← Chapters

အခန်း ၁၁၆၉

Vol. 78 Ch. 1169

အခန်း ၁၁၆၉

Vol. 78 Ch. 1169

အခန်း (၁၁၆၉) လမ်းမေးမြန်းခြင်း။

"ဝေါင်း.., ငါတို့ နောက်ဆုံးတော့ အပြင်ထွက်နိုင်ပြီ.." ချင်ယွင်သည် ကမ္ဘာငယ်လေးမှ ထွက်လာခဲ့ပြီး၊ မထိန်းနိုင်ဘဲ ဟစ်ကြွေးလိုက်မိသည်။

သူသည် နတ်ဘုရားဖြစ်လာခဲ့ပြီးကတည်းက ရက်ပေါင်းနှစ်ဆယ် ကြာမြင့်ခဲ့ပါပြီ။ ဤရက်နှစ်ဆယ်တွင်းမှာ ချင်ယွင်သည် သဘာဝအတိုင်း ဝိညာဉ်နတ်ဘုရားမနှင့် ချစ်တင်း နှောနေခြင်း မဟုတ်ခဲ့ပါ။ ယင်းအစား၊ သူသည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီးကို ဝိညာဉ်နတ်ဘုရားမအား စားသုံးရာမှာ ကူညီပေးနေခဲ့ပါသည်။

ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးမှာ စွမ်းအင်တွေ များပြားလွန်းသော ကြောင့် အကယ်၍, ဝိညာဉ်နတ်ဘုရားမသည် ပြန်ရောက်မှ သူမတစ်ယောက်တည်း စားသုံးမည်ဆိုလျှင်, မတော်တဆ ထိခိုက်မှု တစ်ခုခုဖြစ်မည်ကို ချင်ယွင် စိုးရိမ်ပါသည်။ ထို့ကြောင့်, သူသည် သူမကို ဘေးမှ ကာကွယ်ပေးနေစဉ် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို ယခုနေရာမှာဘဲ တခါတည်း စားသုံးဖို့ ဝိညာဉ်နတ်ဘုရားမ အား ပြောဆိုခဲ့သည်။

ဤရက်နှစ်ဆယ်သည် ဝိညာဉ်တော်ဘုရားအတွက် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင် ဝိညာဉ်လင်ဇီးကို ချေဖျက်ရန် မလုံလောက်ပါ။ သို့သော် သူမအတွက် ပြောင်းလဲခြင်း ကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီး၏ စွမ်းအားကိုတော့ တည်ငြိမ်အောင် လုပ်ဆောင်နိုင် ပါသည်။

ယခုအခါ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီး၏ စွမ်းအားကို ဝိညာဉ် နတ်ဘုရားမ၏ ကိုယ်ခန္ဓာအတွင်း၌ စည်းတံဆိပ်ခတ်ထားခဲ့ပြီး ဖြစ်သည်။ ချင်ယွင်သည် ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ်လင်ဇီးကို စည်းတံဆိပ်ခတ်ရန် ကနဦး စကြဝဠာကို အသုံးပြုခဲ့ပြီး၊ သူ၏ရှေ့မှ စွမ်းအားကို မထိန်းချုပ်ခင် ၎င်း၏စွမ်းအားကို ကိုးပိုင်းခွဲထုတ်ခဲ့သည်။

ထိုသို့မဟုတ်ပါက၊ ဝိညာဉ်နတ်ဘုရားမ၏ လက်ရှိကျင့်ကြံမှုဖြင့်ပင်၊ ဤစွမ်းအားသည် သူမ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော် ချင်ယွင်က အပိုင်း ၉ ပိုင်း ခွဲထုတ်ပြီးနောက်, အဆင်ပြေသွားလိမ့်မည်။

ဝိညာဉ်နတ်ဘုရားမသည် စည်းတံဆိပ်ခတ် တစ်လွှာချင်းစီးကို ပြန်ဖြည်ပြီး စွမ်းအားကို ဖြည်းညှင်းစွာ ချေဖျက်နေသမျှ ကာလပတ်လုံး၊ သူမသည် သူမ၏ ယခင်အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိနိုင်လိမ့်မည်။ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီး၏ စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းပြီး သူမအား တန်ပြန်ရိုက်ခတ်မူ ဖြစ်စေမည်ကို သူမအနေဖြင့် စိုးရိမ်နေစရာမလိုတော့ပါ။

