အခန်း ၁၁၆၁
Vol. 78 Ch. 1161
အခန်း (၁၁၆၁) ခင်ဗျားက ချစ်ခြင်းမေတ္တာအကြောင်း မသိဘူး။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ လွင့်ပျံသွားသည်ကို တွေ့လိုက်ရသည့်အခါ, သူ၏ မျက်လုံးတွေက ချက်ချင်း နီမြန်းလာခဲ့သည်။
ဤအကိုင်းအခက်များတွင်ပါရှိသော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်း သည်။ နှောင်းပိုင်းအဆင် ကြယ်နတ်ဘုရားဖြစ်သော ဝိညာဉ်နတ်ဘုရားမသည် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့်၊ ဝိညာဉ်နတ်ဘုရားမသည် ထိမှန်ခံရပါက၊ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမည်မှာ သေချာပါသည်။
ယခုအချိန်တွင် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမအား သူ၏မိန်းမအဖြစ် လုံးလုံး လျားလျား ဆက်ဆံနေပြီ ဖြစ်သည်။ ဝိညာဉ်နတ်ဘုရားမသည် ဒဏ်ရာရရှိသွားပြီး သူမ၏ သေမည်ရှင်မည် မသေချာကြောင်းကို သူ မြင်လိုက်ရသောအခါ၊ ချင်ယွင်၏နှလုံးသားက မည်သို့ အမျက်မထွက်ဘဲ နေနိုင်မည်နည်း?။
ချင်ယွင်၏နဖူးပေါ်ရှိ သွေးကြောများသည် နတ်ဘုရား သံမဏိထက်ပင် ပို၍မာကြောသော ဤသစ်ပင်အမြစ်မှ လွတ်မြောက်လိုသော ဆန္ဒဖြင့် ပေါက်ထွက်လာခဲ့သည်။ သို့သော် သူ မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေပါစေ သစ်ပင်အမြစ်၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်, သူ ရုန်းကန်နေချိန်မှာ သူ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်ထားသော သစ်ပင်အမြစ်သည် ပို၍ပင် တင်းကျပ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများကို ပေါက်ကွဲလုနီးပါး အက်ကွဲသွားစေသည်။
"အား....…"
ချင်ယွင်သည် ရူးသွပ်စွာ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ စုပ်ယူခြင်း စွမ်းအားတစ်ခုက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော အသက်စွမ်းအားတစ်ခု တိုးဝင်လာသည်။
မှန်ပါသည်။ ချင်ယွင်သည် အသက်သစ်ပင်၏ ဝါးမျိုခြင်းစွမ်းရည်ကို အသုံးပြုပြီး ရှေးဟောင်းသစ်ပင်ကြီး၏ အမြစ်တွေပေါ်က အသက်စွမ်းအားကို တိုက်ရိုက်ပင် အရူးအမူး စုပ်ယူတော့သည်.
ချင်ယွင်၏ ခန္ဓာကိုယ်မှာ ရစ်ပတ်ထားသည့် ရှေးဟောင်း သစ်ပင်ကြီး၏ အမြစ်များသည် ချက်ချင်း ပျက်ဆီးပြီး ၎င်း၏အသက်စွမ်းအားကို ချင်ယွင်က တိုက်ရိုက် ဝါးမြိုသွားခဲ့သည်။
"ဟမ့်၊ ငါ့အတွက် ချိုးဖျက်လိုက်စမ်း..”။
ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အနှိုင်းမဲ့အားကြီးသော ဓားစွမ်းအားက ထွက်ပေါ်လာကာ၊ ညှိုးနွမ်းခြောက်သွေ့နေသော သစ်ပင်အမြစ်များကို ချက်ချင်းပင် အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်ပါသည်။
ကြည်လင်ကောင်းကင်ဓားသည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားဆန္ဒသည် ဒီရေလှိုင်းများကဲ့သို့ မြင့်တက်လာသည်။
"အူ……”။
