အခန်း ၁၁၄၉
Vol. 77 Ch. 1149
အခန်း (၁၁၄၉) အန္တရာယ်။
"လခွမ်းပေါ့...။ တင်းချန်က ကျိန်ဆဲလိုက်ပြီး ဓားအလင်းကို တားဆီးရန် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုး အားလုံးကို စုစည်းလိုက်သည်။
ဓားအလင်းသည် လေဟာနယ်ကို ဖြတ်ကျော်သွားကာ တင်းချန်၏ အဆုံးမရှိသော စွမ်းအားဖြင့် ပေါင်းစည်းသိပ်သည်းထားသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများကို အပြင်းအထန် တိုက်ခိုက်ပစ်လိုက်သည်။
"ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တင်းချန်၏ နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထား သည့် မမြင်နိုင်သော အကာကွယ်ဒိုင်းပေါ်တွင် ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ လှိုင်းများ ပေါက်ကွဲသွားခဲ့သည်။
မမြင်နိုင်သော အကာကွယ်ဒိုင်းသည် ချက်ခြင်း ကွဲအက်သွားပြီး၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများက သူ့ကို ချက်ချင်း လွင့်ပျံသွားစေခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် အဝေးမှ တောင်တစ်လုံးနှင့် အပြင်းအထန် တိုက်မိပြီး သူ၏ခန္ဓာကိုယ်၏ ပစ်ရိုက်မူကြောင့် တောင်ကြီးသည်ပင် အက်ကွဲသွားခဲ့သည်။
ချင်ယွင်၏ဓားတွင် အသုံးပြုခဲ့သော စွမ်းအင်သည် အမှောင်ထုစွမ်းအင် ဖြစ်သည်။ အရည်အသွေးအရဆို, ချင်ယွင်၏ အမှောင်ထုစွမ်းအင်သည် တင်းချန်၏ နတ်ဘုရားတန်ခိုး စွမ်းအားထက် မနိမ့်ကျပေ။ ဤအရာကလည်း ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် နှင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ယှဉ်ပြိုင်နိုင်ရသည့် အကြောင်းရင်း ဖြစ်ပါသည်။
ဤဝူဝမ်ဓားသိုင်းကို အကောင်အထည်ဖော် အသုံးပြုနိုင်ရန် အမှောင်ထုစွမ်းအင်ကို အသုံးပြုခြင်းသည် သဘာဝအားဖြင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းထက် များစွာ နိမ့်ကျခြင်းမရှိသည့်အပြင် ၎င်းကိုပင် ကျော်တက်နိုင်သယောင် ရှိနေပါသည်။
နတ်ဘုရားတစ်ပိုင်းက အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ဓားတစ်ချက် ခုတ်ပိုင်းခြင်းဖြင့် လွင့်ပျံသွားစေခြင်း။ အကယ်၍, တခြားသူများသာဆိုလျှင်၊ ထိုစွမ်းဆောင်မူကြောင့် မည်မျှ မာန်မာနထောင်လွှားလိုက်မှန်း သူတို့ မသိနိုင်ပေ။ သို့သော် ချင်ယွင်သည် ယခုအချိန်တွင် သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိပေ။
"ဒါက အဲဒီဓားကွက်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံအောက်ပဲဆိုတာ သေချာတယ်။ တကယ်လို့, ငါသာ ဒီဓားကွက်ကို အမှန်တကယ် ဖမ်းဆုပ်နိုင်ပြီဆိုရင် ဒီဓားချက်က သူ့ကိုသတ်ဖို့ လုံလောက်လိမ့်မယ်။" ချင်ယွင်က သူ၏စိတ်ထဲတွင် ဝမ်းနည်းစွာ ပြောသည်။
ထိုဓားချက်ကြောင့် တင်းချန်သည် ထိခိုက်ဒဏ်ရာရသွားခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခဲ့ဘူးဆိုသည်ကို သူ သိပါသည်။ တင်းချန်သည် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရား နယ်ပယ်တွင်ရှိနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် နတ်တန်ခိုးများ ဆက်လက်ရှိနေသရွေ့၊ သူ၏ဒဏ်ရာများသည် အချိန်တိုအတွင်း ပျောက်ကင်းသွားနိုင်ပါ သည်။
