အခန်း ၁၁၅၇
Vol. 78 Ch. 1157
အခန်း (၁၁၅၇) အရူးနတ်ဆိုး။
“ဘုန်း…။”
ချင်ယွင်သည် ကျောက်ပြားကြီး၏ လွတ်နေသောနေရာကို လက်သီးဖြင့် ထိုးလိုက်ရာ ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်လာပါသည်။
သို့သော် ချင်ယွင် အံ့ဩသွားရသည်မှာ သူ၏လက်သီးချက်သည် ကျောက်ပြားကြီးပေါ်တွင် လက်သီးချက်ရာ မကျန်ခဲ့သလို အက်ကွဲကြောင်းပင် မဖန်တီးနိုင်ခဲ့ပေ။
"ဘယ်လောက်တောင် မာကျောလိုက်တဲ့ ကျောက်တုံးကြီးလဲ။ ငါ့ခွန်အားအပြည့်နဲ့တောင် လှုပ်ခါလို့ မရခဲ့ဘူး။" ချင်ယွင်က ထိတ်လန့်စွာ ပြောသည်။
အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် သူမခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက်ပါသည်။ "ဒီကျောက်တုံးက နတ်ဘုရားကမ္ဘာမှာ အမာကြောဆုံး ကျောက်တုံးတွေထဲက တစ်ခုပဲ။ တစ္ဆေဘုရင်ကျောက်တုံးလို့ ခေါ်တယ်။ နင့်ရဲ့လက်သီးချက်ကို မပြောနဲ့။ ငါ အစွမ်းကုန် သုံးပြီး ရိုက်ရင်တောင်မှ ဒီကျောက်တုံးပေါ်မှာ အမှတ်အသားရာ မချန်ခဲ့နိုင်ဘူး" ဟိုတချိန်တုန်းက ငါ့ရဲ့အထွတ်အထိပ် အခြေအနေမှာ ရှိနေခဲ့ရင်တောင် ဒီတစ္ဆေဘုရင် ကျောက်တုံးကို လှုပ်ခါနိုင်ပေမယ့် အဲဒီအပေါ်မှာ ဒီလိုလက်သီးချက် အမှတ်သားတစ်ခု တောင် ချန်ထားနိုင်မှာ မဟုတ်ဘူး။”
ထိုစကားကို ကြားတော့ ချင်ယွင်သည် အလွန်မင်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
သူ၏ရှေ့မှ ဤကျောက်ပြားကြီးသည် ဤမျှလောက် မာကြောနေမည်ဟု သူ မထင်ထားခဲ့ ပါသည်။
ချင်ယွင်သည် သူ၏လက်ကို ဆန့်တန်းပြီး ကျောက်ပြားကြီးကို လှမ်းကိုင်လိုက်သည်။ ချက်ချင်းပင် ကျောက်ပြားကြီးဆီမှ ရေခဲပမာ အေးစက်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်သည် ကျောက်တုံးအစား နှစ် ၁၀၀၀၀ သက်တမ်းရှိ သိမ်မွေ့နက်နဲရေခဲတုံးကြီးကို ကိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ချင်ယွင်သည် ကျောက်ပြားပေါ်ရှိ လက်သီးရာများကို ဆက်လက် သုတ်ကြည့်သည်။
ကံကောင်းထောက်မစွာ၊ သူသည် ၎င်းလက်သီးရာကို မထိခင်မှာ မိုးပြာရောင် လက်သီးပုံရိပ်က ရုတ်တရက် ပေါက်ထွက်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို ပြင်းပြင်း ထန်ထန် တရစပ် တိုက်ခိုက်ခဲ့သည်။
လက်သီး၏အရှိန်က လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။ ၎င်းသည် ချင်ယွင်၏ ရင်ဘတ်ကို ချက်ချင်း ထိမှန်သွားပြီး၊ ချင်ယွင်သည် တုံ့ပြန်ခုခံချိန်ပင် မရခဲ့ချေ။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လွင့်ပျံ သွားခဲ့သည်။
"အလို..."
