှတဆင့် ဤဝူဝမ်ဓားသိုင်းသည် မည်မျှ အစွမ်းထက်သည်ကို တွေးကြည့်နိုင်ပါသည်။

သို့သော် တင်းချန်သည် ကြောက်ရွံ့သည့်အဆင့်သို့ မရောက်ရှိသေးပါဘူး။ ချင်ယွင်သည် ဝူဝမ်ဓားသိုင်းကို ကျွမ်းကျင်ခဲ့သော်လည်း, အချိန်တိုအတွင်းမှာ နားလည်ခဲ့ခြင်း ဖြစ်သောကြောင့်, ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၏ စစ်မှန်သောစွမ်းအားကို ပြသနိုင်မည်ဟု သူ မယုံကြည်ပေ။

"ဟမ့်၊ မင်းက ဝူဝမ်ဓားသိုင်းရဲ့ ဓားသိုင်းကွက်ကို ဆုပ်ကိုင်ထားနိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲ?။ ဝူဝမ်ဓားသိုင်းက အနှိုင်းမဲ့ လေးနက်လွန်းတယ်။ ဝူဝမ်ဓားသိုင်းကို အခုမှ နားလည်ထားတဲ့ လူတစ်ယောက်အနေနဲ့ မင်းက ဝူဝမ်ဓားသိုင်းရဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်း ကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိမှာတောင် ငါ စိုးရိမ်မိတယ်”။ တင်းချန်က အေးစက်စွာ ပြောလိုက်သည်။

သူစကားပြောနေစဉ်တွင် သူ၏မျက်လုံးများထဲတွင် အစွန်းရောက်သည့် အရိပ်အယောင် ပေါ်လာသည်။

သူသည်လည်း ဓားသမားတစ်ဦး ဖြစ်ပါသည်။ သူ့အတွက်၊ ဝူဝမ်ဓားသိုင်းသည် မြင့်မြတ်လှသော ရတနာတစ်ခုဟု ယူဆနိုင်ပါသည်။ ယခု ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၏ ဓားသိုင်းကွက်များကို ကျွမ်းကျင်လာသောကြောင့်၊ သူသည် မည်သို့လျှင် သွေးဆောင်မှု မခံရဘဲ နေမည်နည်း?။

ယခုအချိန်တွင်, သူသည် ချင်ယွင်အား ထွက်ပြေးလွတ်မြောက်ခွင့် သေချာပေါက် ပေးမည်မဟုတ်ကြောင်း သူ၏စိတ်ထဲတွင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူသည် ချင်ယွင်အား စိတ်ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြုပြီး ချင်ယွင်၏ စိတ်ထဲမှ ဝူဝမ်ဓားသိုင်းကို ထုတ်ယူလိုခဲ့ သည်။

စိတ်ဝိညာဉ်ရှာဖွေခြင်းသည် နတ်ဘုရားကမ္ဘာတွင် အတော်လေးဆိုးရွားသော နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သည်။

သို့သော်၊ ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်သည် အလွန်အစွမ်းထက်သည်။ ၎င်းသည် အခြားသူများ၏ နတ်ဘုရားစိတ်ဝိညာဉ်များထံမှ အသုံးဝင်သော အချက်အလက်များကို တိုက်ရိုက်ရယူနိုင်ပြီး ၎င်းတို့ကို ကိုယ်ပိုင်မှတ်ဉာဏ်များအဖြစ်သို့ ပြောင်းလဲနိုင်သည်။ ထို့ကြောင့်၊ ထိုကဲ့သို့ နတ်ဘုရားစွမ်းရည်ကို တိတ်တဆိတ် ကျင့်ကြံနေကြသူများသည် နတ်ဘုရားကမ္ဘာတွင် များပြားစွာရှိနေဆဲ ဖြစ်ပြီး၊ တင်းချန်သည်လည်း ၎င်းတို့အထဲမှ တစ်ဦး ဖြစ်သည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားကို ကိုင်ထားပြီး သူ၏မျက်လုံးများသည် အစကနေ အဆုံးထိ နှစ်ထောင်သောင်းမကသော အေးစက်သော ရေခဲများကဲ့သို့ပင်။

