← Chapters

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အခန်း (၁၁၆၈) လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ဖြာ။

ဘန်း…။

ချင်ယွင်သည် သူ၏ကိုယ်ပွားကို ပြန်လည်ရသည့်အတွက် ပျော်ရွှင်နေစဉ်မှာ အပြင်ပ ကမ္ဘာသည် စတင်ပေါက်ကွဲနေပြီ ဖြစ်ပါသည်။

ဘန်း...။

ကောင်းကင်ယံတုန်ခါလောက်သည့် ပေါက်ကွဲသံနှင့်အတူ ဝူဝမ်တောင်တန်းကြီးနှင့် ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။

ဝူဝမ်တောင်နှင့် ကမ္ဘာမြေပြင်ပေါ်ရှိ လူတိုင်းသည် ဤကျယ်လောင်သော ပေါက်ကွဲ အသံကြောင့် ထိတ်လန့်သွားကြသည်။

"ဘာဖြစ်တာလဲ? ဘာတွေဖြစ်တာလဲဟ?" တစ်စုံတစ်ယောက်က သတိပေး လှုံ့ဆော်သံ ဖြင့် အော်ဟစ်လိုက်သည်။

ယခုလေးတင် ထိုအသံသည် ကျယ်လောင်လွန်းပြီး၊ ထွက်ပေါ်လာသည့် တုန်ခါမှုတွေက ဝူဝမ်တောင်တန်း ဧရိယာတစ်ခုလုံးကို သက်ရောက်မှုရှိနေခဲ့သည်။ ထို့ကြောင့် သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အရမ်းကို သိချင်နေကြပါသည်။

သို့သော် တုန်လှုပ်ချောက်ချားမှု၏ အလယ်ဗဟိုနှင့် ဝေးကွာနေသူ လူအများသည် လုံးဝ မှင်သက်နေကြသည်။

ဝူဝမ်တောင်တန်းဒေသရှိ ဝေးလံခေါင်သီသော တောင်တန်းတစ်ခုအတွင်းမှာ, ထိုတောင်တန်းများသည် လုံးဝ ကွဲအက်သွားကြကာ အနှိုင်းမဲ့ကြီးမားသော တွင်းနက်ကြီးတစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

ဤတွင်းနက်ကြီးသည် အလွန်ကြီးမားသည်။ အရှည် ပေတစ်သောင်းရှိ၍ အနက်သည် ပေတစ်ရာအထိ နက်ရှိုင်းသည်။

ဤတွင်းနက်ကြီး၏ နောက်ကွယ်မှ တရားခံကတော့ တွင်းနက်ကြီး၏ အလယ်ဗဟိုမှာ ငြိမ်သက်စွာ ရပ်နေပါသည်။

၎င်းသည် အနှိုင်းမဲ့ကြီးမားသော ကျောက်ပြားကြီးတစ်ချပ် ဖြစ်ပါသည်။ ကျောက်ပြားကြီး ၏ အရွယ်အစားသည် ယခင်နတ်ဘုရားနန်းတော်များ၏ အရွယ်အစားထက် များစွာ ကျော်လွန်နေပါပြီ။

ကျောက်ပြားကြီးသည် မြို့တစ်မြို့၌ စုပုံကျနေသော ကြီးမားကျယ်ပြန့်သော အဖြူရောင် ဆီးနှင်းအစုအဝေးတစ်ခုကဲ့သို့ နှိုင်းယှဥ်၍မရနိုင်အောင်ပင် ဖြူစင်လှသည်။ သို့သော် ကျောက်ပြားကြီးမှ ထုတ်လွှတ်သော ခမ်းနားထည်ဝါမူသည် နှင်းအပိုင်းအစများကြောင့် မဟုတ်ဘဲ ကောင်းကင်ခွဲနတ်ဘုရားကျောက်စိမ်း၏ အပိုင်းအစဖြစ်ကြောင်း မည်သူမျှ သံသယမဝင်ပေ။

ဤမျှကြီးမားသည့် ကျောက်ပြားကြီးကဲ့သို့ဖြစ်နေသော နတ်ဘုရား ကျောက်စိမ်းတုံးကြီး ဖြင့်ဆိုပါက၊ နတ်ဘုရားနန်းတော်ကြီး လေးခု၏ ခေါင်းဆောင်ဖြစ်သော လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကသာ ထိုကဲ့သို့ ကောင်းကင်ဘုံသို့ပင် ရောက်ရှိနိုင်သော နည်းလမ်းမျိုးကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ဤကျောက်တုံးပေါ်တွင် ထွင်းထုထား သည့် ပုံစံသင်္ကတသည် အာကာသနှင့် အချိန်နတ်ဘုရားနန်းတော်၏ သင်္ကေတလည်း ဖြစ်ပါသည်။

