အခန်း ၁၁၆၇
Vol. 78 Ch. 1167
အခန်း (၁၁၆၇) ပေါင်းစည်းထား နတ်ဘုရားအမြုတေ။
အင်အားစုနှစ်ဖွဲ့သည် ဝိညာဉ်နတ်ဘုရားမ၏ နေရာကို ရှာဖွေနေကြစဉ်၊ ချင်ယွင်သည် နတ်ဘုရားအမြုတေကို ပေါင်းစည်းခြင်းထဲမှာ အပြည့်အဝ နှစ်မြှုပ်နေခဲ့သည်။
ဝိညာဉ်နတ်ဘုရားမသည် မိမိပတ်ဝန်းကျင်ကို အမြဲသတိထားကာ စောင့်ကြပ်နေခဲ့သည်။
ချင်ယွင်သည် နန်းတော်၏ အပျက်အစီးများထဲတွင် မလှုပ်မယှက် ထိုင်နေပြီး သူ၏စိတ်ကို လုံးဝ ထိန်းချုပ်ထားကာ သူ၏ခန္ဓာကိုယ်ထဲတွင် နစ်မြုပ်ထားသည်။
သူသည် ဤနေရာတွင် တင်ပျဉ်ခွေထိုင်နေသည်မှာ အချိန်နှစ်လကျော် ကြာသွားခဲ့ပြီး၊ အေးဆေးတည်ငြိမ်သော ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ပင် နှစ်လကြာအောင် မလှုပ်မရှား ထိုင်နေခဲ့ပါသည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် စောင့်ကြည့်နေရင်း နှစ်လကျော်ကြာအောင် အနားတွင် ထိုင်နေခဲ့သည်။
ရုပ်ခန္ဓာကိုယ်ဖြင့် နတ်ဘုရားတစ်ပါးဖြစ်လာခြင်းသည် မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို သူမ မသိသော်လည်း ထိုအောင်မြင်မှုသည် အန္တရာယ်များက ကပ်၍လိုက်ပါလာမည်ကို တော့ သူမ သိပါသည်။
တကယ်လည်း ချင်ယွင်သည် အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပါသည်။
နတ်ဘုရားအမြုတေကို ပေါင်းစည်းရန်အတွက်၊ လူတစ်ဦးသည် မိမိ၏အသား၊ အရိုးများနှင့် နတ်ဘုရားဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုစီကို ထုတ်ယူပြီး၊ ၎င်းတို့ကို အတူတကွ ပေါင်းစပ်ရမည် ဖြစ်သည်။ ဤဖြစ်စဉ်သည် အလွန်နာကျင်ရပေလိမ့်မည်။ ထို့အပြင်၊ အကယ်၍ လူတစ်ဦးသည် နတ်ဘုရားစိတ်ဝိညာဉ်ကို မတော်တဆ မှားယွင်းစွာ ထုတ်ယူမိ ပါက၊ ၎င်းသည် နတ်ဘုရားစိတ်ဝိညာဉ်ကို အစိပ်စိပ်မွှာမွှာ ပြိုကွဲပြီး လုံးဝ အဆုံးသတ် သွားနိုင်သည်။
ထို့ကြောင့် ချင်ယွင်သည် ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် သတိတရား အမြဲတမ်း ထားရမည် ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ထုတ်ယူဖို့ အချိန်နှစ်လလောက် ယူခဲ့ရပါသည်။
"နောက်ဆုံးအဆင့်တစ်ခု ကျန်နေသေးတယ်။ ငါ ဒီအရာတွေ အားလုံးကို ပေါင်းစပ်နိုင် တာနဲ့ နတ်ဘုရားအမြုတေကို ပေါင်းစည်းနိုင်လိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက် သည်။
သူပြောပြီးသည်နှင့် သူထုတ်ယူထားသော အရာအားလုံးကို ပေါင်းစပ်ရန် ကြိုးစားလိုက် သည်။ ဤပေါင်းစပ်မှုဖြစ်စဉ်သည် အလွန်မင်း အရေးကြီးလှပါသည်။
အကယ်၍ သူ မအောင်မြင်ပါက သူ၏ယခင်အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားရုံသာမက၊ သူ၏ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသည် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပြန်လည်ကျဆင်းသွားကာ ဆဋ္ဌမအဆင့်အထိပင် ကျဆင်းသွားနိုင်သည်။ ယင်းက သဘာဝ အတိုင်း ချင်ယွင် မမြင်ချင်သည့် အရာဖြစ်ပါသည်။
နတ်ဘုရားအမြုတေကို ပေါင်းစည်းခြင်း လုပ်ငန်းစဉ်သည် ရှည်လျားခြင်း မရှိသော်လည်း၊ ကျရှုံးဖို့က အလွန်လွယ်ကူပါသည်။
သူ ကျရှုံးသွားသည်နှင့် တစ်ဖန် ပြန်လည် စတင်ရလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် အရာအားလုံး လုံခြုံဘေးကင်းကြောင်း သေချာအောင် လုပ်ဆောင်ရမည်။