ထိုအခိုက်အတန့်တွင်၊ မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးသည် သားရဲတစ်ကောင် ဟိန်းဟောက်သံနှင့်ဆင်တူသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပြီး၊ ၎င်းဟောက်သံ သည် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက် ချင်ယွင်သည် ဤကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးပေါ်တွင် ဧရာမ မျက်နှာကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမျက်နှာကြီးသည် နှာခေါင်း၊ မျက်လုံး၊ ပါးစပ်များပါရှိသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်ပါသည်။
ဤရှေးဟောင်းသစ်ပင်ကြီးသည် နှစ်သန်းပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သည်။ ၎င်းသည် နတ်ဘုရားနှင့်တူသည့် တည်ရှိမှုမျိုး လုံးဝ ဖြစ်လာခဲ့ပြီ။ ၎င်း၏ဉာဏ်ရည်ဉာဏ်သွေးသည် လူသားများထက် အားမနည်းလှပေ။ ထို့အပြင်၊ ၎င်း၏ စွမ်းအားသည် ကြယ်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။ ၎င်းသည် သာမန် အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။
"လူသား၊ မင်းမှာ ငါတို့ ထရီးယန်မျိုးနွယ်ရဲ့ အငွေ့အသက်တွေ ဘာကြောင့် ရှိနေတာလဲ?။ မင်းရဲ့ ဝါးမြိုခြင်းစွမ်းအားက အသက်သစ်ပင်ရဲ့ ဝါးမြိုခြင်း နတ်ဘုရားစွမ်းရည် ဖြစ်သင့် တယ်၊ ဟုတ်တယ် မဟုတ်လား?"။ သစ်ပင်ကြီးပေါ်ရှိ ဧရာမမျက်နှာကြီးက စကားပြော သည်။ သူ၏အသံက ကြမ်းတမ်းခက်ထရော်ရှိပြီး ကျယ်လောင်သည်။ သူ၏ရှေ့မှ ရှေးဟောင်းသစ်ပင်ကြီးသည် အရမ်းကို ရှေးကျပြီး သူ၏အသံက အလွန်အိုမင်းနေသည်မှာ သိသာပါသည်။ (ထရီးယန်… Treants ဟူသည် လူသွင်ပြင်လက္ခဏာများရှိသော သစ်ပင်နှင့်တူသော လူရုပ်ပုံသဏ္ဍာန်များ ဖြစ်ကြသည်။ Treants များကို သစ်တော ကာကွယ်သူများအဖြစ် မကြာခဏ ပုံဖော်ကြပြီး ဒရူဒစ်နှင့် ဖေးတို့၏ မဟာမိတ်များ ဖြစ်သည်။ စက်မှုထွန်းကားမှုနှင့် သဘာဝတရား ဖျက်ဆီးခြင်းတို့ကို ဆန့်ကျင်ဘက် ပြုသူများအဖြစ်လည်း မကြာခဏ ပုံဖော်ကြသည်။)
"မှန်တယ်၊ ကျုပ်ကိုယ်ပွားတွေထဲက တစ်ခုက အသက်သစ်ပင်ပဲ။" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။
ဤရှေးဟောင်းသစ်ပင်ကြီးကို သူ၏စိတ်ထဲမှာ မုန်းတီးနေသော်လည်း၊ သူသည် အနည်းငယ် ကြောက်နေသေးသည့်အတွက် အစပြုပြီး မတိုက်ခိုက်ခဲ့ပါဘူး။
"အိုး..?။ ဒါဆို မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တာအိုသစ်ပင်ရဲ့ အငွေ့အသက်တွေ ဘာလို့ ရှိနေရတာလဲ?" မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးက ကမန်းကတန်း မေးလိုက် သည်။
"ခင်ဗျားမေးတိုင်း ကျုပ် ဖြေရမှာလား?" ဤတစ်ကြိမ်တွင် ချင်ယွင်က တိုက်ရိုက် မဖြေပါ။ ယင်းအစား၊ ဤရှေးဟောင်းသစ်ပင်ကြီဂ၏ မျက်လုံးများတွင် လောဘဇောတက်နေသည့် အမူအရာကို သတိပြုမိသောကြောင့် အေးစက်စွာ တုန့်ပြန်လိုက်သည်။
"မင်း မဖြေလည်း အဆင်ပြေပါတယ်။ လူသား၊ ဒီပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီးကို မင်း မလိုချင်ဘူးလား?။ ငါတို့ အလဲလှယ်လုပ်ကြရင်ကော ဘယ်လိုလဲ?။" ရှေးဟောင်းသစ်ပင်ကြီးက ပါးစပ်ကိုဖွင့်ပြီး ချင်ယွင်ကို ပြောလိုက်တယ်။