၎င်းသင်္ကေတသည် အချိန်၏ဖြတ်သန်းမှုကို ကိုယ်စားပြုသော နေနှင့်လ၏သင်္ကေတ ဖြစ်သည်။

"ဒါက လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်မူ ကျောက်ပြားကြီးပဲ။ ဒီအချိန်မှာ ဘာကြောင့် လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်က ဒီကျောက်ပြားကြီး ကို ရုတ်တရက် ဆင်းသက်ခိုင်းရတာလဲ?။" ကျောက်တုံးကြီးဆီသို့ ပြေးသွားနေကြသော လူများသည် အံ့သြစွာ ပြောဆိုနေကြသည်။

"လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို မမြင်တွေ့နိုင်ခင် အခြား နတ်ဘုရားနန်းတော်သုံးခုရဲ့ မစ်ရှင်များကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ရမယ်လို့ မဆိုထားဘူးလား?။ ဖြစ်နိုင်တာက တစ်စုံတစ်ယောက်က အခြား နတ်ဘုရားနန်းတော်ကြီး သုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလား?။" လူတစ်ယောက်က ခွဲခြမ်းစိတ်ဖြာပြသည်။

"နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်သွားပြီလား?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

သို့သော်၊ သူတို့ရှေ့မှ လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်၏ ကျောက်ပြားကြီးက ဤအရာအားလုံး အမှန်ဖြစ်ကြောင်း သူတို့ကို ယုံကြည်စေခဲ့သည်။

"စမ်းသပ်မှုစတင်ကတည်းဆို အခုမှ တစ်နှစ်ပဲ ရှိသေးတယ်။ တစ်စုံတစ်ယောက်က နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့မစ်ရှင်တွေကို တစ်ပြိုင်နက်တည်း ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကောင်းကင်ကိုအံတုနိုင်တဲ့ အဲဒီလူက ဘယ်သူလဲ။?" လူတိုင်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ နေနိုင်ခဲ့ကြပါချေ။ သူတို့၏နှလုံးသားတွေက အချိန်အတော်ကြအောင် တည်ငြိမ်ခြင်းမရှိဘဲ တဒုန်းဒုန်းခုန်နေခဲ့သည်။

၎င်းတို့အတွက် နတ်ဘုရားနန်းတော်ကြီးတစ်ခု၏ မစ်ရှင်တစ်ခုကို ပြီးမြောက်ရန်ပင် အလွန်ခက်ခဲနေပါပြီ။ သို့သော်၊ တစ်နှစ်အတွင်း နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သူလည်း ရှိနေခဲ့သည်။ ယင်းက ကြားရရုံဖြင့် ပင်, အမှန်တကယ် အံ့သြဖို့ကောင်းလွန်းပါသည်။

ယခင်ကတော့, သူတို့သည် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ လိုအပ်ချက် များကို မြင်သောအခါတွင် ၎င်းမစ်ရှင်တို့ကို ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်ကြောင်း မည်သူမဆို ခံစားခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင် တစ်စုံတစ်ယောက်သည် ဤမျှ ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုမျိုးကို အမှန်တကယ် ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားများအပေါ် သက်ရောက်မှုသည် အမှန်တကယ် ကြီးမားလွန်းလှသည်။

"အယ်၊ လေဟာနယ်နဲ့ အချိန်နတ်ဘုရား နန်းတော်ရဲ့ မစ်ရှင်ကျောက်ဖြာပေါ်မှာ ဘာ့ကြောင့် စာလုံးတစ်လုံးမှ မရှိရတာလဲ?" ထိုအခိုက်တန့်တွင် ကျောက်တုံးကြီးအနီးရှိ လူအချို့သည် ဝေခွဲမရဖြစ်သွားကြသည်။

ကြီးမားသော အဖြူရောင်ကျောက်ပြား၏ မျက်နှာပြင်ပေါ်မှာ စကားလုံးတစ်လုံးမှ မပါပဲ၊ အနှိုင်းမဲ့ ချောမွေ့နေသည်။

