အခန်း ၁၁၆၄
Vol. 78 Ch. 1164
အခန်း (၁၁၆၄) ရှေးဟောင်းနတ်ဆိုးနတ်ဘုရားကမ္ပည်းပြား
"ဘန်း..”။
သို့သော်၊ ချင်ယွင်သည် သားရဲစရိုက်ဆန်ဆန် ပေါက်ကွဲတော့မည့်အခိုက်မှာ သူ၏ ခြေထောက်အောက်ရှိ မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာသည်။
ထိုသို့ဖြင့် ချင်ယွင်၏ကောင်းမွန်နေသည့် ဇာတ်လမ်းလေးက ပြတ်တောက်သွားရပြန် သည်။ ချင်ယွင် ရူးသွပ်သလို ခံစားလိုက်ရသည်။ အရေးကြီးသော အခိုက်အတန့်တွင် သူ နှောက်ယှက်ခံရတိုင်း၊ ၎င်းသည် အလွန်ပင် စိတ်ဓာတ်ကျစေသည်။
အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် သူမပါးစပ်ကို အုပ်ပြီး ပြုံးပြသည်။ ချင်ယွင် ကျရှုံးသွားသည်ကို မြင်ပြီး သူမသည် အရမ်းကို ပျော်ရွှင်နေသလိုပင်။ သူမ၏ ထိုအပြုံးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်သည်။
ချင်ယွင်က "မင်း ထပ်ရယ်နေရင်, ငါ မင်းကို ဘယ်လိုဆက်ဆံလဲ ကြည့်ထား" ထိုစကားတစ်ခွန်းကို ထုတ်မပြောမချင်း သူမသည် အတော်မသတ် ရယ်မောနေခဲ့သည်။
ဝိညာဉ်နတ်ဘုရားမသည် မည်မျှပင် အေးစက်နေပါစေ၊ သူမသည် သူမချစ်ရသည့် ယောက်ျားရှေ့မှာတော့ အမြဲတမ်း ချစ်စရာကောင်းနေပါလိမ့်မည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမကို နောက်တစ်ကြိမ် မကြည့်တော့ပေ။ ဝိညာဉ်နတ်ဘုရားမ၏ အပြုံး သို့မဟုတ် အကြည့်များက သူ၏ ကောင်းကင်လျှပ်စီးနှင့် မြေကမ္ဘာမီးလျှံကို ထပ်မံ၍ နှိုးဆော်မိမည်ကို သူ နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့နေပါသည်။ ထို့ကြောင့်, သူသည် အစောပိုင်းက မြေကြီးတုန်ခါရသည့် အကြောင်းရင်းကို စတင် ရှာဖွေခဲ့သည်။
ချင်ယွင်သည် လျင်မြန်စွာပင် မြေပြင်တုန်လှုပ်သွားရခြင်းအကြောင်းကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိခဲ့သည်၊ အကြောင်းမှာ နတ်ဘုရားသစ်ပင် တည်ရှိရာနေရာ၌ ရှေးဟောင်း ကျောက်ပြားတစ်ခုသည် မြေပြင်မှ အက်ကြောင်းတစ်ခုဖွင့်ကာ ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။
ဤကျောက်ပြားကို ဟိုးရှေးရှေးကတည်းက မြေအောက်၌ မြှုပ်ထားခဲ့ပြီး နတ်ဘုရားသစ်ပင်၏ အမြစ်များက ရစ်ပတ်ထားသည်မှာ ထင်ရှားပါသည်။
သို့သော်၊ နတ်ဘုရားသစ်ပင်၏ ပင်စည်တစ်ခုလုံးသည် ယခုအခါ ပြာများအဖြစ်သို့ ပြောင်းလဲသွားသောကြောင့်, မြေကြီးပြိုကွဲသည့် လေဟာနယ်ပေါ်တွင် ဤကျောက်ပြား ပေါ်လာခြင်း ဖြစ်သည်။
ချင်ယွင်သည် ကျောက်ပြားကြီးဆီသို့ အံ့အားသင့်ဟန် အမူအရာဖြင့် လျှောက်သွားကာ၊ ကျောက်ပြားကြီးမှ ရှေးဟောင်း အငွေ့အသက်များ နှိုင်းစာ၍မရအောင် ထူထပ် သိပ်သည်းစွာ ထွက်ပေါ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ဤရှေးဟောင်း အငွေ့အသက် သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် အစောပိုင်းက နတ်ဘုရားသစ်ပင်ထံမှ သူခံစားခဲ့ရသော တန်ခိုးကြီးသော ရှေးဟောင်း အငွေ့အသက်များသည် နတ်ဘုရားသစ်ပင်ထံမှ ထုတ်လွှတ်ခြင်း မဟုတ်ဘဲ၊ ဤကျောက်ပြားမှ ထုတ်လွှတ်နေကြောင်း ရုတ်တရက် သိလိုက်ရသည်။
