← Chapters

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အခန်း ၁၁၆၀

Vol. 78 Ch. 1160

အခန်း (၁၁၆၀) လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသစ်ပင်။

"မဟုတ်ဘူး၊ နင် သွားလို့မရဘူး။" ဝိညာဉ်နတ်ဘုရားမက ငြင်းဆန်သည်။

သူမသည် နောက်ဆုံးအကြိမ် ဤရှေးဟောင်းသစ်ပင်ကြောင့် ဒဏ်ရာရရှိစဉ်ကတည်းက သူမနှလုံးသားထဲတွင် စိုးရွံ့ထိတ်လန့်မှုတစ်ခုကို ခံစားခဲ့ရသည်။ သူမသည် ချင်ယွင်ကို မည်သို့ အန္တရာယ် ပေးနိုင်မည်နည်း?။

"စိတ်မပူပါနဲ့၊ ငါက ကြိုးစားကြည့်ရုံပါ. ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးက ငါတို့ရှေ့မှာ ရှိနေပြီဆိုတော့ ငါ ဘယ်လိုလုပ် လက်လျော့နိုင်မှာလဲ?။ အဲဒါက သိပ်ကို မကျေနပ်စရာကောင်းတယ်။ ဒီရှေးဟောင်းသစ်ပင်ကြီး ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ငါ့ကို မထိခိုက်စေပါဘူး။ ဆိုလိုတာက ငါ့မှာ ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမအား ပြုံးပြသည်။

ဝိညာဉ်နတ်ဘုရားမက သူ့ဘေးကင်းရေးအတွက် စိတ်ပူနေခဲ့ပြီး၊ သူ့ကို မစွန့်စားစေချင် ကြောင်း သူ သိပါသည်။ ယင်းက သူ၏နှလုံးသားကို နွေးထွေးစေပြီး၊ သူသည် ဝိညာဉ် နတ်ဘုရားမအတွက် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို ရယူပေးရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်သည်။

“ဒါပေမယ့်...”။ ဝိညာဉ်နတ်ဘုရားမ၏မျက်နှာက စိုးရိမ်မူအပြည့် ဖြစ်နေသည်။

"ငါ့ကို ယုံကြည်ပါ..." ချင်ယွင်သည် စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် ဝိညာဉ် နတ်ဘုရားမကို စိုက်ကြည့်နေသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် အစွမ်းထက်သော မှော်စွမ်းအားတစ်ခု ရှိနေပါသည်။

"ဒါဆို သတိထားပါ၊ ကိုယ့်ကိုကိုယ် အတင်းအကြပ် တွန်းအားမပေးပါနဲ့။" ဝိညာဉ် နတ်ဘုရားမသည် ချင်ယွင်ကို ကြည့်၍ သဘောတူလိုက်သော်လည်း သူမ၏ လှပသော မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်မသွားသေးပါ။

"ကောင်ပြီ..." ချင်ယွင်က တဟားဟား ရယ်မောရင်း ဝိညာဉ်နတ်ဘုရားမ၏ ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းတစ်စုံကို အနမ်းပေးလိုက်သည်။ ထို့နောက် ရှေးဟောင်းသစ်ပင်ကြီးကို လှည့်ကြည့်လိုက်ရင်း သူ၏အမူအရာက လေးနက်လာသည်။

ဝှီး....။

ချင်ယွင်၏ လေဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဆံပင်တချည်မျှင်ကဲ့သို့ ရှေးဟောင်း သစ်ပင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။

ဝိညာဉ်နတ်ဘုရားမ၏ နှလုံးသည် ရုတ်တရက် လည်ချောင်းအဝထိ မြင့်တက်လာသည်။ သူမ၏ သွယ်လျသော လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း၊ သူမခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးကို ထုတ်ဖော်ရန် အသင့်ဖြစ်နေခဲ့ပြီ။

