← Chapters

အခန်း ၁၁၅၀

Vol. 77 Ch. 1150

အခန်း ၁၁၅၀

Vol. 77 Ch. 1150

အခန်း (၁၁၅၀) ငါ ဘယ်သူလဲ?

"ချင်ယွင်…." ဝိညာဉ်နတ်ဘုရားမက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်မုန်တိုင်း၏ ဝါးမျိုးခြင်းခံနေရသော မြင်ကွင်းကို ကြည့်လိုက်ရင်း သူမမျက်လုံးများက ပြင်းထန်သော စိုးရိမ်ပူပန်မှုကို ပေါ်လွင်စေသည်။

"ဟား...၊ ဟား....၊ ကျိုးလင်, မင်း အော်ခေါ်နေတာ ရပ်လိုက်ပါတော့။ မင်း အော်ခေါ်နေရင် တောင် အသုံးမဝင်ဘူး။ သူက သန့်စင်ထားတဲ့ နတ်ဘုရားခန္ဓာကိုယ်ကိုတောင် ပိုင်ဆိုင်ခြင်း မရှိသေးဘူးလေ။ သူက ငါ့ဓားချီထဲမှာ ဘယ်လိုမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ အခုချိန်ဆို သူက ပြာဖြစ်သွားလောက်ပြီ” တင်းချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ၏ အမူအရာက ဂုဏ်ယူမှုအပြည့်ရှိနေသည်။

ထိုစကားကို ကြားလိုက်ရလျှင်, ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာက ဝမ်းနည်းသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။ ဤအခိုက်အတန့်တွင် သူမ၏ နှလုံးသားထဲမှာ တုနှိုင်းမရသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် ရှရှန်းယု၏ စိတ်ဝိညာဉ်သည် သူမနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားပြီး၊ ခွဲခွာ၍ မရနိုင်တော့သည့်အတွက် ရှရှန်းယု၏ ခံစားချက်များက သူမကို သဘာဝအတိုင်း သက်ရောက်မူရှိစေခဲ့သည်။

တစ်နည်းဆိုရသော် သူမသည် ယခုအချိန်တွင် ရှရှန်းယု ဖြစ်နေပြီ။ သို့သော် သူမသည် ထိုခံစားချက်ကို သူမ၏နှလုံးသားထဲတွင် အမြဲတမ်း ဆန့်ကျင်နေခဲ့သည်။

ချင်ယွင်သည် ဓားချီမုန်တိုင်း၏ ဝါးမျိုခြင်း ခံနေရသည်ကို မြင်လိုက်ရသည့်အခိုက်မှာ, သူမ၏စိတ်ထဲတွင် ချင်ယွင်နှင့်ပတ်သက်ပြီး ခံစားချက်များအားလုံးက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ယင်းကြောင့် သူမပင် အသက်ရှူကျပ်သလို ခံစားလိုက်ရပါသည်။

"မင်း သူ့ကို တကယ် မသတ်သင့်ဘူး။ ဒီနေ့ ငါ သေရမယ်ဆိုရင်တောင် မင်းကို ငါ သတ်ပစ်မယ်" ဝိညာဉ်နတ်ဘုရားမသည် ရုတ်တရက် ခေါင်းမော့ကာ ကောင်းကင်ယံ၌ တင်းချန်ကို ကြည့်လိုက်ပါသည်။ သူမမျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်က အလွန်မင်း အေးစက်နေသည်။

ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် စတင်ပေါက်ကွဲလာပြီး သူ၏နောက်ကျောရှိ လှပသော ဆံပင်များသည် လေပြေလေညင်း တိုက်ခတ်မူမရှိဘဲ အလိုအလျောက် ထောင်မတ်လာသည်။

"ဒါက... စိတ်ဝိညာဉ်ယဇ်ပူဇော်ခြင်းလား...။ မင်း ရူးနေလား?။ ဒီနည်းနဲ့ မင်းရဲ့ စိတ်ဝိညာဉ်ဟာ ထာဝရ နှိပ်စက်ခံနေရလိမ့်မယ်။" တင်းချန်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် အလွန်မင်း တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာသည်။