"ဒါက ဘယ်လို ကျောက်ပြားမျိုးလဲ၊ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့ ရှေးဟောင်း အငွေ့အသက်တွေ ရှိနေရတာလဲ?" ချင်ယွင်က မတတ်နိုင်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် ဤကျောက်ပြားသည် မျက်နှာပြင်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ထွက်ပေါ်နေသော်လည်း ၎င်းသည် အမြင့်သုံးမီတာရှိနေပြီ ဖြစ်သည်။ ထို့အပြင် ၎င်း၏ အစိတ်အပိုင်း အများအပြားသည် မြေအောက်၌ ပုန်းကွယ်နေသေးသည်ဟု ထင်ရပြီး ၎င်းသည် သူ့အလိုလို ထွက်ပေါ်မလာခဲ့ပေ။ သို့သော် ဤသေးငယ်သော အစိတ်အပိုင်း လေးမှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျလှိုင်းများသည်ပင် ချင်ယွင်၏နှလုံးကို ရင်တုန်စေခဲ့ပြီး ဖြစ်သည်။
"ဒါက... ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားများ ဖြစ်နိုင်မလား?" သို့သော် ထိုအချိန်တွင်၊ ဝိညာဉ်နတ်ဘုရားမ၏ လှပသောမျက်နှာသည် ထိတ်လန့်နေသည့် အမူအရာ ပေါ်လွင်နေသည်။
"ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြား၊ အဲဒါက ဘာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
သို့သော်၊ ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ "ခင်ပွန်း၊ နင် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ရေးနည်းစနစ်ကို ရှာနေတာ မဟုတ်လား" ဒီရှေးဟောင်း နတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို မှတ်တမ်းတင်ထားတယ်။ ဒါ့အပြင်၊ အဲဒါက သာမန် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်မဟုတ်ဘူး။ အဲဒါက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ် အားလုံးရဲ့ ပင်မသဘောတရားလည်းဖြစ်တယ်။ ဆိုလိုတာက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အားလုံးဟာ ဒီရှေးဟောင်း ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကနေ ဆင့်ကဲပြောင်းလဲလာကြတာပဲ"။
"ဘာ?” ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းပညာရပ်အားလုံးရဲ့ ပင်မသဘောတရား လား?"။ ချင်ယွင်သည် မထိန်းနိုင်တော့ဘဲ မျက်လုံးပြူးကျယ်စွာဖြင့် မယုံကြည်နိုင်စွာ မေးလိုက်မိသည်။ သူ၏မျက်နှာက မယုံနိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
"အင်း..." ဝိညာဉ်နတ်ဘုရားမက ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ပြလိုက်မိပါသည်။ သူမ၏ လှပသော မျက်နှာသည်လည်း အပြုံးများဖြင့် ပြည့်နှက်နေသည်။ သေချာသည်မှာ သူမသည် ချင်ယွင်အတွက် ပျော်ရွှင်နေခဲ့သည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ခေါင်းညိတ်ပြခြင်းကို မြင်သောအခါ သူ၏စိတ်နှလုံး သည် အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။
သူသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းပညာရပ် အားလုံး၏ ပင်မသဘောတရား အားလုံးကို အမှန်တကယ် ရရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။
“ရှန်းယု၊ ဒါပေမယ့် ဒီရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားကြီးက မြေအောက်ထဲ မှာ အများကြီး ရှိနေသေးပုံရတယ်။ အဲဒါကို ငါ ဘယ်လိုထုတ်ရမှာလဲ?" ချင်ယွင်က ခက်ခက်ခဲခဲ မေးလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမက အသံကျယ်ကျယ်ဖြင့် ရယ်မောရင်း သူမ၏အပြုံးသည် အလွန်ပင် ဆွဲမက်ဖွယ် ကောင်းနေပြန်သည်။