"ဟမ့်၊ မင်းက ဒါလေးကိုတောင် မသိဘူးလား?။ သေချာတာက, မင်းအနေနဲ့ နတ်ဘုရား နန်းတော်ရဲ့ ကမ္ဗည်းကျောက်ဖြာပေါ်က စကားလုံးတွေကို သေချာပေါက် မမြင်နိုင်ဘူး။ နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့လူ ထွက်ပေါ်လာမှသာ အဲဒီကျောက်ပြားပေါ်မှာ စကားလုံးတွေ ပေါ်လာလိမ့်မယ်။" လူအုပ်ထဲမှ တစ်ယောက်က ရှင်းပြသည်။

လူတိုင်း၏ စိတ်နှလုံးများသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားကြပြီး၊ နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်စေခဲသော ပုဂ္ဂိုလ်၏ ထွက်ပေါ်လာခြင်းကို အားလုံးက စောင့်မျှော်လာကြသည်။

သို့သော် ရက်အနည်းငယ်ကြာသည်အထိ နတ်ဘုရားနနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်စေခဲ့သော ပုဂ္ဂိုလ်က ပေါ်မလာခဲ့ပေ။ သို့သော်၊ လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်မှ မစ်ရှင်ကမ္ဗည်းကျောက်ဖြာကြီး ဆင်းသက်လာခြင်း သတင်းသည် ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံးကို မုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။ ရုတ်တရတ်ပင်၊ စမ်းသပ်မူမှာ ပါဝင်နေကြသည့်လူတိုင်း စိတ်လှုပ်ရှားမူနှင့်အတူ ဆူပွက်လာကြပါသည်။

"အဲဒီလူက အတိအကျ ဘယ်သူလဲ?။ ဒီအချိန်တိုလေးအတွင်းမှာ နတ်ဘုရားနန်းတော်ကြီး သုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်။ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ အဲဒီလူက ဘယ်သူလဲ?။"

"မှန်တယ်။ ဒီလူက ကောင်းကင်ဘုံကို အံတုလွန်းတယ်။ သူက တကယ်ကို ငါ့ရဲ့စံပြပဲ။ သူ ဘယ်သူလဲဆိုတာ ငါသိရမယ်။"

"ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်။ သူက အဘိုးကြီးဖြစ်နေရင်တောင်မှ, ငါ သူ့ကို တွေ့အောင်ရှာဦးမယ်။ ဒီကောင်မလေးကတော့ သူ့ကိုပဲ လက်ထပ်တော့မယ်။ သူက ချောမောပြီး ကြီးစိုးလွန်းတယ်။"

…

တခဏတွင်းမှာ, ဝူဝမ်တောင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံး ဆူညံပွက်ပြီး ပေါက်ကွဲသွားခဲ့ သည်။ နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်းများကို ပြီးစီးအောင် ပြုလုပ်နိုင်သူအား လူတိုင်းက အာရုံစိုက်လာကြသည်။ အချို့ကျင့်ကြံသူများသည် ထိုကောင်းကင်ကို အံတုနိုင် သော ထိုပုဂ္ဂိုလ်ကို အရူးအမူး ကိုးကွယ်လာကြသည်။ ထိုအမျိုးသမီး ကျင့်ကြံသူများသည် ပို၍ပင် ပြင်းပြင်းထန်ထန် စွဲလန်းသွားကြသည်။ သူမတို့အားလုံးသည် ထိုလျှို့ဝှက်ဆန်း ကြယ်သောလူကို လက်ထပ်ယူချင်သည်ဟုပင် ပြောဆိုကြသည်။

ထို့ကြောင့် လူတစ်ထောင်နီးပါးသည် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ဆိုင်ရာ နတ်ဘုရားကမ္ဗည်းကျောက်ဖြာရှေ့မှာ စုရုံးလာခဲ့ကြသည်။ လူတိုင်းက ထိုကောင်းကင်ဘုံကို အံတုနိုင်အောင်ပုဂ္ဂိုလ် ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြ သော်လည်း, ကောင်းကင်ကို အံတုနိုင်သည့် ထိုပုဂ္ဂိုလ်ကတော့ ဘယ်တော့မှ ထွက်ပေါ်မလာခဲ့ပါဘူး။

…

လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကျောက်ပြားကြီးနှင့် မဝေးလှသည့် တောင်ထိပ်ပေါ်တွင် ယခုအခါ အလွန်လှပသော အမျိုးသမီးတစ်ဦး ရပ်နေပါသည်။ သူမနောက်တွင် ဆံပင်ဖြူ အဘွားကြီးတစ်ဦးနှင့် ဆံပင်ဖြူ အဘိုးကြီးတစ်ဦးတို့ ရှိနေသည်။