ထို့ကြောင့် ချင်ယွင်သည် အစောပိုင်းက ဓားချက်ကို စိတ်ကျေနပ်ခြင်း မရှိခဲ့ပေ။
အမှန်ဆို, ဝူဝမ်ဓားသိုင်းကို ရယူပြီးနောက် တစ်ရက်အတွင်းမှာပင်, ဝူဝမ်ဓားသိုင်း၏ ပထမဆုံးဓားကွက်၏ ဆယ်ပုံတစ်ပုံ၏ စွမ်းအားကို ပြသနိုင်ခဲ့သည်။ ဤအရာကပင် အရမ်းကို ကောင်းမွန်သည့် ရလာဒ်တစ်ခု ဖြစ်နေပါပြီ။
ဤဝူဝမ်ဓားသိုင်းတွင် ပါရှိသော သိမ်မွေ့နက်နဲမှုသည် အလွန်ဆန်းကြယ်လွန်းပြီး ၎င်းသည် နေ့ချင်းညချင်း နားလည်နိုင်သည့်အရာ မဟုတ်ကြောင်း သိထားရလိမ့်မည်။
ထိုအစဉ်တုန်းက လူတွေမြင်တွေ့ခဲ့ဖူးသည့် အစောပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူကို ပါရမီရှင်ဟု ခေါ်ဆိုခဲ့ကြသည်။ သူသည်ပင် ဤပထမဆုံး ဓားကွက်ကို လုံးလုံးလျားလျား ဖမ်းဆုပ်ထားနိုင်ရန် နှစ်ပေါင်း သုံးထောင်နီးပါး ကြာမြင့်ခဲ့ပါ သည်။
သေချာသည်မှာ, ၎င်းသည် ပထမဆုံးဓားကွက်ဖြစ်လျှင်ပင်, အကယ်၍, သူသာ အမှန်တကယ် နားလည်နိုင်ခဲ့ပါက, ၎င်းသည် သတ်ဖြတ်ခြင်းဓားကွက် ဖြစ်လာမည်မှာ သေချာပါသည်။
ဝူဝမ်ဓားသိုင်းမှာ ဓားကွက်အများကြီး မရှိပါဘူး။ စုစုပေါင်းမှ ဓားကွက်သုံးကွက်သာ ရှိပါသည်။ ဓားကွက်တစ်ခုစီတိုင်းတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ဒုတိယဓားကွက်နှင့် တတိယဓားကွက်တို့သည် ပို၍ပင် ကြောက်စရာကောင်းသည်။
ယခုအချိန်တွင် ချင်ယွင်သည် ပထမဓားကွက်၏ စွမ်းအား ဆယ်ပုံတစ်ပုံကို ဖမ်းဆုပ်ရန် တစ်ရက်မျှသာ အချိန်ယူခဲ့ရသည်။ ထိုကဲ့သို့သော အရည်အချင်းများသည် ပါရမီရှင်များ ကြားမှာပင် အထွတ်အထိပ်တည်ရှိမှုဟု ယူဆနိုင်သည်။
တင်းချန်၏စိတ်နှလုံးထဲမှာ အမျက်ဒေါသတွေက ပေါက်ကွဲတော့မည့် မီးတောင်ကြီးလိုပင်။ သူ၏မျက်လုံးများသည် အနှိုင်းမဲ့ နီရဲနေပြီး၊ သူမူလက ချည်နှောင်ထားသော ဆံပင်များ သည် ရှုပ်ပွနေပုံပေါ်သည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေဆဲပင်။
သူ၏ဒဏ်ရာများကို သူ၏နတ်ဘုရားတန်ခိုးဖြင့် ကုသပေးခဲ့သော်ငြားလည်း တင်းချန်သည် အရှက်ကွဲမူကို ခံစားရဆဲ ဖြစ်သည်။
သူသည် ဂုဏ်သိက္ခာကြီးမားသည့် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော်, သူသည် နတ်ဘုရားခန္ဓာကိုယ်ကိုပင် သန့်စင်နိုင်ခြင်းမရှိသေးသော နတ်ဘုရားတစ်ပိုင်းလေးကြောင့် အမှန်တကယ် လွင့်ထွက်သွားခဲ့ရသည်။ အကယ်၍, ဤသတင်းသာ ပျံ့နှံ့သွားခဲ့ပါက, သူ အပြင်ထွက်ပြီး လူများနှင့်တွေ့ရန် မျက်နှာပြစရာမရှိ ဖြစ်သွားနိုင်ပါသည်။
"ချင်ယွင်, မင်းက ဝူဝမ်ဓားသိုင်းကို ဖမ်းဆုပ်နိုင်ပြီး ပြင်းထန်စွာ ပေါက်ကွဲနိုင်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။ ဒါပေမယ့် အစောပိုင်းက မင်းအသုံးပြုခဲ့တဲ့ ဓားကွက်ရဲ့ စွမ်းအားကို ခန့်မှန်းကြည့်ရင်, မင်းရဲ့ဝူဝမ်ဓားသိုင်းအပေါ် နားလည်မူက မလုံလောက်သေး ဘူး။ ဒီလိုမှမဟုတ်ရင်, ငါ အစောပိုင်းက ဓားချက်ကို သေချာပေါက် ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့်, မင်းမှာ အခွင့်အရေး မရှိတော့ဘူး။ ဘာလို့ဆို မင်း ဒီနေ့ သေရမှာမိုလို့ပဲ”။