"ခင်ပွန်း၊ အခု, နင်က နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေ ပြီးသွားပြီဆိုတော့, လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်ရဲ့ ကျောက်ပြားလည်း ဆင်းသက်လာလောက် ပြီ မဟုတ်လား?" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်၏နောက်က လိုက်လာပြီး ပြုံးရင်း ပြောသည်။ တစ်ချိန်တည်းမှာပင် သူမမျက်လုံးများသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် အခြားနတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်ခဲ့ပြီး လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ကြည့်ရူရန် အရည်အချင်းကို ပိုင်ဆိုင်သွားပြီ ဖြစ်သော်လည်း၊ ဤအရာအားလုံးသည် ယခုမှ အစသာဖြစ်ပါသည်။ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အရင်တုန်းကတည်းက ဤမစ်ရှင်အောက်မှာ မရေမတွက်နိုင်သည့် ပါရမီရှင်တွေ ဆုံးပါးသွားခဲ့ရသည်။

"အင်း၊ လေဟာနယ်နဲ့ အချိန် နတ်ဘုရားနန်းတော်၏ ကမ္ဗည်း ကျောက်ပြားက ဆင်းသက် နေသင့်ပြီ။ အဲဒါက ဘယ်နေရာမှာ ဆင်းသက်လာမှာလဲ?" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။ အမှန်တကယ်လည်း သူသည် လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို စောင့်မျှော်နေပါသည်။ လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို သူသည် အမှန်တကယ် မြင်ချင်မိပါသည်။ ၎င်းက ဒဏ္ဍာရီဆန်ဆန် ပြောကြသလို တကယ်ကို ခက်ခဲမှာလား?။

"တစ်ယောက်ယောက်ကို မေးကြည့်ပါလား?” လေဟာနယ်နဲ့ အချိန် နတ်ဘုရား နန်းတော်ရဲ့ ကမ္ဗည်းကျောက်ပြား ဆင်းသက်လာပါက ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်မှာ သေချာပါတယ်။" ဝိညာဉ်နတ်ဘုရားမက အကြံပြုသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

သို့သော် မကြာမီ သူ စိတ်ဓာတ်ကျလာသည်။ တကယ်တော့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိခဲ့ပါဘူး။

ဝူဝမ်တောင်တန်းနယ်မြေမှာ လူအများပြားမရှိသော်လည်း ယခုလို အတိုင်းအတာအထိ တော့ မရှားပါဘူး။ ကီလိုမီတာ ၅၀၀၀၀၀ အချင်းဝက်အတွင်း လူတစ်ဦးတစ်ယောက် တောင်မှ ရှိမနေသည်မှာ ထူးဆန်းပါသည်။

"ထူးဆန်းတယ်။ ဘာလို့ ဒီမှာ တစ်ယောက်မှ မရှိရတာလဲ။" ချင်ယွင် အံ့ဩသွားသည်။

ဘေးနားရှိ ဝိညာဉ်နတ်ဘုရားမသည် သူမ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ လည်း ရှိနေသည်။ သိသိသာသာပင် သူမသည်လည်း အလွန်ထူးဆန်းသည်ဟု ခံစားမိ သည်။

ဝှီး....။

ထိုအခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သော လေတိုးအသံတစ်ခု ထွက်ပေါ်လာ သည်။ လူငယ်တစ်ဦးနှင့်တူသော နတ်ဘုရားတစ်ပိုင်းသည် ဦးတည်ရာအရပ်တစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကာ ချင်ယွင်နှင့် အခြားလူများကို ကျော်ဖြတ်ပြီး ချင်ယွင်တို့ မျက်မှောက်မှ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

ချင်ယွင်သည် ထိုပုံရိပ်ကိုမြင်သောအခါ သူ၏မျက်လုံးများသည် ချက်ချင်း တောက်ပ လာသည်။

ဒီပုံရိပ်ပိုင်ရှင်ကို ခက်ခက်ခဲခဲ မြင်ရပြီးနောက်, သူသည် ဤလူကို အချည်းနှီး ထွက်မသွားစေချင်ပါဘူး။

ဝှီး...။

ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ချက်ချင်းပင် ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုလူကို မှီသွားပြီး၊ သူ့ရှေ့မှာ ပေါ်လာပါသည်။

လမ်းလျှောက် ပြေးသွားနေသော ထိုလူငယ်သည် တစ်စုံတစ်ယောက်မှ ရုတ်တရက် တားဆီးလိုက်သဖြင့် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ထို့နောက် သူက ရပ်လိုက်ပြီး ချင်ယွင်အား သတိထားသော အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်မှာ ရှိနေသည်ကို ထိုနတ်ဘုရားတစ်ပိုင်း မြင်သောအခါတွင် သူ၏တင်းမာနေသောစိတ်က များစွာ ပြေလျော့သွားခဲ့သည်။