ကျိုးလင်သည် စိတ်ဝိညာဉ်ယဇ်ပူဇော်ခြင်းကို အသုံးပြုရန် ရွေးချယ်မည်ဟု သူ မည်သည့်အခါမှ မထင်ထားခဲ့ပေ။ ဤလှုပ်ရှားမှုကို အသုံးပြုပြီးသည်နှင့်၊ ယဇ်ပူဇော်သူ သည် အချိန်တိုအတွင်း ရှေးဟောင်းနတ်ဘုရား၏တန်ခိုးအစွမ်းကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော် ဤနည်းဖြင့် သူမ၏စိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဘုရား၏ ထိန်းချုပ်မှု အောက်သို့ လုံးဝ ရောက်ရှိသွားလိမ့်မည်။ ထိုအချိန်မှစ၍ သူမသည် မည်သည့်အခါမှ ပြန်လည်ကောင်းမွန်လာမည် မဟုတ်တော့သလို, သူမ၏ဘဝကို ပို၍ကောင်းမွန်လာ အောင် မည်သည့်အခါမှ လုပ်ဆောင်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

သာမာန်လူများသည် အကယ်၍, ၎င်းတို့၏ စိတ်ဝိညာဉ်များကို ဖျက်ဆီးပစ်ရန် ရွေးချယ်ကြ လျှင်ပင် ၎င်းတို့၏ စိတ်ဝိညာဉ်များကိုတော့ ယဇ်ပူဇော်ရန် ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။ အဆုံးတွင်, လူတိုင်းသည် ၎င်းတို့၏စိတ်ဝိညာဉ်များကို ယဇ်ပူဇော်ခြင်း၏ နာကျင်မှုကို ခံနိုင်ရည် မရှိကြပေ။

ဤအခိုက်အတန့်တွင်၊ ဝိညာဉ်နတ်ဘုရားမ အသုံးပြုနေသည့်အရာမှာ စိတ်ဝိညာဉ် ယဇ်ပူဇော်ခြင်းပင် ဖြစ်ပါသည်။

"ရပ်....” တင်းချန်က ချက်ချင်း အော်ဟစ်လိုက်သည်။

သို့သော်၊ ဝိညာဉ်နတ်ဘုရားမသည် သူ့စကားကို ကြားပုံမပေါ်ပေ။ ဤအခိုက်အတန့်တွင် သူမ၏မျက်လုံးများသည် သွေးမျက်ရည်များ စတင်ထွက်ပေါ်နေခဲ့ပြီး ဖြစ်ကာ၊ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း တဖြည်းဖြည်း ပေါက်ကွဲထွက်လာသည်။

"အရူးမ.. အရူးမ.."။ တင်းချန်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ဝိညာဉ်နတ်ဘုရားမ သည် သူမ၏ စိတ်ဝိညာဉ်ယဇ်ပူဇော်ခြင်းကို အသုံးပြုပါက၊ သူသည် အသက်ရှင်ရန် လမ်းမရှိတော့ပေ။

"မင်း သေရမယ်..”။ ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူမ၏ မျက်လုံးများသည် အဆုံးမဲ့ သွေးရောင်များဖြင့် တောက်ပနေသည်။

"ရပ်လိုက်ပါ..”။

သို့သော် ဤအခိုက်တန့်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏ ပခုံးပေါ်၌ လက်တစ်ဖက်က လှမ်းတင်လာကာ ရုတ်တရက် ရပ်သွားခဲ့သည်။ နူးညံ့သိမ်မွေ့သောအသံက ဝိညာဉ် နတ်ဘုရားမ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူမသည် နောက်ကို အမြန် လှည့်ကြည့်လိုက်သည်။ သူမ၏နောက်ကွယ်မှ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသော အခါတွင် သူမ၏မျက်နှာသည် ဝမ်းသာအားရနှင့်အတူ မျက်ရည်စများ စိုရွှဲလာသည့် အရိပ်အယောင်ပင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ အလွန်အံ့သြသွားသည်။ ဝိညာဉ်နတ်ဘုရားမ သည် သူ့အတွက် ယခုလိုတားမြစ်ထားသည့် နတ်ဘုရားစွမ်းရည်မျိုးကို အသုံးပြုမည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ ယခုအချိန်တွင် ဤခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် လူက ရှရှန်းယုဖြစ်နိုင်ကြောင်းပင် သူ သံသယရှိနေသည်။