"ဘာအလဲလှယ်လဲ..?။ ချင်ယွင်က အေးစက်စွာ မေးလိုက်သော်လည်း သူ၏စိတ်ထဲတွင် သတိအပြည့် ရှိနေခဲ့သည်။
"မင်းရဲ့ အသက်သစ်ပင် အနှစ်သာရနဲ့ ကောင်းကင်တာအိုသစ်ပင်ရဲ့ အနှစ်သာရကို ပေးပါ။ ဒါဆို မင်းအနေနဲ့ နှစ်ပေါင်း တစ်ဘီလီယံလောက် သက်တမ်းရှိတဲ့ ဒီပြောင်းလဲခြင်း ကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို မင်းနဲ့အတူ ယူသွားနိုင်ပြီ။ မင်း ဘယ်လိုထင်လဲ?။" ရှေးဟောင်းသစ်ပင်ကြီးသည် ချင်ယွင်ကို ကြည့်ကာ တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
"ခင်ဗျားလေသံက မကျယ်လွန်းဘူးလား?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားသည်။
သူသည် အသက်သစ်ပင်၏ အနှစ်သာရနှင့် ကောင်းကင်တာအိုသစ်ပင်၏အနှစ်သာရတို့ကို မလွှဲပြောင်းပေးလို၍ မဟုတ်ပေ။ သို့သော်, သူ၏ကိုယ်ပွားနှင့် သူ၏ အစစ်အမှန် ခန္ဓာကိုယ် တို့သည် လုံးလုံးလျားလျား ပေါင်းစည်းသွားပြီးကတည်းက ပြန်လည်ခွဲထုတ်၍ မရတော့ ပါဘူး။
အကယ်၍, သူသာ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ အနှစ်သာရတို့ကို အမှန်တကယ် စွန့်လွှတ်လိုက်ပါက ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြီးကြီးမားမား ပျက်စီးသွားလိမ့်မည်မှာ သေချာပါသည်။ ထိုအချိန်ရောက်လျှင်, သူသည် ဒဏ်ရာရစဉ်က ကဲ့သို့ မရိုးရှင်းတော့ပါဘူး။ သူ၏ခန္ဓာကိုယ်ရှိ ခွန်အားသည် ၎င်း၏ ဟန်ချက်ကို မထိန်းနိုင် တော့ဘဲ သူ၏ ကျင့်ကြံမှုအခြေခံသည် တစ်လက်မမျှပင် တိုးမလာတော့သည်အထိ ဖြစ်နိုင်ချေရှိသည်။ ထိုသို့ဖြစ်လာခဲ့လျှင်, သူ၏အသက်သည် အန္တရာယ်အတွင်း ကျရောက် နိုင်ပြီး၊ သူသည် လုံးလုံးသေမျိုးတစ်ယောက် ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ ချင်ယွင်သည် အသက်သစ်ပင်နှင့် ကောင်းကင်တာအို သစ်ပင်၏ အနှစ်သာရတို့ကို လွှဲပြောင်းပေးမည် မဟုတ်ပေ။ ဤသစ်ပင်နှစ်ပင်၏ အနှစ်သာရ စွမ်းအားသည် သူနှင့် လုံးလုံးလျားလျား ပေါင်းစပ်ထားပြီး ဖြစ်၍ ၎င်းတို့ကို ပြန်လည် ခွဲထုတ်၍ မရနိုင်တော့ပေ။
ဤရှေးဟောင်းသစ်ပင်ကြီးသည် ဤအချက်ကို မြင်ထားသည်မှာ ထင်ရှားပါသည်။ သို့သော်လည်း သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို ဆက်လက် တောင်းခံလာခဲ့ သည်။ သူ့မှာ ကောင်းမွန်သည့် ရည်ရွယ်ချက် မရှိဘူးဆိုသည်မှာ ထင်ရှားပါသည်။
"မင်းတို့ လူသားတွေဟာ ခံစားချက်နဲ့ပတ်သက်ရင် သိပ်ကို စိုးရိမ်ကြတာ မဟုတ်ဘူးလား?။ အချင်းချင်းအပေါ်ထားတဲ့ ခံစားချက်တွေအတွက် မင်းတို့ရဲ့အသက်တွေကိုတောင် စတေးပစ်ဖို့ ဆန္ဒရှိကြတယ် မဟုတ်ဘူးလား?။ အဲဒီမိန်းကလေးက သူမရဲ့ခွန်အား ပြန်လည်ရရှိဖို့အတွက် ဒီပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို လိုအပ်နေ တာ ထင်ရှားပါတယ်။ မင်းက သူမအတွက် နည်းနည်းလေးတောင် မစွန့်လွှတ်နိုင်ဘူး လား?" ရှေးဟောင်းသစ်ပင်ကြီးက ပြောသည်.