ချင်ယွင်သည် ပါးစပ်မှ သွေးများ ထွေးထုတ်လိုက်ပြီး၊ ခန်းမအပြင်ဘက်တွင် ပြင်းထန်စွာ လဲကျသွားသည်။ သူသည် ခန်းမအတွင်းမှ ကျောက်ပြားကြီးအား အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်လိုက်မိသည်။
"ခင်ပွန်း...." ဝိညာဉ်နတ်ဘုရားမသည် တုန်လှုပ်ခြောက်ခြားစွာ အော်ခေါ်လိုက်ပါသည်။ သူမပုံရိပ်က ချင်ယွင၏ရှေ့မှာ ဖျတ်ခနဲ ပေါ်လာပြီး စိုးရိမ်တကြီး မေးသည်။
ယခုလေးတင် ထိုလက်သီးရိပ်သည် လျင်မြန်လွန်းသဖြင့်, သူမသည်ပင် လျင်မြန်စွာ တုံ့ပြန်ခြင်းမပြုနိုင်ခဲ့ပေ။ ထို့နောက်, ချင်ယွင်က လွင့်ပျံသွားခဲ့ပြီး ဖြစ်နေပြီ။
"ငါ အဆင်ပြေတယ်.." ချင်ယွင်က သူ၏လက်ကို ဝိညာဉ်နတ်ဘုရားမထံ ဝှေ့ယမ်းပြပြီး ပြောလိုက်သော်လည်း သူ၏မျက်လုံးများက ခန်းမအတွင်းရှိ ကျောက်ပြားပေါ်တွင် အမြဲတမ်း စိုက်ကြည့်နေသည်။
ထို့နောက် ချင်ယွင်သည် ခန်းမဆီသို့ ဆက်လက် လျှောက်သွားကာ ကျောက်ပြားဆီသို့ ပြန်လာခဲ့သည်။
ချင်ယွင်သည် အသက်ပြင်းပြင်း ရှူသွင်းပြီး အတွေးတစ်ချက်ဖြင့် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။
ဤမြင်ကွင်းကို ဝိညာဉ်နတ်ဘုရားမက မြင်သောအခါ ချင်ယွင် လုပ်ချင်နေသည့်အရာကို ချက်ချင်း သိသွားပြီး၊ သူမမျက်နှာက စိုးရိမ်နေသည့် အမူအရာ ပေါ်လာသည်။
"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်၊ ဒီလက်သီးအရိပ်က အစွမ်းထက်ပေမယ့် ငါ့ကို နာကျင်စေမှာ မဟုတ်ပါဘူး။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမအား ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
ချင်ယွင်၏စကားကို ဝိညာဉ်နတ်ဘုရားမ ကြားသောအခါ၊ သူမ ပြောလိုသည့်စကားကို ပြန်မျိုချလိုက်သည်။ သို့သော်၊ သူမသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် ချင်ယွင်၏ အကြည့်များက ကျောက်ပြားကြီးပေါ်သို့ ရောက်သွားပြန်သည်။ သူသည် သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကျောက်ပြားပေါ်ရှိ လက်သီး အမှတ်အသားကို သုတ်လိုက်ပြန်ပါသည်။
သူသည် တစ်စုံတစ်ခုကို စိစစ်လိုသောကြောင့် မိုးပြာရောင်လက်သီးရိပ်မှ နောက်ထပ် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမည်။
မဆိုင်းမတွပင်၊ ချင်ယွင်သည် သူ၏လက်ကို လက်သီးအမှတ်အသားပေါ် ထပ်ပြီး ဖိလိုက်ပါသည်။
ဘန်း…။
ရုတ်တရက် တုန်လှုပ်ချောက်ချားစရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ပြားပေါ်မှ တောက်ပသော လက်သီးပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို ချက်ချင်း ထိမှန်သွားသည်။
