အခန်း ၁၁၆၅
Vol. 78 Ch. 1165
အခန်း (၁၁၆၅) နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်
သတင်းအချက်အလက် အများအပြားသည် ချင်ယွင်၏စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေကာ ဤလုပ်ငန်းစဉ်သည် သုံးနာရီ ကြာမြင့်ခဲ့သည်။
ချင်ယွင်သည် သဘာဝအတိုင်း နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေခဲ့ရသည်။ သုံးနာရီပြည့်အောင် တောင့်ခံခဲ့ရသည်.
သုံးနာရီကြာပြီးနောက် ချင်ယွင်သည် နာကျင်မှုမှ လွတ်မြောက်ခဲ့သည်။
အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် အလွန်ပင် ပူပင်သောက ရောက်နေရရှာသည်။ သူမမျက်နှာသည် မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။ ချင်ယွင် အဆင်ပြေသည်ကို မြင်လိုက်ရမှသာ သူမသည် ငိုကြွေးခြင်းကို ရပ်တန့်သွားသည်။ (သူမကလည်း မသဲပိုကြီး ထင်ပါသည်)။
"ခင်ပွန်း၊ နင် အဆင်ပြေရဲ့လား?” ဝိညာဉ်နတ်ဘုရားမက စိုးရိမ်တကြီး မေးသည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ စိုးရိမ်ပူပန်သော စကားများကို ကြားသောအခါ, သူသည် ဖျစ်ညစ်ပြုံးပြလိုက်သည်။ သူက ပြုံးပြီး ပြောသည် "ငါ အဆင်ပြေပါတယ်၊ ဒါပေမယ့် ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားမှာပါတဲ့ အချက်အလက်တွေက များပြားလွန်းတယ်။ ငါ့ခေါင်းက မခံနိုင်ခဲ့ဘူး"။
ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားက ချင်ယွင်ကို အမွေဆက်ခံမူ ပေးနေသည်ကို ဝိညာဉ်နတ်ဘုရားမသည် ရုတ်တရက် ရိပ်စားမိသွားသည်။ သို့သော် သူမသည် စိုးရိမ်လွန်ကဲနေမူကြောင့် စိတ်အစဉ်ဖရိုဖရဲ ဖြစ်သွားပြီး ထိုအကြောင်းကို သူမ မစဉ်းစားမိခဲ့ပေ။ ယင်းအစား ချင်ယွင် တစ်ခုခုဖြစ်သွားပြီဟုသာ သူမ ထင်နေခဲ့သည်။
"ခင်ပွန်း၊ နင် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို ရခဲ့ရဲ့လား?" ဝိညာဉ်နတ်ဘုရားမက မေးသည်။
"အင်း...၊ ငါ ရခဲ့ပါပြီ။ ဒါ့အပြင်၊ ဒီနည်းစနစ်က အလွန်အစွမ်းထက်တဲ့ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်တစ်ခု ဖြစ်ပုံရတယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ယခုအချိန်မှာ သူသည် အရမ်းကို ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏မျက်လုံးထဲမှာ စိတ်လှုပ်ရှားနေသည်ကို မြင်နေရဆဲပင်။
မှန်ပါသည်။ ယခုလေးတင် သူ၏စိတ်ထဲသို့ စိမ့်ဝင်လာသည့် သတင်းအချက်အလက် အမြောက်အမြား ရှိခဲ့ပါသည်. ၎င်းတို့ထဲတွင် အလွန်အစွမ်းထက်သည့် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်တစ်ခု ရှိနေပါသည်။ ထို့အပြင်, ၎င်းသည် အစွမ်းထက်ဆုံး ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။