ချင်ယွင်သည် စွမ်းအားများစွာကို ထိန်းချုပ်ရန်အတွက် နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံ လွှမ်းမိုးခြင်းပညာရပ်ကို ဖြန့်ကျက်ပြီး ဖြည်းဖြည်းချင်း ပေါင်းစပ်လိုက်သည်။
ဘန်း…။
ဤစွမ်းအားများသည် တစ်ခုနှင့်တစ်ခု ထိသွားသောအခါ၊ ၎င်းတို့သည် ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်သည်။
ချင်ယွင်၏ ရင်ဘတ်ထဲတွင် ကြက်ဥအရွယ်အစားရှိ သွေးအမြုတေသည် ဖြည်းညှင်းစွာ သိပ်သည်းလာခဲ့သည်။ သွေးအမြုတေ သိပ်သည်းနေစဉ်မှာ ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရလောက်အောင် ပြင်းထန်သော သွေးစွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနှိုင်းမဲ့ စွမ်းအားကြီးမားသည့် နတ်ဆိုးနတ်ဘုရား ချီနှင့်အတူ သွေးစွမ်းအင်များကို ထုတ်လွှတ်နေသည်။ ဤကမ္ဘာငယ်လေးတစ်ခုလုံးပင် ဤအစွမ်းထက်သော နတ်ဆိုးနတ်ဘုရားချီနှင့် သွေးစွမ်းအင်တို့၏ သက်ရောက်မူဒဏ်ကို ခံနေရပုံပေါ်သည်။ ကောင်းကင်ယံမှာ သွေးရောင် တိမ်တိုက်တွေ လွင့်မျောနေခဲ့သည်။
အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်။
နတ်ဘုရားအမြုတေကို ပေါင်းစည်းသိပ်သည်းနိုင်ခြင်းသည် အစောပိုင်း ကြယ်နတ်ဆိုး နတ်ဘုရားနယ်ပယ်၏ စံနှုန်းဖြစ်ပါသည်။
ဘေးမှာ တိတ်တဆိတ် စောင့်ကြပ်နေသော ဝိညာဉ်နတ်ဘုရားမသည် မျက်လုံးပြူးကျယ် ကာ ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။
"ဒါက အဆင့်ချိုးဖြတ်တစ်ခုလား?။" ဝိညာဉ်နတ်ဘုရားမ၏ အသက်ဝင်လှသော မျက်လုံး တစ်စုံသည် အထိန်းကွက်မဲ့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ အငွေ့အသက်သည် အနှိုင်းမဲ့ရှည်လျားလွန်းသည်ဟု ဆိုနိုင်ပြီး၊ ကြက်ဥအရွယ် နတ်ဘုရားအမြုတေသည် နတ်ဆိုးဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကို ပြင်းထန်စွာ ထုတ်လွှတ်နေသည်။
ဘန်း…။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့ပြီး၊ မျက်လုံးများမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ ဖျတ်ခနဲ လင်းလက်သွားပြီး၊ ချင်ယွင်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ တဖန် ပြန်ပေါ်လာပါသည်။ သူသည် ကောင်းကင်ယံအထက်မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ချင်ယွင်၏ရုပ်အသွင်က လေထဲတွင် လွင့်ပျံနေသည်။ ယခုတစ်ကြိမ်တွင် သူသည် နဂါးအတောင်ပံများကို အသုံးပြုစရာမလိုတော့ဘဲ လေထဲတွင် ပျံဝဲနိုင်ခဲ့သည်။
လေထုပေါ်မှာ ခြေနင်းနိုင်ခြင်းသည် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်ခြင်း၏ လက္ခဏာ ဖြစ်သည်။
အောက်မှာရှိနေသည့် ဝိညာဉ်နတ်ဘုရားမသည် သူ၏မျက်နှာပေါ်တွင် စိတ်အားတက်ကြွ စွာဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။
ချင်ယွင်သည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ လှမ်းနိုင်ခဲ့သည့်အတွက် သူမသည် အလွန်ပျော်ရွှင်နေပါသည်။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်သည် လေထုထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး အဆုံးမသတ်နိုင်သည့် လေပြင်းများ ဖြစ်ပေါ်လာစေခဲ့သည်။
ကောင်းကင်ယံတွင် လေထုသည် ပေါက်ကွဲသံများနှင့်အတူ ကျယ်လောင်သော တုန်ခါသံ များ ထွက်ပေါ်လာပြီး၊ နတ်ဘုရားမိုးကြိုးကဲ့သို့ ကမ္ဘာငယ်လေးတစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သည်သည် မီတာတစ်သောင်းအကွာအဝေးမှ နတ်တောင်တစ်လုံးကို တိုက်ရိုက် ခွဲထုတ်ပစ်လိုက်သည်။