"ဘန်း...”။
နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်သည် မျှော်လင့်ထားသည့်အတိုင်း နောက်ပြန် လွင့်သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ယခုတစ်ကြိမ်တွင် ချင်ယွင်ကို ခန်းမအဝင်ဝအထိသာ လွင့်ပျံ သွားစေခဲ့သည်။ သူ့ကို ခန်းမအပြင်အထိ မပို့လွှတ်နိုင်ခဲ့ပါဘူး။ ထို့အပြင် ယခုတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်သည် ရပ်တန့်နိုင်ပြီး လဲကျသွားခြင်းလည်း မရှိခဲ့ပေ။
ဟုတ်ပါသည်, ရလာဒ်ကတော့ အတူတူပါပဲ။ ချင်ယွင်သည် ပါးစပ်မှ သွေးများ အန်ထုတ် လိုက်ရပြီး သူ၏ကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်လည်း ဖယ်ရှားသွားခဲ့ပြီ။
"မျှော်လင့်ထားသလိုပဲ..”။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ မျက်နှာသည် နာကျင်မှု အရိပ်အယောင်မျှကိုပင် မပြခဲ့ပေ။ ယင်းအစား၊ သူသည် တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ပြင်းထန်သော အလင်းရောင်ပင် ထွက်ပေါ်လာသည်။
"ရှန်းယု၊ ဒီကျောက်ပြားကို ဘာအတွက်အသုံးပြုလဲဆိုတာ မင်း သိလား?" ချင်ယွင်သည် ရှရှန်းယုကို စိတ်အားထက်သန်စွာ ကြည့်ရင်း ပြောလိုက်သည်။
ဝိညာဉ်နတ်ဘုရားမသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ ယခုအချိန်တွင် သူမသည် ချင်ယွင်၏ဒဏ်ရာအတွက်သာ စိတ်ပူနေမိသည်။
"တကယ်တော့၊ ဒီကျောက်ပြားက လက်သီးပညာရပ်တစ်ခုကို မှတ်တမ်းတင်ထားတာပဲ။ ငါ့လက်က လက်သီးပုံရိပ်တွေကိုကို ထိလိုက်တာနဲ့ အဲဒီအထွက်အထိပ် ကျွမ်းကျင် ပညာရှင်ရဲ့ လက်သီးက ကျောက်ပြားကို ထိုးလိုက်တဲ့ မြင်ကွင်းကို ငါ မြင်လိုက်ရတယ်။ အခုနက ငါ ခုခံလိုက်ရတဲ့ မိုးပြာရောင် လက်သီးအရိပ်က အဲဒီလက်သီးရဲ့ စွမ်းအားပဲ၊ ဒီကျောက်ပြားပေါ်က ကျွမ်းကျင်သူရဲ့ နောက်မှာကျန်ခဲ့တဲ့ ဒီလက်သီးတွေကို ငါ ဒီလက်သီးအရိပ်တွေကို ဆက်လက်ထိကိုင်နိုင်သရွေ့၊ အဲဒီလက်သီးပညာရပ်တွေကို ငါ နားလည်နိုင်လိမ့်မယ်” ချင်ယွင်က ရှင်းပြသည်။
ချင်ယွင်၏စကားများကို ကြားတော့ ဝိညာဉ်နတ်ဘုရားမသည် အလွန် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
လက်သီးပုံရိပ်များ ရိုက်နှိပ်ထားသည့် ဤကျောက်ပြားသည် အမှန်တကယ်တော့ လက်သီးနည်းစနစ်တစ်ခုဖြစ်နေပြီး၊ သူ၏နတ်ဘုရားစွမ်းရည်ကို အမွေဆက်ခံရန်အတွက် တစ်စုံတစ်ယောက်မှ ယခုလိုနည်းလမ်းမျိုးကို အသုံးပြုလိမ့်မည်ဟု သူမ မျှော်လင့်မထားပါဘူး။
