← Chapters

အခန်း ၁၁၆၂

Vol. 78 Ch. 1162

အခန်း ၁၁၆၂

Vol. 78 Ch. 1162

အခန်း (၁၁၆၂) ဘယ်သူက ရက်စက်ကြမ်းကြုတ်လဲ ကြည့်ကြစို့။

ချင်ယွင်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်သော ဓားဆန္ဒနှင့် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားထံမှ ဓားစွမ်းအားက ကောင်းကင်ယံတိုင် ပျံတက်သွားပါသည်။

"ဟမ့်၊ မင်းရဲ့ခွန်အားလေးနဲ့ မင်းက ငါ့ကိုတိုက်ချင်နေတာလား?။ လူသား, မင်းက သိပ်ကို မာနကြီးလွန်းတယ်”။ ရှေးဟောင်းသစ်ပင်ကြီးက အေးစက်စွာ နှာခေါင်းရင်း ဟစ်အော် လိုက်ပြီး၊ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ပင်။

ထို့နောက် ရှေးဟောင်းသစ်ပင်ကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအား အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားလှသော သစ်ပင်ကြီးထိပ်ဖျားမှ အကိုင်းအခက် ထောင်ပေါင်းများစွာ လွင့်ထွက်သွားပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ပစ်လွင့်လိုက်သည်။ အကိုင်းအခက် တစ်ခုစီသည် အလွန်ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မြွေကြီးတစ်ကောင်နှင့် တူနေပါသည်။

ထောင်နှင့်ချီသော အကိုင်းအခက်များကြားတွင် ရှောင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။

"ဒေါင်... ဒေါင်... ဒေါင်..”။

ကြောက်မက်ဖွယ်ကောင်းသော အကိုင်းအခက်တစ်ခုသည် မြွေကြီးများကဲ့သို့ မြေပြင် ပေါ်သို့ ဆက်လက်ကျဆင်းသွားသည်။ ချင်ယွင်ပေါ်လာသည့် နောက်အခိုက်အတန့်တိုင်း တွင် ထိုအကိုင်းအခက်တစ်ခုသည် ချက်ခြင်း ရောက်ရှိလာပြီး ၎င်းတွင်ပါရှိသော စွမ်းအင် အတက်အကျလှိုင်းက ပို၍ပင် ကြောက်စရာကောင်းနေသည်။

"ဘန်း...”။

ချင်ယွင်၏ ခွန်အားသည် ဤကြီးမားသော သစ်ပင်ကြီးထက် များစွာနိမ့်ကျနေသည်။ ချင်ယွင် ရှောင်တိမ်းလိုက်သည့်အချိန်တိုင်း, ကြောက်စရာကောင်းသည့် သစ်ကိုင်းတစ်ခုက ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ သူ၏ရင်ဘတ်ကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွား သည်။

ဒေါင်....။

အကိုင်းအခက်သည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ချင်ယွင်၏ သွေးများ လွင့်စင်သွားကာ မြေကြီးပေါ်သို့ တိုက်ရိုက် ထိုးကျသွားသည်။

ချင်ယွင်၏ မျက်နှာသည် အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။ ဤသည်မှာ သူ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သလောက် မရိုးရှင်းပါဘူး။

ဤသစ်ပင်အကိုင်းအခက်တွင် အလွန်အစွမ်းထက်သော နတ်ဘုရားတန်ခိုး ပါ၀င်နေ ကြောင်း ထင်ရှားပါသည်။ အစွမ်းထက်သော ထိုနတ်ဘုရားတန်ခိုးသည် ချင်ယွင်၏ ကိုယ်ခန္ဓာကို ပျက်စီးစေခဲ့ပြီး ချင်ယွင်၏ ဖင်းဂေါ့ဂ်အငွေ့အသက်ကို အဆက်မပြတ် ဖျက်ဆီးပစ်လိုက်သည်။ ၎င်းသည် အလွန်နာကျင်သည်ဟု ဆိုနိုင်သည်။

ချွင်….။

ချင်ယွင်၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်စွာဖြင့် တဖျတ်ဖျတ် ခတ်နေသည်။ သူသည် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ဝှေ့ယမ်းကာ သစ်ကိုင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသည်။ သို့သော် အကိုင်းအခက်သည် အလွန်မာကြောလှသည်။ ချင်ယွင်သည် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး၊ ရွှေနှင့်သံမဏိတို့ကဲ့သို့ ကျယ်လောင်သော ပဲ့တင်ထပ်သံ ထွက်ပေါ်လာသည်။ ထိုအကိုင်းအခက်ပေါ် ခပ်တိမ်တိမ် နစ်ဝင်သွားသည့် ဓားအမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"ဝှီး... ဝှီး..”။

