အခန်း ၁၁၅၆
Vol. 78 Ch. 1156
အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၈)။
ဘာသာပြန်သူ နေဇင်။
အခန်း (၁၁၅၆) လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာငယ်လေး။
ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် ဤကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက်, သူတို့သည် ထူထပ်သော ရှေးဟောင်းအငွေ့အသက်များ သူ့တို့ဆီသို့ ပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။
ဤသိပ်သည်းသော ရှေးဟောင်း အငွေ့အသက်များသည် အနှိုင်းမဲ့ သိပ်သည်းနေပြီး၊ နတ်ဘုရားကမ္ဘာထက်ပင် ပို၍သိပ်သည်းပါသည်။
ဤရှေးဟောင်း အငွေ့အသက်များသည် အလွန်ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒနှင့် ရောနှောနေသဖြင့် လူအများကို ၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပါ သည်။ ပတ်ဝန်းကျင်လေထုသည် လုံးဝ အေးခဲသွားသလိုဖြစ်ပြီး၊ ခေါင်းမှခြေဖျားအထိ ရေခဲပမာ အေးစက်နေသည်။
ဤနေရာသည် ကမ္ဘာငယ်လေးတစ်ခုမဟုတ်ဘဲ ရှေးခေတ်က ကျန်ရစ်ခဲ့သည့် စစ်မြေပြင် တစ်ခုအလားပင်။
ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့ ရပ်နေသည့်နေရာသည် တောင်ထိပ်တစ်ခု၏ ချောက်ကမ်းပါးစွန်းတွင် ဖြစ်သည်။ ချောက်ကမ်းပါးကနေ အောက်ကို ငုံ့ကြည့်လိုက်လျှင်, ကောင်းကင်နှင့် အမြင့်အတူတူနီးပါးရှိပြီး၊ အမြင့်ပေ ၈၀၀၀ ရှိသည်။
အဝေးကို လှမ်းကြည့်လိုက်တော့ နန်းတော်ကြီးတစ်ခု ရှိနေပါသည်။ ယခုအချိန်တွင် နန်းတော်အချို့သည် အချိန်၏တိုက်စားမှုကြောင့် ပြိုကျစပြုနေပြီ ဖြစ်သည်။ နန်းတော်များ၏ အစိတ်အပိုင်းတွေသာ မပျက်မစီး တည်ရှိနေသည်။
နန်းတော်ကြီး၏နက်ရှိုင်းသော အရပ်တွင် ကောင်းကင်နှင့်မြေကြီးကြားတွင် ထီးထီးကြီး တည်ရှိသော ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးမှတပါး နန်းတော်ကြီးတွင်းရှိ အခြား အသီးအရွက်များ အားလုံးသည် ပျောက်ဆုံးသွားခဲ့ပြီ။
ဤရှေးဟောင်းသစ်ပင်ကြီးသည် နှိုင်းစာ၍ မရလောက်အောင်ပင် ကြီးမားလှသည်။ ၎င်းသည် သူနှင့် ကီလိုမီတာ သောင်းနှင့်ချီ ဝေးကွာသော်လည်း ချင်ယွင်၏ အမြင်အာရုံ တစ်ဝက်ကျော်ကို သိမ်းပိုက်ထားဆဲ ဖြစ်သည်။
ချင်ယွင်၏ ခန့်မှန်းချက်အရ ဤရှေးဟောင်းသစ်ပင်ကြီး၏ ပင်စည်အချင်းဝက်သည် ပေ ၁၀၀၀ နီးပါးရှိနိုင်ပြီး၊ ၎င်း၏ထိပ်ဖျားသည် နန်းတော်အုပ်စုတစ်ခုလုံးနီးပါးကို လွှမ်းခြုံထား သည်။
ဤရှေးဟောင်းသစ်ပင်ကြီးသည် စိမ်းလန်းစိုပြေ နေသေးသည်။ အဝေးမှကြည့်လျှင်, သစ်ပင်ကြီး၏ ထိပ်ဖျားသည် ကောင်းကင်ယံမှာ လွင့်မျောနေသည့် အစိမ်းရောင် တိမ်တိုက်ကြီးနှင့်ပင် တူနေသေးသည်။
