← Chapters

အခန်း ၁၁၅၃

Vol. 77 Ch. 1153

အခန်း ၁၁၅၃

Vol. 77 Ch. 1153

အခန်း (၁၁၅၃) ဝိညာဉ်နတ်ဘုရားမ၏အတိတ်။

ချင်ယွင်၏စကားများကို ဝိညာဉ်နတ်ဘုရားမ ကြားသောအခါ၊ ဝိညာဉ်နတ်ဘုရားမသည် သူမ၏မျက်နှာပေါ်တွင် ပြန်လည်အောက်မေ့သည့် အမူအရာကို ထုတ်ဖော်လာခဲ့သည်။

"ငါ့နာမည် အရင်းက ကျိုးလင်းပါ။ ငါက လွင့်မျောနှင်းမြို့တော်ကပဲ။ လွင့်မျောနှင်း မြို့တော်ရဲ့ သခင်က ငါ့အစ်ကိုကြီးပဲ" ဝိညာဉ်နတ်ဘုရားမက ပြန်ဖြေသည်။

"လွင့်မျောနှင်းမြို့တော်လား…?" ချင်ယွင်က မထိန်းနိုင်ဘဲ အံ့သြတကြီး မေးလိုက်ပါသည်။

သူသည် လွင့်မျောနှင်းမြို့တော်နှင့် ဒီလောက်ကောင်းမွန်သည့် ဆက်ဆံရေးမျိုး ရှိနေလိမ့် မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ယခင်က အကြီးအကဲလင်းသည် လွင့်မျောနှင်း မြို့တော် မြို့သခင်၏ အစေခံအိုကြီး ဖြစ်သည်။ ယခုအခါတွင်၊ ဝိညာဉ်နတ်ဘုရားမသည် လည်း လွင့်မျောနှင်းမြို့တော်၏ လူတစ်ဦးဖြစ်နေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူမသည် လွင့်မျောနှင်းမြို့တော်၏ မြို့သခင်၏ ညီမပင် ဖြစ်နေသေးသည်။

ချင်ယွင်၏စိတ်နှလုံးသည် ကောင်းကင်ဘုံကံကြမ္မာက လူတွေကို ကျီစယ်ကစားနေသည် ဟူသော ခံစားချက်မျိုးဖြင့် ပြည့်နေခဲ့သည်။

"ဒါဆို လွင့်မျောနှင်းမြို့တော်က ကောင်းကင်ဘုံထွဋ်မြို့တော်နဲ့ ရန်ငြိုးရှိနေလို့လား?။" ချင်ယွင်က ဆက်မေးသည်။

"မှန်တယ်၊ လွင့်မျောနှင်းမြို့တော်နဲ့ ကောင်းကင်ဘုံထွဋ်မြို့တော်တို့ကြားက ကြီးမားတဲ့ ရန်ငြိုးကြီး ရှိနေခဲ့တယ်။ ဒါတွေအားလုံးကလည်း ငါ့ကြောင့် ဖြစ်ပေါ်ရတာပဲ။" ဝိညာဉ်နတ်ဘုရားမက ပြန်ဖြေသည်။

"မင်းကြောင့်လား....”။ ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမကို အံ့သြစွာ ကြည့်လိုက်သည်။

ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြီး ဆက်ပြောသည် "လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်က စခဲ့တာပဲ။ အဲဒီတုန်းက ငါ့ရဲ့အစ်ကိုအကြီးဆုံးက လွင့်မျောနှင်းမြို့တော်ရဲ့ အရှင်သခင် မဖြစ်သေးဘူး။ မြို့တော်သခင်က ငါ့အဖေပဲ"။ ဆိုတော့ ငါ့ရဲ့ အရည်အချင်းက မဆိုးပါဘူး။ မြေကမ္ဘာနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဖို့အတွက် အနှစ်တစ်သောင်းပဲ အချိန်ယူခဲ့ရ တယ်။ အဲဒီအချိန်တုန်းက, ကောင်းကင်ဘုံထွဋ်မြို့တော်မှာလည်း တင်းထန်ယွန်လို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ရှိနေသေးတယ်။ သူကလည်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ အနှစ်နှစ်သောင်းအောက် အချိန်ယူခဲ့တယ်။ သူနဲ့ငါက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ ကြီးမြတ်ဆုံး ပါရမီရှင်နှစ်ဦး ဖြစ်လာခဲ့တယ်ပေါ့။ သူကတော့ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ ရွှေရောင်ကလေးငယ်အဖြစ် ချီးကျူးခံရပြီးတော့, ငါကတော့ ကျောက်စိမ်းမိန်းကလေး အဖြစ် ချီးကျူးခံရတယ်ပေါ့။ ဒါကြောင့် တစ်စုံတစ်ယောက်က ငါ့ကို သူနဲ့ လက်ထပ်စေချင် တယ်။"

