အခန်း ၁၁၅၈
Vol. 78 Ch. 1158
အခန်း (၁၁၅၈) အိပ်ပျော်သွားခြင်း။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ရင်ခွင်ထဲသို့ ပြိုလဲကျရောက်ပြီးနောက် အိပ်မောကျ သွားခဲ့သည်.
အချိန်အနည်းငယ် ကြာပြီးနောက် ချင်ယွင်သည် သူ၏နှုတ်ခမ်းမှ အလွန်နူးညံ့သော ခံစားချက်ကို ခံစားလိုက်ရသည်။
သူသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်နှင့် သူ့မျက်လုံးများ၏ရှေ့တွင် အသက်ရှူကြပ်လုနီးပါး ဖြစ်စေသည့် အလွန်လှပသော မျက်နှာလေးကို တွေ့လိုက်ရပါ သည်။
ချင်ယွင် နိုးလာသည်ကို အာရုံခံလိုက်မိစဉ်မှာ, ဝိညာဉ်နတ်ဘုရားမသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာပြီး သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် ကြသည်။
တခဏတွင်မှာ၊ ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာသည် ပန်းသီးမှည့်ကဲ့သို့ အနှိုင်းမဲ့ နီရဲလာသည်။
ဝိညာဉ်နတ်ဘုရားမသည် ကမန်းကတန်း ထရပ်လိုက်သော်လည်း၊ ထိုအခိုက်တွင် ချင်ယွင် သည် ရုတ်တရက် လက်ကိုဆန့်တန်းကာ ဝိညာဉ်နတ်ဘုရားမ၏ ရွှေလည်တိုင်ကို ပွေ့ဖက်လိုက်ပြီး သူမမတ်တပ်ခြင်း တားဆီးလိုက်သည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို မကျေမနပ် မျက်လုံးတစ်စုံဖြင့် ကြည့်နေစဉ် သူမ၏ မျက်နှာသည် နီရဲနေလေပြီ။
သို့သော် ချင်ယွင်၏ မျက်လုံးများက ကောက်ကျစ်သော အပြုံးကို ပေါ်လွင်စေသည်။
"နင်က လူကောင်းလား?။ လူဆိုးလား?”။ ဝိညာဉ်နတ်ဘုရားမသည် မထိန်းနိုင်ဘဲ ကဲ့ရဲ့ရှုတ်ချလိုက်သော်လည်း သူမ၏လှပသော မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေပါသည်။
"လူဆိုးက မင်းကိုယ်တိုင်ပဲ မဟုတ်လား?။ ကဲ.. ပြောစမ်း..။ ငါအိပ်ပျော်နေချိန်မှာ ဘယ်သူက ငါ့ကို တိတ်တိတ်လေး ခိုးနမ်းခဲ့လဲဆိုတာ ငါ သိချင်မိတယ်" ချင်ယွင်က တမင်တကာ ကျီစားလိုက်သည်။
ချင်ယွင်၏စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် ရှက်ရွံ့သွားပြီး ချင်ယွင်ကို နောက်တစ်ကြိမ် မကြည့်ဝံ့ဘဲ ခေါင်းကို ဘေးတဖက်သို့ လှည့်လိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာ သည်။ လက်ရှိ ဝိညာဉ်နတ်ဘုရားမသည် ယခင် ရှရှန်းယုနှင့် ပို၍ပို၍ပင် တူနေပြီ၊ သို့မဟုတ် ဝိညာဉ်နတ်ဘုရားမအပေါ် ရှရှန်းယု၏အသိစိတ် လွှမ်းမိုးမှုက ပိုမိုနက်ရှိုင်းလာ သည်ကို သူတွေ့ရှိခဲ့သည်။
ယင်းကြောင့် ချင်ယွင်သည် ဤအသစ်စက်စက် ရှရှန်းယုကို တဖြည်းဖြည်း လက်ခံလာခဲ့ သည်။
ချင်ယွင်က သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ၏နှုတ်ခမ်းတွေကို ထိလိုက်ပါ သည်။ ယခုအချိန်တွင် သူ၏နှုတ်ခမ်းများသည် ဝိညာဉ်တော်ဘုရား၏ ကြွင်းကျန်ရစ်သော နွေးထွေးမှုအငွေ့အသက်များ ကျန်ရှိနေသေးသည်။
ထိုခံစားချက်က ချင်ယွင်ကို စွဲလန်းစေသည်ဟု ဆိုရပေမည်။
