← Chapters

အခန်း ၁၁၅၂

Vol. 77 Ch. 1152

အခန်း ၁၁၅၂

Vol. 77 Ch. 1152

အခန်း (၁၁၅၂) ရှရှန်းယု။

"ခင်ပွန်း...ခင်ပွန်း..." အဆုံးတွင် ထိုစကားလုံးနှစ်လုံးကို ခက်ခက်ခဲခဲ မခေါ်မီတွင် ဝိညာဉ်နတ်ဘုရားမသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။

ထိုစကားနှစ်လုံးကို ထုတ်ဖော်ရန်အတွက် သူမအနေဖြင့် အလွန်ခက်ခဲခဲ့သည်မှာ ထင်ရှားပါသည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ ယခု၊ သူသည် ဝိညာဉ်နတ်ဘုရားမ၏ နှုတ်တော်မှစကားလုံးများကို လုံးလုံး ယုံကြည်သွားပါပြီ။

ဝိညာဉ်နတ်ဘုရားမ၏ ပင်ကိုယ်စရိုက်အရ၊ သူသည် သူ့ကို ကျီစယ်မည် မဟုတ်ပေ။ အကယ်၍, ချင်ယွင်သာ ယခုလိုစကားမျိုး သူမကိုပြောရဲလျှင်, သူသည် သေသည်အထိ ရိုက်နှက်ခံရသည်မှာ ကြာလောက်ပါပြီ။

"ဝိညာဉ်နတ်ဘုရားမရဲ့ စိတ်ဝိညာဉ်နှင့် ရှရှန်းယုရဲ့ အင်မော်တယ် စိတ်ဝိညာဉ်တို့ တကယ် ပေါင်းစပ်သွားတာများ ဖြစ်နိုင်မလား?။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သူ့မှာ ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းမရှိပါဘူး။ ယခင်က၊ သူသည် ဝိညာဉ်နတ်ဘုရားမ အတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါ။ အကယ်၍, သူသည် ဝင်ရောက် စွက်ဖက်ချင်လျှင်ပင်, ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ခဲ့ပေ။ ယခုတော့ သူမတို့စိတ်ဝိညာဉ်များ ပေါင်းစည်း သွားခဲ့ပြီ။ ထို့ကြောင့် ချင်ယွင်လည်း ရွေးချယ်စရာ မရှိတော့ပေ။

သူ့ကို အသာထား၊ အကယ်၍, ဘိုးဘေးနတ်ဘုရားတစ်ပါးက တာဝန်ခံ လုပ်ဆောင်ပေး မည်ဆိုလျှင်ပင်, ဤကိစ္စနှင့်ပတ်သက်ပြီး သူ့အနေဖြင့် ဘာမှလုပ်ဆောင်နိုင်စွမ်း မရှိလောက်ပေ။

ယခုတွင် ရှရှန်းယုနှင့် ဝိညာဉ်နတ်ဘုရားမတို့၏ စိတ်ဝိညာဉ်များသည် ပေါင်းစည်းသွား သည့်အခါ, ရှရှန်းယုသည် ချင်ယွင်အပေါ် လေးလေးနက်နက် ခံစားချက်ရှိခဲ့သောကြောင့်၊ လက်ရှိဝိညာဉ်နတ်ဘုရားသည်လည်း သူ့အတွက် ခံစားချက်များ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ဒီခံစားချက်က အရမ်းထူးဆန်းပြီး သိမ်မွေ့လွန်းပါသည်။

သူ၏ရှေ့မှ ဤအမျိုးသမီးသည် ရှရှန်းယုမဟုတ်ဘူး မဟုတ်လား။ သို့သော်လည်း သူမ၏ ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထားကအားလုံးက ရှရှန်းယုအပေါ် ထင်ဟပ်စေခဲ့ သည်။ ဝိညာဉ်နတ်ဘုရားမ၏ စိတ်နေစိတ်ထားသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထိုအထဲမှာ ရှရှန်းယုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။