ဟုတ်ပါသည်၊ ထိုသက်ဝင်လှုပ်ရှားနေသော အမျိုးသမီးသည် ဝိညာဉ်နတ်ဘုရားမ၏ တူမ, ယခုအချိန်တွင်၊ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ နံပါတ်တစ်နတ် သမီးလေး ကျိုးဟုန်ရွှဲ့ ဖြစ်ပါသည်။ အဘွားကြီးသည် သဘာဝအတိုင်း သူမနောက်မှ လိုက်ပါနေသော အဘွားကြီး ဖြစ်ပါသည်။

အဘိုးကြီးအတွက်မူ, အကယ်၍, ချင်ယွင်သာ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့၍ မှတ်မိ နေဦးမည်ဆိုလျှင်, သူက အကြီးအကဲလင်း ဖြစ်သည်ဟု သေချာပေါက် မှတ်မိပါလိမ့်မည်။

"သခင်မလေး၊ ဆယ်ရက်ရှိနေပြီ။ နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့လူက အခုထိ ပေါ်မလာသေးဘူး။ ဖြစ်နိုင်တာက, သူ လုံးဝ ပေါ်မလာနိုင်တော့တာများလား?" ဆံပင်ဖြူ အဘွားကြီးက ကျိုးဟုန်ရွှဲ့ကို ကြည့်ကာ ပြောသည်။

သူတို့သည် ဤနေရာတွင် ဆယ်ရက်လောက် စောင့်နေခဲ့ကြသည်။ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကမ္ဗည်းကျောက်ပြားကြီး ဆင်းသက်လာပြီးကတည်းက ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ် ထွက်ပေါ်လာရန် စောင့်ဆိုင်းနေခဲ့ကြသော်လည်း၊ ထိုပုဂ္ဂိုလ်သည် မည်သည့်အခါမှ ထွက်ပေါ်မလာခဲ့ပါဘူး။

အဘွားကြီး၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့က အလျင်စလို ပြန်မဖြေခဲ့ပေ။ သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည် ။

"ခဏစောင့်ဦး။ သူ ပေါ်မလာဘူးဆိုရင် ငါတို့ ထွက်သွားကြမယ်။" တခဏလောက် စဉ်းစားပြီးနောက် ကျိုးဟုန်ရွှဲ့က ပြောလိုက်ပါသည်။

စကားတစ်ခွန်းမှ မပြောဘဲ ဘေးမှာရပ်နေသည့် အကြီးအကဲလင်းသည် သူ၏မျက်လုံးထဲ တွင် ကြိုတင်မျှော်လင့်ထားသည့် အရိပ်ယောင် ရှိနေခဲ့သည်။

အမှန်တော့၊ သူသည် ဖြစ်နိုင်ချေရှိသူ တစ်ဦးကို ခန့်မှန်းပြီးသား ဖြစ်သည်။ ၎င်းမှာ ဝူဝမ် တောင်ထိပ်ပေါ်တွင် သူနှင့်ခွဲခွာသွားသော ချင်ယွင် ဖြစ်သည်။ သို့သော် ကျိုးဟုန်ရွှဲ့အား သူ၏ထင်မြင်ယူဆချက်ကို ပြောပြသောအခါ ကျိုးဟုန်ရွှဲ့သည် သူ၏စကားများကို သဘောမတူပေ။

သူမအတွေးက “နတ်ဘုရားခန္ဓာကိုယ်ကိုပင် မသန့်စင်ရသေးသော လူတစ်ယောက်က ဤမျှ တိုတောင်းလှသော အချိန်လေးအတွင်းမှာ နတ်ဘုရားနန်းတော်ကြီး သုံးခု၏ မစ်ရှင် များကို မည်သို့ ပြီးမြောက်နိုင်မည်နည်း။ ချင်ယွင်သည် နတ်ဘုရားနန်းတော်ကြီး နှစ်ခု၏ မစ်ရှင်များကို ပြီးမြောက်ပြီးပြီဟု သူမ သိထားသော်လည်း၊ ချင်ယွင်သည် ကောင်းကင် တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏မစ်ရှင်ကို အပြီးသတ်နိုင်မည်ဟု သူမ မယုံကြည်သေး ပေ။”