ကျောက်ပြားပေါ်မှ လက်သီးထိုးချက်တွေက အမွေဆက်ခံမည့်ကို သတ်ဖြတ်သွားမည်ကို ထိုလူ မစိုးရိမ်ဘူးလား?။ တကယ်တော့ ဤကျောက်ပြားသည် နှစ်ပေါင်း တစ်ဘီလီယံ ကျော်ကြာ တည်ရှိနေခဲ့ပါသည်။ နှစ်ပေါင်းဘီလီယံများစွာ ကြာမြင့်ပြီးနောက်၊ လက်သီး ပုံရိပ်များသည် အလွန်အစွမ်းထက်ဆဲပင်။ ထိုပညာရှင်၏ လက်သီးပညာရပ်သည် ထိုအချိန်က မည်မျှ ထိတ်လန့်စရာကောင်းမည်ကို တွေးကြည့်နိုင်ပါသည်။
"ရှန်းယု, ငါ့ကို ကာကွယ်ပေးပါ။ ဒီလက်သီးနည်းစနစ်ကို ငါ နားလည်အောင် လုပ်ရမယ်" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမအား ပြောလိုက်ပါသည်။
ဝိညာဉ်နတ်ဘုရားမသည် သူမ၏စိတ်နှလုံးထဲတွင် သည်းမခံနိုင်သော်လည်း, သူမသည် ခေါင်းညိတ်ပြပြီး ချင်ယွင်ကို ကာကွယ်ရန် ခန်းမထဲမှ ထွက်လာခဲ့သည်။
သူမသည် ချင်ယွင်၏ ပင်ကိုယ်စရိုက်ကို သိထားပြီး၊ သူ၏ပန်းတိုင် မရောက်မချင်း မည်သည့်အခါမျှ အရှုံးပေးလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချင်ယွင်ကို မည့်သည့် အကြံဉာဏ်မှ မပေးတော့ပေ။ သို့သော်လည်း ချင်ယွင်ကိုကြည့်သည့် သူမ၏အကြည့်တွေ စိုးရိမ်ပူပင်သည့်အမူအရာ ပေါ်လွင်နေသည်။
ချင်ယွင်သည် ကျောက်ပြားကြီး၏အစဆီသို့ လျှောက်သွားကာ ပထမလက်သီး အမှတ်အသားကို စတင် ထိတွေ့လိုက်သည်။ အကယ်၍, သူသည် ထိုလက်သီးပညာရပ် အားလုံးကို နားလည်ချင်သည်ဆိုလျှင့်, တစ်ခုပြီးတစ်ခု သုတ်သင်ပစ်ရမည်။ တခါတရံမှာ ဆို သူနားမလည်နိုင်သည့် လက်သီးအမှတ်အသားများကို နှစ်ကြိမ်၊ ဒါမှမဟုတ် သုံးကြိမ်ထိ တောင် ထိကိုင်ကြည့်ရသည်။
ဝိညာဉ်နတ်ဘုရားမသည် အကြမ်းဖျင်း ရေတွက်ကြည့်သည်။ ဤကျောက်ပြားပေါ်တွင် လက်သီးချက်ပုံရိပ်ပေါင်း ၁၀၈၀ ရှိသည်၊ ဆိုလိုသည်မှာ ချင်ယွင်သည် အနည်းဆုံး လက်သီးချက်ပေါင်း ၁၀၈၀ ကို ခံနိုင်ရည်ရှိရလိမ့်မည်။
ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤမျှကြောက်စရာကောင်းပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်အတွက် မျှော်လင့်မထားသော အရာတစ်ခုခုဖြစ်လာမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲဆူညံသံများ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်လာကာ ချင်ယွင်သည်လည်း အထပ်ထပ်ခါခါ လွင့်ပျံနေခဲ့သည်။ သူ လွင့်ပျံသွားသည့်အခါတိုင်း ချင်ယွင်သည် မြေပြင်ပေါ်မှ ချက်ချင်း