သို့သော်လည်း ထိုအခိုက်အတန့်တွင် နောက်ထပ် အကိုင်းအခက် သုံးခုသည် ကောင်းကင်ကို ဖြတ်သန်းကာ ချင်ယွင်၏ကိုယ်ခန္ဓာကို တိုက်ရိုက် ထိုးဖောက်ပြီး လေထဲသို့ တွန်းပို့လိုက်လေသည်။

ဤကဲ့သို့ပင် နောက်ထပ် အကိုင်းအခက် လေးခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်ကာ လေထဲတွင် လွင့်တင်ထားလည်း သူသည် မလှုပ်ရှားနိုင်တော့ပေ။ သစ်ကိုင်းများပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးပစ်သည်။

"ဟမ့်၊ လူသား၊ မင်းက အားနည်းလွန်းတယ်။ ဒီအဘိုးကြီးရှေ့မှာ မင်းမှာ ခံနိုင်ရည် နည်းနည်းလေးမှ မရှိဘူး။ အခု ငါ မင်းရဲ့ ခန္ဓာကိုယ်ထဲက အသက်သစ်ပင်နဲ့ ကောင်းကင် တာအိုသစ်ပင်တို့ရဲ့ အနှစ်သာရကို ထုတ်ယူတော့မယ်။ သူတို့နဲ့ဆို, ငါက မြေကမ္ဘာ နတ်ဘုရားထဲကို လုံးလုံးလျားလျား ဖြတ်ကျော်ဝင်ရောက်နိုင်လိမ့်မယ်။ ဒါဆို, ငါလည်း ဒီကမ္ဘာငယ်လေးထဲကနေ ထွက်သွားနိုင်မယ်။” သစ်ပင်ကြီးပေါ်ရှိ ဧရာမမျက်နှာကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လေသံမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။

ဘန်း…။

ထို့နောက်တွင်၊ ချင်ယွင်သည် အကိုင်းအခက်များဆီမှ ပြင်းထန်သော စုပ်ယူခြင်း စွမ်းအားကို ခံစားလိုက်ရသည်။ ဤစုပ်ယူမှု စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပိုင်းအောက်သို့တိုင် တိုက်ရိုက် ပျံ့နှံ့သွားသည်။

ချက်ချင်းပင်၊ သူ၏ခန္ဓာကိုယ်ရှိ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ အနှစ်သာရတို့သည် သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး အကိုင်းအခက်များတစ်လျှောက် ဧရာမသစ်ပင်ကြီးဆီသို့ တိုးဝင်သွားတော့သည်။

ချင်ယွင်သည် ဤအရာအားလုံးကို တားဆီးချင်သော်လည်း ဧရာမသစ်ပင်ကြီး၏ အကိုင်းအခက်များမှ ထွက်ပေါ်လာသော ကြီးမားသော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။ ချင်ယွင်သည် မည်မျှပင် ခုခံနေပါစေ ဤစုပ်ယူမူ စွမ်းအားကို သူ မခုခံနိုင်ခဲ့ပါ။

ချင်ယွင်သည် သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ဝှေ့ယမ်းတိုက်ပြီး သူ၏ ဓားသိုင်းပညာရပ်များဖြင့်ပင် ဤသစ်ကိုင်းများကို ဖြတ်တောက်နိုင်စွမ်း မရှိခဲ့ပါချေ။ ယခုအချိန်တွင် သူသည် အသက်သစ်ပင်၏ ဝါမျိုးခြင်းစွမ်းအင်ကိုပင် အသုံးမချနိုင်တော့ ပေ။

အသက်သစ်ပင်၏ အနှစ်သာရစွမ်းအင်သည် ဝါးမျိုခံနေရသောကြောင့် အသက်သစ်ပင်၏ ဝါမျိုးခြင်းစွမ်းရည်ကို သဘာဝအတိုင်း အသုံးမချနိုင်ခဲ့ပေ။

"ငါ ဘာလုပ်ရမလဲ?။ ဘာလုပ်ရမလဲ၊ သေတဲ့အထိ ဒီအတိုင်း စောင့်နေရမှာလား?" ချင်ယွင်သည် သူ၏စိတ်ထဲ မကျေမနပ် ဟစ်ကြွေးလိုက်မိသည်။

သူသည် အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ အနှစ်သာရစွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲမှ အရူးအမူး စီးဆင်းသွားနေသည်ကို ခံစားနိုင်သည်။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အမွှေးနံ့သာတိုင် တစ်ချောင်း ထွန်းညှိချိန်ထက် မနည်းသည့်အတွင်းမှာ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ အနှစ်သာရ စွမ်းအင်များ လုံး၀ စုတ်ယူခြင်းခံရမည်ကို သူ ကြောက်နေမိသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည်လည်း အလွန်အားနည်းနေပြီး သူသည် အမှန်တကယ် ပင် ခုခံနိုင်စွမ်း မရှိတော့ပေ။