ထိုစကားကြားတော့ ချင်ယွင်သည် အထိန်းချုပ်လွတ်ပြီး မျက်မှောင်ကြုတ်သွားမိသည်။ ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ သူမမျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါသည်။ ချင်ယွင်၏ မနာလိုစိတ်ကြောင့် သူမ ကျေနပ်သွားသည်မှာ ထင်ရှားပါသည်။

ဝိညာဉ်နတ်ဘုရားမက ရှေ့ဆက်ပြောသည် "လူတွေက ပိုပိုပြီး အပြောများလာတဲ့အခါ ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ တင်းထန်ယွန်ရဲ့ အဖေမှာ ဒီလို အတွေးမျိုး ရှိလာခဲ့တယ်။ အဲဒါကတော့ "လက်ထပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်းထန်ယွန်ကို လွင့်မျောနှင်းမြို့တော်ကို ခေါ်ဆောင်လာခဲ့တာပဲ။ အဲဒီတုန်းကတော့ ငါက တော်ဝင်တာအိုကို ရှာဖွေဖို့ပဲ အာရုံစိုက်နေခဲ့တယ်။ ငါ့ရဲ့သားသမီးတွေနဲ့လည်း ကြောင့်ကြမစိုက်ချင်ခဲ့ဘူး။ နောက်ပြီး ငါက ဒီ တင်းထန်ယွန်ကို အသုံးမချချင်ဘူး။ တင်းထန်ယွန်က ကွဲပြားခြားနားနဲ့လူတစ်ယောက်လို့ ငါ အမြဲတမ်း တွေးထားခဲ့တယ်။ ဒါကြောင့် ငါ သဘောမတူခဲ့ဘူး။ ဒါပေမယ့်, ငါ့အဖေကတော့ လွင့်မျောနှင်းမြို့တော်ရဲ့ တိုးတက်မူကို အကြောင်းပြပြီး ဒီလက်ထပ်ပွဲကို သဘောတူခဲ့တယ်။ ဘယ်လိုပဲ ဆန့်ကျင်နေပါစေ၊ အဲဒါက အသုံးမဝင်ခဲ့ဘူး။"

"ဒါဆို နောက်ပိုင်း ဘာဖြစ်သွားလဲ?" ချင်ယွင်က ဆက်မေးသည်။

"နောက်တော့၊ လက်ထပ်ပွဲကို သဘောတူဖို့ ငါ့ကို အတင်းအကြပ် တွန်းအားပေးပြီး, ငါ့အဖေက တင်းထန်ယွန်အပေါ် ငါ ခံစားချက်တွေရှိလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူ့ကို စံအိမ်ထဲမှာ တကယ်ပဲ နေခိုင်းခဲ့တယ်။ ဒါပေမယ့် တင်းထန်ယွန်က လေးစားထိုက်ဖွယ် လူတစ်ယောက်ဖြစ်နေမယ်လို့ သူ မျှော်လင့်မထားခဲ့ဘူး။ ဒါကြောင့် ငါ့ပတ်ဝန်းကျင်မှာ သူရှိနေတာက အဖေ ငါ့ကို ပိုပြီးတော့ မုန်းတီးအောင် လုပ်နေသလိုပဲ။ ဒါပေမယ့် တစ်နေ့မှာတော့ တင်းထန်ယွန်ဟာ ဇာတိပြလာပြီး ငါ့အဖေမရှိတာကို အခွင့်ကောင်းယူ ကာ ငါ့ကို လျှို့ဝှက်ကြံစည်ခဲ့တယ်။” ဝိညာဉ်နတ်ဘုရားမသည် သူမမျက်လုံးထဲတွင် မသိစိတ်က သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ရင်း ပြောဆိုလိုက်ပါသည်။

ချင်ယွင်သည် မျက်ခုံးပင့်လိုက်ပြီး သူ၏မျက်လုံးတွေက အေးစက်မူနှင့်အတူ တောက်ပလာ သည်။ ဝိညာဉ်နတ်ဘုရားမကို သူ၏မိန်းမအဖြစ် ဆက်ဆံမူနယ်ပယ်အတွင်း ရောက်ရှိလာ ကတည်းက ချင်ယွင်သည် ထိုကဲ့သို့အရာမျိုးကို သဘာဝအတိုင်း စက်ဆုပ်ရွံရှာသလို ခံစားလိုက်ရသည်။