တင်းချန်သည် လေထဲသို့ ခြေလှမ်းလိုက်ပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများမှ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။
သူသည် ချင်ယွင်ထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားခဲ့ရသည်။ အကယ်၍, ချင်ယွင်၏ စွမ်းအားသည် သာလွန်နေလျှင်၊ သို့မဟုတ် သူသည် ထိုဓားသိုင်းကို ယခုထက်ပို၍ နားလည်နေပါလျှင် ယနေ့ ဤနေရာတွင် သေဆုံးရမည့်လူက သူဖြစ်နေလိမ့် မည်။ ထို့ကြောင့်, သူသည် ဤကဲ့သို့ ပြင်းထန်သော ခြိမ်းခြောက်နိုင်စွမ်းရှိသူ တစ်ဦး တည်ရှိနေမည်ကို သေချာပေါက် ခွင့်မပြုနိုင်ပေ။
ဘန်း…။
ဓားအော်သံ ထွက်ပေါ်လာပြီးနောက် ထက်ရှသော ကြေးဝါဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာသည်။
ဓားထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော နတ်ဘုရားတန်ခိုးသည် ဓားထံမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
"အဆင့်နိမ့် နတ်ဘုရားပစ္စည်းလား?”။ ချင်ယွင် ဤဓားကို မြင်သောအခါ သူ၏မျက်နှာ သည် လေးနက်သော အမူအရာ ပေါ်လာသည်။
တင်းချန်သည် နတ်ဘုရားပစ္စည်းကို ပိုင်ဆိုင်ခြင်းမရှိဘူးဆိုသည်မှာ မဖြစ်နိုင်ကြောင်း သူသည် ကာလကြာရှည်စွာကတည်းက မှန်းဆထားပြီး ဖြစ်သော်လည်း၊ ချင်ယွင်သည် တင်းချန်၏ နတ်ဘုရားပစ္စည်းကို ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ, သူသည် ပြင်းထန်သော ဖိအားကို ခံစားနေရသေးသည်။
"ဒီနတ်ဘုရားဓားကို ကောင်းကင်ဘုံထွဋ်ဓားလို့ ခေါ်တယ်။ ဒီဓားက မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက နှစ်ပေါင်း ၁၀၀၀၀၀ ကျော် သန့်စင်ထားတဲ့ နတ်ဘုရားပစ္စည်းတစ်ခုပဲ။ အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားတယ်။ ချင်ယွင်၊ မင်းအနေနဲ့ ဒီဓားအောက်မှာ သေရတာ ဂုဏ်ယူဖို့ လုံလောက်ပါပြီ" တင်းချန်က အေးစက်စွာ ပြောပြီး သူ၏ခန္ဓာကိုယ်မှ အဆုံးမဲ့ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထပ်ခြင်း။ ဤသည်မှာ တင်းချန်၏ဓား၏ စွမ်းအား ဖြစ်သည်။ ၎င်းသည် ချင်ယွင်ကို အပြင်းအထန် ဖိနှိပ်လိုက်သည့် ဧရာမ တောင်ကြီး တစ်ခုလိုပင်။
"ဓားစွမ်းအားလား?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။
"ဟမ့်၊ မင်းတစ်ယောက်တည်း ဝူဝမ်တောင်ရဲ့ဓားစွမ်းအားကို နားလည်တယ်လို့ ထင်နေတာလား?။ မင်းက ငါတင်းချန်ကို လျှော့တွက်လွန်းတာပဲ။ ဒီနေ့ ဓားတာအိုရဲ့ စွမ်းအားအစစ်အမှန်ကို ငါပြောပြမယ်" တင်းချန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ကြေးဝါဓားသည် သူ၏လက်ထဲတွင် လှုပ်ရှားလာသည်။
သူ၏ဓားကို ဝှေ့ယမ်းလိုက်စဉ်, တင်းချန်၏ ခန္ဓာကိုယ်မှ လူတိုင်း၏နှလုံးကို တလှပ်လှပ် ခုန်စေသည့် လှိုင်းလုံးကြီးတစ်ခု ထုတ်လွှတ်လာသည်။ ၎င်း၏ ကြောက်မက်ဖွယ် အငွေ့အသက်သည် အနှိုင်းမဲ့ ထူထပ်နေပြီး၊ နတ်ဘုရားပစ္စည်းဓား၏ စွမ်းအင် အတက်အကျလှိုင်းကြောင့် လူတို့၏ နှလုံးကို ပို၍ပင် ခုန်စေခဲ့သည်။