"ငါ မကျေနပ်ဘူး..။ ငါ သေခြင်းတရားကို ဒီအတိုင်း ထိုင်စောင့်နေလို့ မရဘူး။" ချင်ယွင်သည် သူ၏စိတ်နှလုံးထဲမှာ ဟစ်ကြွေးရင်း သူ၏မျက်လုံးတွေက သည်းမခံနိုင်သည့် ခိုင်မာသော စိတ်ဓာတ်နှင့်အတူ ဝင်းလက်တောက်ပနေသည်။

"ဟားး...၊ ဟား....၊ ချာတိတ်လေး...။ စိတ်မဆိုးပါနဲ့ကွာ၊ ငါ့အကိုင်းအခက်တွေကနေ မင်း မလွတ်မြောက်နိုင်တော့ဘူး။ ငါ့အကိုင်းအခက်တွေက မင်းရဲ့ခန္ဓာကိုယ်ကို ချုပ်နှောင် ထားရုံတင်မကဘူး၊ မင်းရဲ့အနှစ်သာရစွမ်းအင်ကိုလည်း ဝါးမျိုနိုင်တယ်။ အခု မင်းလုပ်နိုင်တာက မင်းရဲ့သေခြင်းတရားကို နာခံမူရှိရှိနဲ့ စောင့်နေဖို့ပဲ။ စိတ်မပူပါနဲ့၊ ငါ အသက်သစ်ပင်နဲ့ ကောင်းကင်တာအိုသစ်ပင်တို့ရဲ့ အနှစ်သာရ စွမ်းအင်အရင်းမြစ်ကို ခြောက်ကပ်အောင် စုပ်ယူပြီးတဲ့အခါ, မင်းက ငါကို မြေကမ္ဘာနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်အောင် ကူညီပေးတဲ့ ဆုလာဘ်အနေနဲ့ ငါ မင်းကို အဲဒီမိန်းကလေး အနီးရောက်အောင် ပို့ပေးပါ့မယ်ကွ”။ သစ်ပင်ကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက် သည်။

ကြောက်မက်ဖွယ ရယ်မောသံက ကမ္ဘာငယ်လေးတစ်ခုလုံး ပျံ့လွင့်သွားကာ ကမ္ဘာငယ်လေးအတွင်း အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပေါက်ကွဲလာခဲ့သည်။ ဤအကိုင်းအခက်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေခြင်းကြောင့် သူသည် ကနဦးစကြာဝဠာထဲသို့ပင် မထွက်ပြေးနိုင်ခဲ့ပေ။

"ကနဦး စကြာဝဠာ၊ ဟုတ်တယ်၊ ကနဦးစကြာဝဠာ...” ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။

ကနဦးစကြာဝဠာကို သူ ဘယ်လိုလုပ် မေ့ထားနိုင်မည်နည်း?။ ဤဧရာမသစ်ပင်ကြီးသည် သူ၏ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်တို့၏ အနှစ်သာရစွမ်းအင် အရင်းအမြစ်ကို ဝါးမျိုသွားတော့မည်ဖြစ်သောကြောင့်၊ သူကရော အဘယ်ကြောင့် ၎င်းကို ပြန်လည် ဝါးမမျိုနိုင်မည်နည်း?။

သူ၏ ဝါးမျိုနိုင်သော စွမ်းအားသည် မည်မျှပင် ပြင်းထန်ပါစေ၊ ၎င်းသည် ကနဦးစကြဝဠာ၏ စုပ်ယူမှုစွမ်းအားနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

ထိုအကြောင်းတွေးပြီး ချင်ယွင်၏မျက်လုံးများသည် တောက်ပသည့် အလင်းရောင်များနှင့် အတူ ပေါက်ထွက်လာခဲ့ပြီး ချင်ယွင်၏ပါးစပ်ထောင့်မှ ဆိုးညစ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"လူသား၊ မင်းက သေခါနီးအချိန်မှာတောင် ပြုံးနေတုန်းပဲ။ မင်း ငိုကြွေးပြီး ငါ့ကို သနားညှာ တာဖို့ တောင်းပန်သင့်တယ် မဟုတ်လား”။ သစ်ပင်ကြီးသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် စနောက်ကျီစယ်နေသည့် အမူအရာ ပေါ်လွင်နေသည်။