အဝေးမှ တင်းချန်သည် ဝိညာဉ်နတ်ဘုရားမ သူမ၏ စိတ်ဝိညာဉ်ယဇ်ပူဇော်ခြင်းကို ဖြတ်တောက်လိုက်သည်ကို တွေ့လိုက်ရသဖြင့် သူ၏စိတ်နှလုံးထဲတွင် သက်ပြင်း ချလိုက်မိပါသည်။ သို့သော် အလွန်လျင်မြန်စွာ၊ သူ၏ မျက်ခုံးများသည် တွန့်သွားခဲ့ပြီး၊ ဝိညာဉ်နတ်ဘုရားမနှင့် ဆန့်ကျင်ဘက်မှာရှိနေသည့် ချင်ယွင်ကို စူးစိုက်စိုက်စိုက် ကြည့်လိုက်ပါသည်။

"မင်း မသေဘူးလား?”။ တင်းချန်က အံ့အားသင့်စွာ မေးလိုက်သည်။ ချင်ယွင်သည် သူ၏ ဓားစွမ်းအားမုန်တိုင်း၏ ဝါးမျိုခံရပြီးနောက် ချင်ယွင် အသက်ရှင်နေနိုင်သည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။

အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင် သူ၏ဓားစွမ်းအား မုန်တိုင်းအောက်တွင် အသက်မရှင်နိုင်ကြောင်း သိထားရလိမ့်မည်။ နတ်ဘုရားခန္ဓာကိုယ် ကိုပင် မသန့်စင်ရသေးသည့်လူတစ်ယောက်က မည်သို့ ရှင်သန်နိုင်မည်နည်း?။

"ကြည့်ရတာ ငါ မသေတာက မင်းကို အံ့သြသွားစေတယ် ထင်တယ်" ချင်ယွင်က ညင်သာစွာ ပြုံးလိုက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာသည်။

ဤရွှေရောင်ချပ်ဝတ်တန်ဆာသည် သူ၏နတ်နဂါးကျောက်စိမ်းတံဆိပ်မှ လွဲ၍ အခြားမဟုတ်ပေ။

နတ်နဂါးကျောက်စိမ်းတံဆိပ်သည် လူတစ်ယောက်၏ ခွန်အားကို နှစ်ဆတိုးမြင့်နိုင်သည့် အပြင်၊ နတ်နဂါးချပ်ဝတ်အသွင်သို့ ပြောင်းလဲနိုင်သည့် အခြားလုပ်ဆောင်ချက်တစ်ခု လည်း ပါဝင်ပါသည်။

နတ်နဂါးချပ်ဝတ်သည် ဖျက်ဆီးရန် မဖြစ်နိုင်ရုံသာမက၊ ၎င်းတွင် အလွန်မင်း အစွမ်းထက် သည့် စွမ်းအားလည်း ပါဝင်နေသည်။ ၎င်း၏အားနည်းချက်မှာ တစ်နှစ်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ချင်ယွင်သည် နတ်နဂါးချပ်ဝတ်ကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်သည်။ ထို့ကြောင့် တင်းချန်၏ဓားစွမ်းအား မုန်တိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် နတ်နဂါးကျောက်စိမ်းတံဆိပ်တွင် ထိုကဲ့သို့ လုပ်ဆောင်မှု ရှိနေကြောင်း ချင်ယွင် သတိရသွားမိသည်။