ထိုပညာရပ်၏အမည်ကပင် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလွန်းပါသည်။ ၎င်းကို နတ်ဆိုး နတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ဟု ခေါ်သည်။
ဤအမည်ကို နားထောင်ရုံဖြင့် ထိုကျင့်ကြံခြင်း နည်းစနစ်သည် အလွန်ထူးကဲသည်ဟု ခံစားရနိုင်ပါသည်။ အမှန်တကယ်လည်း ထိုကျင့်ကြံခြင်း နည်းစနစ်က တကယ့်ကို ထူးခြားပါသည်။
ဤနည်းစနစ်ဖြင့် နှိုင်းယှဉ်ပါက၊ ချင်ယွင် ယခင်တုန်းက ကျင့်ကြံခဲ့သော လျှို့ဝှက် ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်သည် မြစ်ငယ်လေးနှင့် ပင်လယ်ကြီးတို့ ကြား ကွာခြားသကဲ့သို့ ဖြစ်နေပါသည်။
သို့သော်၊ ဤအရာက ချင်ယွင်ကို ဆက်လက်ကျင့်ကြံရာမှာ အတားအဆီး မဖြစ်ပေါ်စေခဲ့ ပေ။ အဆင့်ဖြတ်ကျော်ရန်အတွက် အနည်းငယ် ပိုခက်ခဲသွားရုံသာ ဖြစ်ပါသည်။
ယခုအချိန်တွင် ချင်ယွင်သည် အခြားအရာများကို ဂရုမစိုက်တော့ပေ။ သူသည် နတ်ဆိုး နတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်၏ အဋ္ဌမအဆင့်နှင့်ပတ်သက်၍ ပို၍ပင် စိုးရိမ်နေခဲ့သည်။
ဤသွေးသားခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး ဖြစ်လာပုံနှင့်ပတ်သက်၍ သူသည် အမြဲတမ်း နားမလည်နိုင်ခဲ့ပေ။ ဤအရာကလည်း ဒုက္ခရောက်ခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်။
ကျင့်ကြံခြင်းနည်းစနစ်၏ အဋ္ဌမအဆင့် မှတ်တမ်းများကို ဖတ်ရှုပြီးနောက်တွင် သူသည် ရုတ်တရက် နားလည်လာခဲ့သည်။
ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ နောက်တဆင့်သည် ချီသန့်စင်ခြင်းအဆင့်နှင့် ဆင်တူနေပါသည်။ ချီသန့်စင်ခြင်းအဆင့်ထက် စကားလုံးတစ်လုံးသာ ပိုနေခြင်း ဖြစ်ပါသည် ။
ဥပမာအားဖြင့်၊ ချီသန့်စင်ခြင်း၏ နတ်ဘုရားအဆင့်များကို ကြယ်နတ်ဘုရား၊ မြေကမ္ဘာ နတ်ဘုရား၊ ကောင်းကင်နတ်ဘုရားနှင့် ဘိုးဘေးနတ်ဘုရားဟူ၍ လေးမျိုးခွဲခြားထားသည်။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏အဆင့်များကိုတော့ ကြယ်နတ်ဆိုးနတ်ဘုရား၊ မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၊ ကောင်းကင်နတ်ဆိုးနတ်ဘုရားနှင့် ဘိုးဘေးနတ်ဆိုး နတ်ဘုရားဟူ၍ လေးမျိုးခွဲခြားထားပါသည်။
သို့သော်၊ ဤဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းတွင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဟူ၍ သီးခြား သီအိုရီမရှိသောကြောင့် ၎င်းသည် ချီသန့်စင်ခြင်း ကျင့်ကြံသူများနှင့် ကွဲပြားပါ သည်။
တစ်နည်းဆိုရသော်, အကယ်၍, ချင်ယွင်သည် အဋ္ဌမအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့်, သူ၏ရုပ်ခန္ဓာကိုယ်သည် အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ကြယ်နတ်ဆိုးနတ်ဘုရား ဖြစ်လာပုံနှင့်ပတ်သက်၍ နောက်ထပ် အရေးကြီးသော အချက်တစ်ချက် ရှိနေပါသေးသည်။