မထင်မှတ်ထားသည့် အဖြစ်ပျက် ဖြစ်ပေါ်လာသည်နှင့် သူမသည် ချက်ခြင်း လှုပ်ရှားလိမ့် မည်။ သူမသည် ချင်ယွင်ကို မကယ်နိုင်ဘူးဆိုလျှင်ပင်, သူမ၏ နှလုံးသားတစ်ခုလုံးသည် ချင်ယွင်နှင့် သက်ဆိုင်တာကြောင့်၊ ချင်ယွင်နှင့်အတူ အသေခံရန် ရွေးချယ်ထားသည်။

ချင်ယွင်သည် ရှေးဟောင်းသစ်ပင်ကြီးဆီသို့ ပျံသန်းလာစဉ် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများ ကို သတိထားနေမိသည်။

ဤရှေးဟောင်းသစ်ပင်ကြီးထံမှ လှုပ်ရှားမှု အနည်းငယ်မျှ မရှိသော်လည်း၊ ဝိညာဉ် နတ်ဘုရားမ ပြောခဲ့သည့်အတိုင်း ဤရှေးဟောင်းသစ်ပင်ကြီးသည် အလွန်အန္တရာယ်များ သည်။ ချင်ယွင်က ဒါကို သံသယ မရှိခဲ့ပါဘူး။ ထို့အပြင်၊ ဤရှေးဟောင်းသစ်ပင်ကြီး အတွင်းရှိနေသည့် ကြောက်မက်ဖွယ် အငွေ့အသက်ကို သူ ခံစားနိုင်သည်။ သူ အနီးသို့ ချဉ်းကပ်လာသည်နှင့် အမျှ ဤခံစားချက်က ပို၍ပင် ပြင်းထန်လာသည်။

သူ၏ရှေ့တွင် ရပ်နေသည့်အရာသည် ရှေးဟောင်းသစ်ပင်ကြီးမဟုတ်၊ ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်နေသကဲ့သို့ပင်။ ထို့အပြင်၊ ချင်ယွင်သည် သူ့ကို စိုက်ကြည့် နေသည့် ကြီးမားသော မျက်လုံးကြီးများ ရှိနေပုံရသည်ဟု ခံစားမိသည်။

"ဟမ့်၊ မင်း ဘာကြီးပဲဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး။ မင်း ငါ့ကို ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို ရယူရာမှာ မတားဆီးဘူးဆိုရင်, ငါတို့က ရေကိုတောင် ပြစ်မှားမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းငါ့ကို ဟန့်တားရင်တော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်က စိတ်ထဲတွင် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီး၏ ဦးတည်ရာဆီသို့ ဆက်လက် ပျံသန်းခဲ့သည်။ ("We won't offend the water" is a phrase from the Bible that appears in Matthew 17:27။ ငါတို့သည် ရေကိုမပြစ်မှားကြ” ဟူသည် မဿဲ ၁၇:၂၇ တွင်ဖော်ပြထားသော သမ္မာကျမ်းစာမှ စကားစုဖြစ်သည်။ ယခုထက် ပိုမိုသိရှိလိုပါက ရှာဖွေဖတ်ရူကြပါလေ)။

ချင်ယွင်၏အရှိန်ဟုန်သည် အလွန်မင်း မြန်ဆန်လွန်းသည်။ လေဝိညာဉ်စွမ်းအင် အသုံးပြုမှု အခြေအနေအောက်တွင် မီတာတစ်သောင်းအကွာအဝေးသည် သူ့အတွက် တခဏမျှသာ ဖြစ်သည်။

သို့ရာတွင်၊ ဤအရာအားလုံးကို ကြည့်ရှုနေသော ဝိညာဉ်နတ်ဘုရားမအတွက်မူ၊ ဤအခိုက်အတန့်လေးသည် အလွန်ရှည်လျားလွန်းပါသည်။

