အခန်း ၁၁၆၃
Vol. 78 Ch. 1163
အခန်း (၁၁၆၃) နတ်ဘုရားသစ်ပင်ကြီးကို သတ်ဖြတ်ခြင်း။
ယခုအချိန်တွင် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် ပေါက်ကွဲလုနီးနီးအထိ လွန်ကဲစွာ ကြီးထွားလာနေပြီ ဖြစ်သည်။
သူသည် အသက်ရူချိန် ဆယ်ကြိမ်အောက်သာ မျိုချခဲ့သော်လည်း ကနဦးစကြဝဠာ၏ စုပ်ယူမှု စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ တခဏလေးအတွင်းမှာပင် ချင်ယွင်သည် ဤနတ်ဘုရား သစ်ပင်ကြီး၏ နတ်ဘုရားတန်ခိုး ထက်ဝက်ကျော်နှင့် အသက်စွမ်းအင် ထက်ဝက်ကျော်ကို ဝါးမြိုသွားခဲ့ပြီ ဖြစ်သည်။
အသက်၏စွမ်းအားကို အသက်သစ်ပင်၏ အရင်းအမြစ်စွမ်းအင်မှ လုံး၀ စုပ်ယူသွားခဲ့ပြီး၊ ယခုအခါ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပေါင်းစပ်သွားခဲ့သည်။ သို့သော် ချင်ယွင်သည် ထိုရှေးဟောင်းသစ်ပင်ကြီး၏ နတ်ဘုရားတန်ခိုးကို ချေဖျက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိခဲ့ရသည်။
အကယ်၍, သူသည် ကနဦးစကြဝဠာထဲကို ဝင်ရောက်မည်ဆိုလျှင်ပင်, သိပ်ပြီး အသုံးမဝင် နိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ထိုအစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအားများ ကို စွန့်ထုတ်ရတော့မည်။
ဘန်း…။
ချင်ယွင်၏ ခန္ဓာကိုယ်သည် တောက်ပနေပြီး သူ၏ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းများသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှာ ပင်လယ်လှိုင်းလုံးကြီး ထွက်ပေါ်လာသကဲ့သို့ နတ်ဘုရားတန်ခိုး အစွမ်းသည် ဒီရေလှိုင်းများကဲ့သို့ အဆက်မပြတ် စီးဆင်းနေ၏။
"ကောင်စုတ်လေး, ငါ မင်းကို သတ်ပစ်မယ်" ထိုအခိုက်အတန့်တွင် သစ်ပင်ကြီးသည် တုံ့ပြန်လာခဲ့ပြီး ပြင်းထန်သော အမျက်ဒေါသက သူ၏မျက်နှာကြီးပေါ်တွင် ပေါ်လာသည်။
ချင်ယွင်၏ ဝါးမြိုခြင်းသည် သူ၏ ကျင့်ကြံမှု နှစ်သန်းပေါင်း ၅၀၀ ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ ယခု၊ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်နိုင်တော့ပေ။ သူ၏ ခွန်အားသည် အမှန်တကယ် ကျဆင်းသွားခဲ့သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
"ဟမ်၊ ခင်ဗျားက ကျုပ်ကို သတ်ချင်ရင် ကျုပ်ရဲ့လက်သီးကို အရင်လက်ခံလိုက်ဦး” ချင်ယွင်က ရယ်မောလိုက်သည်။ ဧရာမသစ်ပင်ကြီးထံမှ စုပ်ယူလိုက်သော နတ်ဘုရား တန်ခိုး စွမ်းအားသည် နှလုံးခုန်ရင်တုန်ဖွယ် စွမ်းအားကို ဖြစ်ပေါ်စေသည်။
"မိုးပြာရေလွှမ်းလက်သီး.." ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ တိုက်ရိုက်ပင် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။
ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှ ဖိနှိပ်ထားသော နတ်ဘုရားတန်ခိုး စွမ်းအားသည် တခဏချင်း ပေါက်ကွဲသွားကာ မိုးပြာရောင် လက်သီးချက်က ကောင်းကင်ယံတွင် ဝင်းလက် တောက်ပသွားသည်။
လက်သီးအရိပ်များတွင် ပါရှိသော လှိုင်းလုံးကြီးများသည် အလွန်ကြောက်စရာကောင်းပြီး ၎င်းတို့၏အရှိန်ဟုန်သည် အလွန်မြန်သည်။
"မိုးပြာရေလွှမ်းလက်သီး၊ လခွမ်း ...၊ မင်းက နတ်ဘုရားသတ်ဖြတ်ခြင်း လူယုတ်မာကြီးရဲ့ လက်သီးချက် နည်းစနစ်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ" သစ်ပင်အိုကြီးသည် ချက်ချင်း အော်ပြောလိုက်သည်။
ထို့နောက် ချင်ယွင်၏ လက်သီးချက်ကို တားဆီးရန် သစ်ပင်အကိုင်းခက်များကို စုစည်းလိုက်သည်။ သို့သော် ထိုလက်သီးချက်၏ စွမ်းအားသည် ထူးထူးခြားခြား ကြောက်စရာကောင်းနေသည်။
၎င်းလက်သီးချက်တွင် နတ်ဘုရားသစ်ပင်ကြီး၏ နတ်ဘုရားတန်ခိုး စွမ်းအား ထက်ဝက် ကျော် ပါဝင်နေသည်။ ဤနတ်ဘုရားတန်ခိုး စွမ်းအားသည် မည်မျှ ထိတ်လန့်စရာကောင်း သည်ကို တွေးကြည့်နိုင်သည်။
ရလာဒ်အနေဖြင့် နတ်ဘုရားသစ်ပင်ကြီး၏ အကိုင်းအခက်များသည် လက်သီးအရိပ်ပေါ် ကျရောက်သွားသည်နှင့် ၎င်းတို့သည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် တွင်၊ အတားအဆီးမရှိသော လက်သီးအရိပ်သည် နတ်ဘုရားသစ်ပင်၏ ကြီးမားလှသော ပင်စည်ကြီးပေါ်သို့ ကျရောက်လာသည်။
"ဘုန်း..”။
လက်သီးအရိပ်သည် နတ်ဘုရားသစ်ပင်၏ ပင်စည်ကြီးကို ဖြတ်ကျော်သွားကာ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။
"မဟုတ်ဘူး" နတ်ဘုရားသစ်ပင်ကြီးသည် အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်သွားပြီး၊ စူးစူးရှရှ အော်ဟစ်သံကို ထုတ်ဖော်လိုက်ပြီး၊ ချီကျူးလောက်သည့် အံ့သြဖွယ် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။
နတ်ဘုရားသစ်ပင်ကြီး၏ ပင်စည်ကြီးသည် တုနှိုင်းမရအောင် စိမ်းလန်းစိုပြေသည့် အစိမ်းရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ပါသည်။ အဆုံးတွင်, ၎င်းသည် ပြင်းပြင်း ထန်ထန် အော်ဟစ်သံကြားတွင် လုံးဝ ပေါက်ကွဲသွားခဲ့သည်။
ချင်ယွင်၏ လက်သီးချက်ကြောင့် နတ်ဘုရားသစ်ပင်ကြီး၏ ပင်စည်တစ်ခုလုံးသည် လုံးလုံး လျားလျား ကြေမွသွားကာ ကြောက်မက်ဖွယ် တုန်ခါမူက ကမ္ဘာတစ်ဝှမ်းလုံး ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ သည်။
ထရီးယန့်သစ်ပင်နတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများသည် ဤကမ္ဘာငယ်လေးအတွင်းမှာ လုံးဝ လွင့်ပျယ်သွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်။
ဤတိုက်ပွဲတွင် နတ်ဘုရားသစ်ပင်ကြီးသည် ချင်ယွင်ကို အနိုင်မယူနိုင်ဘဲ သူကိုယ်တိုင်သာ ရှုံးနိမ့်သွားခဲ့သည်။