ပြန်ထသည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် ထိုလက်သီးပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တွေးတောရင်းဖြင့် သူ၏ဒဏ်ရာများကို ပြန်လည်ကုစားရသည့် အချိန်တွေလည်း ရှိခဲ့ပါသည်။ ထို့အပြင်, သူသည် မြေပြင်ပေါ်မှ ပြန်ထပြီး သူနားလည်သည့် လက်သီးပညာရပ်ကို စတင်လေ့ကျင့်သည့် အချိန်တွေမျိုးလည်း ရှိနေခဲ့ပါသေးသည်။
ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရူးသွပ်ခြင်းသို့ လုံးလုံးလျားလျား ရောက်ရှိသွား သည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံး နီရဲသော သွေးများဖြင့် စွန်းထင်နေပြီး ဖြစ်သော်လည်း, သူသည် ၎င်းကို လုံးဝ မသိရှိပေ။
အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် ဤအရာအားလုံးကို သူမမျက်စိဖြင့် ကိုယ်တိုင်ကိုယ် ကျ မြင်နေရလည်း၊ ထိုမြင်ကွင်းက သူမ၏နှလုံးသည် သေလုမတတ် နာကျင်စေသည်။
ထိုကဲ့သို့ဖြင့် ဆယ်ရက် ဆယ်ည ကုန်ဆုံးသွားခဲ့သည်။ ဤဆယ်ရက်နှင့် ဆယ်ညတာ ကာလအတွင်း ချင်ယွင်သည် ဤလက်သီးပညာရပ်ကို ကောင်းစွာ နားလည်ခဲ့သည်။
ထို့ပြင်, ကြိုးစားအားထုတ်မှုက အလဟဿ မဟုတ်ခဲ့ပေ။ ဆယ်ရက်ကြာ ရူးသွပ်စွာ ဆင်ခြင်ပြီးနောက်, နောက်ဆုံးတွင် ချင်ယွင်သည် လက်သီးထိုးချက်ပေါင်း ငါးထောင်နီးပါး ကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ရပြီးနောက်၊ သူ၏စိတ်နှလုံးထဲမှာ လက်သီးပညာရပ် အားလုံးကို နားလည်လာခဲ့သည်။
ချင်ယွင်သည် လက်သီးပညာရပ်တစ်ခုလုံးကို နားလည်ပြီးနောက်တွင် အက်ကွဲကြောင်း တစ်ခုသည် သူ၏ရှေ့ရှိ အနှိုင်းမဲ့ မာကျောသော ကျောက်ပြားပေါ်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။ ထို့နောက် အက်ကွဲသံက လျှပ်စီးလက်သလို ပျံ့နှံ့သွားကာ နောက်ဆုံးတွင် ကျောက်ပြားကြီးတစ်ခုလုံးသည် အဖြူရောင်ထုံးကျောက်အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က ပြုံးလိုက်မိသည်။ ထို့နောက် သူသည် နောက်ပြန် လဲကျသွားသည်။ ဆယ်ရက် ဆယ်ည ရူးသွပ်စွာ လေ့ကျင့်မူဒဏ်ကို နောက်ဆုံးတွင် သူ မခံနိုင်တော့ပေ။
သို့သော် ချင်ယွင်သည် မြေပေါ်သို့ ပစ်လဲကျသွားသည့်အကြောင်းကို တွေးမိစဉ်မှာ, သူသည် ပျော့ပျောင်းသော ဝါဂွမ်းပေါ်တွင် လဲလျောင်းနေပြီဖြစ်ကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရသည်။ ထို့နောက်တွင် အလွန်လှပသော မျက်နှာလေးတစ်ခုက သူ့ကို နာကျင်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပါသည်။