ဝှီး....။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်သည် ဧရာမရှေးဟောင်းသစ်ပင်ကြီး အောက်ကို ရောက်ရှိလာသည်။ ဤအခိုက်အတန့်တွင်၊ ထူထပ်သော ရှေးဟောင်း အငွေ့အသက်သည် ပို၍ပင် ထူထပ်လာပြီး သူ၏ရှေ့ရှိ ဧရာမသစ်ပင်ကြီးသည် ပို၍ပင် ကြီးမားလာသည်။ ၎င်းသည် ဧရာမတံတိုင်းကြီးနှင့်ပင် လုံးဝ နှိုင်းယှဉ်နိုင်သည်။

ချင်ယွင်က ဤအရာကို ဂရုမစိုက်ပါဘူး။ ယခုအချိန်တွင် သူ၏ပထမဆုံးတာဝန်မှာ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို ရရှိရန် ဖြစ်သည်။ သို့သော် သူသည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးနှင့် ဆယ်မီတာအောက်သာသာ အကွာဝေးအရောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က ချင်ယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပါသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းများ ပါဝင်နေသည့် ထူထဲသော အကိုင်းအခက်များသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ဖော်ပြပါ စွမ်းအင်အတက်အကျ လှိုင်းများသည် မနှိုင်းယှဉ်သာအောင် ကြောက်စရာ ကောင်းလွန်းသည်၊၊ ၎င်းသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းထက် လုံးဝ အားမနည်းပေ။ အကယ်၍, တိုက်ခိုက်ခံရ ပါက၊ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်သည်။

"ခင်ပွန်း၊ သတိထား...” ဝိညာဉ်နတ်ဘုရားမသည် အဝေးက အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားတော့မည်။

"မလာခဲ့နဲ့..” ချင်ယွင်က ချက်ချင်း တားဆီးလိုက်သည်။

ချင်ယွင်၏ စကားကိုကြားသောအခါ ဝိညာဉ်နတ်ဘုရားမသည် ချက်ချင်း ရပ်လိုက်သည်။ သို့သော်လည်း ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း နှိုင်းစာ၍မရသည့် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

လက်ရှိ ဝိညာဉ်နတ်ဘုရားမ၏ ကျင့်ကြံမှုသည် နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရား နယ်ပယ်တွင်သာ ရှိနေပါသေးသည်။ အကယ်၍ သူမ ရောက်လာပါက သစ်ပင် အကိုင်းအခက်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အကယ်၍ ချင်ယွင် သည် တောင့်မခံနိုင်ဘူးဆိုလျှင်, သူသည် ကနဦးစကြာဝဠာထဲသို့ ချက်ချင်း ဝင်ရောက်နိုင် သည်။ အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ ရောက်လာပါက၊ ၎င်းအစား သူ့ကို ဝန်ထုပ်ဝန် ပိုး ဖြစ်စေလိမ့်မည်။

သို့သော်၊ ချင်ယွင်သည် ဤအကိုင်းအခက်များက သူ၏ဦးရေပြားကို ပေါက်ကွဲစေသကဲ့သို့ ခံစားရသော်လည်း သူသည် အလွန်လျင်မြန်စွာ ကနဦးစကြဝဠာအတွင်းမှာ ပုန်းအောင်း မနေချင်ပါဘူး။

ဘန်း….။

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ လေဝိညာဉ် စွမ်းအင်ကို တိုက်ရိုက် အသက်သွင်းပြီး သူ၏ပုံရိပ်က အမြန်ရှောင်ထွက်သွားသည်။

ချင်ယွင်၏ အရှိန်ဟုန်သည် ရုတ်တရက် အထွတ်အထိပ်အထိ မြင့်တက်လာခဲ့ပြီး သူ၏ ရုပ်အသွင်သည် ချက်ချင်းပင် ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်။