"ခင်ပွန်း၊ နင် ဒီရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားကို လုံးလုံး တူးဖော်ခဲ့မယ်ဆိုရင် တောင်မှ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ရရှိနိုင်မှာ မဟုတ်ဘူး။" ဝိညာဉ်နတ်ဘုရားမက ပြုံးရင်း ပြောလိုက်သည်။
"အယ်..၊ ဒါဆို ငါ ဘယ်လိုလုပ်ရမလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ခင်ပွန်းက တကယ်ကို တုံးအလိုက်တာ။ ဒီရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားက ရိုးရိုးကျောက်ပြားကြီး မဟုတ်ဘူး။ ဒါက နတ်ဆိုးဂိုဏ်းရဲ့ အဖိုးတန်ဆုံး ရတနာတစ်ပါးပဲ။ တုနှိုင်းမရအောင် အစွမ်းထက်တဲ့ နတ်ဘုရားပစ္စည်းတစ်ခုလို့ ပြောလို့ရတယ်။ ဒါက နတ်ဘုရားပစ္စည်းတစ်ခုဆိုမှတော့, သဘာဝအတိုင်း သွေးစက်ချကာ ၎င်းကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုနိုင်ပြီး၊ ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းထားနိုင်တာပေါ့" ဝိညာဉ်နတ်ဘုရားမက ပြုံးရင်း ပြောပြသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာက ချက်ချင်းဆိုသလို သိနားလည်သွားသည့် အမူအရာ ပေါ်လာပါသည်။ တစ်ချိန်တည်းမှာပင် သူသည် “ဤမိန်းကလေးသည် သူ့ကို အမှန်တကယ် တုံးအသည်ဟု ပြောဝံ့သည်။ အခွင့်အရေးများ ရခဲ့ရင် သူမကို ကောင်းကောင်း ဆက်ဆံရမည်ဟု” သူ့ကိုယ်သူ တွေးနေမိသည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏ အတွေးများကို မြင်ခဲ့ရပုံရပြီး၊ သူမမျက်နှာက နီမြန်းနေပြီး အဆုံးမရှိ ရှက်ရွံ့နေပါသည်။
ချင်ယွင်သည် ဝိညာဉ်တော်ဘုရားကို မကျီးစယ်တော့ပေ။ ယင်းအစား၊ သူသည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားကို လှည့်ကြည့်လိုက်ပြီး ၎င်းဆီကို လျှောက်သွားလိုက်ပါသည်။
သို့သော်လည်း ချင်ယွင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် မလှမ်းနိုင်ခင်မှာ အပေါ်စီးမှ တဟုန်ထိုး ပျံ့နှံ့လာသည့် ပြင်းထန်သော စွမ်းအားကြောင့် တွန်းထုတ်ခံခဲ့ရသည်။
ချင်ယွင်သည် အံ့အားသင့်ဟန် အမူအရာကို ထုတ်ဖော်လိုက်ပြီး၊ သူ၏ မျက်နှာပေါ်တွင် အလွန်မင်း အံ့ဩသွားဟန် ပေါ်လွင်နေသည်။
"ခင်ပွန်း၊ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို ဖြန့်ကျက်ပြီး ရှေးဟောင်း နတ်ဆိုး နတ်ဘုရားကမ္ပည်းပြားကို ချဉ်းကပ်ကြည့်ပါ။" ချင်ယွင်သည် အဖြစ်ပျက်များကို နားမလည်သလိုဖြစ်နေစဉ်မှာ ဘေးမှ ဝိညာဉ်နတ်ဘုရားမက ထပ်ပြောပြသည်။
"ကောင်းပြီ..”။ ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ပြောပြီးနောက်၊ သူသည် ဝိညာဉ်နတ်ဘုရားမ ဆိုသည့်အတိုင်း စကားကို လိုက်နာကာ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးနည်းပညာကို စတင် ဖြန့်ကျက်လိုက်ပါသည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ် ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းရှိ ဖင်းဂေါ့ဂ်သွေးမျိုးသည် ချက်ချင်း အသက်ဝင်လာပြီး အစွမ်းထက်သော ဖင်းဂေါ့ဂ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ထို့နောက် ချင်ယွင်သည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားဆီသို့ လျှောက်သွား ခဲ့သည်။ ချင်ယွင်ကို အံ့အားသွားစေသည်က ယခုတစ်ကြိမ်တွင် သူသည် အနည်းငယ်မျှ တားဆီးခြင်းကို မခံစားရဘဲ ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားသို့ ချောမွေ့စွာ လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်နတ်ဘုရားမက ချင်ယွင်သည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြား ရှေ့သို့ လျှောက်သွားနိုင်သည်ကို မြင်သောအခါတွင် ကျေနပ်စွာ ပြုံးလိုက်ပါသည်။