အမှန်တကယ်ဆို, နတ်ဘုရားသစ်ပင်ကြီးသည် ချင်ယွင်၏ အသက်သစ်ပင်နှင့် ကောင်းကင်တာအိုသစ်ပင်၏ အနှစ်သာရ မူလအရင်းမြစ်စွမ်းအင်ကို ဝါးမြိုချင်ခဲ့ခြင်း ကြောင့်သာ, ထိုသို့မဟုတ်ပါက၊ ချင်ယွင်သည် နတ်ဘုရားသစ်ပင်ကြီး၏ နတ်ဘုရား တန်ခိုး စွမ်းအားကို ဤမျှလောက် ဝါးမျိုနိုင်ရန် အခွင့်ရေးရှိမည် မဟုတ်သလို, မိုးပြာရေလွှမ်း လက်သီး၏ စစ်မှန်သော စွမ်းအားကို ပြသနိုင်ရန် စွမ်းအားရှိမည်လည်း မဟုတ်ပေ။
မိုးပြာရေလွှမ်းလက်သီးသည် သဘာဝအတိုင်း ယခင်က ချင်ယွင် နားလည်ထားခဲ့သော လက်သီးပညာရပ်ဖြစ်ပြီး ၎င်း၏စွမ်းအားမှာ အဆုံးမရှိပေ။
ဤမိုးပြာရေလွှမ်းလက်သီးသည် ဝူဝမ်ဓားသိုင်းထက် အနည်းငယ်သာလွန်နေသည်ဟု ချင်ယွင် ခံစားရနိုင်သည်။ နတ်ဘုရားစွမ်းရည်အရဆို၊ ၎င်းသည် နတ်ဘုရားသတ်ဓားသိုင်း နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ယခုတိုက်ပွဲကြောင့် ချင်ယွင်သည် မည်သည့် အကျိုးအမြတ်မှ မရရှိခြင်း မဟုတ်ခဲ့ပေ။
သူသည် နတ်ဘုရားသစ်ပင်၏ အသက်စွမ်းအား အများအပြားကို ဝါးမြိုနိုင်ခဲ့သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ရှိ အသက်စွမ်းအင်သည် အလွန်မင်း အစွမ်းထက်သည့် အဆင့်သို့ တိုးမြင့်လာခဲ့သည်။
ထို့ကြောင့် သူ၏ ပြန်လည် ကုသရေး အရှိန်ဟုန်သည် ယခင်ကထက် အဆများစွာ ပိုမြန်လာသည်။ ၎င်းသည် နောင်တိုက်ပွဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာ နိုင်ကာ သူ၏ ရုပ်ခန္ဓာကိုယ်အဆင့်ချိုးမူကိုလည်း အထောက်အကူ ဖြစ်စေလိမ့်မည်။ အကယ်၍, သူသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်၏ အဋ္ဌမအဆင့်ကို ရှာတွေ့ သည်နှင့် ချင်ယွင်သည် သူ၏ရုပ်ခန္ဓာဖြင့် နတ်ဘုရားအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားနိုင် သည်။
သို့သော် ချင်ယွင်က ဤကိစ္စကို ဂရုမစိုက်ပါ။ ယခုအချိန်တွင် သူ အစိုးရိမ်ဆုံးမှာ ဝိညာဉ် နတ်ဘုရားမ၏ လုံခြုံရေး ဖြစ်သည်။
ဝှီး...။
ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲ့ လင်းလက်သွားပြီး, သူသည် ဝိညာဉ်နတ်ဘုရားမ ပြုတ်ကျသွားသော နန်းတော်ဘေးတွင် တိုက်ရိုက် ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ဝိညာဉ်နတ်ဘုရားမသည် အပျက်အစီးများနောက်တွင် လဲလျောင်းနေပြီး၊ သူမ၏ကိုယ်ခန္ဓာသည် သွေးများဖြင့် ဖုံးလွှမ်းနေကာ မလှုပ်မယှက် ဖြစ်နေသည်။
ချင်ယွင်သည် တိုက်ပွဲအတွင်း သူ၏နတ်ဘုရားအာရုံကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ဝိညာဉ် နတ်ဘုရားမသည် အသက်မသေဘဲ သတိလစ်လဲကျသွားကြောင်း သူ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်သာ သူသည် နတ်ဘုရားသစ်ပင်ဘုရားနှင့် စိတ်သက်သာရာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
သို့သော် ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်ကိုက်ခဲမှုကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။