သို့သော် ဝိညာဉ်နတ်ဘုရားမ၏ စိတ်နေစိတ်ထားက လွှမ်းမိုးနေဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်ကို ပထမဆုံးမြင်လိုက်ရသောအချိန်၌ သူမ၏လေသံသည် အလွန်မင်း အေးစက်နေသေးသည်။ ချင်ယွင်သေပြီဟု သူမ ထင်လိုက်သည့်အချိန်မှပင် ချင်ယွင်အပေါ် ရှရှန်းယု၏ ချစ်ခြင်းမေတ္တာသည် သူမ၏စိတ်ထဲတွင် လုံး၀ ပေါက်ကွဲသွားခဲ့ပြီး၊ ချင်ယွင်အပေါ် ဝိညာဉ်နတ်ဘုရားမ၏ စိတ်နေသဘောထားကိုပါ လုံးဝ ပြောင်းလဲသွား စေခဲ့သည်။

ချင်ယွင်၏ ခန့်မှန်းချက်အရဆို, အချိန်ကြာလာသည်နှင့်အမျှ ရှရှန်းယု၏ ခံစားချက်များ သည် ဝိညာဉ်နတ်ဘုရားမအပေါ် ပို၍ပင် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိလာပေလိမ့် မည်။ ထိုအချိန်တွင်၊ ဝိညာဉ်နတ်ဘုရားမသည် ရှရှန်းယုဖြစ်လာပြီး ရှရှန်းယုသည်လည်း ဝိညာဉ်နတ်ဘုရားမ ဖြစ်လာမည် ဖြစ်သည်။

"ရှန်းယု, အနာဂတ်မှာ မင်းရဲ့စိတ်ဝိညာဉ်တွေကို ခွဲထုတ်ဖို့ ငါ့မှာ နည်းလမ်းတွေ ရှိကောင်း ရှိလာနိုင်ပေမယ့်, အခုတော့ ငါ အဲ့ဒါကို မလုပ်နိုင်သေးဘူး။" ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ချင်ယွင်၏ စကားကို ဝိညာဉ်နတ်ဘုရားမ ကြားသည့်အခါ သူမက ခေါင်းယမ်းပြီး ပြောသည် "မလိုတော့ပါဘူး။ ငါတို့ရဲ့စိတ်ဝိညာဉ်တွေက ပေါင်းစည်းသွားခဲ့ပြီ။ ငါတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေ အားလုံးကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆက်ဆံနေခဲ့တာ ကြာပါပြီ။ အနာဂတ်မှာ ငါတို့ကို ခွဲထုတ်ပြီး ငါက စစ်မှန်တဲ့ ဝိညာဉ်နတ် ဘုရားမ ဖြစ်လာရင်တောင်, ငါ မင်းကို ထားသွားနိုင်စွမ်း မရှိတော့ဘူး။ ဒါ့အပြင်, အခု ငါ မင်းကို ဆုံးရှုံးရမှာ အရမ်းကို ကြောက်နေပြီ။ ဒါကြောင့် ငါ မခွဲထုတ်ချင်တော့ဘူး။"

ထိုစကားကိုကြားတော့ ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်မိပါသည်။

ဝိညာဉ်နတ်ဘုရားမသည် ယခုလိုစကားတွေ ပြောပြီး လမ်းခွဲရန် ငြင်းဆိုလိမ့်မည်ဟု သူ အဘယ့်ကြောင့် မျှော်လင့်မထားမိပါလိမ့်။

"ဒီလိုဆိုရင် ဘယ်လိုလဲ?။ မင်းက တခြားလူတွေရှေ့မှာ ဝိညာဉ်နတ်ဘုရားမ ဖြစ်နေတုန်းပဲ။ ငါတို့နှစ်ယောက်ပဲရှိတဲ့အခါ ငါ မင်းကို ရှန်းယုလို့ ခေါ်မယ်။ မင်း ဘယ်လိုသဘောရလဲ?။" ချင်ယွင်က ထပ်ပြောသည်။

ယခု ရှရှန်းယုနှင့် ဝိညာဉ်နတ်ဘုရားမတို့ ပေါင်းစပ်သွားသောကြောင့် ချင်ယွင်သည် လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ကောင်းပြီလေ..”။ ဝိညာဉ်နတ်ဘုရားမက နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ပြတ်ပြတ်သားသား သဘောတူလိုက်သည်။

