← Chapters

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း ၁၁၆၆

Vol. 78 Ch. 1166

အခန်း (၁၁၆၆) ကျိုးဟုန်ရွှဲ့

ဝူဝမ်တောင်တန်းဒေသအတွင်းမှာ နတ်ဘုရားအလင်းတန်း နှစ်စင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး၊ ၎င်းတို့သည် ရုပ်အသွင်နှစ်ခုအဖြစ်သို့ ပြောင်းလဲပြီး နတ်တောင်ထိပ် ပေါ်တွင် ပေါ်လာပါသည်။

သူတို့နှစ်ယောက်သည် ချောမောသည့် လူငယ်များ ဖြစ်ကြသည်။ သူတို့သည် ခန္ဓာကိုယ် သွယ်လျပြီး စိမ်းပြာရောင် ၀တ်စုံများကို ၀တ်ဆင်ထားကြကာ၊ ၎င်းတို့ကို သာမန်ထက် ချောမောခန့်ညားသွားစေသည်။

သူတို့၏ ဘယ်ဘက်ရင်အုံပေါ်တွင် ကြီးမားသော အနက်ရောင်အိုးပုံစံကဲ့သို့ နတ်ဘုရား တန်ခိုး အာနုဘော်များ ထုတ်လွှတ်နေသည့် ပုံစံကိုယ်စီ ရှိနေပါသည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားမသာ ဤနေရာ၌ရှိနေလျှင် ဤအနက်ရောင်အိုးကြီးပုံစံ ကိုယ်စားပြုသည့်အရာများကို သေချာပေါက် မှတ်မိပါလိမ့်မည်။

နတ်ဘုရားနန်းတော်ကြီးလေးခုနှင့် နတ်ဘုရားမြို့တော် ဆယ့်ခြောက်မြို့၊ ၎င်းတို့အားလုံး တွင် ၎င်းတို့၏ကိုယ်ပိုင် တန်ခိုးသင်္ကေတများ ရှိကြပြီး၊ ဤကြီးမားသော အနက်ရောင် အိုးကြီးသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော် လက်အောက်ရှိ ကောင်းကင်ဘုံထွဋ်မြို့တော်ကို ကိုယ်စားပြုပါသည်။

"အစ်ကိုရန်၊ ဒုတိယသခင်လေးကို ဘယ်သူသတ်သွားလဲလို့ မင်းထင်လဲ?။ အကြီးဆုံး သခင်လေးက လူသတ်သမားကို သုံးလအတွင်း ရှာတွေ့ဖို့ သေမင်းအမိန့်ကို ပေးထားခဲ့ တယ်။ ဒါပေမယ့် အခု ငါတို့မှာ ဘာသဲလွန်စမှ မရှိသေးဘူး။ ငါတို့ ဘာလုပ်သင့်လဲ?။" လူငယ်နှစ်ယောက်တွင် အရပ်မြင့်မြင့်လူငယ်သည် သူ၏ဘေးနားရှိ အဖော်အား ပြောလိုက် သည်။

အစ်ကိုရန်ဟုခေါ်သည့် လူငယ်သည် သူ၏လက်ကို နောက်ပစ်ထားပြီး၊ သူ၏ဘေးမှလူငယ် ကို ပြန်ပြောရန် အလျင်စလို မလုပ်ခဲ့ပါဘူး။

သူ၏အကြည့်တွေက တောင်တန်းတွေ မြစ်ရေပြင်တွေကို ငုံ့ကြည့်ရင်း၊ သူ၏အကြည့်များ တွင် ကမ္ဘာကြီးကို မထီမဲ့မြင်ပြုနေဟန် အရိပ်အယောင် ပေါ်လွင်နေပါသည်။

သူ၏မျက်ခုံးနှစ်ခုကြားမှာ မျဉ်းစောင်းပါးပါးလေးတစ်ခု ရှိနေခဲ့သည်။ ဤမျဉ်းစောင်းလေး သည် အလွန်ပါးလွှာသည်။ သေသေချာချာ ဂရုတစိုက် မလေ့လာဘူးဆိုလျှင်, လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ သို့သော် ဤပါးလွှာသော မျဉ်းစောင်းလေးတွင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ရှိနေခဲ့သည်။