သို့သော်၊ ချင်ယွင်သည် ဤရှေးဟောင်းသစ်ပင်ကြီးမှ အစွမ်းထက်သော ရှေးဟောင်း အငွေ့အသက်ကို ထုတ်လွှတ်နေကြောင်း ခံစားနိုင်သည်။ ဒီရှေးဟောင်းသစ်ပင်ကြီးသည် မည်သည့်သစ်ပင်အမျိုးစားဆိုသည်ကို ချင်ယွင် မသိသေးပါဘူး။
"အဲဒီသစ်ပင်ကြီးအနားကို မကပ်မိစေနဲ့။ ဒီသစ်ပင်ကြီးက အရမ်းကို အန္တရာယ်များတယ်။ ရှေးဟောင်းသစ်ပင်ကြီးနဲ့ အနီးကပ်သွားပြီး၊ ဒီသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို ထိမိတဲ့ အတွက်ကြောင့် ငါ့ရဲ့နတ်ဘုရားခန္ဓာကိုယ် ဒဏ်ရာအပြင်းအထန် ရခဲ့တာ။ ဒါကြောင့် ဒီသစ်ပင်ကြီးကို သတိထားရမယ်။" ဝိညာဉ်နတ်ဘုရားမက သတိပေးသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏နှလုံးသားထဲတွင် နားမလည်နိုင်သော ခံစားချက်တစ်ခု ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားသော အသက်သစ်ပင်နှင့် ကောင်းကင်တာ အိုသစ်ပင်တို့၏ တုန်လှုပ်သွားခြင်းကို သူ ခံစားလိုက်ရသည်။ ၎င်းတို့သည် အတန်ငယ် ကြောက်ရွံ့နေသကဲ့သို့ပင်၊ ဤအရာက သူ့ကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။
ရှေးဟောင်း အသက်သစ်ပင်ဖြစ်စေ ကောင်းကင်တာအို သစ်ပင်ဖြစ်စေ၊ ၎င်းတို့သည် အင်မော်တယ်ကမ္ဘာရှိ ထိပ်တန်းအင်မော်တယ်သစ်ပင်များ ဖြစ်ကြသည်။ သို့သော် ဤရှေးဟောင်းသစ်ပင်ကြီးကို ရင်ဆိုင်ရသောအခါ, သူတို့သည် မည်သို့မျှ မထိတ်လန့်သင့် ပေ။
ပေါင်းစပ်ထားသော အသက်သစ်ပင်တောင် ကြောက်ရွံ့ရသည့် ဤရှေးဟောင်းသစ်ပင်၏ ထူးခြားချက်က မည်သည့်အရာ ဖြစ်မလဲဆိုသည်ကို သူ အရမ်းကို သိချင်နေခဲ့သည်။
"သွားကြရအောင်။ နန်းတော်ထဲ ဆင်းပြီး တစ်ခုခုရှာတွေ့နိုင်မလား ကြည့်ရအောင်။ မဟုတ်ရင်လည်း ငါတို့ ဒီထက်ပိုနက်ရှိုင်းတဲ့အရပ်ကို သွားတဲ့လမ်းကို ရှာတွေ့နိုင်မှာပါ" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမအား ပြောလိုက်ပြီး သူ၏နောက်ကျောမှ နဂါးအတောင်ပံ တွေက တဖန် ဖြန့်ကြက်လာပြန်သည်။
ယခုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်သည် ရှေးဟောင်းနဂါး၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်၊ သူ၏ခန္ဓာကိုယ်ရှိ နဂါးသွေးမျိုးဆက်သည် နဂါးနတ်ဘုရားနှင့် အကန့်အသတ်မရှိ နီးကပ်နေပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိ သူ၏နဂါးတောင်ပံများသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
မူလက နီမြန်းသော နဂါးတုံ့ပြန်အငွေ့အသက်သည် ယခုအခါ လုံးဝကို ခရမ်းရောင် ဖြစ်သွားခဲ့ပြီ။ ခရမ်းရောင် အကြေးခွံများသည် သတ္တုကဲ့သို့တောက်ပမှုကို ထုတ်လွှတ်နေ သည်။ မာကျောမှုအရ၊ အကြေးခွံများသည် နတ်ဘုရားတစ်ပိုင်း ပစ္စည်းများနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ။
အနာဂတ်တွင်၊ ချင်ယွင်၏ခန္ဓာကိုယ် အားကောင်းလာသည်နှင့်အမျှ နဂါးအတောင်ပံများ သည် ပို၍ပင် သန်မာလာပါလိမ့်မည်။
"ဟူး!"