"မင်း ဘာလုပ်ချင်လို့လဲ?" လူငယ်က တင်းမာစွာ မေးသည်။ သိသာထင်ရှားသည်မှာ၊ နတ်ဘုရားခန္ဓာကိုယ်ကို မသန့်စင်ရသေးသော နတ်တစ်ပိုင်းဘုရားတစ်ပိုင်းက သူ့ကို ပိတ်ဆို့ထားသောကြောင့် သူ့ကို အလွန်စိတ်မချမ်းသာစေခဲ့ပေ။

သို့သော်လည်း သူသည် လှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်ယွင်သည် သူ၏ရှေ့တွင် ပေါ်လာစဉ်မှာ ပြသလိုက်သော အရှိန်ဟုန်က သူ့ကို အလွန် ကြောက်လန့်သွားစေသည်။

ချင်ယွင်သည် လူငယ်၏အမူအရာကို မြင်ပြီး သူ့လေသံကို ကြားလိုက်ရသည်နှင့် ဤလူငယ် မည်သည့်အရာ တွေးနေလဲဆိုသည်ကို သူ သိလိုက်သည်။

သူသည် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ပြီးဖြစ်သော်လည်း၊ သူသည် ကြယ်နတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားအမြုတေကို ကနဦးစကြဝဠာတွင် နေရာချထားပြီး ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးနတ်ဘုရား အငွေ့အသက်ကို မည်သူမျှ အာရုံမခံနိုင်ပေ။ ထိုကြောင့်, အခြားလူများသည် သူ၏ ကျင့်ကြံမှု အစစ်အမှန်ကို သဘာဝအတိုင်း မမြင်နိုင်ကြပေ။

သို့သော် ချင်ယွင်သည် စိတ်မဆိုးပေ။ အကယ်၍, သူဆိုလျှင်လည်း တစ်စုံတစ်ယောက်၏ ရုတ်တရက် တားဆီးမူကိုခံရပါက ဒေါသအနည်းငယ် ထွက်နေပေလိမ့်မည်။

"ငါက မင်းကို ဘာမှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ပါဘူး။ မင်းကို မေးခွန်းနည်းနည်း လောက် မေးချင်လို့ပါ။ ငါ ဟိုဟိုဒီဒီ လျှောက်ရှာတော့လည်း ဘယ်သူမှ မတွေ့ရဘူး။ မင်းကို မတွေ့ခင်အထိ အချိန်အတော်ကြာအောင် စောင့်ခဲ့ရတာ။ အဲဒါကြောင့် မင်းကို အတင်း တားဆီးခဲ့ရတာပဲ။" ချင်ယွင်က ယဉ်ယဉ်ကျေးကျေး ပြောသည်။

"ငါ့မှာ အချိန်မရှိဘူး" သို့သော် လူငယ်သည် သူ၏နောက်ထပ် စကားတခွန်းကို ပြောဆိုပြီး၊ ထွက်ခွာတော့မည် ဖြစ်သည်။

ချင်ယွင်၏ ယဉ်ကျေးပျူငှာမှုကို သူ၏မျက်လုံးများတွင် အလေးမထားပုံပင်။ ယင်းအစား, ၎င်းသည် နှိမ့်ချမှုတစ်မျိုးဟုပင် သူ ခံစားရသည်။

ချင်ယွင်သည် ထိုလူငယ်၏စကားကို ကြားသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် သူစကားမပြောမီတွင် ကောင်းကင်ယံမှ ရေခဲတမျှ အေးစက်စက်အသံက ထွက်ပေါ်လာသည်။

"ဒီနေ့ မင်း မပြောဘူးဆိုရင် ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး" ချင်ယွင်၏ အနားမှာ ဝိညာဉ်နတ်ဘုရားမ၏ ရုပ်အသွင်က ပေါ်လာပါသည်။ သူမ၏လေသံက အနှိုင်းမဲ့ အေးစက်နေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရား၏ စွမ်းအားသည် လူငယ်အား ဖိနှိပ်ထားသည်။

လူငယ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူ၏အကြည့်က ဝိညာဉ်နတ်ဘုရားမဆီသို့ ရောက်ရှိသွားပြီးနောက် သူသည် တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ ထို့နောက်, သူသည် အလွန်မင်း ထိတ်လန့်သွားခဲ့သည်။