"အရမ်းကို ပြင်းထန်လွန်းတယ်" ချင်ယွင်သည် အံ့သြတကြီး မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
ဤလက်သီးချက်တွင် သူသည် မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ပါ။ ယင်းအစား သူ့ခန္ဓာကိုယ်၏ခွန်အားသက်သက်ကိုသာ အားကိုးခဲ့ခြင်း ဖြစ်သည်။ သို့သော်၊ ဤလက်သီးချက်၏ စွမ်းအားသည် ယခင်က သူအသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်များ ထက်ပင် ပို၍ပင် အားကောင်းနေခဲ့သည်။
"ဒီဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်က တကယ်ကို အစွမ်းထက်လွန်းတယ်။ အခုအချိန်မှာ၊ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်နဲ့တောင် အလယ်အလတ် ကြယ်နတ်ဘုရားတွေကို တိုက်ခိုက်နိုင်နေပြီ။ နည်းလမ်းမျိုးစုံနဲ့ဆို, အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ဖို့က အသေးဖွဲ့တစ်ခုပဲ။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးတွေက လောင်ကျွမ်းနေသော အလင်းရောင်နှင့်အတူ တောက်ပနေခဲ့သည်။
ခွန်အားအရာမှာ အဆင့်ဖြတ်ကျော်နိုင်ခြင်းက သူ၏သွေးကို ဆူပွက်စေသည်။ နတ်ဘုရား တစ်ပါးဖြစ်လာသည့် ခံစားချက်က အလွန်ပင် သာယာလှပါသည်။
ဘန်း…။
ချင်ယွင်၏ရုပ်အသွင်သည် လင်းလက်သွားပြီး၊ သူသည် ဝိညာဉ်နတ်ဘုရားမဆီသို့ ပြန်လာခဲ့သည်။
"ဂုဏ်ယူပါတယ် ခင်ပွန်း၊ နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အတွက်" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို ချိုသာစွာ ပြုံးပြသည်။
ကြယ်နတ်ဘုရားနှင့် ကြယ်နတ်ဆိုးနတ်ဘုရား နှစ်ခုစလုံးသည် နတ်ဘုရားနယ်ပယ်နှင့် သက်ဆိုင်ပါသည်။ ထို့အပြင်၊ ကြယ်နတ်ဆိုးနတ်ဘုရားများသည် အဆင့်တူ ကြယ်နတ်ဘုရားများထက် ပိုသန်မာပါသည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ဂုဏ်ပြုစကားကို ကြားသောအခါ, သူ၏မျက်နှာပေါ် တွင် ရွှင်မြူးသော အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့ကို ဓမ္မကာကွယ်အဖြစ် စောင့်ရှောက်ပေးတဲ့လူက ငါ့ချစ်ဇနီးလေး ဖြစ်နေလို့ပါ။ မဟုတ်ရင်, ငါ ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ?။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်သည် သူ၏အဆင့်ချိုးဖြတ်မှုအတွင်းမှာ အန္တရာယ်တစ်စုံတစ်ရာမှ မကြုံခဲ့ရသလို, ဝိညာဉ်နတ်ဘုရားမသည် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရပုံ မပေါ်သော်လည်း၊ သူ၏ အဆင့် ချိုးဖျက်မူကာလအတွင်း၊ ဝိညာဉ်နတ်ဘုရားမ၏ စိတ်ဝိညာဉ်သည် အမြဲတမ်း ပြင်းထန် သော ဖိအားအခြေအနေအောက်တွင် ရှိနေကြောင်း ချင်ယွင် သိထားပါသည်။ အကယ်၍, သူမသည် ဤအခြေအနေကို အချိန်အတော်ကြာအောင် ထိန်းသိမ်းထားရမည်ဆိုလျှင်, နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အလွန်ပင်ပန်းသည်ဟု ခံစားရပေမည်။
ထို့ကြောင့်၊ ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ တောက်ပသော အပြုံးမျက်နှာအောက် တွင် ဖုံးကွယ်ထားသည့် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်ကို မြင်နိုင်သေးသည်။