အခြားလူများသည် ဤမျဉ်းစောင်းသေးသေးလေးက မည်သည့်အရာကို ကိုယ်စားပြုသည် ကို မသိနိုင်သော်လည်း၊ သူ၏ဘေးမှ အရပ်မြင့်မြင့်လူငယ်ကတော့ ဤမျဉ်းစောင်း သေးသေးလေးသည် တမင်တကာ ဆွဲထားခြင်းမျိုးမဟုတ်သလို အထူးပုံဖော်ထားခြင်း မျိုးလည်း မဟုတ်ဘဲ၊ ဒေါင်လိုက်မျက်လုံးတစ်လုံး တည်ရှိနေသည့်အရာလေးဆိုတာ သိရှိထားပါသည်။

အရပ်မြင့်မြင့်လူငယ်သည် စိတ်လှုပ်ရှားမူ အပြည့်ရှိနေပါသည်။ ထိုလူငယ်သည် မျက်လုံးသုံးလုံးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ထိုတတိယမျက်လုံးသည် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားသည်။ တူညီသောအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

ဘန်း…။

ထိုအခိုက်တွင် အစ်ကိုရန်အမည်ရှိသော လူငယ်သည် သူ၏နဖူးပေါ်မှ တတိယမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပါသည်။ ပြင်းထန်သော နတ်ဘုရားအလင်းတန်းသည် သူ၏မျက်လုံး မှ ရုတ်တရက် ထွက်ပေါ်လာပြီး အဝေးသို့ ပျံတက်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ထိုလူငယ်သည် သူ၏တတိယမျက်လုံးကို ဖြည်းညှင်းစွာ ပြန်မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏အနားရှိ အဖော်ကို လှည့်ကြည့်လိုက်သည်။

"ဘာသဲလွန်စမှ မရှိဘူး။ ဒီကိုမလာခင်မှာ ဒုတိယသခင်လေး နောက်လိုက်ဖြစ်ခဲ့တဲ့ အစေခံဆီက ငါ ကြားခဲ့တာရှိတယ်။ အဲဒီအချိန်တုန်း ဒုတိယသခင်လေးဟာ လွှင့်မျော နှင်းမြို့တော်က ကျိုးလင်ကို လိုက်ဖမ်းနေခဲ့တာတဲ့။ ဒါကြောင့် ဒုတိယသခင်လေး သေဆုံးရတာ ကျိုးလင်နဲ့ပတ်သက်မူ ရှိနေမယ်လို့ ငါ သံသယဖြစ်မိတယ်။ ဒါကြောင့်, ကျိုးလင်နဲ့ပတ်သတ်ပြီး ဝူဝမ်တောင်တန်းတစ်ခုလုံးကို စစ်ဆေးဖို့ နတ်ဘုရားမျက်လုံးကို အသုံးပြုခဲ့ပေမယ့် ကျိုးလင်ရဲ့အရိပ်ယောင်ကိုတောင် မတွေ့ခဲ့ရဘူး”။ ရန်ချုံက ပြောသည်။

သူ၏တတိယမျက်လုံးသည် ရှေးဟောင်းနတ်ဘုရား၏မျက်လုံး ဖြစ်သည်။ ၎င်းသည် အစွမ်းထက်သော နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ပုံရိပ်ယောင်အားလုံး ကို ထွင်းဖောက်မြင်နိုင်ရုံသာမက, ပြင်းထန်သော နတ်ဘုရားတန်ခိုးဖြင့်လည်း တိုက်ခိုက် နိုင်သည်။ ထို့ကြောင့်, ၎င်းသည် သူ၏ကြီးမားသော ယုံကြည်အားကိုးရာလည်း ဖြစ်သည်။

"မင်းက လွင့်မျောနှင်းမြို့တော်ရဲ့ ဝိညာဉ်နတ်ဘုရားမကို ဆိုလိုတာလား?။ သူမရဲ့ ကျင့်ကြံမှုအခြေခံက တော်တော် လျော့နည်းသွားတယ်လို့ ငါ ကြားထားတယ်။ သူမရဲ့ လက်ရှိ ကျင့်ကြံမှုက ငါတို့နဲ့ အတူတူပဲ။ သူမဟာ ကြယ်နတ်ဘုရားနယ်ပယ်ရဲ့ အလယ်အလတ်မှာပဲ ရှိနေတယ်။ အဲဒါက အမှန်လားဆိုတာ ငါတောင် သိချင်မိတယ်။" အရပ်မြင့်မြင့် လူငယ်က အံ့သြစွာ မေးလိုက်သည်။