ဝိညာဉ်နတ်ဘုရားမသည် သူမ၏ စိတ်လှုပ်ရှားနေမူကို ငြိမ်သက်အောင် ခက်ခက်ခဲခဲ စီမံနိုင်ခဲ့သည်။ သို့သော် ချင်ယွင်ကို လှည့်ကြည့်လိုက်သောအခါ ချင်ယွင်သည် သူမ၏ နှုတ်ခမ်းများကို မက်မောသည့် အမူအရာဖြင့် ထိလိုက်သည်ကို သူမ တွေ့ရှိလိုက်သည်။ သူမ၏ နဂိုက ငြိမ်သက်နေသည့် စိတ်လှုပ်ရှားမူသည် သမင်မလေးတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီကို ချက်ခြင်း တိုးဝင်သွားပါတော့သည်။
"ခင်ပွန်း၊ ငါ့ကိုလည်း နင့်ရဲ့မိန်းမ ဖြစ်ခွင့်ပေးပါ!" ဤအခိုက်တွင်၊ ဝိညာဉ်နတ်ဘုရားမသည် ရုတ်တရက် ဆိုသည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားရသည်။ ဝိညာဉ်နတ်ဘုရားမက ယခုလိုစကားမျိုး ရုတ်တရက် ပြောလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။
"မင်း နောင်တ မရဘူးလား?" ချင်ယွင် က မေးသည်။
သို့သော် သူမေးပြီးသည်နှင့် တပြိုင်နက်, သူ နောင်တရသွားပြီး သူပြောတာ မှားသွားမှန်း သိလိုက်သည်။
"ဘာလို့ နောင်တရမှာလဲ?။ ငါက ငါ့ခင်ပွန်းရဲ့ လူဖြစ်နေပြီလေ။ ဖြစ်နိုင်ကာ ခင်ပွန်းက ငါ့ကို အထင်သေးလို့လား?" ဝိညာဉ်နတ်ဘုရားက ဝမ်းနည်းသွားသည့် အမူအရာဖြင့် ပြောသည်။ ထိုစကားကို ပြောပြီးနောက် သူမမျက်လုံးများက စိုစွတ်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် သူ့နှလုံးခုန်သံကို ခံစားလိုက်ရသည်။ အခုနက သူမေးလိုက် သည့် မေးခွန်းက သူ၏ရင်ထဲမှာ အာဃာတတွေ ရှိနေသည်ဟု ရှင်းရှင်းလင်းလင်း ပြသရာ ရောက်နေပါသည်။ သူသည် သူ၏စိတ်နှလုံးထဲတွင် ဝိညာဉ်နတ်ဘုရားမကို ဆန့်ကျင်နေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် သူ၏ရှေ့တွင် ငိုနေသော အမျိုးသမီးမှာ ရှရှန်းယုဖြစ်သည်ကို သိလိုက်ရသည်။ သူမတွင် ဝိညာဉ်နတ်ဘုရားမ၏ အရိပ်အယောင်မျှ ပင် ရှိမနေခဲ့ပေ။ ထိုမှသာ ချင်ယွင်သည် သူမှားသွားကြောင်း သိလိုက်ရသည်။
ရှရှန်းယုနှင့် ဝိညာဉ်နတ်ဘုရားမတို့၏ စိတ်ဝိညာဉ်များ ပေါင်းစည်းပြီးကတည်းက သူမသည် ရှရှန်းယု ဖြစ်လာခဲ့သည်။ သူမမှာ ရှရှန်းယု၏ ခံစားချက်တွေ၊ ရှရှန်းယု၏ အတွေးတွေ အားလုံးရှိလာခဲ့သော်လည်း၊ သူမ၏အခြားမှတ်ဉာဏ်များနှင့်အတူ သူမ၏ ပင်ကိုယ်စရိုက်က အနည်းငယ် ပြောင်းလဲသွားပါသည်။
"မငိုနဲ့တော့၊ ခင်ပွန်း မှားမှန်းသိပါပြီကွယ်။" ချင်ယွင်က ချစ်ခြင်းမေတ္တာများဖြင့် ပြည့်လျှံနေသော ဝိညာဉ်နတ်ဘုရားမအား အမြန်တောင်းပန်လိုက်သည်။
ထိုမြင်ကွင်းကို မြင်ပြီးမှသာ ချင်ယွင်သည် သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်မူက သက်သာရာရသွားခဲ့သည်။ ဤအသစ်စက်စက် ရှရှန်းယုသည်လည်း ဝိညာဉ်နတ်ဘုရားမ အသစ်စက်စက် ဖြစ်နေသည်ကို အမှန်ပင် လက်ခံခဲ့သည်။
