အခန်း ၁၁၅၉
Vol. 78 Ch. 1159
အခန်း (၁၁၅၉) ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီး။
"ဖတ်....”။
ပိန်ပိန်ပါးပါး လူငယ်လေးသည် ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏ မျက်နှာပေါ်တွင် အလွန်ထိတ်လန့်နေသည့် အမူအရာဖြင့် လှဲချလိုက်သည်။ "ငါ့ကို မသတ်နဲ့။ ငါ ဘာမှ မပြောပါဘူး။ ဘာမှလည်း မလုပ်ခဲ့ပါဘူး" သူက သနားညှာတာပေးရန် တောင်းဆိုလိုက်သည်။
သူစကားပြောနေစဉ် သူ၏လေသံက တုန်ယင်နေသည်။ ဝိညာဉ်နတ်ဘုရားမထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် သူသည် သိသိသာသာ ထိတ်လန့်သွားသည်။
သူ့ထက် သန်မာသည့် သူ့အဖော်တောင်မှ ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခံရသည်။ သူသည် မည်သို့ မကြောက်လန့်ဘဲ နေမည်နည်း?။ ထို့အပြင်၊ ဝိညာဉ်နတ်ဘုရားမ အငွေ့အသက် သည် သူ၏ ဦးရေပြား ပေါက်ကွဲသွားသကဲ့သို့ ခံစားရစေခဲ့သည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် ခါးသီးဖွယ် အပြုံးတစ်ခု ပေါ်လာသည်။
ဝိညာဉ်နတ်ဘုရားမသည် သူ၏ရှေ့တွင် ရှိနေစဉ်မှာ ရှရှန်းယု ဖြစ်၏။ ပြင်ပလူများရှေ့တွင် သူမသည် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားမ ဖြစ်သည်။ ထို့အပြင်၊ ထိုသန်မာသော လူငယ်သည် ချင်ယွင်ကို စော်ကားခဲ့သည်။ ယင်းသည် ဝိညာဉ်နတ်ဘုရားမ၏ နှလုံးသားထဲ ရှိ တားမြစ်ချက်ကို လုံးလုံးလျားလျား ချိုးဖောက်ခြင်း ဖြစ်သည်။
ဝိညာဉ်နတ်ဘုရားမသည် ပိန်ပိန်းပါးပါး လူငယ်၏စကားများကို ဂရုမစိုက်ပေ။ သူမလက်ထဲမှ နတ်ဘုရားဓားက နတ်ဘုရားအလင်းနှင့်အတူ တစ်ဖန် တောက်ပလာပြီး၊ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်တော့မည်။
ပိန်ပိန်ပါးပါး အားနည်းသော လူငယ်သည် ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်ကို ခံစားခဲ့ရပြီး၊ သူ၏တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ ယခုအချိန်တွင်၊ သူသည် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအဖြစ် မည်သို့ ရှိနေနိုင်တော့မည်နည်း။
"မေ့လိုက်ပါ၊ သူ့ကို လွှတ်ပေးလိုက်ပါ။ စောစောက သူက တကယ်ပဲ ဘာမှ မလုပ်သေးပါ ဘူး" ချင်ယွင် ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် သူမလက်ထဲမှ ဓားကို ချက်ချင်း ဖယ်လိုက်ပြီး ချင်ယွင်ဘက်ကို ပြန်လှည့်သွားသည်။
ယခုအချိန်တွင် သူမသည် ချင်ယွင်၏ စကားကို နာခံသည်။ ချင်ယွင် ခိုင်းသမျှကို သူမ လုပ်ပေးလိမ့်မည်။
"ငါ့ကို မသတ်တာ ကျေးဇူးတင်ပါတယ်။ ငါ့ကိုမသတ်တာ မင်းတို့ကို ကျေးဇူးတင်ပါတယ်" ပိန်ပိန်ပါးပါး လူငယ်သည် ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့ထံ ကမန်းကတန်း အရိုအသေပေးလိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏ရှေ့မှ ဤနတ်ဘုရားတစ်ပိုင်းသည် သာမန် နတ်ဘုရား တစ်ပိုင်း မဟုတ်သည်ကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း?