တင်းချန် ပြောသည်မှာ မှန်ပါသည်။ "ဝူဝမ်ဓားသိုင်း" နှင့် ပတ်သက်၍ ဘိုးဘေးနတ်ဘုရား ဝူဝမ်၏ ချန်ထားရစ်ခဲ့သော မှတ်ဉာဏ်များကို သူရရှိခဲ့သော်လည်း၊ ချင်ယွင်သည် ၎င်းကို အမှန်တကယ် နားလည်ရန် လိုအပ်နေပါသေးသည်။

ကံကောင်းထောက်မစွာ၊ ဘိုးဘေးနတ်ဘုရားဝူဝမ်သည် သူ၏ဓားသိုင်းအပြင် သူ့ကိုယ်ပိုင် အသိဥာဏ်များကိုပါ ချန်ထားရစ်ခဲ့သည်။ ချင်ယွင်သည် ဤအမွေနှစ်ကို ရရှိပြီးကတည်းက ဤဓားသိုင်းကို နားလည်ရန် သူ၏စိတ်ကို အချိန်အနည်းငယ် မြှုပ်နှံထားခဲ့သေးသည်။

၎င်းအချိန်သည် သိပ်မကြာသော်လည်း၊ ချင်ယွင်သည် အကျိုးအမြတ် အနည်းငယ် ရရှိခဲ့ပါ သည်။ ထို့ကြောင့် ချင်ယွင်သည် ဤဓားကွက်ကို ထုတ်ဖော်ရဲခြင်း ဖြစ်သည်။

"ငါ စွမ်းအား ဘယ်လောက်များများ ထုတ်နိုင်မလဲဆိုတာ မင်း ကြည့်စမ်းပါ" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားပေါ်ရှိ ဓားစွမ်းအားသည် တုနှိုင်းမရအောင်ပင် ပြင်းထန်လာသည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် ကြည်လင်ကောင်းကင်ဓားကို ကိုင်ထားသည့်အခိုက်မှာ, သူ၏မျက်လုံးထဲရှိ အရာအားလုံးသည် ပုရွက်ဆိတ်များသဖွယ် ထင်မှတ်ရပြီး၊ ကြီးမြင့်မြတ်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။ သူသည် ဓားတစ်ချောင်းဖြင့် အရာအားလုံးကို ခုတ်ပိုင်းပစ်နိုင်သည်။

"ဒါက ဝူဝမ်ဓားသိုင်းရဲ့ ပထမဆုံးသိုင်းကွက်ပဲ။ အဲ့ဒါကို ဓားလှိုင်းလို့ ခေါ်တယ်။" ချင်ယွင် သည် သူ၏လက်ထဲတွင် ကြည်လင်ကောင်းကင်ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ရေရွတ်လိုက်သည်။

သူ၏လက်ကို မြှောက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေများနှင့် တိမ်တိုက်များသည် ချက်ချင်း ပြောင်းလဲလာသည်။ ကမ္ဘာကြီးသည် သူ၏ဓားစွမ်းအားကြောင့် သက်ရောက်မူ ရှိသွားပုံရပြီး၊ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အထူးဥပဒေသဖြင့် ရိုက်နှက်ခံနေရပုံ ပေါ်သည်။