ချင်ယွင်၏ တောင်းပန်စကားကို ဝိညာဉ်နတ်ဘုရားမက ကြားသောအခါ, သူမသည် ချက်ချင်းပင် မျက်ရည်ကျရင်း ရယ်လိုက်သည်။ သူမသည် ချင်ယွင်၏လည်ပင်းကို တိုက်ရိုက် ဖက်လိုက်သည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ရုတ်တရတ် လုပ်ရပ်ကြောင့် ချက်ချင်း ဒေါသထွက်သွားသည်၊ အကြောင်းမှာ သူ၏မျက်နှာသည် သူမထိသင့်သော နေရာကို ထိမိသွားခဲ့ပြီး စိတ်တွေက တဟုန်ထိုး တုန်လှုပ်သွားလေသည်။ (မထိသင့်သောနေရာ ဘယ်နေရာလဲဆိုတာ သိမည်ဟုထင်)။
"မင်းကိုယ်တိုင်က ဒီလိုတိုးဝင်လာမှတော့, မင်းရဲ့ခင်ပွန်းကို မယဉ်ကျေးလို့ အပြစ်မတင်နဲ့ နော်”။
"ရပ်လိုက်ကြစမ်း..”။
သို့သော် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ဝတ်ရုံကို ဆွဲချွတ်ခါနီးတွင် အဝေးမှ ထွက်ပေါ်လာသည့် ကျယ်လောင်သော အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ဤအော်သံကို ချင်ယွင် ကြားသောအခါမှသာ၊ ဤနေရာသည် ရှေးဟောင်းနယ်မြေ ဖြစ်နေသည်ကို သတိရမိသည်။ ဤတစ်ကြိမ်တွင်၊ ဤရှေးဟောင်းနယ်မြေသို့ ဝင်ရောက် လာသူများသည် သူနှင့် ဝိညာဉ်နတ်ဘုရားမတို့ချည်းသာ မဟုတ်ခဲ့ပေ။ အခြားလူငယ် နှစ်ဦးလည်း ရှိနေခဲ့သည်။
ချင်ယွင်သည် အခြားလူများအား အလကားကြည့်ရှုခြင်းခွင့် မပေးနိုင်သလို၊ ဝိညာဉ် နတ်ဘုရားမ၏ ပင်ကိုယ်စရိုက်အတွင်းမှ နူးညံ့သိမ်မွေ့မှု အနည်းငယ်မျှကိုပင် အခြားသူများအား မြင်ခွင့်မပြုနိုင်ပေ။
သူ၏စိတ်နှလုံးအတွင်း၌ ကျိန်ဆဲလိုက်ပြီးနောက်၊ သူသည် အလျင်အမြန် ထကာ၊ ဝိညာဉ် နတ်ဘုရားမရှေ့တွင် ပိတ်ဆို့ကာ ခန်းမအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လူငယ်နှစ်ဦးသည် ခန်းမအပြင်ဘက်တွင် ရပ်ကာ ချင်ယွင်ကို ဒေါသတကြီး ကြည့်နေကြ သည်။
သူတို့သည် အစောပိုင်းက ချင်ယွင်၏ လုပ်ရပ်အားလုံးကို မြင်တွေ့ခဲ့ပြီးပြီ။ သူတို့၏စိတ်ထဲ တွင် ပြင်းထန်သော မနာလိုစိတ်က ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
သူတို့၏မျက်လုံးထဲတွင် ပုရွက်ဆိတ်သာသာ အဆင့်ရှိသည့် လူတစ်ယောက်က အမှန်တကယ်ပင် သူတို့၏နှလုံးသားထဲရှိ နတ်သမီးလေးနှင့် အမှန်တကယ် အလွန်ပင် နီးနီးကပ်ကပ် ရှိနေခဲ့ပါသည်။ သူတို့သည် မည်သည့်လျှင် ဒေါသမထွက်ဘဲ နေနိုင်မည် နည်း?။
ကြံ့ခိုင်သန်မာသော လူငယ်သည် ချင်ယွင်၏ လုပ်ရပ်ကို မခံစားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ပြီး တားဆီးခဲ့သည်။
ချင်ယွင်သည် တစ်စုံတစ်ယောက်၏ အနှောင့်ယှက်မူကို ခံရပြီး၊ သူ၏စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်သွားပါသည်။ အထူးသဖြင့် လူငယ်နှစ်ဦး၏ မနာလိုသော အကြည့်များကို မြင်လိုက်ရသောအခါတွင် သူ၏ရင်ထဲမှာ မကျေနပ်စိတ်က ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဤအခိုက်တွင်၊ ဝိညာဉ်နတ်ဘုရားမသည်လည်း မတ်တတ် ထရပ်လာသည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာသည် ယခင်အတိုင်း အေးစက်မှုသို့ ပြန်လည် ရောက်ရှိသွားပြီး၊ သူမမျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ ဖြစ်ချင်တာလဲ?" ချင်ယွင်သည် ခန်းမအပြင်ဘက်ရှိ လူနှစ်ယောက်ကို ကြည့်ကာ မေးသည်။