"ချင်ယွင်၊ သတိထားပါ။ ဒါက ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ ကောင်းကင်ဘုံဒယ်စောက် ဓားသိုင်းလို့ခေါ်တဲ့ အစွမ်းထက် ဓားသိုင်းပညာရပ်ပဲ" အဝေးမှ ဝိညာဉ်နတ်ဘုရားမသည် တင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကို သတိပြုမိပြီး ချင်ယွင်ကို အမြန်အော်ပြောလိုက်သည်။
ဝိညာဉ်နတ်ဘုရားမ သတိပေးချက်ကိုကြားတော့ ချင်ယွင်၏ အမူအရာသည် ပို၍ပင် လေးနက်လာသည်။
သူသည် တင်းချန်၏ ဓားပေါ်မှ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများကို ခံစားရနိုင်ပြီး၊ အန္တရာယ်အငွေ့အသက်ကို ပြင်းထန်စွာ ခံစားရစေသည်။
သူ၏ခန္ဓာကိုယ်ရှိ အမှောင်ထုစွမ်းအင်များသည် အရှိန်ဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး၊ တင်းချန်၏ တိုက်ခိုက်မှုကို အချိန်မရွေး တားဆီးရန် အဆင်သင့်ပြန်ဟန်ဖြင့် သူ၏လက်ထဲ မှ ကြည်လင်ကောင်းကင်ဓားထဲ့သို့ လောင်းထည့်လိုက်သည်။
တင်းချန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ထို့နောက် သူ၏မျက်လုံးများက မှေးမှိန်သွားကာ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည် "သေလိုက်တော့...။ မြင့်မြတ်သောတောင်တန်းဓား…"။
ထို့နောက် အပေါ်သို့ခုန်တက်ကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
တခဏအတွင်းမှာပင် ပေရာချီရှည်လျားသည့် ဓားအလင်းတန်းကြီးသည် ချင်ယွင်ပေါ်သို့ တောင်တန်းကြီးအလား ခုတ်ပိုင်းလာခဲ့သည်။ ၎င်းတွင်ပါရှိသော ထူထဲသော အငွေ့အသက်က ပို၍ပင် ကြောက်စရာကောင်းသည်။
သူ၏ရှေ့မှာ လျင်မြန်စွာ နီးကပ်လာသော ဓားအလင်းကို ကြည့်ရင်း၊ ချင်ယွင်၏ မျက်လုံးများသည် အလွန်မင်းလေးလံသည့် အမူအရာကို ထင်ရှားပေါ်လွင်စေပြီး၊ သူ၏ဦးရေပြားသည်ပင် ပေါက်ကွဲသွားသလို ခံစားရစေသည်။
"သွေးပင်လယ်စေတီခုတ်ပိုင်းခြင်း” အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် နတ်ဘုရားသတ်ဓားသိုင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။
သူ၏ခန္ဓာကိုယ်ရှိ အမှောင်ထုစွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်း အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး တင်းချန် ဖြတ်ထုတ်လိုက်သော ဓားအလင်းနှင့် အပြင်းအထန် တိုက်မိသွားသည်။
"ဘုန်း...”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ဖက်စွမ်းအားများ အပြင်းအထန် တိုက်မိသွား ကြသည်။
ချင်ယွင်ခုတ်ပိုင်းလိုက်သော ဓားအလင်းသည် တင်းချန်၏ဓားအလင်းကြောင့် တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။ သို့သော်၊ တင်းချန်၏ ဓားအလင်းသည် ထက်ဝက်မျှသာ အားနည်းသွား ခဲ့ပြီး ကျန်တစ်ဝက်မှာ ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့် အတူ ဆက်လက် ပျံသန်းသွားလေသည်။
"ဘုန်း...။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ချင်ယွင်၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားပြီး၊ ချင်ယွင်ကို ဝါးမြိုသွားသည့် ပြင်းထန်သော ဓားမုန်တိုင်းကြီးအသွင် ဖြစ်ပေါ်လာခဲ့သည်။