"သခင်မ၊ ကျွန်တော် ပြောမယ်, ကျွန်တော် သခင်မကို အကုန်ပြောပြပါ့မယ်။ ကြိုက်တာ မေးမြန်းပါ” လူငယ်က ကမန်းကတန်း ပြောလိုက်ပြီး၊ သူ၏မျက်နှာမှာ ကြောက်စိတ်များ ဖြင့် ပြည့်နေခဲ့သည်။

ထင်ရှားသည်မှာ၊ ဝိညာဉ်နတ်ဘုရားမထံမှ ထုတ်လွှတ်သော အငွေ့အသက်ကြောင့် သူသည် အလွန်ထိတ်လန့်သွားသည်မှာ သိသာပါသည်။ ဤလူငယ်၏ နံဘေးမှာ ဤမျှ ချောမောလှပသော အမျိုးသမီးတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားဖူးသလိုပင်။

ချင်ယွင်သည် လူငယ်လေး၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကိုကို ကြည့်လိုက်သည်။ သူက ခေါင်းကို အသာအယာ ယမ်းလိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ အမှန်မှာ၊ ဤကမ္ဘာလောကကြီးတွင် ပျော့ပြောင်းမူကို စားသုံးချင်သည့် လူများထက် မာကြောမူကို စားသုံးချင်သည့်လူတွေက ပိုများပါသည်။ အကယ်၍, သင်သည် လူတစ်ယောက်ကို လေးလေးစားစား ဆက်ဆံလိုက်လျှင်, ထိုလူက သင့်ကို ကြောက်ရွှံ့သည်ဟုထင်ပြီး၊ အခွင့်ကောင်း ယူကြပါလိမ့်မည်။ ယင်းအစား။ သင်က မာမာထန်ထန် ဆက်ဆံမှသာ ထိုလူလည်း ပျော့ပျောင်းသွားလိမ့်မည်။ သူ၏ရှေ့မှ ဤလူငယ်သည် ထိုကဲ့သို့ လူစားမျိုးဆို သည်မှာ သိသာပါသည်။

"မင်း နာမည် ဘယ်လိုခေါ်လဲ?" ချင်ယွင်က မေးသည်။

လူငယ်သည် ချင်ယွင်၏ အမေးကို ကြားသောအခါတွင်၊ သူသည် ထင်မြင်ချက်ကို တောင်းဆိုနေသကဲ့သို့ ဝိညာဉ်နတ်ဘုရားမအား ချက်ချင်း ကြည့်ရန် ခေါင်းကို မော့လိုက်ပါ သည်။

"သူ့မေးခွန်းကို ဖြေလိုက်ပါ” ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ပြောလိုက်သည်၊ သူမ၏ လှပသော မျက်လုံးများသည် ရေခဲတမျှ အေးစက်စက် အလင်းရောင်များဖြင့် တောက်ပနေ သည်။

လူငယ်သည် ဝိညာဉ်နတ်ဘုရားမ၏ အေးစက်သော အကြည့်ကို ခံစားလိုက်ရပြီး သူ၏ နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ ထို့နောက် သူက “ဒီနှိမ့်ကျတဲ့လူကို ဟွန်ချန် လို ခေါ်ပါတယ်” ဟု နာခံစွာ ပြန်ပြောသည်။

ထိုစကားပြောနေစဉ် လူငယ်၏ ခြေထောက်များက တုန်ရင်နေ၏။

ဟုတ်ပါသည်. သူသည် ချင်ယွင်ကို ကြောက်ရွှံ့ခြင်းမဟုတ်ဘဲ သူ၏အနားက ဝိညာဉ်နတ်ဘုရားမကို ကြောက်ရွံ့နေခြင်း ဖြစ်ပါသည်။

"ဟွန်ချန်, ဟုတ်လား?” မင်း အခုလေးတင် ရှေ့ကို အမြန် ပြေးသွားနေတယ်။ မင်းမှာ အလောတကြီး လုပ်စရာ ဘာအစီစဉ်တွေများ ရှိလို့လဲ?။" ချင်ယွင်က ဆက်မေးသည်။

သို့သော်, ချင်ယွင်၏မေးခွန်းကို ကြားသောအခါ ဟွန်ချန်ဟုခေါ်သော ထိုလူငယ်သည် ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက “သခင်၊ မြောက်ဘက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း မသိဘူးလား” ဟု မေးလိုက်ပါသည်။

"မြောက်ဘက်မှာလား? ဘာတွေဖြစ်နေလို့လဲ?" ချင်ယွင်က ဘာမှမသိသည့် အမူအရာဖြင့် မေးလိုက်ပါသည်။

All Chapters