ရှေးဟောင်း ဖရိုဖရဲရတနာများ၏ စွမ်းအားသည် နတ်ဘုရားပစ္စည်းတစ်ခုနှင့် မနှိုင်းယှဉ်နိုင် သော်လည်း ၎င်းတို့၏အရည်အသွေးသည် သာမန်နတ်ဘုရားပစ္စည်းများထက် များစွာ သာလွန်ပါသည်။

အကယ်၍, သူသည် ရှေးဟောင်း ဖရိုဖရဲရတနာများကို နတ်ဘုရားပစ္စည်းအဖြစ် သန့်စင်နိုင် ပါက, ရှေးဟောင်း ဖရိုဖရဲရတနာများသည် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရား ပစ္စည်းဟုခေါ်ဆို နိုင်ပြီး၊ နတ်ဘုရားပစ္စည်းများ၏ထိပ်တန်းအဆင့်သို့ ခုန်ကျော်တက်သွားနိုင်လိမ့်မည်။

ထို့ကြောင့် ချင်ယွင်၏ နတ်နဂါးချပ်ဝတ်သည် တင်းချန်၏ ဓားစွမ်းအားမုန်တိုင်းကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။ သို့သော် ဓားစွမ်းအားတွင်ပါဝင်သော စွမ်းအင်ကို ထက်ဝက်မျှ သာ ချေဖျက်နိုင်ပြီး၊ ကျန်သည့်အရာများကို ကိုယ့်ကိုယ်ကိုသာ ခံခံခဲ့ရသည်။

"ဘယ်လောက်တောင် ခိုင်မာလိုက်တဲ့ ချပ်ဝတ်တန်ဆာလဲ?။ ဒါက နတ်ဘုရား ပစ္စည်းတွေ လောက် အစွမ်းမထက်သေးပေမယ့် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းအဖြစ် သေချာပေါက် သန့်စင်နိုင်လိမ့်မယ်။ တကယ်လို့, ငါ့ရဲ့ခန့်မှန်းချက်သာ မှန်ကန်ခဲ့ရင်၊ ဒါက မင်းတို့ အင်မော်တယ်ကမ္ဘာမှာ ပြောပြောနေကြတဲ့ ဖရိုဖရဲရတနာ ဖြစ်သင့်တယ်။ ပြီးတော့, မင်းလက်ထဲက ဓားကလည်း ဖရိုဖရဲရတနာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ မင်းက ဒီလို ရတနာအနည်းငယ်ကို ပိုင်ဆိုင်ထားဖို့ ငါ မမျှော်လင့်ထားဘူး။” တင်းချန်၏ အကြည့်သည် ချင်ယွင်၏ နတ်နဂါးချပ်ဝတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ချပ်ဝတ်တန်ဆာ၏ ထူးခြားသော အသွင်အပြင်ကို မြင်လိုက်ရပြီးနောက်၊ ချက်ချင်းဆိုသလို သူ၏မျက်လုံးထဲ တွင် လိုချင်မက်မောသည့် အမူအရာ ပေါ်လာပါသည်။

"ဘာလဲ? မင်းက ငါ့ရဲ့ ရှေးဟောင်းဖရိုဖရဲရတနာတွေကို စိတ်ဝင်စားနေပြန်ပြီလား။ မင်းက ငါ့ရဲ့ဝူဝမ်ဓားသိုင်းကို အမြဲတမ်း သိမ်းပိုက်ချင်နေခဲ့တာ မဟုတ်ဘူးလား?။ ချင်ယွင်က လှောင်ပြောင် ပြောလိုက်သည်။

တင်းချန်၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့်ပင် သူ မြင်နိုင်ပါသည်။ တင်းချန်၏ ပူလောင်နေသော မျက်လုံးများကို မြင်လိုက်ရလျှင်, သူ၏စိတ်ထဲတွင် မည်သည့်အတွေးမျိုး ရှိနေသည်ကို သူ သိပါသည်။