။ အကယ်၍, သူသည် သာမန် နတ်ဘုရားတစ်ပိုင်း ဖြစ်လျှင်ပင်၊ ဤမျှ လှပပြီး အစွမ်းထက်သော နတ်ဘုရားမကို နာခံအောင် အမိန့်ပေးနိုင်သော နတ်ဘုရားတစ်ပိုင်းသည် အလွန်တရာမှ အံ့ဖွယ်ကောင်း သည့် နတ်ဘုရားတစ်ပိုင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အရိုအသေပေးသောအခါ, ချင်ယွင်အား လုံးလုံးလျားလျား အရိုအသေပေးလိုက်လေသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ရှေ့မှ ဤလူငယ်သည် သေရမည်ကို အတော်လေး ကြောက်လန့်နေမည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားပါ ဘူး။ သူသည် ကြယ်နတ်ဘုရားအဆင့်အထိ ကျင့်ကြံခဲ့ပြီး ဖြစ်သော်လည်း သေခြင်းနှင့် ရှင်ခြင်းတိုက်ပွဲများကို မမြင်တွေ့ဖူးသေးပေ။ သူသည် အနာဂတ်တွင် များစွာ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
"မင်း ထွက်သွားလို့ရပြီ။ ဒီကမ္ဘာငယ်လေးကပါ ထွက်သွားလိုက်တော့။ မင်းကို နောက်တကြိမ် ထပ်မတွေ့စေနဲ့။ မဟုတ်ရင် ငါတို့ မင်းကို နောက်တစ်ကြိမ်တွေ့ရင် မင်း ကံကောင်းမှာ မဟုတ်ဘူး။" ချင်ယွင်က ထိုလူငယ်ကိုကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။ ငါ အခုပဲ ထွက်သွားပါ့မယ်.." ပိန်ပိန်ပါးပါး အားနည်းသည့် လူငယ်သည် လွတ်ငြိမ်း ချမ်းသာခွင့်ရသွားသည့်အလား ပြောလိုက်ပါသည်။ ပြောပြီးသည် နှင့် သူသည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ဤကမ္ဘာငယ်လေးမှ ထွက်ခွာသွားရန် ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားခဲ့သည်။
အမှန်တကယ်ဆို, ချင်ယွင်က သူ့ကို ဒီကမ္ဘာငယ်လေးကနေ ထွက်သွားရန် မပြောခဲ့ဘူး ဆိုလျှင်ပင်၊ သူသည် ထွက်သွားပါလိမ့်မည်။ သူ၏အဖော်က သေဆုံးသွားခဲ့ပြီ။ ထို့ကြောင့်, သူ့အနေဖြင့် ဘယ်လိုသတ္တိမျိုးဖြင့် နေနိုင်တော့မည်နည်း?။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမကို လှည့်မကြည့်မီ ဤကမ္ဘာငယ်လေးမှ ထွက်ခွာသွား သော လူငယ်ကို ကြည့်ရှုလိုက်သည်။
"မင်းက ဘာလို့ ဒီလောက် စိတ်ဆိုးနေတာလဲ" ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ မျက်ခုံးမွှေးနှစ်ခုကြားရှိ နေရာကို ညွှန်ပြပြီး ပြုံးလျက် ပြောသည်။
"နင်က အမှိုက်လို့ သူက ပြောခဲ့တယ်။ ဒီတော့ သဘာဝအတိုင်း ဒီလူ သေရမယ်" သို့သော် ဝိညာဉ်နတ်ဘုရားမက လေးနက်သော အမူအရာဖြင့် ပြန်ဖြေခဲ့သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သော်လည်း၊ သူ၏စိတ်ထဲတွင်မူ နက်နက် ရှိုင်းရှိုင်း လှုပ်ရှားသွားပါသည်။
အမှန်ဆို, သူ၏အမျိုးသမီးလေးယောက်သည် ဝိညာဉ်နတ်ဘုရားမ၏ အခြေအနေကို အကဲဖြတ်ကြည့်မည်ဆိုလျှင်, သူမတို့အထဲမှ မည်သူ့ကိုမဆို စိတ်လှုပ်ရှားအောင် လုပ်ဆောင်နိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်, သူမတို့သည် သူမတို့ကိုယ်ထက် ချင်ယွင်ကို ပိုချစ်နေသောကြောင့် ဖြစ်ပါသည်။
ယင်းကလည်း ချင်ယွင် သူမတို့ကို လေးလေးနက်နက် ချစ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်ပါသည်။ ယခု၊ ဝိညာဉ်နတ်ဘုရားမ၏ လုပ်ဆောင်ချက်များသည် ယင်းကို ရှင်းလင်းစွာ ပြသနေခဲ့သည်။ အကယ်၍, သူမသည် ရှရှန်းယု မဟုတ်လျှင်ပင်, ချင်ယွင်သည် သူမကို စိတ်မပျက်စေရပါသည်.
