← Chapters

အခန်း ၁၁၅၅

Vol. 77 Ch. 1155

အခန်း ၁၁၅၅

Vol. 77 Ch. 1155

အခန်း (၁၁၅၅) ကမ္ဘာငယ်လေး၏ဝင်ပေါက်

ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် လမ်းတစ်လျှောက်လုံး ပျံသန်းလာခဲ့ကြသည်။ နေ့တစ်ဝက်လောက် ကုန်ဆုံးပြီးနောက်, နောက်ဆုံးတွင် သူတို့သည် ကမ္ဘာငယ်လေး၏ အဝင်ပေါက်ဆီသို့ ရောက်လာကြပါသည်။

ကမ္ဘာငယ်လေးသို့ ဝင်ပေါက်သည် နတ်တောင်တန်းတစ်ခု၏ မထင်ရှားသော တောင်နံရံ တစ်ခု ဖြစ်သည်။ ထိုတောင်နံရံတံတိုင်းကို ဖြတ်ကျော်နိုင်သရွှေ့ သူတို့သည် ကမ္ဘာငယ်လေးထဲကို ဝင်ရောက်နိုင်ပါလိမ့်မည်။

သေချာပါသည်။ ဒီကမ္ဘာငယ်လေး၏ ဝင်ပေါက်က ဝင်ဖို့ သိပ်မလွယ်ကူပါဘူး။ တစ်စုံတစ်ယောက်သည် ၎င်းဝင်ပေါက်အပေါ်တွင် နတ်ဘုရား ကန့်သတ်ချက်တစ်ခု ချမှတ်ထားကြောင်း ထင်ရှားပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အတင်းအကြပ် ကျူးကျော် ဝင်ရောက်လာပါက၊ ဤနတ်ဘုရား ကန့်သတ်ချက်ကြောင့် ဒဏ်ရာရသွားပေ လိမ့်မည်။ အားနည်းသည့်လူများဆိုလျှင်, ပွဲချင်းပြီး သတ်ဖြတ်ခံရလိမ့်မည်။

သို့သော်လည်း ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့ကို အံ့သြသွားစေသည်မှာ ဤအခိုက်အတန့်တွင် ဤကမ္ဘာငယ်လေး၏ ဝင်ပေါက်မှာ အမှန်တကယ်ပင် လူနှစ်ယောက် ပျံဝဲနေခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်စလုံးသည် လူငယ်လေးတွေအတိုင်းပင်။ သူတို့နှစ်ယောက်စလုံးသည် ထူးခြားသည့် ကိရိယာများဖြင့် ပုံဖော်ထားသည့် နတ်ဘုရားဝတ်စုံတွေကို ဝတ်ဆင်ထား ကြသည်။ ရှင်းနေသည်မှာ ၎င်းတို့သည် တူညီသောအဖွဲ့ခွဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။

လူငယ်တစ်ဦးက ပိန်ပါးပြီး သူ၏မျက်ခုံးများသည် မိန်းမဆန်ဆန် အရိပ်အမြွက်ကို သယ်ဆောင်ထားသည်။

သို့သော် သူ၏ ကျင့်ကြံမူက မရိုးရှင်းပေ။ သူသည် အစောပိုင်းအဆင့် ကြယ်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ဘေးမှလူက အတော်လေး သန်မာသည့် ခန္ဓာကိုယ်၊ မုတ်ဆိတ်ဗရဗျစ်နှင့် မျက်နှာကို ပိုင်ဆိုင်ထားကာ၊ ပို၍ပင် မောက်မာပြီး လွမ်းမိုးကြီးစိုးလိုသည့် စိတ်သဘောထား ရှိနေပုံရ သည်။

ဤလူ၏ကျင့်ကြံမှုက ပို၍ပင် မြင့်မားပုံပေါ်သည်။ သူသည် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ၎င်းသည် ယခင် တင်းချန်နှင့် များစွာ ကွာခြားပုံမပေါ်ပေ။

ချင်ယွင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ဦးသည် နတ်ဘုရားနန်းတော်ကြီးများ၏ စမ်းသပ်မှုများတွင် ပါဝင်ရန် ဤနေရာမှာ ရှိနေခြင်းမဟုတ်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ သူတို့လည်း ဤကမ္ဘာငယ်လေးအတွက် ဒီနေရာမှာ ရှိနေခဲ့သည်မှာ ရှင်းပါသည်။