"ဟမ့်၊ မင်းက ပုရွက်ဆိတ်လို လူတစ်ကောင်ပဲ။ မင်းက ရတနာတွေ အများကြီး ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး။ ဒီရတနာတွေ မင်းလက်ထဲမှာ ရှိနတောက လုံးဝကို ဖြုန်းတီးမူကြီးပဲ။ ဒီနေ့ ငါ ဒီရတနာတွေ အားလုံးကို သိမ်းယူမယ်။ ဒါမှသာ ဒီရတနာတွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားနိုင်လိမ့်မယ်” တင်းချန်သည် ချင်ယွင်ကို သတ်ဖြတ်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်ပြီး၊ အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင်, ချင်ယွင်မှာ လျှို့ဝှက်ချက်များစွာ ရှိနေကြောင်း သူလည်း သိလိုက်ပါပြီ။ ချင်ယွင်၏ စိတ်ဝိညာဉ်ကို သူ ရှာဖွေနိုင်သည်နှင့် သူသည် ဧရာမရိတ်သိမ်းမှုကြီးကို သေချာပေါက် ရရှိလိမ့်မည်ဟု သူ ယုံကြည်သည်။

"ဟမ့်၊ မင်း ငါ့ရတနာတွေကို သိမ်းပိုက်ချင်နေတာများ, ဘာလို့ ဒီလောက် ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေရတာလဲ?။ လုပ်လိုက်ပါ။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောလိုက်ပြီး၊ သူ၏မျက်လုံးများတွင် အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နေခဲ့သည်။

"ချင်ယွင်" ဝိညာဉ်နတ်ဘုရားမက စိတ်ပူစွာ ခေါ်လိုက်သည်။ သို့သော် သူမ ဘာမှ ပြန်မပြောခင်, ချင်ယွင်က သူမကို တားဆီးလိုက်သည်။

ချင်ယွင်က ပြုံးပြီး လက်ကိုဆန့်ထုတ်ကာ ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးများအတွင်းမှ သွေးမျက်ရည်စတွေကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် သူက တိုးတိုးလေး ပြောလိုက်ပါသည် "ငါ့ကို ယုံပါ"။

ချင်ယွင်ကို စိုးရိမ်ထိတ်လန့်သည့် အမူအရာဖြင့် ကြည့်နေစဉ် ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်သည် တောင့်မတ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမက ခေါင်းညိတ်လိုက်သည်။

ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်သည်ကို မြင်တော့ ချင်ယွင်က သူ၏ခေါင်းကို ပြန်လှည့်ပြီး၊ ထိုအချိန်တွင် သူသည် စိတ်သက်သာရာရသွားပါသည်။

တစ်ဖက်တွင်မူ, ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏ နောက်ကျောကို စိုက်ကြည့်နေ သည်။ အကြောင်းတစ်ခုခုကြောင့် သူမနှလုံးသားထဲတွင် ဖော်မပြနိုင်သော ရှုပ်ထွေးသည့် ခံစားချက်တစ်ခု ရှိနေလေသည်။

ချင်ယွင်သည် သူမ၏ သွေးမျက်ရည်များကို သုတ်လိုက်သောအခါ သူမသည် ရှောင်လွှဲမည့် အရိပ်အယောင်ကိုမျှ မပြနိုင်ခဲ့သည်ကို သူမ သတိရမိသည်။

ချင်ယွင်က 'ငါ့ကို ယုံပါ' ဟု ပြောလာစဉ်မှာလည်း, သူမသည် ချင်ယွင်၏ စကားကို တကယ် ယုံကြည်နေခဲ့ပြန်သည်.

ကျိုးကြောင်းဆီလျော်သည် ရှုထောင့်မှ ကြည့်လျှင် ချင်ယွင်သည် အနိုင်ရရန် အခွင့်အလမ်း မရှိသော်လည်း, သူမသည် သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

"အခု ငါက ဘယ်သူလဲ ကျိုးလင်လား..? ဒါမှမဟုတ် ရှရှန်းယုလား..?" ဝိညာဉ်နတ်ဘုရားမ သည် သူ့ကိုယ်သူ တွေးတောနေမိသည်။

All Chapters