"ခင်ဗျားကြီးကမှ ငိုယိုအော်ဟစ်ပြီး သနားညှာတာပေးဖို့ တောင်းပန်သင့်တဲ့လူပဲ။ ဘာလို့ လဲဆိုတော့ ငါက ကပ်ဆိုးနဲ့ ရင်ဆိုင်ရမယ့်လူ မဟုတ်လို့ပဲ" ချင်ယွင်က လှောင်ပြောင်ပြီး သူ၏လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်တန်းကာ အကိုင်းအခက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဧရာမသစ်ပင်ကြီးသည် ချင်ယွင် လုပ်ဆောင်နေသည့်အရာကို နားမလည်နိုင်သေးသော် လည်း နောက်တစ်စက္ကန့်အကြာမှာ နားလည်သွားခဲ့သည်။

ချင်ယွင်သည် သစ်ကိုင်းတစ်ကိုင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကနဦး စကြာဝဠာကြောင့် ပေါက်ဖွားလာသော တွင်းနက်ကြီးသည် သူ၏လက်များကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် ချင်ယွင်၏ လက်ဖဝါးမှ တုနှိုင်းမရလောက်အောင် အားကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်ထံမှ ထုတ်ယူသွားပြီးသော သစ်ပင်ကြီး၏ အရင်းအမြစ် စွမ်းအင်ကို ရုတ်တရက် ပြန်လည် ဆွဲထုတ်လိုက်သည်။

ထိုမျှသာမကပေ။ ချင်ယွင်၏ စုပ်ယူခြင်း စွမ်းအားသည်လည်း ဆက်တိုက် ရှိနေပါသေး သည်။ ယခုအချိန်တွင် ချင်ယွင်သည် သူ၏ နတ်ဘုရားတန်ခိုး အပါအဝင် ဧရာမ သစ်ပင်ကြီး၏ အသက်စွမ်းအားကို ဆွဲယူထားသည်။ များပြားလှစွာသော စွမ်းအင်များ သည် ချင်ယွင်ဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့ပြီး၊ နောက်ဆုံးတွင် ၎င်းတို့သည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ သူ၏လက်များအတိုင်း စီးဆင်းသွားသည်။

"မဟုတ်ဘူ......ရပ်.... ရပ်လိုက်တော့..” ဧရာမသစ်ပင်ကြီးသည် ၎င်း၏ အသက်စွမ်းအား နှင့် နတ်ဘုရားတန်ခိုးများ ဆုံးရှုံးသွားသည်ကို ခံစားခဲ့ရသည်။ သူသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ သစ်ကိုင်းများကို ဆွဲထုတ်လိုစိတ်ဖြင့် ချက်ချင်းပင် ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။ သို့သော်၊ ဤအကိုင်းအခက်များသည် ချင်ယွင်၏ကိုယ်ခန္ဓာတွင် သံဂဟေ ဆက်နေပုံရသည်ကို သူ တွေ့ရှိခဲ့သည်။ သူ မည်မျှပင် လှုပ်ခါနေပါစေ သူ၏ အကိုင်းအခက်များကို ပြန်မဆွဲနိုင်တော့ပါဘူး။

ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားသည် ဆက်လက် တည်ရှိနေခဲ့သည်။ နတ်ဘုရားတန်ခိုးနှင့် အသက်စွမ်းအင် အများအပြားသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်သည် ပေပေါင်းထောင်သောင်းမကရှိသော မိုးပြာရောင် အလင်းတန်းများကို ထွက်ပေါ်စေသည်။

ဧရာမသစ်ပင်ကြီးကို ကြည့်လိုက်တော့, မူလက တက်ကြွပြီး စိမ်းလန်းစိုပြေနေသည့် သစ်ပင်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအနှုန်းဖြင့် အဝါရောင်ပြောင်းသွားပြီး အကိုင်းအခက်တွေလည်း ဟောင်းနွမ်းလာခဲ့သည်။

သစ်ရွက်ခြောက်များသည် တစ်ခုပြီးတစ်ခု ညှိုးနွမ်းကာ မြေပေါ်သို့ ကြွေကျသွားသည်။ အသက်ရူအချိန် အနည်းငယ်အတွင်းမှာ သစ်ပင်ကြီးပေါ်ရှိ အရွက်များအားလုံး ကြွေကျသွားသည်။

"ဘုန်း..”။

ဧရာမသစ်ပင်ကြီးသည် ၎င်း၏အကိုင်းအခက်များကို တိုက်ရိုက် ဖြတ်တောက်ပစ်ရန်မှ လွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူသည် သစ်ကိုင်းများကို ဖြတ်တောက်ပြီး ချင်ယွင်ထံမှ ဆက်လက်စုပ်ယူနေခြင်းကို ဖြတ်တောက်ပစ်လိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ နတ်ဘုရားတန်ခိုး စွမ်းအားသည် တဟုန်းဟုန်း တောက်လောင်နေပြီး သူ၏ ပြင်းထန်သော ခွန်အားသည် ပေါက်ကွဲလုနီးနီး ဖြစ်နေပါပြီ။

All Chapters