"ဟုတ်ပြီလေ။ ရှန်းယု, ငါ တစ်ခုခုကို ရှာဖွေတွေ့ခဲ့တယ်" ချင်ယွင် ရုတ်တရက် ပြောလိုက်သည်။

"အဲဒါ ဘာလဲ?" ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို ရှုပ်ထွေးစွာ ကြည့်ကာ မေးလိုက် သည်။

"ရှန်းယု, အစောပိုင်းက မင်း ငါ့ကို ပွေ့ဖက်ထားချိန်မှာ အရမ်းကို သက်သောင့်သက်သာ ဖြစ်မူကို ခံစားရတယ်။ မင်း ငါ့ကို ခဏလောက် ပွေ့ဖက်ထားမနိုင်လား?" ချင်ယွင်က အရှက်မဲ့စွာ ပြောသည်။

ချင်ယွင်၏ စကားကိုကြားသောအခါ ဝိညာဉ်နတ်ဘုရားမသည် ချက်ချင်းပင် ရှက်ရွံ့မူနှင့် အတူ မျက်နှာက နီမြန်းသွားသည်။ ထို့နောက် သူမလက်များကို ဆန့်တန်းကာ ချင်ယွင်ကို သူမရင်ခွင်ထဲတွင် တိုက်ရိုက် ပွေ့ဖက်ထားသည်။

ချင်ယွင်သည် ဝိညာဉ်နတ်မဘုရား၏ ရင်ခွင်ထဲအတွင်းမှ နူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရ သော်လည်း သူ၏နှလုံးသားသည် ပြင်းထန်စွာ ခုန်နေပါသည်။

ဤခန္ဓာကိုယ်သည် သူ၏မိန်းမ ရှရှန်းယုသာမက အတိတ်က ထင်ရှားကျော်ကြားသော ဝိညာဉ်နတ်ဘုရားမကိုလည်း ဖုံးကွယ်ထားကြောင်း သိထားရမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်၊ သူသည် ဝိညာဉ်နတ်မဘုရား၏ရင်ခွင်ထဲ၌ ပွေ့ဖက်ခံထားရပြီး အခြားမည်သူမျှ မခံစားနိုင်သော နူးညံ့သိမ်မွေ့မှုကို ခံစားနေရသည်။

ထိုအကြောင်းကို တွေးရင်း ချင်ယွင်သည် မထိန်းနိုင်တော့ဘဲ လှုပ်ရှားလိုက်မိသည်။

စက်ဆုပ်ဖွယ်ကောင်းသော ချင်ယွင်သည် အမှန်တကယ်ပင် သူ၏လက်များကို ဆန့်ထုတ် ကာ ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မရိုးသားသောနည်းလမ်းဖြင့် စုန်ချည် ဆန်ချည်စတင် ကူးခတ်တော့သည်။

ဝိညာဉ်နတ်ဘုရားမသည် ရံဖန်ရံခါ တီးတိုးညီးညူမိပြီး၊ သူမ၏လှပသောမျက်နှာသည် ယခင်ကထက်ပင် နီရဲလာခဲ့သည်။

သို့သော်လည်း, သူမသည် ချင်ယွင်၏ လုပ်ရပ်ကို မရပ်တန့်ခဲ့ပေ။ သူမသည် တားဆီးရန် အလိုလို ငြင်းဆန်နေခဲ့သည်။ ရှရှန်းယုရော ကျိုးလင်းရော မည်သည့်ယောက်ျားကိုမှ မထိဖူးသေးပါဘူး။ ယခုတော့ ချင်ယွင်၏ လှည့်စားခြင်းကို ခံရပြီးနောက်, သူမတို့သည် သဘာဝအတိုင်း ငြင်းဆန်ရလိမ့်မည်။