“နောက်တော့ တင်းထန်ယွန်ရဲ့ ရည်ရွယ်ချက်ကို ငါ တွေ့ရှိခဲ့ပြီးနောက်, ငါက သူကို့ တိုက်ရိုက် သတ်ပစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက တင်းထန်ယွန်ဟာ ကောင်းကင်ဘုံထွဋ် မြို့တော်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်သလို၊ နောက်ထပ် ကောင်းကင်ဘုံထွဋ် မြို့တော်ရဲ့ မြို့သခင်ဆိုတဲ့ ဖြစ်တည်မှုမျိုးပဲ။ ဒီလိုပါရမီရှင်တစ်ယောက်ကို ငါ့က သတ်ပစ်လိုက်မှတော့ ကောင်းကင်ဘုံထွဋ်မြို့တော်က သဘာဝအတိုင်း ငါ့ကို အလွတ်မပေးခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ဆီ ရောက်သွားခဲ့တယ်။ ပြီးတော့ ငါလုပ်ခဲ့တဲ့ အမှားကြီးကြောင့် ငါ့အဖေလည်း ပြစ်ဒဏ်ကို လက်ခံခဲ့ရတယ်။ ငါအဖေက လွင့်မျောနှင်းမြို့တော်ရဲ့ မြို့သခင်ရာထူးကနေ ဖယ်ရှားခံခဲ့ရရုံတင်မကဘူး၊ နတ်ဘုရားကပ်ဘေး ဒုက္ခအတွင်းမှာ တင်းထန်ယွန် အဖေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်” ဝိညာဉ်နတ်ဘုရားမသည် ထိုစကားပြောနေစဉ်, သူမ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်လာခဲ့သည်။

ချင်ယွင်သည် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရလာဒ်အနေဖြင့်, ကောင်းကင်ဘုံထွဋ်မြို့တော်နှင့် လွင့်မျောနှင်းမြို့တော်တို့အကြား ဆက်ဆံရေးသည် ဘယ်တော့မှ ပြီးဆုံးနိုင်မည် မဟုတ်တော့ပေ။

"ငါ့အဖေက အသတ်ခံရတယ်။ ငါ့အစ်ကိုက မြို့သခင်ဖြစ်လာတယ်။ ငါ့တို့ နှစ်ယောက်လုံး သူ့ကို လက်စားချေဖို့ ကျိန်ဆိုခဲ့တယ်။ ဒါကြောင့်ပဲ, ငါက ကျင့်ကြံဖို့ ထွက်ခွာသွားခဲ့ပြီး နောက်ဆုံးမှာတော့ မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ တယ်။ ဒီနောက် ငါ ပထမဆုံးလုပ်ခဲ့တဲ့အရာက ကောင်းကင်ဘုံထွဋ်မြို့တော်က ငါ့အဖေရဲ့ ရန်သူတွေကို သတ်ပစ်ဖို့ပဲပေါ့" ဝိညာဉ်နတ်ဘုရားမသည် သူမ၏လေသံတွင် စိတ်ပိုင်းဖြတ် ထားသည့် အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။

ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ခေါင်းမာသော မျက်နှာကို ကြည့်ပြီး သူ၏ နှလုံးသားထဲတွင် နာကျင်ခြင်း အရိပ်အယောင်ကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

ထိုအချိန်တုန်းက, ဝိညာဉ်နတ်ဘုရားမသည် ထိုကဲ့သို့သော အမုန်းတရားများကို ခံနိုင်ရည် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ နောင်အနာဂတ်တွင် ဝိညာဉ်နတ်ဘုရားမ၏ စိတ်နေ သဘောထားသည် အဘယ့်ကြောင့် ဤမျှ အေးစက်လာရသည်ကို နောက်ဆုံး သူ နားလည် သွားခဲ့သည်။ ဤအရာအားလုံးအတွက် အကြောင်းပြချက်တစ်ခုသာ ရှိနေသည်ဟု သူ ထင်မြင်မိသည်။