ချင်ယွင်၏ အတောင်ပံများသည် တဖျပ်ဖျပ် ခတ်သွားပြီး သူသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အောက်မှ နန်းတော်များဆီသို့ ပျံသန်း သွားလိုက်သည်။
ဝိညာဉ်နတ်ဘုရားမသည် လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်ပြီး ချင်ယွင်၏နောက်သို့ အနီးကပ် လိုက်ပါလာသည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ၎င်း၏ အထွတ်အထိပ် အခြေအနေကို အချိန်တိုင်း ထိန်းသိမ်းထားသည်။ ဒါမှသာ၊ အကယ်၍, ချင်ယွင် တစ်ခုခုဖြစ်ခဲ့လျှင်, သူမသည် ချက်ချင်း လှုပ်ရှားနိုင်လိမ့်မည်။
သို့သော် ၎င်းတို့သည် မည်သည့်အန္တရာယ်မှ မကြုံတွေ့ခဲ့ရဘဲ မြေပြင်ပေါ်သို့ လုံခြုံစွာ ဆင်းသက်နိုင်ခဲ့သည်။
သူ၏ရှေ့မှ ပျက်စီးနေသော နန်းတော်အဆောက်အအုံများကို ကြည့်ရင်း, ချင်ယွင်သည် မထိန်းနိုင်ဘဲ ပင့်သက်ရှိုက်မိလိုက်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဤနန်းတော်များ၏ တည်ဆောက်ရေး ပစ္စည်းများသည် အတော်ပင် မာကျောသော နတ်ဘုရားကျောက်တုံးများ, ကောင်းကင်ဘုံ ရေမှုန်ကျောက် များ ဖြစ်နေသောကြောင့်ပင်။ ချင်ယွင်သည် သူ၏ခွန်အားကို အကုန်သုံးပြုလျှင်ပင် ကောင်းကင်ဘုံ ရေမှုန်ကျောက်ကို အပိုင်းပိုင်း ဖြိုခွဲ၍ မရနိုင်သေးပါဘူး။ သို့သော်လည်း ဤအဆောက်အအုံများသည် အချိန်တိုက်စားမူနှင့်အတူ ပျက်စီးသွားခဲ့ပြီ။ ဤကမ္ဘာငယ်လေးသည် မည်မျှကြာကြာ တည်ရှိနေခဲ့သည်ကို တွေးကြည့်နိုင်ပါသည်။
ချင်ယွင်၏ ခန့်မှန်းချက်အရဆို၊ ၎င်းသည် နှစ်ပေါင်း တစ်ဘီလီယံထက်မနည်း အချိန်ကြာ လောက်ပြီ။ မဟုတ်ပါက၊ ကောင်းကင်ရေမှုန်ကျောက်တုံးသည် ထိုကဲ့သို့ အခြေအနေအထိ ယိုယွင်းပျက်ဆီးသွားလိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်သည် ခေါင်းကိုမော့ပြီး သူတို့၏ခေါင်းထက်မှာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနေသည့် ရှေးဟောင်းသစ်ပင်ကြီးကို မကြည့်ဘဲ နေနိုင်ခဲ့ပါချေ။ ဤရှေးဟောင်းသစ်ပင်ကြီးသည် ရှေးခေတ်ကတည်းက ဤနေရာတွင် တည်ရှိနေခဲ့သည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်။
အနှစ်တစ်ရာကျော်သာ ရှိသေးသော ချင်ယွင်အတွက်မူ အနှစ်တစ်ဘီလီယံသည် ရှည်လျား လွန်းလှပါသည်။
ချင်ယွင်သည် နန်းတော်အုပ်စုဆီသို့ လျှောက်သွားခဲ့သည်။ အနီးနားရှိ အဆောက်အဦများ သည် ပြိုကျပျက်စီးနေပါပြီ။ ထုံးစံအတိုင်း၊ အတွင်းမှာရှိသည့် ပစ္စည်းတွေလည်း ဘာတစ်မှ မရှိတော့ပါဘူး။ ထို့ကြောင့် ရတနာများလည်း လုံးဝ မရှိတော့ပါ။ ထို့ကြောင့် သူတို့သည် နန်းတော်အုပ်စုဆီသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက် လျှောက်လှမ်းရုံသာ တတ်နိုင်ပါသည်။
မီတာတစ်သောင်းခန့် လမ်းလျှောက်ပြီးနောက် ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် မပျက်မစီးဖြစ်နေသေးသည် နန်းတော်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
"ကောင်းကင်စိမ်းနန်းတော်?" ချင်ယွင်သည် ခန်းမပေါ်ရှိ ကမ္ပည်းပြားကို ကြည့်ရန် ခေါင်းကို မြှောက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ သို့သော်, သူ၏မျက်လုံးများတွင် အံ့သြဟန်အမူအရာ ရှိနေပါသည်။