ချင်ယွင်သည် သူ၏အသက်စွမ်းအားကို ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲသို့ အမြန် သွန်းလောင်းလိုက်သည်။
အသက်တန်ခိုးစွမ်းအားသည် အသက်သက်ပင်၏ အရင်းအမြစ် စွမ်းအားဟု ဆိုနိုင်ပါသည်၊ ထို့ကြောင့် ၎င်းသည် နတ်ဘုရားခန္ဓာကိုယ်များကို ပြန်လည်ကုသရာမှာလည်း ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ချင်ယွင်၏ များပြားလှသော အသက်စွမ်းအား သွင်းပေးမှုအောက်တွင်၊ ဝိညာဉ်နတ်ဘုရားမ ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။ ထိုအချိန်တွင် သူမသည် သတိလစ်မေ့မြောရာမှ နိုးလာသည်။ သူမသည် မျက်လုံးဖွင့်ကြည့်လိုက်စဉ်, သူမသည် ချင်ယွင်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏မျက်နှာသည် ရွှင်မြူးသော အမူအရာ ပေါ်လာသည်။ သူမသည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလျက်သာရှိနေသော ချင်ယွင်၏ ရင်ခွင်ထဲသို့ ခေါင်းငုံ့ကာ ချင်ယွင်ကို အလွန် အားကိုးနေဟန်တူသည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က ဝမ်းသာအားရ ပြုံးလိုက်မိသည်။
ဝိညာဉ်နတ်ဘုရားမ၏ မျက်လုံးထောင့်စွန်းများတွင် မျက်ရည်အစွန်းအထင်းများ ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။ ဤမျက်ရည် အစွန်းအထင်းများသည် သူမ သတိလစ်သွားချိန်တွင် အလိုလို စီးကျလာခြင်းဖြစ်နိုင်ပြီး၊ သူမ မျက်ရည်ကျရသည့် အကြောင်းရင်းက တစ်ခုသာ ရှိနိုင်ပါသည်။ ၎င်းမှာ ချင်ယွင်၏လုံခြုံရေးပင် ဖြစ်သည်။
"မိုက်လိုက်တဲ့ ကောင်မလေး၊ ငါက မင်းအတွက် တကယ်ကို ဒီလောက်တောင် အရေးကြီးနေတာလား?” ချင်ယွင်က ဝိညာဉ်နတ်ဘုရားမ၏ ချစ်စရာဖွယ် မျက်နှာလေးကို စိုက်ကြည့်ရင်း မေးလိုက်မိသည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို ကြည့်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြပြီး၊ ချင်ယွင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည့် တစ်စုံတစ်ရာကို ပြောလိုက်ပါသည်။
"ငါ့အတွက်တော့ နင်က ကောင်းကင်ကြီးပဲ" ဝိညာဉ်နတ်ဘုရားမသည် ထိုစကားများကို တခွန်းခြင်း ပြောလိုက်ပါသည်။
ထိုစကားများသည် အကြမ်းထည်ဆန်သော ချစ်ခြင်းမေတ္တာစကား သက်သက်မဟုတ်ခဲ့ပါ။ ထိုစကားက ချင်ယွင်ကို သူ၏ရှေ့မှ ဤအမျိုးသမီးကို ဘဝတစ်သက်တာလုံးလုံး ကာကွယ်စောင့်ရှောက်မည်ဟု စိတ်ထဲတွင် ဆုံးဖြတ်စေခဲ့သည်။
ဤကဲ့သို့ပင် ချင်ယွင်သည် အပျက်အစီးများကြားထဲတွင် ဝိညာဉ်နတ်ဘုရားမအား သူ၏ရင်ခွင်ထဲထည့်ထားကာ အချိန်အတော်ကြာအောင် ထိုင်နေခဲ့သည်။ ဝိညာဉ် နတ်ဘုရားမသည် ချင်ယွင်၏ ရင်ခွင်ထဲတွင် တည်ရှိပြီး ချင်ယွင်၏ ပွေ့ဖက်မှုကြောင့် နွေးထွေးမှုကို ခံစားခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက်၊ ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် မတ်တပ်ထရပ်ပြီး ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးဆီသို့ လျှောက်သွားခဲ့သည်။