"ဘုန်း...”။

သစ်ပင်အကိုင်းအခက်များသည် အားကောင်းသော်လည်း ၎င်း၏အမြန်နှုန်းက ကြောက်မက်ဖွယ် အဆင့်သို့ မရောက်ရှိခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားသော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ကို မထိမိခဲ့ပေ။ သစ်ပင်အကိုင်းအခက်များသည် နန်းတော်ပေါ်သို့ ကျရောက်သွားသည်။

နန်းတော်ကြီးသည် ချက်ချင်းပင် အစိတ်စိတ် အမြွှာမြွှာ အက်ကွဲသွားကာ ကျောက်စရစ်ခဲများ လွှင့်စင်သွားခဲ့သည်။

ချင်ယွင်၏ ရုပ်အသွင်သည် ခပ်ဝေးဝေးသို့ လွင့်မျောသွားရင်း၊ အက်ကွဲနေသော နန်းတော်ကြီးအား အနည်းငယ် အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

ဤရှေးဟောင်းသစ်ပင်ကြီး၏ ရုတ်ချည်း တိုက်ခိုက်ခံရမှုသည် သူ့အား အမှန်တကယ် ထိတ်လန့်စေခဲ့ပြီး အထူးသဖြင့် သစ်ပင်အကိုင်းအခက်များတွင်ပါရှိသော စွမ်းအားများက သူ့အား ကြောက်ရွံ့ထိတ်လန့်မူကို ပေါက်ကွဲဖြစ်ပေါ်လာစေသည်။

အကယ်၍ သူသည် ဤလေဝိညာဥ်စွမ်းအင်နှင့် မပေါင်းစပ်ခဲ့ပါက၊ သူသည် ကနဦး စကြာဝဠာထဲတွင် စိတ်ပျက်အားငယ်စွာဖြင့် ပုန်းအောင်းနေရုံသာ တတ်နိုင်ပါလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူ၏ခန္ဓာကိုယ်သည် ထိုနန်းတော်ကြီးကဲ့သို့ အက်ကွဲသွားလိမ့်မည်။

"ခင်ပွန်း၊ နင့် နောက်မှာ...”။

သို့သော်၊ ဤအခိုက်အတန့်တွင်၊ အဝေးမှ ဝိညာဉ်နတ်ဘုရားမက ရုတ်တရက် ထိတ်လန့်စွာ သတိပေးလိုက်သည်။

ချင်ယွင်က ကမန်းကတန်း လှည့်ကြည့်လိုက်သည်။ သူသည် သူ၏ ခြေထောက် အောက်ခြေမှ ကျောရိုးအထိ စိမ့်တက်လာသည့် ကြောက်မက်ဖွယ် အအေးဓာတ်ကို ချက်ချင်း ခံစားလိုက်ရပြီး၊ ၎င်းသည် ကောင်းကင်စိတ်ဝိညာဉ်အလွှာအထိ တန်းတန်း မတ်မတ် ပြေးသွားကာ သူ့တစ်ကိုယ်လုံး ရေခဲခန်းထဲ ကျရောက်သွားသလို ခံစားလိုက်ရပါ သည်။

အဝေးတွင် ယခင်ကအတိုင်း အတိအကျ တူညီသော သစ်ကိုင်းခြောက်ခုသည် မတူညီသော လမ်းကြောင်းခြောက်ခုမှ ထွက်ပေါ်လာပြီး သူ့ဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်တွန်းလိုက်လေသည်။ ၎င်းတို့အပေါ်ရှိ စွမ်းအင်အတက်အကျ လှိုင်းများသည် ယခင်သစ်ကိုင်းများထက် ပိုကြောက်စရာကောင်းသည်။

"လခွမ်းကွာ..” ချင်ယွင်က သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

ချင်ယွင်၏ လက်ရှိအမြန်နှုန်းသည် လွန်ကဲစွာ မြင့်တက်နေလျှင်ပင် အကိုင်းခက် ခြောက်ခု ၏ တိုက်ခိုက်မှုများကို သူ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