ကူကယ်ရာမဲ့ဖြစ်ပြီး၊ အကြီးအကဲလင်းသည် အပိုစကားမပြောရန်သာ ရွေးချယ်နိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် သူ၏မှန်းဆချက်သက်သက်မျှသာ ဖြစ်သောကြောင့် ချင်ယွင် ဟုတ်မဟုတ် သူ သေချာမသိပေ။ ထို့ကြောင့် သူသည် ချင်ယွင်၏ ထွက်ပေါ်လာမူ ကို စောင့်မျှော်နေခဲ့သည်။ သို့သော်, ဆယ်ရက်အကြာသည်အထိ ချင်ယွင်၏ အရိပ်ယောင် ကိုပင် မတွေ့ခဲ့ရပေ။ သို့သော် ဤနည်းဖြင့် ချင်ယွင်အပေါ် သူ၏ ခန့်မှန်းချက်က ပို၍ပင် ခိုင်မာလာသည်။

"အဘွားဝမ်၊ အဒေါ်ကို တွေ့ပြီလား။ ကောင်းကင်ဘုံထွဋ်မြို့တော်က ဟိုနှစ်ယောက်ရဲ့ အခြေအနေကရော ဘယ်လိုနေလဲ?" ကျိုးဟုန်ရွှဲ့က တခဏလောက် စဉ်းစားပြီး ထပ်မေးလိုက်သည်။

'"အခြားတဖက်မှာရှိနေတဲ့ ကောင်းကင်ဘုံထွဋ်မြို့တော်မှ ဒီလူနှစ်ယောက်ရဲ့ အခြေအနေ က ဘာတိုးတက်မှုမှ မရှိသေးဘူး။ ဒါပေမယ့်၊ သခင်မ ဝိညာဉ်နတ်ဘုရားမနဲ့ ပတ်သက်ပြီး သတင်းတချို့ ထွက်ပေါ်လာတယ်။ ယခင်က ကျွန်မရဲ့ လူတစ်ယောက်က လူတစ်ယောက် ကို ဖမ်းမိခဲ့ပြီး၊ သူ့ဆီကနေ သခင်မ ဝိညာဉ်နတ်ဘုရားမဟာ ကမ္ဘာငယ်လေးထဲကို ဝင်ရောက်သွားတဲ့အကြောင်းကို သိခဲ့ရတယ်။ သူမက အဲဒီကမ္ဘာငယ်လေးထဲမှာ ရှိနေသင့် တယ်။ ဒါပေမယ့် …”

“ဒါပေမယ့် ဘာဖြစ်လဲ?။ ကျိုးဟုန်ရွှဲ့က မျက်မှောင်ကြုတ်ပြီး ဆက်မေးသည်။

“ဒါပေမယ့် အဲဒီလူပြောတဲ့ စကားအရဆို၊ သခင်မ ဝိညာဉ်နတ်ဘုရားမဟာ ကမ္ဘာငယ်လေး ထဲကို တစ်ယောက်တည်း ဝင်ရောက်ခဲ့တာ မဟုတ်ဘူး။ သူမနဲ့အတူ ယောက်ျား တစ်ယောက်လည်း ရှိနေခဲ့တယ်။ ဒါ့အပြင်၊ သခင်မ ဝိညာဉ်နတ်ဘုရားမဟာ အဲဒီလူနဲ့ အလွန်ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိနေပုံရတယ်။ အဲဒီလူပြောစကားအရဆို, သခင်မ ဝိညာဉ်နတ်ဘုရားမဟာ အဲဒီအမျိုးသားကို နမ်းရှုံ့နေတာကို သူရဲ့မျက်စိနဲ့ ကိုယ်တိုင် မြင်တာတဲ့။” ဆံပင်ဖြူ အဘွားကြီးသည် ပြောသာပြောလိုက်ရသော်လည်း သူမနှလုံးသား က ကြောက်ရွှံ့ထိတ်လန့်မူဖြင့် ပြည့်နေပါသည်.

သူမ၏ စိတ်ထဲတွင်၊ သခင်မ ဝိညာဉ်နတ်ဘုရားမသည် လုံးဝ ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ယောက်ျားတစ်ယောက်နှင့် ဤမျှလောက် ရင်းရင်းနှီးနှီး မည်သို့ ရှိနိုင်မည် နည်း?။ သို့သော် ထိုပုဂ္ဂိုလ်သည် ဤမြင်ကွင်းကို ကိုယ်တိုင် တွေ့မြင်ခဲ့ဖူးသည်။ သူမအနေဖြင့် မယုံချင်ရင်တောင် ယုံကြည်ရတော့မည်။

အဘွားကြီး၏ စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လာသည်။ “အဒေါ်က ယောက်ျားတစ်ယောက်နဲ့ ရှိနေတယ်… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” သူမသည် ကိုယ့်ကိုယ်ကို အံ့သြစွာ ရေရွတ်လိုက်မိပါသည်။

All Chapters