ဟိုတချိန်တုန်းက ချင်ရွှန်းရွှန်းဖြစ်စေ, လျှိုလင်းဖြစ်စေ, ချင်ယွင်အပေါ် ခံစားချက်တွေ ရှိကောင်းရှိနိုင်သော်လည်း, သူမတို့၏ ခံစားချက်များသည် သေသည်အထိ မခိုင်မာသည့် အတွက် ချင်ယွင်သည် သူမတို့နှင့် အတူနေရန် မရွေးချယ်ခဲ့ပါဘူး။
ချင်ယွင်သည် ကမ္ဘာပေါ်ရှိ လှပသော အမျိုးသမီးများအားလုံး သူ့ကို ချစ်လာရန် မမျှော်လင့် ထားပေ။ သူလိုချင်သည့် အရာအားလုံးက သူ့အတွက် အရာရာကို စွန့်စားလိုစိတ်ရှိပြီး၊ ဘယ်တော့မှ မပြောင်းလဲနိုင်သည့် ရိုးသားသော စိတ်နှလုံးတစ်ခု ဖြစ်ပါသည်။
ယင်းက ချင်ယွင်သည် ယခင်က သူ့မိသားစု၏ သစ္စာဖောက်ခံရခြင်းကြောင့် ဖြစ်နိုင်ပြီး၊ သူသည် ယခင်တုန်းက ရေခဲတုံးကြီးပေါ်တွင် ခံစားချက်မဲ့ နင်းလျှောက်ခဲ့ရသောကြောင့် လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
"သွားကြစို၊ တခြားတစ်နေရာကို သွားရအောင်။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို ပြောသည်။
ဝိညာဉ်နတ်ဘုရားမသည် သူမ၏ ကျင့်ကြံမူ ပြန်လည်ထူထောင်နိုင်ရန်အတွက် ဤကမ္ဘာငယ်လေးသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူမသည် ကမ္ဘာငယ်လေး ထဲသို့ ဝင်ရောက်လာကတည်းက ချင်ယွင်၏နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ သူမသည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီး၏ နေရာကို ရှာဖွေရန် အလျင်စလို မဖြစ်ခဲ့ပေ။ ဤအရာတစ်ခုတည်းမှပင် သူမသည် ချင်ယွင်ကို တကယ် ချစ်ကြောင်း မြင်နိုင်သည်။
ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြလိုက်သော်လည်း၊ သူမမျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။
ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာပေါ်ရှိ အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ချင်ယွင်သည် မတုန့်ပြန်နိုင်ခင် အချိန်အတော်ကြာ မှင်သက်သွားခဲ့သည်။ ဤမိန်းကလေး သည် အစောပိုင်းက ဖြစ်ပျက်ခဲ့သည်ကို တွေးနေသေးပုံရပါသည်။
ချင်ယွင်သည် ဒေါသအမူအရာနှင့်အတူ ရယ်စရာကောင်းသည့် အမူအရာကိုပါ ချက်ချင်း ထုတ်ဖော်လိုက်မိပါသည်။ သူက ဝိညာဉ်နတ်ဘုရားမကို ကြည့်ပြီး ပြောသည် "စိတ်မပူပါနဲ့၊ ဒီနေရာမှာ ဒီလိုမျိုးလုပ်ဖို့က မသင့်တော်ပါဘူး။ ဒီကကိစ္စတွေ လုံးလုံး ပြီးသွားတဲ့အခါ၊ ငါတို့ ဒီအကြောင်းပြောဖို့ ဖြည်းဖြည်းချင်း အခွင့်အရေး ရှာကြတာပေါ့"။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏စကားကိုကြားလိုက်ရလျှင် ရှက်ရွံ့သော အမူအရာကို ထပ်မံ ဖော်ပြလာသည်။ သူမအတွေးတွေကို ချင်ယွင် မြင်လိုက်၍လား?။ သို့မဟုတ်, ချင်ယွင်က ထိုအကြောင်းကို အသေးစိတ် ဖြည်းဖြည်းချင်း ပြောသွား၍လား သူမ မသိပေ။
ချင်ယွင်က ပြုံးပြီး ခန်းမထဲက ထွက်လာခဲ့သည်။
အရေးကြီးဆုံး အခိုက်အတန့်မှာ စိတ်အနှောက်အယှက် ဖြစ်သွားခြင်း၊ ချင်ယွင်သည် ၎င်းကို မည်သို့ စိတ်ဝင်စားနိုင်တော့မည်နည်း?။ အကယ်၍, သူ စိတ်ဝင်စားလျှင်ပင်, သူသည် ဒီနေရာမှာတော့ သေချာပေါက် မလုပ်ဆောင်နိုင်ပေ။ ယင်းက ဝိညာဉ်နတ်ဘုရားမ ကို အမှန်တကယ် ပြစ်မှားခြင်း ဖြစ်သွားလိမ့်မည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ သူမမျက်နှာပေါ်မှ ရှက်ရွံ့သော အမူအရာသည် သူမ မထွက်ခွာခင် အချိန်အတော်ကြာ အောင် တည်တံ့နေခဲ့သည်။
ထို့နောက် ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် နောက်ထပ် ခန်းမအနည်းငယ်သို့ သွားရောက်ကြသည်။ သို့သော် ယခုအကြိမ်သည် ပထမအကြိမ်ကဲ့သို့ ဘာမျှ မရရှိခဲ့ပေ။ ခန်းမများသည် တောကန္တာရကဲ့သို့ လွတ်နေသည်ဟု ဆိုနိုင်သည်။