နောက်ဆုံးတွင်၊ နတ်ဘုရားနန်းတော်များသို့ မ၀င်ရောက်နိုင်သော ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများသည် အလွန်နည်းပါးပါသည်။ ထို့အပြင်, သူတို့နှစ်ယောက်၏ အဝတ်အစားတွေက အတူတူပင်။ ထို့ကြောင့် သူတို့သည် တူညီသောအဖွဲ့ခွဲတစ်ခုမှ ဆင်းသက်လာကြောင်း သိသာထင်ရှားပါသည်။

သို့သော် သူတို့နှစ်ဦးသည် ဤကမ္ဘာငယ်လေးထဲသို့ မဝင်ခဲ့ကြပေ။ ဤကမ္ဘာငယ်လေး၏ ၀င်ပေါက်တွင် ကန့်သတ်ချက်များနှင့်ပတ်သက်၍ စိုးရိမ်နေပုံရသည်။

"သူတို့က ခေါင်းလောင်းလေနတ်ဘုရားနန်းတော်၊ ကြယ်အလင်းမြို့တော်ရဲ့ သာမာန် အဖွဲ့ဝင်တွေပဲ။ သူတို့အဝတ်အစားတွေရဲ့ လက်ပတ်တွေကို ကြည့်လိုက်ပါ။ သူတို့မှာ ကြယ်ရောင်အရိပ်အယောင်တွေ ရှိမရှိ မြင်နိုင်လိမ့်မယ်" ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ထံသို့ အသံပို့လွှတ်ကာ ပြောသည်။

ချင်ယွင်သည် လူနှစ်ယောက်၏ လက်ပတ်များကို ကြည့်လိုက်ရာ ၎င်းတို့၏ လက်မောင်းတွင် ကြယ်ရောင်ပုံစံအချို့ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးသည် ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့ ရောက်ရှိလာသည်ကို သတိပြုမိကြသည်။ သူတို့သည် ချင်ယွင်တို့ဆီသို့ တစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်ကြသည်။ ပို၍တိတိကျကျ ပြောရလျှင်, သူတို့၏အကြည့်များသည် ဝိညာဉ် နတ်ဘုရားမအပေါ် ကျရောက်သွားကြသည်။

သူတို့နှစ်ဦး၏ မျက်နှာများပေါ်တွင် မှင်သက်နေသည့် အမူအရာများ ပေါ်လွင်နေပြီး၊ သူတို့နှစ်ဦးသည် ဝိညာဉ်နတ်ဘုရားမ၏ အလှအပကြောင့် မှင်သက်တွေဝေသွားကြပုံ ရပါသည်။

ဟိုတချိန်းတုန်းက ဝိညာဉ်နတ်ဘုရားမသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နန်းတော်၏ နံပါတ်တစ်အလှပိုင်ရှင်အဖြစ် ချီးမွမ်းခံခဲ့ရသည်။ ၎င်းသည် ရယ်စရာ ပြက်လုံးတစ်ခု မဟုတ်ပါ။ ထို့အပြင် သူမသည် အပြင်လူများရှေ့တွင် အမြဲအေးစက်စက် အသွင်အပြင်ကို ထိန်းသိမ်းထားသည်။ သူမကိုမြင်သည့် မြင်လိုက်ရသည့် အမျိုးသားများ အားလုံးသည် သူတို့စိတ်ထဲမှာ ရှက်ရွှံ့မူအရိပ်အယောင်ကို မခံစားမိဘဲ မနေနိုင်ပါချေ။