"ခင်ပွန်းအတွက်ဆို ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ဒီလို အစောင့်ရှောက်လေး လုပ်ပေးရတဲ့ အသေးအဖွဲ ကိစ္စမျိုးကို ပြောနေစရာမလိုပါဘူး။ ခင်ပွန်း အဆင့်ဖြတ်ကျော် နိုင်တာနဲ့တင် အရမ်းပျော်နေပါပြီ" ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်ကို ချစ်ခြင်း မေတ္တာ ပြည့်လျှံနေသည့် မျက်လုံးများဖြင့် ကြည့်ရင်း သူမ၏နှလုံးသားအောက်ခြေမှ ပြုံးလိုက်ပါ သည်။
ချင်ယွင်သည် အလွန်တရာမှပင် ရင်ထဲထိသွားခဲ့သည်။ ဤကာလအတောအတွင်းမှ၊ လက်ရှိ ဝိညာဉ်နတ်ဘုရားမသည် အမှန်တကယ် စိုးရိမ်နေခဲ့ကြောင်း သူ တွေ့ရှိခဲ့သည်။ သူ၏ဘေးမှာ ယခုလိုမိန်းမမျိုး ရှိနေရခြင်းမှာ သူ့အတွက် အကြီးမားဆုံး ကောင်းချီးပေးခြင်းပင် ဖြစ်ပါသည်။
"ရှန်းယု၊ ငါ မင်းကို တစ်ခုခုပြပါရစေ။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို ပြောလိုက် သည်။
ဝိညာဉ်နတ်ဘုရားမသည် အနည်းငယ် အံ့သြသွားပြီး ပဟေဠိဆန်သော အမူအရာကို ထုတ်ဖော်လာသည်။
ဝှီး....။
ချင်ယွင်သည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကြက်ဥအရွယ်အစားရှိသည့် သွေးနီရောင် နတ်ဘုရားအမြုတေတစ်ခုက သူ၏ရှေ့မှာ ပေါ်လာပါသည်။
"ဒါက နတ်ဆိုးနတ်ဘုရား အမြုတေလား?" ဝိညာဉ်နတ်ဘုရားသည် သွေးအမြုတေကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးသည်။
"ဟုတ်တယ်၊ ဒါက အခုလေးတင် ငါ သိပ်သည်းထားတဲ့ နတ်ဘုရားအမြုတေပဲ" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သူပြောပြီးသည်နှင့်၊ ချင်ယွင်၏ ပါးစပ်အဝသည် ရုတ်တရက် ပို၍ ပွင့်လာခဲ့သည်။
ထို့နောက်၊ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုသည် နတ်ဘုရားအမြုတေမှ ထွက်ပေါ် လာပြီး အစွမ်းထက်သော သွေးစွမ်းအင်များက ချက်ချင်း ထွက်ပေါ်လာကာ ရုပ်အသွင်ပြင် တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ဤရုပ်အသွင်ပြင်သည် ချင်ယွင်နှင့် အတိအကျတူသော်လည်း၊ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ချင်ယွင်၏မူလခန္ဓာကိုယ်ထက်ပင် များစွာပို၍ ပြင်းထန်သည်။
"ကိုယ်ပွား?” ဝိညာဉ်နတ်ဘုရားက အံ့သြဟန် အမူအရာဖြင့် မေးသည်။ ချင်ယွင်၏ ကိုယ်ပွားများသည် သူ၏မူလခန္ဓာကိုယ်နှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားသည်ကို သူမ သိထားသည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ကိုယ်ပွားကို ပြန်လည် ပေါင်းစည်းနိုင်ကို တွေ့လိုက်ရတော့ သူမသည် အလွန်အံ့သြသွားခဲ့သည်။
"မှန်တယ်၊ ဒါက နတ်ဆိုးနတ်ဘုရားကိုယ်ပွားပဲ။ ငါက နတ်ဘုရားအမြုတေကနေ တစ်ဆင့် နတ်ဆိုးနတ်ဘုရားကိုယ်ပွားကို သိပ်သည်းနိုင်တယ်။ ဒါပေမယ့် ဒီနည်းနဲ့ဆို ငါ့ရဲ့စစ်မှန် ခန္ဓာကိုယ်မှာ နတ်ဆိုးနတ်ဘုရားရဲ့ တန်ခိုးစွမ်းအား မရှိတော့ဘူး။ သေချာတာက, ငါက အဲဒီစွမ်းအားကို နတ်ဘုရားအမြုတေကနေ ပြန်ယူလို့ရပြီး ငါ့ခန္ဓာကိုယ်ထဲကို ပြန်ပြီး ပေါင်းထည့်နိုင်ပါတယ်" ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။
ဤအရာသည်လည်း သူ အရင်က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားအမြုတေသည် သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး၊ နတ်ဆိုးနတ်ဘုရားကိုယ်ပွားအဖြစ် ပေါင်းစည်းသွားနိုင် သည်။ ၎င်းကိုယ်ပွားကို အသုံးမပြုသည့်အခါ၊ သူသည် နတ်ဘုရားအမြုတေပင် ထပ်မံ၍ ရယူနိုင်ပါသည်။
ကိုယ်ပွားတစ်ခု ရှိနေခြင်းသည် ကိုယ်ပွားမရှိခြင်းထက် များစွာပို၍ အဆင်ပြေပါသည်။