ယခင်တိုက်ပွဲတွင် ချင်ယွင်သည် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအင် အတက်အကျ လှိုင်းများက ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို ဖျက်ဆီးပစ်မည်ကို အလွန်တရာမှ ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူသည် တိုက်ပွဲအတွင်း ပြောင်းလဲခြင်း ကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို အမြဲတမ်း ရှောင်ရှားခဲ့သည်။ ယခုအခါ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးသည် နဂိုအတိုင်း ရှိနေသေးသည်။
ရောင်စုံအလင်းတန်း ကိုးသွယ်သည် နဂါးကိုးကောင်နှင့် ဖီးနစ်များကဲ့သို့ ပြောင်းလဲခြင်း ကိုးသွယ်ကောင်းကင်ဝိညာဉ်လင်ဇီး ပတ်ပတ်လည်တွင် အဆက်မပြတ် ပျံ့လွင့်နေကာ၊ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးသည် အလွန် ထူးခြားပုံပေါ်နေသည်။
"တကယ်ကို ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးပဲ။ ဒါနဲ့ဆိုရင်, ငါ နှစ်အနည်းငယ်အတွင်း အထွတ်အထိပ်ကို ပြန်ရောက်နိုင်လိမ့်မယ်" ဝိညာဉ်နတ်ဘုရားမ သည် စိတ်လှုပ်ရှားစွာ ပြုံးပြပြီး သူ၏ အလွန်လှပသော မျက်နှာသည် မသေမျိုး ပန်းပွင့်ကဲ့ သို့ လှပနေသည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာတော်ပေါ်တွင် မသေမျိုးပန်းများ ပွင့်နေသ ဖြင့် ချက်ချင်းပင် မှင်သက်သွားခဲ့သည်။ သူသည် ထိုနေရာမှာပင် မှင်သေသေ ရပ်နေမိ သည်။
"ကျေးဇူးတင်ပါတယ်ခင်ပွန်း..." ဝိညာဉ်နတ်ဘုရားမသည် ပြန်လှည့်၍ ပြောတော့မည် အခိုက်တွင် ချင်ယွင်၏ နှုတ်ခမ်းများသည် သူမ၏ အနီရောင်နှုတ်ခမ်းပေါ်တွင် တံဆိပ်ရိုက်ပြီးသား ဖြစ်ကြောင်း သိလိုက်ရသည်။
ဝိညာဉ်နတ်ဘုရားမ၏ နှလုံးခုန်သံသည် ချက်ချင်းဆိုသလို အရှိန်တက်လာပြီး သူမ၏လှပသော မျက်နှာသည် နီရဲလာသည်။
သူမသည် တစ်ချိန်က မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ပြီး၊ တိုက်ခိုက်ရာတွင် ကြမ်းတမ်းသော အမူအရာရှိခဲ့သော်လည်း၊ သူမသည် ယောက်ျားနှင့် မိန်းမတို့ကြား ဆက်ဆံရေးတွင် ကလေးအရွယ်မျှသာ ရှိနေပါသေးသည်။ သူမသည် ချင်ယွင်၏ လှုပ်ရှားမှုများကိုသာ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
သူမသည် ချင်ယွင်ကို အလိုတိုင်း ဖြည့်ဆည်းမပေးတာမှ ကောင်းပါလိမ့်မည်။ သို့သော်, သူမ ဖြည့်ဆည်းပေးလိုက်စဉ်မှာ, သူမခေါင်းတွေ တဆတ်ဆတ်တုန်နေပြီး သူမခန္ဓာကိုယ်ထဲမှာ ရိုင်းစိုင်းသော သားရဲသွေးများ ဆူပွက်နေသလို ခံစားရသည်။