အတွင်းမှ ပစ္စည်းများကို လူငယ်နှစ်ဦး ယူသွားပြီဖြစ်ကြောင်း ထင်ရှားသည်။ အကယ်၍, ရတနာပစ္စည်းတွေ ရှိရင်တောင် ပျက်ဆီးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။
ဤကဲ့သို့ပင် ချင်ယွင်နှင့် ရှရှန်းယုတို့သည် ခန်းမ၏နက်နဲရာဆီသို့ လျှောက်လာခဲ့သည်။ သူတို့သည် ပို၍ နက်ရှိုင်းသောအရပ်သို့ လျှောက်လှမ်းလာသည်နှင့်အမျှ သူတို့သည် ရှေးဟောင်း သစ်ပင်ကြီး၏ ပင်စည်ကြီးနှင့် နီးကပ်လာကြသည်။ (ရှရှန်းယုဟု ပြန်ဆိုခြင်း သည် ပါရှိသည့်အတိုင်း ပြန်ဆိုခြင်း ဖြစ်ပါသည်။)
"အယ်..၊ အဲဒါဘာလဲ?" ဤအခိုက်အတန့်တွင် ချင်ယွင်သည် ခပ်လှမ်းလှမ်းရှိ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီး အောက်တွင် တစ်စုံတစ်ခုကို ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။
၎င်းသည် လက်ဖဝါးအရွယ်အစားသာ ရှိသော်လည်း ထိုအချိန်တွင် ကိုးရောင်ခြယ် နတ်ဘုရားအလင်းတန်များဖြင့် တောက်ပနေပါသည်။ ၎င်းသည် အလွန်ထူးခြားသည့် ပစ္စည်းတစ်ခုဟု ပြောနိုင်ပါသည်။
"ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီး၊ ဒါက ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးပဲ။ ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင် ညွန်ပြရာဆီသို့ ကြည့်လိုက်ရင်း, သူမမျက်နှာက ထူးထူးခြားခြား စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာပါသည်။ သူမ၏ လှပသော မျက်လုံးများက ချက်ချင်း တောက်ပလာခဲ့သည်။
"အိုး? ဒါက ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးလား?" ချင်ယွင်က ကိုးရောင်ခြယ် အလင်းတန်းများ ထုတ်လွှတ်နေသည့် အရာလေးကို ဂရုတစိုက် ကြည့်ရူရင်း အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ပြလာသည်။
၎င်းသည် မီတာတစ်သောင်းအကွာတွင် ရှိနေသော်လည်း ချင်ယွင်သည် ပြောင်းလဲခြင်း ကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးတွင်ပါရှိသော အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများနှင့် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီး၏ ထူးဆန်းသော သင်းရနံ့ကို ခံစားနေရဆဲပင်။
သို့သော်, မကြာမီပင်၊ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးနှင့် နတ်ဘုရား သစ်ပင်တို့ကြား အကွာအဝေးသည် ဆယ်မီတာသာ ကွာဝေးသည်ကို ချင်ယွင် တွေ့ရှိလိုက်ရသည်။ ထို့ကြောင့်၊ ထိုဆယ်မီတာ အကွာအဝေးသည် အလွန်နီးကပ်လွန်းလှ သည်။ အကယ်၍, ထိုအကွာဝေးအတွင်း မထင်မှတ်ထားသည့် တစ်စုံတရာအဖြစ်မျိုး ဖြစ်ပေါ်လာခဲ့လျှင်, ချင်ယွင်သည် လုံးဝ တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး။
ဝိညာဉ်နတ်ဘုရားမသည်လည်း ထိုအခြေအနေကို သတိပြုမိပါသည်။ ထိုအခိုက်တွင်, သူမက ချင်ယွင်ကို တည်ငြိမ်စွာ ပြောလိုက်သည် “ငါ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီးလို မလိုချင်တော့ဘူး။ တခြားတစ်နေရာကို သွားကြည့်ရအောင်လား”။
သူမစကားဆုံးသည်နှင့် ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်, ထိုအခိုက်တန့်တွင် ငြင်းဆန်၍ မရသည့် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
“အဲဒီမှာရပ်ပြီး ငါ့ကို စောင့်နေပါ။ ငါ သွားပြီး ကြိုးစားကြည့်ဦးမယ်” ချင်ယွင်က လေးနက်စွာ ပြောလိုက်သည်။