"အဲဒီတုန်းက, ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ မြို့တော်သခင်ကို သတ်ဖြတ်ပြီးနောက်၊ ငါလည်း မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းတွေ ကို ချိုးဖောက်ခဲ့တယ်။ ဒီနောက် ငါလည်း မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်ရဲ့ တရားဥပဒေစိုးမိုးရေးခန်းမက လူတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ထွက်ပြေးသွားချိန်မှာ, ငါ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ နောက်ပိုင်း, ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒါကြောင့်ပဲ, အင်မော်တယ်ကမ္ဘာဆီ ထွက်ပြေးဖို့နဲ့ ငါ့စိတ်ဝိညာဉ်ကို စည်းတံဆိပ်ခတ်ပြီး ငါ့ခန္ဓာကိုယ်ကို လူပြန်ဝင်စားဖို့ ခွင့်ပြုလိုက်ရတယ်။"

ထိုနေရာအရောက်တွင်, ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို အလျင်အမြန် ကြည့်ရှုပြီး ရှင်းပြလိုက်သည် "ဒါပေမယ့်, ငါ လူပြန်ဝင်စားခြင်း မပြုခင်မှာ ငါ့ခန္ဓာကိုယ်ထဲမှာ ကန့်သတ်ချက်တစ်ခု ထားခဲ့ပြီးသားပါ။ ဘယ်သူမှ ငါ့ကို ထိခွင့်မရှိပါဘူး။ ဒါကြောင့်၊ ငါ့ရုပ်ခန္ဓာကိုယ်ဟာ မရေမတွက်နိုင်အောင် လူပြန်ဝင်စားခြင်းတွေ ရှိခဲ့ပေမယ့်, ငါ့ခန္ဓာကိုယ်က အမြဲတမ်း အပြစ်ကင်းစင်ပါတယ်။"

ချင်ယွင်က ဘာမှမထူးခြားသလို ပြုံးလိုက်ပါသည်။ သူသည် သဝန်တိုတတ်သူ တစ်ယောက်ဖြစ်လျှင်ပင်, ဤအတိုင်းအတာအထိတော့ မဟုတ်ပါဘူး။

အကယ်၍, သူသာ သူမ၏ အရင်အတိတ်ဘဝတွေကို အမှန်တကယ် ဂရုစိုက်နေမည်ဆို လျှင်, အမျိုးသမီးလေးယောက်၏ ချစ်မြတ်နိုးခြင်းခံရဖို့ နေနေသာသာ၊ ချစ်သည်ဟု ပြောဆိုရန်ပင် သူ့မှာ အရည်မချင်း မရှိပါဘူး။

သို့သော်၊ ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမက ဤသို့ပြောဆိုနိုင်သည်ဟူသော အချက်ကြောင့်ပင် သူ၏ရင်ထဲ အလွန်ထိမှန်သွားခဲ့သည်။ အနည်းဆုံးတော့၊ ဤစကားက ဝိညာဉ်နတ်ဘုရားမသည် သူ၏ထင်မြင်ချက်ကို ဂရုစိုက်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"ဒါဆို လက်ရှိမြို့တော်သခင်က တင်းထန်ယွန်နဲ့ ဘာပတ်သက်လဲ?" ချင်ယွင်က မေးသည်။

"လက်ရှိ ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ မြို့တော်သခင်က တင်းထန်ယွန်ရဲ့ညီပဲ။ သူ့နာမည်က တင်းထန်လျူတဲ့။ ဒီတင်းချန်က တင်းထန်လျူရဲ့ ဒုတိယသားပေါ့။ ဒီနှစ်သန်း ပေါင်းများစွာအတွင်းမှာ ကောင်းကင်ဘုံထွဋ်မြို့တော်နဲ့ လွင့်မျောနှင်းမြို့တော်တို့ဟာ အမြဲတမ်း ပဋိပက္ခဖြစ်နေခဲ့တယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာတော့ ငါ့ကြောင့်ပဲ ပဋိပက္ခတွေ က ပိုပြင်းထန်လာခဲ့တယ်။ "အခုအချိန်မှာ ငါ့ရဲ့ခွန်အားက အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ်ထိပဲ ပြန်ကောင်းသေးတယ်။ အဲဒီနှစ်တုန်းက အထွတ်အထိပ်ကို ပြန်ရောက်ဖို့အတွက် ခရီးလမ်းက အရမ်းကို ဝေးနေပါသေးတယ်။ ငါ သတ်ဖြတ်ခြင်း နတ်ဘုရားရဲ့ အဲဒီကမ္ဘာငယ်လေးထဲကို ဝင်ရောက်ရတဲ့ အကြောင်းရင်းက သတ်ဖြတ်ခြင်း နတ်ဘုရားရဲ့ ကမ္ဘာငယ်လေးထဲမှ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို ရယူဖို့ပဲ။ အဲဒီအရာက ငါ့ရဲ့ခွန်အားကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်တယ်။ ဒါပေမယ့်, ဒီသတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ ကမ္ဘာငယ်လေးက အလွန်အစွမ်းထက်နေမယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူး။" ဝိညာဉ်နတ်ဘုရားမက ပြန်ပြောသည်။