ဝိညာဉ်နတ်ဘုရားမကို ခဏလောက် လှည့်စားပြီးနောက် ချင်ယွင်က ချက်ခြင်း ရပ်လိုက်သည်။

ချင်ယွင်သည် ခံနိုင်ရည်ကင်းမဲ့ပြီး ရှရှန်းယုအပေါ် ဂုဏ်သိက္ခာကင်းမဲ့သည့် အနေထားသည့် ခေါ်ဆောင်သွားမိမည်ကို သူ အမှန်တကယ် စိုးရိမ်မိပါသည်။ မူလကတည်းက သူသည် တော်ညီအစ်မများ၏ နှိုးဆော်ခြင်းကို ခံထားခဲ့ရပြီး၊ ယခုအခါ သူ၏လက်ထဲတွင် အလွန်လှပသော အလှပိုင်ရှင်အမျိုးသမီးတစ်ခု ပိုင်ဆိုင်ထားသည်။ ချင်ယွင်၏ တည်ငြိမ်မှုက အားကောင်းနေလျှင်ပင် အချိန်အတော်ကြာပြီးနောက် ၎င်းကို ထိန်းထား နိုင်တော့မည် မဟုတ်ပေ။

ယခုလေးတင်, သူသည် ဝိညာဉ်နတ်ဘုရားမနှင့် အတူရှိနေခဲ့ပြီး၊ ယခုလေးတင် သူမကို ပိုင်ဆိုင်ခဲ့သည်။ အဆုံးတွင်, ထိုကိစ္စမျိုးက နည်းနည်းတော့ ခွင့်မလွှတ်နိုင်စရာပင်။ အကယ်၍, သူ လိုချင်သည်ဆိုလျှင်ပင်, ဝိညာဉ်နတ်ဘုရားမ သူ့ကို သေချာပေါက် ငြင်းပယ် မည်ဟု သူသိပါသည်။ ချင်ယွင်လည်း ထိုကဲ့သို့ မလုပ်ဆောင်လိုပါဘူး။

တကယ်တော့၊ သူသည် ဤအမှတ်တံဆိပ် အသစ်စက်စက်ဖြစ်သည့် ရှရှန်းယုကို လက်သင့်ခံရန် အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဆုံးတွင်၊ သူသည် အရင်က ဝိညာဉ် နတ်ဘုရားမနှင့် ထိုသို့သောဆက်ဆံရေးမျိုး မရှိခဲ့ဖူးပါဘူး။

ယခုတော့ ချင်ယွင်သည် သူမတို့ကို လက်ခံလိုက်ပြီးဖြစ်သောကြောင့် သူသည် ထိုကိစ္စကို မလုပ်ဆောင်နိုင်ဟု သိလိုက်ပါပြီ။ ထို့ကြောင့် ချင်ယွင်သည် စိတ်လှုပ်ရှားရုံသာ လှုပ်ရှားခဲ့ပြီး, အမှန်တကယ် မလှုပ်ရှားခဲ့ပါဘူး။

သို့သော်၊ ၎င်းသည် လှုပ်ရှားမှုတစ်ခုမျှသာ ဖြစ်သော်လည်း၊ အမျိုးသားတစ်ဦးတစ်ယောက် နှင့်မျှ မထိဖူးသေးသည့် ဝိညာဉ်နတ်ဘုရားမအတွက်မူ၊ ၎င်းသည် ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်နေပါပြီ။ ထို့ကြောင့် ချင်ယွင်သည် နောက်ထပ် မည်သည့်လှုပ်ရှားမူမှ မရှိတော့သည့်အခါ, သူမသည် သူ၏စိတ်ထဲတွင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဟုတ်ပါသည်, စိတ်ပျက်သွားသည့် အရိပ်အယောင် လည်း ရှိနေခဲ့ပါသည်။

"ကောင်းပြီ, ရှန်းယု, မင်း ဘာလို့ ဒီဝူဝမ်တောင်တန်းဒေသကို ရောက်နေတာလဲ?။ မင်းက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က မဟုတ်ဘူးလား?။ နတ်ဘုရား နန်းတော်ကြီးလေးခုရဲ့ စမ်းသပ်မှုမှာ မင်း ပါဝင်ဖို့ မလိုအပ်တော့ဘူး မဟုတ်လား။” ချင်ယွင်သည် မရေတွက်နိုင်သော အမျိုးသားထုကြီး ရူးသွပ်သွားစေလောက်သည့် ဝိညာဉ် နတ်ဘုရားမ၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ အချိန်အတော်ကြာအောင် အနားယူနေခဲ့ သည်။ သူသည် ဝိညာဉ်နတ်ဘုရားမကို ကြည့်ပြီး မေးလိုက်ပါသည်။