ခန်းမ၏ ကမ္ပည်းပြားမှ ထွက်ပေါ်လာသော ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းကို သူ ခံစားနိုင်သည်။ ထိုအချိန်က ကမ္ပည်းပြားကို ထွင်းထားသူ ချန်ထားရစ်ခဲ့ကြောင်း ထင်ရှားသည်။
ဤကမ္ပည်းပြားသည် ဤအဆောက်အအုံကဲ့သို့ ရှေးရှေးကတည်းက ရှိနေသင့်သည်။ အချိန်အတော်ကြာပြီးနောက်၊ နတ်ဘုရားတန်ခိုး၏ စွမ်းအင်အတက်အကျလှိုင်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဤစကားလုံးသုံးလုံးကို ချန်ထားခဲ့သောသူ၏ နယ်ပယ်ကို ပုံဖော်ကြည့်နိုင်ပါသည်။
ချင်ယွင်သည် ပင်မခန်းမဆီသို့ လျှောက်သွားစဉ်, ဝိညာဉ်နတ်ဘုရားမက သူ၏နောက်သို့ တိတ်တဆိတ် လိုက်ပါလာကာ၊ သူမ၏ လှပသော မျက်လုံးများသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေသည်။
ခန်းမတံခါးတွေ ပွင့်နေသော်လည်း၊ အကယ်၍, တစ်စုံတစ်ယောက်သည် ဝင်ရောက်လို သည်ဆိုလျှင် လှေကားထစ်များကို တက်ရလိမ့်မည်။
ချင်ယွင်သည် လှေကားပေါ်သို့ တက်လိုက်သည့်အခိုက်တွင် ကြီးမားသော နတ်ဘုရား တန်ခိုးက သူ့ဆီသို့ အပြေးအလွှား ဝင်ရောက်ရှိလာသည်ကို ခံစားရလေသည်။ ထိုအငွေ့အသက်သည် သူ၏ဝတ်ရုံများကိုပင် တဖျပ်ဖျပ်ခတ်သည်အထိ ရိုတ်ခတ်သွား သည်။
သေချာသည်မှာ, ထိုနတ်ဘုရားတန်ခိုးသည် ချင်ယွင်ကို ရှေ့ဆက်မတက်နိုင်အောင် တားဆီးရန် လုံလောက်သည့် အင်အားမရှိသောကြောင့် ချင်ယွင်သည် လှေကားထစ် အတိုင်း ရှေ့ဆက်တက်လာခဲ့ပါသည်။ သူ လှေကားထစ်တွေ ပိုတက်လာသည်နှင့်အမျှ ထိုဖိအားတွေက ပို၍ပင် ပြင်းထန်လာသည်။
စုစုပေါင်း ခြေလှမ်းခြောက်လှမ်း တက်လှမ်းပြီးနောက်, ချင်ယွင်သည် နောက်သို့ ပြန်ဆုတ် လိုက်ရသည်။ ထိုတန်ခိုးအစွမ်းကို ဖြိုဖျက်ရန် သူ၏ ကောင်းကင်ဘုံအလိုဆန္ဒကိုပင် အသုံးပြုခဲ့ရသည်။
ဝိညာဉ်နတ်ဘုရားမအတွက်မူ, ကံကောင်းစွာဖြင့်၊ သူမ၏စိတ်ဝိညာဉ်သည် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။
သို့သော်၊ ချင်ယွင်သည် အမှန်တကယ် ခြေလှမ်းခြောက်လှမ်းအထိ လျှောက်လှမ်းပြီးသော အခါ၊ ထိုနတ်ဘုရားတန်ခိုးအစွမ်းသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ?။ ဒီလှေကားခြောက်ထက်က စုံစမ်းနေတာများ ဖြစ်နိုင်မလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"အဲဒီလို ဖြစ်သင့်တယ်။ အားနည်းသူတွေ မဝင်နိုင်အောင် သူတို့ရဲ့ကိုယ်ပိုင် တံခါးပေါက်တွေရှေ့မှာ စမ်းသပ်စစ်ဆေးမူ ပြုလုပ်တဲ့အရာတွေ တည်ဆောက်ထားသည့် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။" ဝိညာဉ်နတ်ဘုရားမက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် ဤပြဿနာကို မဖြေရှင်းတော့ဘဲ ပင်မ ခန်းမဆီသို့ လျှောက်သွားခဲ့သည်။
ပင်မခန်းမသည် အလွန်ကျယ်ဝန်းသော်လည်း အမှန်ပင် ဗလာဖြစ်နေသည်။ ပင်မခန်းမ ရှေ့မှ ကျောက်ပြားကြီးတစ်ခုကလွဲ၍ တခြားဘာမှ မရှိတော့ပါဘူး။
ချင်ယွင်သည် ကျောက်ပြားကြီးကို ကြည့်လိုက်သောအခါ, သူ၏မျက်နှာသည် နှိုင်းစာ၍ မရအောင် အံ့သြသွားဟန် အမူအရာတစ်ခု ပေါ်လာသည်။
ဤကျောက်ပြားပေါ်တွင် စကားလုံးများ၊ ပုံစံသင်္ကေတများ ဘာမှမရှိဘဲ, လက်သီးချက်များ သာ ရှိနေသောကြောင့် ဖြစ်သည်။
"ဖြစ်နိုင်တာက, ဒါတွေအားလုံးက လူတွေရဲ့ တိုက်ခိုက်မူများကြောင့်လား?” ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။