"ဟမ့်၊ မင်းက ပုရွက်ဆိတ်အဆင့်သာသာ လူတစ်ယောက်ပဲ။ မင်း နတ်ဘုရားမလေးနဲ့ မထိုက်တန်ဘူး။ အခုထွက်သွားစမ်း။" သန်မာသောလူငယ်က ချင်ယွင်ကို ကြည့်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။
"ပုရွက်ဆိတ်လား..?။ မထိုက်တန်ဘူးလား?" ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည့်အပြင်, သူ၏စိတ်ထဲတွင် ပြင်းပြင်းထန်ထန် အထင်သေးမူကို မခံစားဘဲမနေနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်သည် သူ့ကို မနာလိုဖြစ်နေသည်ဟု သူ ပြောနိုင်ပါသည်။ သို့သော်,၊ ဤကြံ့ခိုင်သန်မာသည့်လူက ယခုလိုမိုက်မဲသည့် စကားမျိုးပင် ပြောဆိုလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
"အိုး…?။ ငါက မထိုက်တန်ဘူးဆိုတော့, မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာ လား။" ချင်ယွင်က လှောင်ပြောင်ပြီး သန်မာသည့်လူငယ်ကို မေးလိုက်သည်။
သန်မာသော လူငယ်သည် ချင်ယွင်၏စကားကို ကြားသောအခါ၊ ချင်ယွင်၏အနားရှိ ဝိညာဉ်နတ်ဘုရားမကို တစ်ချက်စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် "ဘာပဲဖြစ်ဖြစ် မင်းနဲ့တော့ မထိုက်တန်ဘူး။ မင်းက နတ်ဘုရားတစ်ပိုင်းပဲရှိသေးတယ်။ မင်းက အမှိုက်တစ်စသာသာပဲ။ မင်းက နတ်ဘုရားမလေးကို ထိဝံ့တယ်ဆိုတော့, မင်းက တကယ်ကို ဖားပြုတ်တစ်ကောင်က စားချင်…”။
သို့သော် သန်မာသော လူငယ်သည် သူ၏စကားမဆုံးခင်မှာပင် ရုတ်တရက် ရပ်သွားခဲ့ သည်။ သူသည် သူ၏ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် ဝိညာဉ်နတ်ဘုရားမကို စူးစူးစိုက်စိုက် စိုက်ကြည့်ရင်း သူ၏မျက်နှာပေါ်ရှိ အမူအရာက အလွန်မင်း ထိတ်လန့်သွားသည်။
"ငါ့မျက်လုံးထဲမှာတော့ နင်ကမှ အမှိုက်ပဲ။ နင်ကမှ တကယ့်အမှိုက်သက်သက်ပဲ" ဝိညာဉ်နတ်ဘုရားမ၏ အေးစက်သော မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများရှိနေသည်။ သူမသည် လက်ထဲတွင် အနှိုင်းမဲ့အေးစက်သော ဓားရှည်တစ်ချောင်း ကိုင်ထားသည်။
သန်မာသော လူငယ်သည် ထိုစကားကို ကြားသောအခါတွင် သူ၏မျက်လုံးများသည် အလွန် တုန်လှုပ်ခြောက်ခြားဟန် အမူအရာကို ထုတ်ဖော်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားကာ အသက်ဓာတ်က လုံးဝ ကင်းစင်သွားသည်။
ဘေးနားရှိ ပိန်ပိန်ပါးပါး လူငယ်သည် သူ၏အဖော်ကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ၏မျက်လုံးများက အလွန်တရာမှ မယုံနိုင်လောက်သည့် အမူအရာ ပေါ်လွင်နေသည်။ ထို့နောက်တွင်၊ ဝိညာဉ်နတ်ဘုရားမကို စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း၊ သူ၏အကြည့်များတွင် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေပါသည်။