သူတို့ရှေ့မှာ ဤလူနှစ်ယောက်လည်း ထိုအခြေအနေမျိုး ဖြစ်နေခဲ့သည်။ သူတို့သည် ဝိညာဉ်နတ်ဘုရားမ၏ အလှတရားကြောင့် ဦးစွာ မှင်သက်သွားကြပြီး၊ ထို့နောက် ဝိညာဉ်နတ်ဘုရားမထံမှ ထုတ်လွှတ်နေသော အငွေ့အသက်ကြောင့် ထိတ်လန့်ခဲ့ကြရ သည်။ ဝိညာဉ်နတ်ဘုရားမသည် ၎င်းတို့ ရန်မစသင့်သည့် တည်ရှိမှုဖြစ်ကြောင်း သူတို့ ချက်ချင်း သိသွားကြသည်။ ထို့ကြောင့် သူတို့သည် အနည်းငယ်မျှ တွေးတော ကြည်စည်ဝံ့ခြင်း မရှိကြပေ။

ချင်ယွင်အတွက်မူ, သူတို့သည် သူ့ကို လုံးဝ လျစ်လျူရှုထားကြပါသည်။

ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ၏စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

"မင်းတို့လည်း ကမ္ဘာငယ်လေးထဲကို ဝင်ဖို့ စီစဉ်နေတာလား။?" ချင်ယွင်နှင့် ဝိညာဉ် နတ်ဘုရားမသည် သူတို့ရှေ့တွင် လွင့်မျောလာပြီး မေးလိုက်သည်။

ချင်ယွင်၏ မေးခွန်းကို လူငယ်နှစ်ဦး ကြားသောအခါတွင် သူတို့သည် မျက်မှောင်ကြုတ်ကာ သူတို့၏ မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်ကို ဖော်ထုတ်လာကြ သည်။ ထင်ရှားသည်မှာ၊ သူတို့သည် ချင်ယွင်ကို ဂရုမစိုက်ချင်ကြပေ။

သို့သော်၊ ဝိညာဉ်နတ်ဘုရားမ၏ အေးစက်စက် မျက်လုံးများက သူတို့ကို စိုက်ကြည့်နေ သည်ကို မြင်သောအခါတွင်, သူတို့သည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားကြပါသည်။

ပိန်ပိန်ပါးပါး အမျိုးသားက ချက်ချင်းပင် လေးလေးစားစား ပြန်ပြောသည် "ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ ဒီကမ္ဘာငယ်လေးထဲ ဘယ်လို ဝင်ရမှန်း မသိဘူး။ ကန့်သတ်ချက်က နည်းနည်းတော့ အားကောင်းနေပုံရတယ်။ ဒါကြောင့် ငါတို့လည်း ဒါကို မဆင်မခြင် မစမ်းသပ်ရဲတော့ဘူး။"

ချင်ယွင်သည် ဤရယ်စရာကောင်းသော မြင်ကွင်းကို မြင်သောအခါတွင်, သူသည် မထိန်းနိုင်ဘဲ ရယ်မောလိုက်ပြီး၊ ဝိညာဉ်နတ်ဘုရားမအား လေးစားသော အမူအရာဖြင့် တိတ်တဆိတ် ကြည့်လိုက်မိပါသည်။

ဝိညာဉ်နတ်ဘုရားမ၏ ပါးစပ်ထောင့်များသည် မည်သည့်အမူအရာကိုမျှ ထုတ်ဖော်ပြခြင်း မရှိဘဲ အထက်သို့ တွန့်ကွေးကြသည်။ ချင်ယွင်၏ အမူအရာကြောင့် သူမ သဘောကျသွား သည်။ သို့သော်လည်း အပြင်လူများရှေ့တွင်မူ သူမသည် အေးစက်စက် ပုံရိပ်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ နှလုံးသားထဲတွင် သူမ၏ မိန်းမငယ်လေး၏ ကိုယ်နေဟန်ပန် အနေအထားသည် ချင်ယွင်တစ်ယောက်တည်း အတွက်သာ ဖြစ်နေသောကြောင့်ပင်။

"ကမ္ဘာငယ်လေးရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ဖို့က သိပ်ခက်ခဲတာတော့ မဟုတ်ဘူး။ လမ်းဖယ်စမ်း.." ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ပြောလိုက်သည်။

သူမ စကားဆုံးသောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်း တစ်ခုက သူမလက်ထဲတွင် ထွက်ပေါ်လာသည်။ ပြင်းထန်ပြီး အေးစက်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်နတ်ဘုရားမ၏ လက်မှ ချက်ချင်း ပျံထွက်သွားကာ တောင်နံရံကို ချက်ချင်း ထိမှန်သွားသည်။