ချင်ယွင်က နားလည်သဘောပေါက်ဟန်ဖြင့် ရုတ်တရက် ခေါင်းညိတ်ပြလိုက်ပါသည်။ ဤနည်းဖြင့် ချင်ယွင်လည်း ဝိညာဉ်နတ်ဘုရားမ၏ နောက်ခံအကြောင်းကို အသေးစိတ် နားလည်သွားခဲ့သည်။

ဟုတ်ပါသည်, သူ မသိသောအရာ တစ်ခုရှိနေသေးသည်ကို ချင်ယွင် သိပါသည်။ ၎င်းမှာ ချင်ယွင် အင်မော်တယ်ကမ္ဘာတွင်ရှိနေစဉ်က သူမနောက်သို့ လိုက်လာခဲ့သော နတ်ဘုရား တစ်ပိုင်းဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံထွဋ်မြို့တော်က လူမဟုတ်သည်မှာ သိသာ ထင်ရှားပါသည်။ သိသာထင်ရှားသည်မှာ ထိုလူသည် ဝိညာဉ်နတ်ဘုရားမ၏ နောက်ထပ် ရန်သူတစ်ဦး ဖြစ်နိုင်ပါသည်။ သို့သော်၊ ချင်ယွင်သည် အနာဂတ်တွင် ဖြစ်ပျက်လာမည့် အရာများကို သေချာပေါက် သိနိုင်မည်ဟု ယုံကြည်သောကြောင့် ထိုအကြောင်းကို နောက်ထပ် မစုံစမ်းတော့ပေ။

“စကားမစပ်, ခင်ပွန်း၊ နင်က လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်မှာ ပါဝင်ဖို့ စီစဉ်နေတာ မဟုတ်လား?။ ဒါပေမယ့် နင် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်သေးဘူး မဟုတ်လား?။” ထိုအခိုက်မှာ ဝိညာဉ်နတ်ဘုရားမက ရုတ်တရက် မေးလိုက်ပါသည်။

“မှန်တယ်။ ငါ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်တို့နဲ့ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်တို့ရဲ့မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီ။ အခုအချိန်မှာ, ငါက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော် မစ်ရှင်တစ်ခုပဲ ကျန်တော့တယ်။ ငါ့ခန္ဓာကိုယ်နဲ့ နတ်ဘုရားဖြစ်လာဖို့ပေါ့။ ဒါပေမယ့်, ငါ့ရဲ့ဖင်းဂေါ့ဂ် ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် အဋ္ဌမအဆင့်နဲ့ပတ်သက်ပြီး ငါ့မှာ နည်းစနစ် မရှိဘူး။ ငါ့ခန္ဓာကိုယ်က နတ်ဘုရားဖြစ်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးပေါ့" ချင်ယွင်က ကူကယ်ရာမဲ့ ပြန်ဖြေလိုက်သည်။

"ဟုတ်ပြီ...,၊ ခင်ပွန်း၊ ငါတို့ သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ ကမ္ဘာငယ်လေးထဲကို နောက်တကြိမ် ပြန်ဝင်ရမယ့်ပုံပဲ။ ဘာလို့ဆို, အရင်က သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ ကမ္ဘာငယ်လေးထဲမှာ ဖင်းဂေါ့ဂ်တွေရဲ့ မှတ်တမ်းတွေကို ငါ မြင်ခဲ့မိသလိုပဲ။ အဲဒီမှတ်တမ်းတွေထဲမှာ နင်လိုအပ်တဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို သန့်စင်ခြင်း နည်းစနစ်တွေ ပါဝင်ကောင်း ပါဝင်နေနိုင်တယ်" ဝိညာဉ်နတ်ဘုရားမက ပြောလိုက်ပါသည်။

ချင်ယွင်သည် ထိုစကားကို ကြားလိုက်ရချိန်မှာ, သူ၏မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့ပါသည်။ သူသည် ကပျာကယာ သဘောတူလိုက်သည် "ကောင်းပြီ၊ ဒါဆို မင်းဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အခါ ငါတို့က သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ ကမ္ဘာငယ် လေးကို အတူတူသွားပြီး စူးစမ်းကြတာပေါ့”။

All Chapters