၎င်းမှာ သူ၏ကိုယ်ပိုင် နတ်ဘုရားခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးနတ်ဘုရားများ၏ တန်ခိုး စွမ်းအား ရင်းမြစ်ဖြစ်လာစေမည့် နတ်ဘုရားအမြုတေကို ပေါင်းစည်းရန် ဖြစ်ပါသည်။
ချီသန့်စင်ခြင်းနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း၏ ကျင့်ကြံခြင်း နည်းပညာရပ်နှစ်ခုသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပထမပိုင်းမှာ ချီသန့်စင်သူများသည် စွမ်းအား ကို သူတို့၏ ကိုယ်ပိုင်ဒန်တန်အတွင်းမှာ ကျင့်ကြံနိုင်ကြပြီး၊ နောက်ပိုင်း နတ်ဘုရား နယ်ပယ်ကို ရောက်ရှိလာသည့်အခါ, သူတို့၏စွမ်းအားကို သူတို့ခန္ဓာကိုယ် အစိတ်အပိုင်း များအားလုံးကို ဖြန့်ကျက်ပြီး သူတို့၏နတ်ဘုရားခန္ဓာကိုယ်ကို မသေနိုင် ဖျက်ဆီး၍ မရနိုင်သည့် ခန္ဓာကိုယ်အထိဖြစ်အောင် ကျင့်ကြံကြရသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များ အားလုံးကို ပြုစုပျိုးထောင်ပေးရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်း အားလုံးကို အဆက်မပြတ် သန့်စင်ပေးရခြင်း ဖြစ်သည်။ ရုပ်ခန္ဓာကိုယ်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာသောအခါ၊ ထိုလူ၏ ခွန်အားများ အားလုံးကို အမှတ်တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပြီး၊ နတ်ဘုရားအမြုတေအဖြစ်ကို ပေါင်းစည်း သိပ်သည်းရခြင်း ဖြစ်သည်။
ဤအချက်ကြောင့် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းလမ်းစဉ်သည် သိပ်ကောင်းမည် မဟုတ်ကြောင်း သင် ခံစားရပေလိမ့်မည်။ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းသည် ထင်သလောက် မကောင်းပါဘူး။ ၎င်းသည် မသေမျိုးဖြစ်ပြီး ဖျက်ဆီး၍မရနိုင်ရုံသာဟု သင် တွေးကောင်းတွေးမိလိမ့်မည်။ အကယ်၍, သင်သည် ထိုကဲ့သို့ အတွေးမျိုးရှိနေလျှင်, မှားယွင်းနေပါလိမ့်မည်။
နတ်ဘုရားအမြုတေကို ပေါင်းစည်းပြီးသည်နှင့်၊ နတ်ဆိုးနတ်ဘုရားများသည် ပို၍ပင် အားကောင်းလာပါလိမ့်မည်။
ပထမအချက်အနေဖြင့်, သင်သည် နတ်ဘုရားအမြုတေကို သင့်နတ်ဘုရားခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်း၌မဆို ပေါင်းစည်းနိုင်ပါသည်။ ဤနည်းဖြင့် ရန်သူသည် သင်၏ နတ်ဘုရားအမြုတေကို တိုက်ခိုက်လိုလျှင်ပင်၊ သင်၏နတ်ဘုရားအမြုတေသည် မည်သည့်နေရာတွင် ရှိနေသည်ကို သိရန် အလွန်ခက်ခဲပါလိမ့်မည်။
အကယ်၍, တိုက်ခိုက်မည့်ရန်သူသည် နတ်ဘုရားအမြုတေကို တိုက်ခိုက်နိုင်ကြောင်း ကြိုတင် သိထားသော်လည်း၊ သူသည် နတ်ဘုရားအမြုတေကို ဖြိုခွဲနိုင်မည် မဟုတ်တော့ ပေ။