တောင်နံရံသည် ချက်ချင်းပင် တုန်ခါသွားပြီး ဆူညံသံများ ထွက်ပေါ်နေသည်။

သို့သော် တောင်နံရံတံတိုင်းသည် ပြိုပျက်မသွားဘဲ ပတ်ပတ်လည်ရှိ ကြောက်မက်ဖွယ် ကန့်သတ်ချက်များ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်နှင့် အခြားလူများရှေ့တွင် ရေဝဲနှင့်တူသော တံခါးပေါက်တစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းကို လူငယ်နှစ်ဦး မြင်လိုက်သောအခါတွင် သူတို့၏မျက်နှာများသည် အံ့အားသင့်မှုနှင့် စိတ်ရွှင်လန်းသည့် အမူအရာများ ချက်ချင်း ထွက်ပေါ်လာသည်။

အရင်က သူတို့သည် ဤကန့်သတ်ချက်ကို တိုက်ခိုက်ရန် မကြိုးစားခဲ့ခြင်းတော့ မဟုတ်ပေ။ သူတို့သည် ၎င်းကို ခွန်အားအပြည့်ဖြင့် မဖြိုခွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားမ..။" လူငယ်နှစ်ဦးသည် ဝိညာဉ်နတ်ဘုရားမကို ကမန်းကတန်း ကျေးဇူးတင်စကား ဆိုကြသည်။ ဤအခိုက်အတန့်တွင် သူတို့၏စိတ်နှလုံး သည် ဝိညာဉ်နတ်ဘုရားမအပေါ် ပို၍ပင် ရိုသေလာခဲ့ကြသည်။

ဝိညာဉ်နတ်ဘုရားမက ဂရုမစိုက်ပါဘူး။ ဒီကမ္ဘာငယ်လေး၏ ဝင်ပေါက်မှာ မည်သည့် ကန့်သတ်ချက်မှ မရှိတော့ပါဘူး။ အမှန်တကယ် အန္တရာယ်ရှိသော ကန့်သတ်ချက်များ သည် ဤကမ္ဘာငယ်လေးထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုနေရာကသာ အမှန်တကယ် အန္တရာယ်များသော နေရာဖြစ်သည်။ ထို့ကြောင့် သူမသည် ဤကန့်သတ်ချက်ကို တိုက်ရိုက် ချိုးဖျက်ခဲ့သည်။

"သွားရအောင်၊ အရင်ဆုံး ဝင်ကြစို့။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို ပြောသည်။ သူစကားပြောပြီးသည်နှင့် လူငယ်နှစ်ဦး၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များ အောက်တွင်, သူသည် ဝိညာဉ်နတ်ဘုရားမ၏လက်ကို ဖမ်းကိုင်ကာ လေဟာနယ် တံခါးထဲ သို့ တိုက်ရိုက် ဝင်သွားခဲ့သည်။

လူငယ်နှစ်ဦးမှာ အံသြနေကြပြီး၊ သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမနှင့် အတူရောက်လာကြသည်ကို သူတို့ မြင်ကြသော် လည်း၊ သူတို့သည် တာအိုလက်တွဲအဖော်များ ဖြစ်မည်ဆိုသည့် အတွေးကိုအသာထား၊ သူတို့နှစ်ဦးကြားတွင် ရင်းနှီးသော ဆက်ဆံရေးမျိုးပင် ရှိနေမည်ဟု သူတို့ မထင်ထားခဲ့ပေ။ အဆုံးတွင်၊ ဝိညာဉ်နတ်ဘုရားမ၏ ကျင့်ကြံမှုသည် ချင်ယွင်ထက် များစွာ မြင့်မားနေခဲ့ သည်။

သူတို့၏ နှလုံးသားထဲတွင် ဝိညာဉ်နတ်ဘုရားသည် နတ်ဘုရားမတစ်ပါးလို တည်ရှိမူမျိုး ဖြစသည်။ ထို့ကြောင့် သူတို့၏နတ်ဘုရားမလေးသည် ဤမျှနှိမ့်ကျသော လူတစ်ယောက် နှင့် ဘယ်သောအခါမျှ အတူတူ ရှိနေမည်မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။