"ဟမ့်၊ သစ်ပင်တစ်ပင်ကတောင် ငါ့ကို သတ်ချင်နေတာ။ အိပ်မက်မက်နေလိုက်" ချင်ယွင်သည် စိတ်ထဲမှာ ဒေါသမထွက်ဘဲ မနေနိုင်ပေ။ သူသည် ချက်ချင်းဆိုသလို ရှောင်တိမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သောင်းချီသော အကိုင်းအခက်များသည် မြေပြင်ပေါ်မှ ဖောက်ထွင်း ထွက်ပေါ်လာကာ အကိုင်းခက်ခြောက်ခုကို ပတ်ရစ်ကြသည်။

သို့သော် အကိုင်းခက် ခြောက်ခုတွင်ပါရှိသော စွမ်းအားသည် တကယ်ကို သန်မာလွန်းလှ သည်။ ချင်ယွင်ဆင့်ခေါ်ထားသော အကိုင်းအခက်များသည် အကိုင်းအခက်ခြောက်ခုကို ခဏလောက်သာ ပိတ်ဆို့တားဆီးနိုင်ပြီး အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့သည်။

သို့သော်လည်း ဤတိုတောင်းသော အချိန်လေးသည် ချင်ယွင်အတွက် အချိန်အတန်ကြာ ဆွဲပေးနိုင်ခဲ့သည်။

ဝှီး...။

ချင်ယွင်၏ရုပ်အသွင်သည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီး အနားတွင် ပေါ်လာခဲ့ပြီး၊ သူသည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို ဆုပ်ကိုင် တော့မည် ဖြစ်သည်။

"ဘုန်း..”။

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ချင်ယွင် အပေါ် ချက်ခြင်း ဖိအားပေးလာသည်။ ထို့နောက်တွင် သစ်ပင်၏ အမြစ်များစွာသည် မြေပြင်မှ ပွင့်ထွက်လာကာ ချင်ယွင်ကို လုံးလုံးလျားလျား ဖုံးအုပ်သွားပြီး သူသည် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။

"ခင်ပွန်း...” ဝိညာဉ်နတ်ဘုရားမသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူမသည် အလင်းတန်းတစ်ခုအဖြစ် အလင်းတန်းတစ်ခုကို ဆုပ်ကိုင်ကာ အလောတကြီး ချင်ယွင် ဆီသို့ ပျံသန်းသွားခဲ့သည်။ နတ်ဘုရားဓားသည် သူမ၏လက်ထဲတွင် ထွက်ပေါ်နေခဲ့ပြီး ဖြစ်ကာ၊ နတ်ဘုရားအလင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေသော သစ်ပင်အမြစ်ဆီသို့ တိုးဝင်သွားခဲ့သည်။

"ဘုန်း..”။

သို့သော်၊ ဝိညာဉ်နတ်ဘုရားမသည် သူမရှိသမျှခွန်အားကို အသုံးပြု၍ သစ်ပင်အမြစ်ကို ထိုးဖောက်ရန်ကြိုးစားသော်လည်း သစ်ပင်အမြစ်ကို လုံးဝ မထိခိုက်စေခဲ့ပါ။ ၎င်းပေါ်တွင် ခပ်တိမ်တိမ် ဓာအမှတ်သားတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"ဘန်း...။

တစ်ချိန်တည်းမှာပင် အကိုင်းအခက်တစ်ခုက ရုတ်တရက် ဆန့်ထွက်လာပြီး၊ ဝိညာဉ် နတ်ဘုရားမ၏ ဝမ်းဗိုက်ပေါ်သို့ ကျဆင်းသွားကာ သူမအား လွင့်ပျံသွားစေသည်။ သူမသည် အဝေးမှ နန်းတော်ကြီးကို ဝင်တိုက်ပြီး ပြိုကျသွားသည်။

“ရှန်းယု…" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ၏မျက်ခွံတွေ ဆုတ်ပြဲလု မတတ် ဒေါသစိတ်က သူ၏နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။

All Chapters