၎င်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများနှင့်တူသည်။ လှိုင်းလုံးများ အားလုံး သည် ထူးထူးခြားခြား ပုံမှန်ဆန်လွန်းသည်။ လှိုင်းလုံးများ ပြန့်ကျဲလာသည်နှင့်အမျှ တစ်ကမ္ဘာလုံးသည် ရင်တလှပ်လှပ်တုန်စေသည့် အငွေ့အသက်တစ်ခုဖြင့် လွှမ်းခြုံသွား သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားတာအို စွမ်းအင်အတက်အကျလှိုင်း လဲ?။ ဒါက ဝူဝမ်ဓားသိုင်းပညာရပ်လား။" ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး သူ၏ လှပသော မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ ပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ တင်းချန်သည်လည်း ကောင်းကင်နှင့်မြေကြီးကို စိမ့်ဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းကို ခံစားနိုင်သည်။ သို့သော် သူ့အား အမှန်တကယ် ထိတ်လန့်စေသည့်အရာက သူ၏နှလုံးခုန်နှုန်း ပြောင်းလဲသွားသည် ကို ခံစားလိုက်ရခြင်း ဖြစ်သည်။ အမှန်တကယ်လည်း သူ၏နှလုံးသည် ထိုစည်းချက်နှင့်အတူ ခုန်နေပြီး သူ မည်သို့ပင် ထိန်းချုပ်ထားပါစေ ထိုအရာကို ပြောင်းလဲရန် မတတ်နိုင်ခဲ့ပါဘူး။

သူ၏အဆင့်မှာဆို သူ၏နှလုံး ကြေမွသွားလျှင်ပင် သူ့ကို မသတ်ဖြတ်နိုင်သေးပါဘူး။ သို့သော် သူ၏နှလုံး ပျက်စီးသွားခဲ့လျှင်, ၎င်းသည် သူ့အပေါ် အနည်းငယ် သက်ရောက်မှု ရှိနေပါသေးသည်။ ထို့အပြင် ဓားတာအို၏ ဓားလှိုင်းလှိုင်းများသည် သူ၏နှလုံးခုန်ခြင်းကို ထိခိုက်စေနိုင်သည်။ ထိုဓားချက်၏ အစွမ်းက မည်မျှ ကြောက်စရာကောင်းလိုက်သနည်း?။

"ကမ္ဘာပေါ်ရှိ အရာအားလုံးက သူတို့ကိုယ်ပိုင် စည်းချက်တွေရှိကြတယ်။ ဒီဓားကွက်ကို ဓားလှိုင်းလို့ ခေါ်တယ်။ ပြင်းထန်တဲ့ဒီဓားကွက်ကို ထုတ်ဖော်နိုင်ဖို့အတွက် အရာအားလုံးကို ရိုက်နှက်ခြင်းရဲ့ ဉပဒေသတွေကို အသုံးပြုရတယ်။ အခု ဒီဓားကွက်ရဲ့ စွမ်းအားကို မင်းကို ငါ ခံစားခွင့်ပြုလိုက်မယ်။” ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏မျက်လုံးတွေက ရုတ်တရက် အလွန်စူးရှလာသည်။

ထို့နောက် ကြည်လင်ကောင်းကင်ဓားသည် တင်းချန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ အလွန်မင်း ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုသည် ကြည်လင်ကောင်းကင် ဓားမှ ချက်ချင်း ထွက်ပေါ်လာသည်။ မှောင်မိုက်သောညတွင် လင်းလက်နေသော ကြယ်ရောင်များကဲ့သို့ ၎င်းသည် လေဟာနယ်ကို ချက်ချင်း ဖြတ်ကျော်ကာ တင်းချန်ဆီသို့ ပြင်းထန်စွာ ဖြတ်သန်းသွားသည်။

ဓားအလင်း ဖျတ်ခနဲ ပျံထွက်လာသည့်အခိုက်တွင်, တင်းချန်သည် ရုတ်တရက် သူ၏ ပါးစပ်မှ သွေးစသွေးနများ လွင့်စင်သွားကာ သူ၏မျက်လုံးများသည် ထိတ်လန့်သည့် အမူအရာ ပေါ်လွင်နေသည်။

ထိုအခိုက်အတန့်တွင် သူ၏နှလုံးသည် အမှန်တကယ် ပေါက်ကွဲထွက်ကာ ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားသည်။ ထိုအချိန်တွင် ထိုဓားအလင်းသည် ချက်ချင်း ရောက်လာခဲ့သည်။

All Chapters