သူ၏နာမည်က ယုဖန်းဖြစ်ပါသည်။ သူ၏ရှေ့မှ ရန်ချုံကဲ့သို့ပင်၊ သူသည်လည်း ကောင်းကင်ဘုံထွဋ်မြို့တော်၏ သာမန်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ယခုတစ်ကြိမ်တွင်၊ သူတို့သည် ဝူဝမ်တောင်တန်းဒေသတွင် သူ၏ညီဖြစ်သူ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် ကောင်းကင်ဘုံထွဋ်မြို့တော်၏ အကြီးဆုံး သခင်လေးထံမှ အမိန့်ကို လက်ခံရရှိခဲ့သည်။

မကြာသေးခင်က တင်းချန်၏ နတ်ဘုရားစိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးသည် ရုတ်တရက် ကွဲအက်သွားခဲ့သည်။ ထိုအဖြစ်အပျက်က ကောင်းကင်ဘုံထွဋ်မြို့တော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါသည်။ ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင် ဖြစ်စေ, သို့မဟုတ် အကြီးဆုံး သခင်လေးဖြစ်စေ, သူတို့အားလုံး လုံးဝ ဒေါသထွက်ခဲ့ကြ သည်။

အကြီးဆုံးသခင်လေးဆို သူတို့အား သေမင်းအမိန့်ကိုပင် ပေးခဲ့သေးသည်။ သုံးလအတွင်း လူသတ်သမား အစစ်အမှန်က မည်သူလဲဆိုတာ သိသရွှေ့, သူတို့သည် ကောင်းကင်ဘုံထွဋ် မြို့တော်၏ အမာခံအဖွဲ့ဝင်များနှင့် ပူးပေါင်းဖို့ အရည်အချင်း ရှိလာမည် ဖြစ်သည်။ ဤအရာက သူတို့အတွက် ထင်ပေါ်ကျော်ကြားရန် အခွင့်အရေးကောင်းဖြစ်သည်။

ပင်မအဖွဲ့ဝင်များ၏ ဆက်ဆံခံရမူသည် သာမန်အဖွဲ့ဝင်များထက် အဆပေါင်း မရေမတွက်နိုင်အောင် သာလွန်ကြောင်း သိထားရလိမ့်မည်။ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် လူပေါင်း မည်မျှ အိပ်မက်မက်နေခဲ့ကြသနည်း?။ ဤအရာက သူတို့အတွက် အရမ်းကို ကောင်းမွန်သည့် အခွင့်အရေးပင်။

ဟုတ်ပါသည်၊ အကယ်၍, သူတို့အနေဖြင့် သုံးလအတွင်း ဤကိစ္စကို မပြီးမြောက်နိုင်ခဲ့လျှင် သူတို့သည် ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။ ထို့ကြောင့်, မိမိတို့၏ အနာဂတ်အတွက်ဖြစ်စေ၊ မိမိတို့၏အသက်အတွက် ဖြစ်စေ ဤကိစ္စရပ်ကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားအားထုတ်ရမည် ဖြစ်ပါသည်။

"ဟုတ်တယ်၊ အဲဒါက အမှန်ပဲ။ ဒီကျိုးလင်က အလယ်လတ် ကြယ်နတ်ဘုရားအဆင့်မှာပဲ ရှိတော့တယ်။ သူမရဲ့ ခွန်အားက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာမှာ မဟုတ်ဘူး။ ဒါကြောင့်, ငါတို့အနေနဲ့ အရမ်းကြီး စိတ်ပူနေစရာ မလိုဘူး။ ဒီကိစ္စကို ရှင်းရှင်း လင်းလင်း စုံစမ်းပြီး အကြီးဆုံးသခင်လေးဆီ သတင်းပို့ပေးဖို့ပဲ လိုတယ်။” ရန်ချုံက ပြောသည်။

မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်၊ သူသည် ရှေးဟောင်း နတ်ဘုရား၏ မျက်လုံးကို ပိုင်ဆိုင်ထားပြီး၊ သူ၏ဂုဏ်ယူဝင့်ကြွားမူက အခြားသူများထက် များစွာမြင့်မားသည်။ သူသည် သာမာန်အဖွဲ့ဝင်တစ်ဦးဖြစ်ရန် မည်သို့ ဆန္ဒရှိနိုင်မည်နည်း?။ ဤတစ်ကြိမ်တွင် သူသည် အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားသော ကြောင့် မည့်သည့်အမှားယွင်းမှ မရှိအောင် အသေချာလုပ်ရလိမ့်မည်။

"ဒီကျိုးလင်က အဲဒီအချိန်တုန်းက မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ နံပါတ်တစ်အလှပိုင်ရှင်လို့ ပြောနေကြတုန်းပဲ။ ရုပ်ရည်အရဆို, သူမကလည်း လက်ရှိ မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ နံပါတ်တစ်အလှပိုင်ရှင်တဲ့ ကျိုးဟုန်ရွှဲ့ မနိမ့်လောက်ဘူး။ သူမက ကောလဟာလတွေအတိုင်း လှရောလှရဲ့လား မသိပါဘူး။ ဟိုတခါတုန်းက ငါ ကျိုးဟုန်ရွှဲ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမရဲ့အလှပ ကြောင့် စွဲလမ်းရူးသွပ်ခဲ့ရသေးတယ်။ အခုချိန်ထိတောင် ငါ မစွန့်လွှတ်နိုင်သေးဘူး။ ဒါ့အပြင်၊ သူတို့က အဒေါ်နဲ့တူမတော်တယ်လို့ ငါ ကြားဖူးတယ်…” ယုဖန်းက ပြုံးလိုက် သည်။

သို့သော်လည်း သူ၏စကား မဆုံးသေးခင်မှာ သူ၏ဘေးနားရှိ ရန်ချုံက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည် "တိတ်တိတ်နေပြီး၊ မင်းရဲ့ မရိုးသားတဲ့ အတွေးတွေကို သိမ်းထား လိုက်စမ်း။ တကယ်လို့, ကျိုးလင်သာ တကယ်ပဲ ဒုတိယသခင်လေးကို သတ်ခဲ့တဲ့ လူသတ်သမားဖြစ်နေခဲ့ရင်, မင်းရဲ့နိမ့်ကျတဲ့ ကျင့်ကြံမူလေးနဲ့ ကျိုးလင်ကို မင်း အနိုင်ယူနိုင် ပါ့မလား?။ မင်းရဲ့ကျင့်ကြံမူက ဒုတိယသခင်လေးထက် ပိုမြင့်မားတယ်လို့ ထင်နေတာ လား?”။

ရန်ချုံ၏ ဒေါသတကြီး ပြစ်တင်ရှုတ်ချသံကို ကြားလိုက်ရတော့ ယုဖန်းသည် ချက်ခြင်းပင် သူ၏စိတ်အာရုံများ ပြန်ရလာခဲ့သည်။

ဒုတိယသခင်လေး တင်းချန်သည် သူတို့နှင့် တူညီသောနယ်ပယ်တွင် ရှိနေသော်လည်း ဒုတိယသခင်လေး၏ နည်းလမ်းအမျိုးမျိုးမှာ သူတို့ထက် များစွာပို၍ အစွမ်းထက်ပါသည်။ ယခု ဒုတိယသခင်လေးတောင် သေသွားခဲ့ပြီ။ ဆိုတော့, သူတို့သည် တဖက်လူ၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း?။

ဒုတိယသခင်လေးထက် သာလွန်နိုင်သည့် တစ်ဦးတည်းသောလူမှာ သူ၏ရှေ့မှ ရှေးဟောင်းနတ်ဘုရား မျက်လုံးကို ပိုင်ဆိုင်ထားသူ ရန်ချုံသာ ဖြစ်နိုင်သည်။ အဆုံးတွင်, ရှေးဟောင်းနတ်ဘုရားမျက်လုံး၏ တန်ခိုးအစွမ်းသည် သာမန်မဟုတ်ပေ။