နတ်ဘုရားအမြုတေ၏ မာကျောမှုသည် သာမန်နတ်ဘုရားပစ္စည်းများထက် အဆပေါင်း များစွာ သာလွန်ပါသည်။ ထို့ပြင်၊ ကျင့်ကြံမှုနယ်ပယ် တိုးတက်လာသည်နှင့်အမျှ၊ နတ်ဘုရားအမြုတေသည် ပို၍ပင် မာကြောလာပေလိမ့်မည်။ ဘိုးဘေးနတ်ဆိုးနတ်ဘုရား တစ်ပါး၏ နတ်ဘုရားအမြုတေသည် အဆင့်တူ ဘိုးဘေးနတ်ဘုရားတစ်ပါးမှ တစ်ချက် ရိုက်ရုံဖြင့် ၎င်းကို မဖြိုခွဲနိုင်ဟုပင် ဆိုကြပါသည်။
နတ်ဘုရားအမြုတေ မပြိုကွဲသေးသ၍, နတ်ဆိုးနတ်ဘုရားများသည် ဖျက်ဆီးခံရမှာ မဟုတ်ဘူး။
ထို့ကြောင့် တစ်နည်းအားဖြင့် နတ်ဆိုးနတ်ဘုရားများ၏ အကာကွယ်သည် အားလျော့မသွားဘဲ ပိုမိုအားကောင်းလာသည်။
ဟုတ်ပါသည်၊ နောက်ထပ်အချက်တစ်ချက်လည်း ရှိနေပါသေးသည်။ အားလုံးမဟုတ်လျှင် ပင်, နတ်ဘုရားအမြုတေသည် ပင်မခန္ဓာကိုယ်၏ ဒုတိယစိတ်ဝိညာဥ်လည်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် သင်သည် နတ်ဆိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်လိုပါက၊ ၎င်း၏ နတ်ဘုရားအမြုတေနှင့် ခန္ဓာကိုယ်အားလုံးကို သတ်ပစ်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ရင်, သင်သည် နတ်ဆိုးနတ်ဘုရားများကို လုံးဝ ချေမှုန်းနိုင်မှာ မဟုတ်ပါဘူး။
ထိုသို့မဟုတ်ဘဲ, နတ်ဘုရားအမြုတေသည် ပင်မခန္ဓာကိုယ်မှ ထွက်သွားသွားခဲ့လျှင်, ၎င်းသည် မည်သည့်နေရာမှာမဆို ခန္ဓာကိုယ်အသစ်တစ်ခုကို ချက်ချင်း ပေါင်းစည်းကာ သိပ်သည်နိုင်မည် ဖြစ်သည်။
နတ်ဆိုးနတ်ဘုရားများကို သတ်ခြင်းသည် နည်းလမ်းမျိုးစုံအသုံးပြုရသဖြင့်, အဆင့်တူ ချီကျင့်ကြံသူနတ်ဘုရားများကို သတ်ခြင်းထက် အဆပေါင်းများစွာ ခက်ခဲကြောင်း ပြသနိုင်ပါသည်။
ထိုအချက်အလက်ကို ဖတ်ရူပြီးနောက် ချင်ယွင်သည် အလွန်ပျော်ရွှင်သည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ သေချာသည်မှာ, သူ၏စိတ်ကို လှုပ်ရှားစေနိုင်သည့် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိနေပါသေးသည်။ ထိုအရာကတော့ သူရရှိထားသည့် နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံ လွှမ်းမိုးခြင်းပညာရပ် ဖြစ်ပါသည်။
အကြောင်းရင်းမှာ ဤနတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်သည် အခြားကျင့်ကြံခြင်း ပညာရပ်များထက် ပိုမိုအစွမ်းထက်သည့်အပြင် ချင်ယွင်ကို ပိုမို များပြားသော စွမ်းအားများလည်း ပေးစွမ်းနိုင်ပါသည်။ ထိုမျှတင်မက, သူပေါင်းစည်း သိပ်သည်းမည့် နတ်ဘုရားအမြုတေသည် အခြားနတ်ဆိုးနတ်ဘုရားများထက် အဆပေါင်း များစွာ ပိုမိုအားကောင်းလာနိုင်ပါသည်။
ဤနည်းဖြင့်ဆို, သူ့ကိုသတ်ဖို့က ပို၍ပင် ခက်ခဲသွားလိမ့်မည်။
ယင်းက ချင်ယွင်၏ နှလုံးသားကို ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာစေခဲ့ပြီး သူသည် နတ်ဘုရားအမြုတေကို တတ်နိုင်သမျှ အမြန်ဆုံး ပေါင်းစည်းလိုသည်။