သို့သော် သူတို့မှားကြောင်း အမှန်တရားက သက်သေပြခဲ့ပါပြီ။ ချင်ယွင်သည် ဝိညာဉ် နတ်ဘုရားမ၏လက်ကို ပေါ့ပေါ့ပါးပါး ဆွဲခေါ်သွားခဲ့သော်လည်း ဝိညာဉ်နတ်ဘုရားမက လုံးဝ ဆီးတားခြင်း မရှိခဲ့ပေ။ ယင်းအစား သူမသည် ပျော်ရွှင်ဟန် အပြုံးကိုပင် ဖော်ထုတ် လိုက်ပါသေးသည်။ ထိုအပြုံးသည် သူတို့၏ နှလုံးသားထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည့် ဓားထက်ထက် တစ်စင်းနှင့်တူနေသည်။

"ငါများ မှားနေသလားဟ?။ ဒီလောက်ပြီးပြည့်စုံတဲ့ မိန်းမက တကယ်ကို နတ်ဘုရား တစ်ပိုင်းနဲ့ ဖြစ်နေတာလား?။" ခပ်ပိန်ပိန်လူငယ်က တုန်လှုပ်ချောက်ချားသည့် အမူအရာ ဖြင့် ပြောလိုက်သည်။

"ပန်းတွေက နွားချေးပုံထဲမှာ တကယ်ကို နှစ်မြုပ်သွားတာပဲ။ နတ်ဘုရားတစ်ပိုင်းလေးက ငါ့နတ်သမီးလေးကို ဒီလိုမျိုး ပြစ်မှား စော်ကားဝံ့တယ်။ မဟုတ်ဘူး၊ ဒီကောင်က အသုံးမဝင်တဲ့ အမှိုက်တစဆိုတာ ငါ နတ်သမီးလေးကို သိစေချင်တယ်။" ကြံ့ခိုင်သန်မာသော လူငယ်က ဒေါသတကြီး ဖြည်းညှင်းစွာ ပြောလိုက်ပြီး သူ၏မျက်လုံး များက အုံ့မှိုင်းလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် ဝိညာဉ်နတ်ဘုရားမရှေ့တွင် ချင်ယွင်ကို အရှက်ခွဲရန် စိတ်ထဲတွင် တေးမှတ်ထားလိုက်ပြီ။ ထိုသို့ဖြင့် ဤလူသည် သူမနှင့် မထိုက်တန်ကြောင်း ဝိညာဉ်နတ်ဘုရားမက သိစေမည် ဖြစ်သည်။

ခပ်ပိန်ပိန်လူငယ်၏ နှလုံးသားထဲသို့ ပြင်းထန်သော မနာလိုစိတ်က တိုးဝင်လာခဲ့သည်။ သို့သော်, သူသည် ဤကြံ့ခိုင်သန်မာသော လူငယ်လေးလောက် ဒေါသ မထွက်ပေ။

ချင်ယွင်သည် ဤအမျိုးသမီးနှင့် မထိုက်တန်ဟု သူ ခံစားခဲ့ရသော်လည်း၊ လှုပ်ရှားချင်သည် အထိ မနာလိုစိတ်တော့ ဖြစ်မနေခဲ့ပါဘူး။ သို့သော်, သူ မမျှော်လင့်ထားခဲ့သည့်အရာက သူ၏ အတွေးအမြင် ကွဲပြားသွားမှုက နောက်ဆုံးတွင် သူ၏အသက်ကို ကယ်တင်ခြင်း ဖြစ်သွားခဲ့တာကိုပါ။

"ဝင်ကြရအောင်။" ကြံ့ခိုင်သန်မာသော လူငယ်သည် စကားတစ်ခွန်း ချန်ထားခဲ့ပြီး၊ ကမ္ဘာငယ်လေး၏ ဝင်ပေါက်သို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ပိန်ပိန်ပါးပါး လူငယ်လေးသည် မျက်မှောင်ကြုတ်ကာ နောက်မှ လိုက်ပါသွားသည်။

စာစဉ် (၇၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၁၁.၃၀.၂၀၂၄)

All Chapters