"အစ်ကိုရန်က ငါ့ကို သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ ငါ ခဏတာ စိတ်ရှုပ်ထွေးသွားခဲ့ တယ်။" ယုဖန်းက ဆောလျင်စွာ တောင်းပန်လိုက်သည်။

ရန်ချုံသည် ဤကိစ္စကို ဆက်လက် တွယ်ကပ်မနေတော့ပေ။ “ကောင်းပြီ၊ အခု မင်း ငါ့စကားကို နားထောင်ရင် ပိုကောင်းမယ်။ ပေါ့ပေါ့တန်တန် မလုပ်မိစေနဲ့။ ငါတို့ သေမလား, အမြင့်ကိုတက်နိုင်မလားဆိုတာ ဒီသုံးလပေါ်မှာပဲ မူတည်နေတယ်။ သွားကြရ အောင်။ အဲဒီတုန်းက ဒုတိယသခင်လေးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို ငါ ရှာတွေ့ပြီးပြီ။ အဲဒီကို သွားကြည့်ရအောင်။"

ထိုစကားကို ပြောပြီးနောက် ရန်ချုံသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး၊ ပျောက်ကွယ်သွားခဲ့သည်။

ယုဖန်းသည် သူ၏နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး သူ၏စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ သို့သော်လည်း ရန်ချုံ၏ ခွန်အားကြောင့် ရန်ချုံ၏ ညွှန်ကြားချက်များကို နားထောင်ရန်သာ ရွေးချယ်လိုက်ရပြီး၊ အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲကာ သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။

သို့သော် သူတို့ထွက်ခွာသွားပြီး သိပ်မကြာခင်မှာ ပုံရိပ်နှစ်ခုသည်လည်း တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

နှစ်ယောက်စလုံးက အမျိုးသမီးများ ဖြစ်ကြသည်။ တစ်ယောက်က ဆံပင်ဖြူ အဘွားကြီး ဖြစ်ပြီး၊ ကျန်တစ်ယောက်က ချောမောလှပသည့် မိန်းမပျိုလေး ဖြစ်သည်။ သူမ၏ မျက်နှာပေါ်ရှိ ကောက်ကြောင်းအလှပသည် အမှန်တကယ်ပင် ဝိညာဉ်နတ်ဘုရားမနှင့် ဆင်တူသည်။

"အဘွားဝမ်၊ စောစောက သူတို့ပြောနေတာကို ကြားလိုက်တယ်မလား?" ချောမော လှပသော မိန်းမငယ်ပျိုက ပြောလိုက်ပြီး၊ သူမ၏အသံက မွေးရာပါအေးစက်စက် ဖြစ်သည်။

"ကြားလိုက်တယ်, သခင်မလေး၊ သူတို့က သခင်မ ဝိညာဉ်နတ်ဘုရားမကို စုံစမ်းနေတာ ပါ။" ဆံပင်ဖြူ အဘွားကြီးက တလေးတစား ပြောသည်။

ထိုမိန်းမပျိုသည် ထိုစကားကိုကြားသောအခါ သူမ၏မျက်လုံးထဲတွင် အေးစက်စက် အရိပ်မြွက် ပေါ်လာသည်။ ထိုနောက်, သူမက သူမဘေးမှ ဆံပင်ဖြူအဘွားကြီးကို အမိန့်ပေးလိုက်သည် "သွားကြရအောင်။ သူတို့ရှာမတွေ့ခင် အဒေါ်ကို သေချာပေါက် တွေ့အောင်ရှာရမယ်။ သူတို့ ငါ့အဒေါ်ကို ထိခိုက်အောင်လုပ်ဝံ့ရင်, သူတို့ သေရမယ်”။

ထိုစကားပြောပြီးသည်နှင့် မိန်းမပျိုနှင့် ဆံပင်ဖြူ အဘွားကြီးတို့လည်း ပျောက်သွားပြန် သည်။

အကယ်၍, ဝိညာဉ်နတ်ဘုရားမက သူမကို တဖန်ပြည်လည် မှတ်မိပါက, ဤမိန်းမပျိုသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်၏ နံပါတ်တစ်အလှပိုင်ရှင် သူမ၏တူမ ကျိုးဟုန်ရွှဲ့ ဖြစ်သည်ကို သိရှိပါလိမ့်မည်။

All Chapters