"ခင်ပွန်း၊ နင့်ရဲ့ သွေးသားခန္ဓာကိုယ်နဲ့ နတ်ဘုရားဖြစ်လာဖို့ နည်းလမ်းကို သိပြီလား?။" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို မြင်ပြီး သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။
"အင်...၊ ရှန်းယု၊ ငါ အဋ္ဌမအဆင့်ကို ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ သိသွားပြီ။ နောက်တစ်ခုကတော့ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ဖို့ ငါ စီစဉ်ထားတယ်။ ဒါပေမယ့် ဒီအချိန်အတွင်းမှာ ငါက ငါ့ရဲ့စွမ်းအင်အားလုံးအပေါ်မှာ အာရုံစူးစိုက်ထားရမယ်။ အနှောင့်အယှက် ဖြစ်ခံလို့မရဘူး။ မင်းက ငါ့ကို ကာကွယ်ပေးဖို့အတွက် ခဏလောက် တော့ ပင်ပန်းရဦးမယ်”။ ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို ပြောသည်။
နတ်ဘုရားအမြုတေကို ပေါင်းစည်းခြင်းသည် အလွန်အရေးကြီးသောကြောင့် သတိပေါ့လျှော့၍ မရပေ။ သူ၏စွမ်းအင်အားလုံးအပေါ် လုံးဝ အာရုံစူးစိုက်ထားရပါမည်။ အကယ်၍ သူသည် ပြင်ပကမ္ဘာ၏ အနှောင့်အယှက်မူကို ခံရပါက၊ သူ၏ ယခင် အားထုတ်မှုများသည် အချည်းနှီးဖြစ်သွားနိုင်ပြီး ပြင်းထန်သော ဒဏ်ရာများဖြင့်ပင် အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် လုံးဝ ဘေးကင်းသော အခြေအနေ အတွင်းမှာသာ နတ်ဘုရားအမြုတေကို ပေါင်းစည်းသိပ်သည်းနိုင်မည်။
"ခင်ပွန်း...၊ ကျင့်ကြံဖို့နဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ နင့်ကို ငါ ကာကွယ်ပေးမယ်။ နင့်ကို နှောင့်ယှက်ဝံ့သူမှန်သမျှ ငါ့လက်ထဲကဓားကို အရင်မေးရလိမ့်မယ်။" ဝိညာဉ်နတ် ဘုရားမ က မဆိုင်းမတွ ပြောလိုက်ပြီး၊ သူမ ထိုစကားပြောစဉ် သူမမျက်နှာပေါ်မှာ ပြတ်သားသည့် အမူအရာ ထွက်ပေါ်နေသည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ စကားများကို ကြားသောအခါ ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံ လွှမ်းမိုးခြင်းပညာရပ်ကို ဖြန့်ကျက်ပြီး နတ်ဘုရားအမြုတေအဖြစ် ဖန်တီးရန် ကြိုးစားလေတော့သည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်အတွက် အချိန်ကန့်သတ်ချက်မှာ တစ်နှစ်အောက်သာ ကျန်ပါတော့သည်။
အကယ်၍ ချင်ယွင်သည် ယခုနှစ်အတွင်း နတ်ဘုရားအမြုတေကို မပေါင်းစည်းနိုင်ခဲ့ပါက၊ သူသည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ နောက်ထပ် မစ်ရှင်တွင် ပါဝင်ရန် အရည်အချင်း ရှိတော့မည် မဟုတ်ပေ။ ဤနည်းအားဖြင့်၊ သူသည် လေဟာနယ်နှင့် အချိန် ဘိုးဘေးနတ်ဘုရားကို တွေ့ဆုံရန်နှင့် သူ၏မိဘများကို ရှာဖွေရန်အတွက် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် ချင်ယွင်သည် နတ်ဘုရားအမြုတေကို တတ်နိုင်သမျှ အမြန်ဆုံး ပေါင်းစည်းရန် အားသွန်ခွန်စိုက် ကြိုးစားရမည်။