ချင်ယွင်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားကို ထိလိုက်သည်။ သူ၏လက်ချောင်းသည် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားကို ထိလိုက်သည့်အခိုက်တွင်၊ သူသည် ကျောက်ပြားကြီးအတွင်း၌ ကြီးမား ပြင်းထန်သော စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားနိုင်သည်။ ထိုအချိန်တွင် သူသည် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးကို မြင်လိုက်ပုံရပြီး၊ သူသည် ပင်လယ်မျက်နှာပြင် ပေါ်ရှိ သစ်ရွက်လှေတစ်စင်းပေါ်တွင် ရှိနေသည့်အလား ခံစားလိုက်ရသည်။
"ဘယ်လောက်တောင်မှ ကြီးမားလှတဲ့ စွမ်းအားကြီးလဲ။ ဒီကျောက်ပြားကြီးမှာ ဒီလို အကန့်အသတ်မဲ့ စွမ်းအားတွေ ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် သူသည် အလွန်သေးငယ်သည်ဟု ခံစားရသည်။ တကယ်တော့ သူသည် သေးငယ်သွားခြင်းမဟုတ်ဘဲ၊ ဤကျောက်ပြားကြီးမှာ ပါဝင်နေသည့် စွမ်းအားက အရမ်းကို ကြီးမားလွန်း၍ ဖြစ်ပါသည်။
"ခင်ပွန်း၊ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုဖို့ မြန်မြန် သွေးစက်ချလိုက်လေ။" ဝိညာဉ် နတ်ဘုရားမက နံဘေးကနေ ကမန်းကတန်း အော်လိုက်သည်။
ထိုမှသာ ချင်ယွင်က တုံ့ပြန်လာခဲ့သည်။ သူသည် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုရန် သွေးများကို အလျင်အမြန် ချရလိမ့်မည်။
ချင်ယွင်သည် သူ၏လက်ချောင်းကို အလျင်အမြန် ကိုက်လိုက်ပြီး ကျောက်ပြားပေါ်သို့ သွေးတစ်စက်ကို ချလိုက်ပါသည်။
လတ်ဆတ်သော သွေးများသည် ကျောက်ပြားထဲသို့ စိမ့်ဝင်သွားပြီး၊ ကျောက်ပြားက ၎င်းတို့ကို ချက်ချင်း စုပ်ယူသွားသည်။
ဘန်း….။
ထို့နောက် ကျောက်ပြားကြီးသည် တုန်ခါလာပြီး မြေကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။
ဝှီး...။
ဤအခိုက်အတန့်တွင်၊ ကျောက်ပြားကြီးမှ တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအလင်းရောင်သည် ချင်ယွင်၏ နဖူးထဲသို့ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ဝင်ရောက်သွားခဲ့သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ ကျောက်ပြားကြီးသည် လုံးဝ ကျုံ့သွားသည်ကို သူ ခံစားနိုင်သည်။ ၎င်းသည် သူ၏မျက်ခုံးနှစ်ခုကြားရှိ လေဟာနယ်ထဲ တွင် လွင့်မျောနေပြီး ၎င်းအပေါ်ရှိ ရှေးဟောင်း အငွေ့အသက်က ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
"ဘုန်း..”။
သို့သော် ချင်ယွင် မပျော်ရွှင်နိုင်ခင်, ကြီးမားသော သတင်းအချက်လက် လှိုင်းများသည် သူ၏စိတ်ထဲသို့ ဒီရေလှိုင်းများကဲ့သို့ ပြေးဝင်လာတော့သည်။ ယခုတစ်ကြိမ်တွင် အချက်အလက်များသည် ယခင်က "ဝူဝမ်ဓားသိုင်းပညာရပ်"ထက် များစွာ ကြီးမားပါ သည်။
“အား….” ချင်ယွင်သည် နာကျင်စွာ အော်ဟစ်ရင်း ခေါင်းပေါက်ကွဲတော့မတတ် ချက်ချင်း ခံစားလိုက်ရသည်။
"ခင်ပွန်း...”။ ဝိညာဉ်နတ်ဘုရားမသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏အနားတွင် ပေါ်လာသည်။ သူမက ချင်ယွင်ကို စိတ်ပူနေသည့် အမူအရာဖြင့် ပွေ့ဖက်လိုက်ပါသည်။