ထိုစကားကို ကြားလိုက်လျှင်, ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်.
ရှေးဟောင်းသစ်ပင်ကြီးသည် ချင်ယွင် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ၊ မထီမဲ့မြင်ပြုဟန် အပြုံးက သူ၏မျက်နှာကြီးပေါ်တွင် ချက်ချင်း ပေါ်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် "ကြည့်ရတာ, မင်းတို့လူသားအားလုံးက ကြောင်သူတော်တွေ ဖြစ်ပုံရတယ်။ မင်းက သူမအတွက် တကယ်ပဲ ကိုယ့်ကိုကိုယ် မစတေးနိုင်ခဲ့ဘူး။ မင်းတို့ရဲ့ အချစ်လို့ခေါ်တဲ့အရာက ဒီလောက် မနိမ့်ကျနိုင်ဘူး"
ရှေးဟောင်းသစ်ပင်ကြီး၏အသံက အထင်သေးရှုတ်ချမူများဖြင့် ပြည့်နှက်နေသည်။ သူ၏ အမြင်အရတော့ လူသားများသည် သူတို့ချစ်ရသူများအတွက် သေဖို့ပင် ဆန္ဒရှိသည်ဟု ပြောဆိုကြသည်။ သို့ရာတွင်၊ သူတို့သည် သူတို့ကိုယ်တိုင် စွန့်လွှတ်ရန် အမှန်တကယ် လိုအပ်လာသောအခါ, သေခြင်းတရားကို ကြောက်ရွံ့လာကြသည်။ သိသာသည်၊ ချင်ယွင် လည်း ဒီအတိုင်းပင်ဟု သူ ထင်သည်။
"ခင်ဗျား မှားတယ်။ ရှန်းယုအတွက် ကျုပ်က အနစ်နာမခံချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုစွန့်လွှတ်မှုတွေက တန်ဖိုးမရှိသလို၊ အချစ်စစ်ဆိုတာ ဘာလဲ ခင်ဗျား မသိဘူး" ချင်ယွင်က အေးစက်စွာ ငြင်းဆိုလိုက်သည်။
ရှေးဟောင်းသစ်ပင်ကြီး၏ စကားများသည် အလွန်ကျိုးကြောင်း ဆီလျော်ပုံပေါက်သော် လည်း အမှန်တကယ်တော့ လူများကို စိတ်ရှုပ်ထွေးအောင် ကြိုးစားနေခြင်း ဖြစ်သည်။
သူသည် ဝိညာဉ်နတ်ဘုရားမအတွက် သူ့ကိုယ်သူ စွန့်လွှတ်ရန် ဆန္ဒမရှိ၍ မဟုတ်ပေ။ သို့သော် ထိုသို့သော စွန့်လွှတ်မူများသည် ဘာထိုက်တန်မူမှ မရှိပေ။
အကယ်၍ သူသည် ဤရှေးဟောင်းသစ်ပင်ကြီးနှင့် အမှန်တကယ် သဘောတူလိုက်ပါက , ဤရှေးဟောင်းသစ်ပင်ကြီးသည် ၎င်း၏ကတိ တည်ခြင်း မတည်ခြင်းကိစ္စကို အသာထား။ အကယ်၍, ၎င်းသည် သူ၏ကတိအတိုင်း လိုက်နာပြီး ဝိညာဉ်နတ်ဘုရားမအား ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို ရယူရန် ခွင့်ပြုထားသော်လည်း၊ ဝိညာဉ်နတ်ဘုရားမသည် သူမ၏ခွန်အား ပြန်လည်ရရှိရန်ကိစ္စကို အမှန်တကယ် ဂရုစိုက်ပါမည်ပါလော?။
ယခု သူမ အမှန်တကယ် ဂရုစိုက်သည်မှာ ချင်ယွင်၏ လုံခြုံရေးပင် ဖြစ်သည်။ အကယ်၍, ချင်ယွင် အသက်မရှင်တော့ဘူးဆိုလျှင်, သူမသည် သေချာပေါက် ရှင်သန်လိမ့်မည် မဟုတ်ပေ။ ယခုအချိန် ဝိညာဉ်နတ်ဘုရားမသာ သတိရနေပါက သူမ၏ကျင့်ကြံမှုအတွက် ချင်ယွင် ဤကဲ့သို့ ပေးဆပ်မူမျိုးဖြင့် လဲလှယ်ရန်အတွက် သူမအနေဖြင့် သေချာပေါက် သဘောတူမည် မဟုတ်ပေ။ အကယ်၍, သူမသည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီးကို ရရှိခဲ့လျှင်ပင် စားသုံးလိမ့်မည် မဟုတ်ပေ။