"ဟုတ်တယ်၊ ငါက တကယ်ပဲ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ကပဲ။ နတ်ဘုရား နန်းတော်ကြီးလေးခုရဲ့ စမ်းသပ်မှုမှာ ပါဝင်ဖို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ရှေးဟောင်း ပျက်စီးနယ်မြေတစ်ခုကို ရှာဖွေဖို့ ဒီကိုရောက်လာတာပဲ" ဝိညာဉ်နတ်ဘုရားမက တိုးတိုးလေး ပြောလိုက်ပြီး၊ သူမမျက်နှာက စွဲမက်ဖွယ် ကောင်းနေသေးသည် ။

"ရှေးဟောင်းအပျက်အစီးနယ်မြေလား?။ ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"ဟုတ်တယ်၊ ဒီဝူဝမ်တောင်တန်းဒေသမှာ ဘိုးဘေးဓားနတ်ဘုရားရဲ့ အထွတ်အမြတ် ထားရာ နယ်မြေအဖြစ် လေးစားကိုးကွယ်ကြတဲ့ ဝူဝမ်တောင်ထိပ်အပြင်, နတ်ဘုရား နန်းတော်ကြီးလေးခုနဲ့ ပူးပေါင်းခြင်းမရှိတဲ့ အဆင့်မြင့်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တွေ ချန်ထားရစ်ခဲ့တဲ့ အကြွင်းအကျန်တွေ အများကြီးရှိနေသေးတယ်။ များသောအားဖြင့် ဒီအကြွင်းအကျန်တွေဟာ အလွန်မင်း ဖုံးကွယ်နေကြတယ်။ အဲဒီအရာတွေကို ရှာဖွေရတာ အရမ်းကို ခက်ခဲတယ်။ အဆုံးမတော့, ကောင်းကင် နတ်ဘုရားနယ်ပယ်ကို ရောက်ရှိမှသာ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ဖွင့်လှစ်နိုင်ကြတာလေ။ ဒါကြောင့် ဤအကြွင်းအကျန်တွေကို ကမ္ဘာငယ်လေးတွေထဲမှာ ဝှက်ထားလေ့ရှိကြတယ်”။

"ဒီတစ်ခါ၊ ငါ သတ်ဖြတ်ခြင်းနတ်ဘုရားလို့ခေါ်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကမ္ဘာငယ်လေးထဲ ကို ဝင်သွားခဲ့တယ်" "ဒီကမ္ဘာငယ်လေးမှာ သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ စက်ယန္တရားတွေ ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး၊ ခက်ခက်ခဲခဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ငါ ထွက်လာပြီးတာနဲ့ ဒီတင်းချန်ကလည်း ပြေးထွက်လာမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ပြီးတော့ လမ်းတဝက်မှာ ငါ နင့်ကို တွေ့မယ်လို့လည်း ထင်မထားမိဘူး။ အဲဒီအချိန်မှာ, ငါ့ခင်ပွန်းကလည်း ငါ့ကို မကူညီနိုင်ဘူးလို့ တွေးခဲ့မိတယ်။ ဒါကြောင့်လည်း ငါက နင့်ကို လျစ်လျူရူထားခဲ့တာ။ ဒါပေမယ့်, နောက်ပိုင်းမှာ နင်က ငါ့ကို အမှီလိုက်နိုင်ခဲ့တယ်။ နောက်ပိုင်းကိစ္စကတော့ သိပြီသားပေါ့" ဝိညာဉ်နတ်ဘုရားမက ဖြေကြားခဲ့သည်။

"အဲဒီလိုလား?" ထိုစကားကြားတော့ ချင်ယွင်သည် သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်သွားခဲ့သည်။

"မှန်တယ်၊ ရှန်းယု၊ မင်းက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ကလို့ ငါ သိထားတယ်။ ဒါပေမယ့် မင်း ဘယ်မြို့နဲ့ပူးပေါင်းထားလဲ ငါ မသိသေးဘူး။ ဒီတင်းချန်က ရော ဘာလို့ မင်းနောက်ကို လိုက်နေရတာလဲ?။" ချင်ယွင်က ဆက်မေးသည်။

All Chapters