အဆုံးတွင်, ကျင့်ကြံမူအခြေခံသည် အသက်နှင့်မတူဘဲ ဖြည်းဖြည်းချင်း ပြန်ကောင်းလာ နိုင်ပါသည်။
အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ သူမအသက်ကို ကယ်တင်ရန်အတွက် ပြောင်းလဲခြင်း ကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို လိုအပ်နေပါက, ချင်ယွင်သည် သစ်ပင်နှစ်ပင်၏ အနှစ်သာရစွမ်းအင်ကို ထုတ်ပေးရန်အတွက် စကားထဲပင် ထည့်ပြောနေမည် မဟုတ်ပေ။ အကယ်၍, သူ၏အသက်ကို လိုချင်သည်ဆိုလျှင်ပင်, ချင်ယွင်သည် ထိုသို့ပြုလုပ်ရန် တုန့်ဆိုင်းနေမည် မဟုတ်ပေ။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ ၎င်းကို ဤရှေးဟောင်းသစ်ပင်ကြီးက နားမလည်နိုင်ပေ။
ထို့ကြောင့် ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤရှေးဟောင်းသစ်ပင်ကြီးကို စိုက်ကြည့် ရင်း သနားသလို ဖြစ်လာသည်။ နှစ်ပေါင်းဘီလီယံနှင့်ချီပြီး ရှင်သန်နေထိုင်ခဲ့သော်လည်း အချစ်မေတ္တာက မည်သည့်အရာကို ဆိုလိုမှန်း မသိသူ လူတစ်ယောက်အတွက် ဤရှင်သန်နေခဲ့သည့် နှစ်များတစ်လျှောက်လုံး အချည်းနှီးနေထိုင်ခဲ့ရခြင်း မဟုတ်ဘူး လား?။
"ဟမ့်၊ မင်းတို့လူသားတွေ အားလုံးက ကြောင်သူတော်တွေပဲ။ မင်းတို့ ဘာပဲလုပ်လုပ် ကိုယ့်အတွက် အကြောင်းပြချက်တစ်ခုကိုတော့ အမြဲတမ်း ရှာဖွေနေကြတယ်။ မင်းတို့က မင်းတို့ကိုမြင်နေရတဲ့ အရာတွေနဲ့ မတူညီတဲ့အရာတွေကို အမြဲတမ်း လုပ်ကြတယ်။ မင်းလည်း ကြောင်သူတော်လူယုတ်မာတစ်ယောက် ဖြစ်ပြီး နတ်ဘုရားတွေကို ချေမှုန်း ပစ်တဲ့လူလည်း ဖြစ်တယ်။ မင်းတို့လူသားတွေ အားလုံးဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ သတ္တဝါတွေပဲ။" ရှေးဟောင်းသစ်ပင်ကြီးက ညည်းတွားသည်။
သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်သည် ကောင်းကင်ယံတိုင် လွင့်ပျံသွားကာ သူ၏ပင်စည်တစ်ခုလုံး တုန်ခါသွားသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို ခံစားလိုက်ရသောအခါ သူ၏မျက်လုံးများသည် အလွန် လေးနက်သော အမူအရာကို ထုတ်ဖော်လာသည်။ သူသည် တကယ့် ရှင်ခြင်းသေခြင်း တိုက်ပွဲကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည်ဟု သူ သိထားပြီး၊ သူ့မှာ ဤတိုက်ပွဲကို အနိုင်ယူရန် အခွင့်အလမ်း ၁ ရာခိုင်နှုန်း နီးပါးသာ ရှိသည်။
သို့သော်, အကယ်၍, သူသာ ဤတိုက်ပွဲကို မတိုက်ခိုက်ပါက၊ ယနေ့ သူသည် ဤနေရာမှ ထွက်ခွာနိုင်မည် မဟုတ်ကြောင်း ချင်ယွင် သိသည်။
"ခင်ဗျားက တိုက်ခိုက်ချင်နေမှတော့, ကျုပ်က အဆုံးထိ ခင်ဗျားနဲ့အတူ လိုက်ပါပေး မယ်..”။ ကြည်လင်ကောင်းကင်ဓားသည် ချင်ယွင်၏ လက်ထဲတွင် ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သောဓားဆန္ဒက ထွက်ပေါ်လာသည်။