အခန်း ၁၁၇၀
Vol. 78 Ch. 1170
အခန်း (၁၁၇၀) အက်စ်ခက်ကာ တွင်းနက်။ "Ass kicker" is an English phrase that means a person who shows strength, energy, and determination in achieving their goals.။ “ အက်စ်ခက်ကာ " ဟူသည် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ရန် ခွန်အား၊ စွမ်းအင်နှင့် စိတ်ပိုင်းဖြတ်မှု တို့ကို ပြဆိုထားသော အင်္ဂလိပ်စကားစု ဖြစ်သည်။ (ကျွန်တော်သည် အက်စ်ခက်ကာဟူ၍သာ ပြန်ဆိုပါမည်။
ချင်ယွင်က မေးလိုက်သည်နှင့် ဟွန်ချန် အမည်ရှိ လူငယ်သည် အံ့သြသော အမူအရာဖြင့် သူ့ကို ကြည့်နေသည်။
"ဒီကိစ္စက ဝူဝမ်တောင်တန်းတစ်ခုလုံးကို ပြန့်နှံ့နေပြီ။ မင်းတို့နှစ်ယောက်က တကယ်ကို မသိသေးဘူးပဲ။ ကြည့်ရတာ, မင်းတို့နှစ်ယောက်က အခုမှ အပြင်ပ ကမ္ဘာတစ်ခုက လာနေပုံရတယ်။ ဟုတ်တယ်မလား?။" ဟွန်ချန် မှန်းဆလိုက်သည်။
"ငါ့ကို တိုက်ရိုက် ပြောပါ။" အနီးနားရှိ ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ အော်ပြောလိုက် သည်။ သူမကို လူတွေဝိုင်းပြောနေသည့် ပုံစံကို သူမ မကြိုက်သည့်အတွက် လူငယ်လေး ဟွန်ချန်၏ ထင်မြင်ချက်တွေက သူမကို မပျော်မရွှင်ဖြစ်စေသည်။
ဟွန်ချန်သည် အလွန်ကြောက်လန့်သွားပြီး ဝိညာဉ်နတ်ဘုရားမ၏ မကျေနပ်သည့် အမူအရာကို မြင်လိုက်ရသောအခါ, သူသည် ဝှေ့လည်ကြောင်ပတ် မပြောရဲတော့ပေ။ သူက ကမန်းကတန်း ပြောသည် "သခင်မ၊ သခင်မတို့ မသိတာ တစ်ခုရှိတယ်။ ဝူဝမ်တောင်တန်းဒေသနဲ့ ကမ္ဘာမြေပြင်ပေါ်က လူအများစုဟာ မြောက်ဘက်မှာရှိနေတဲ့ အက်စ်ခက်ကာ တွင်းနက်ဆီကို သွားကုန်ကြပြီ။ ဒါကြောင့် ဘယ်သူ့ကိုမှ ရှာမတွေ့တာ အံ့သြစရာမရှိပါဘူး”။
"အက်စ်ခက်ကာ တွင်းနက်”။ အဲဒါက ဘယ်လိုနေရာမျိုးလဲ?။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ ဖြင့် မေးလိုက်သည်။
သူသည် ချူယွန်မှ ဝူဝမ်တောင်တန်းဒေသတစ်ခုလုံး၏ မြေပုံတည်ဆောက်ပုံအကြောင်း ကို ယခင်က လေ့လာခဲ့ဖူးသည်။ သူသည် မြေပုံပေါ်တွင် အက်စ်ခက်ကာ တွင်းနက်ကို မတွေ့ရသဖြင့် ထို”အက်စ်ခက်ကာတွင်းနက်” က အတိအကျ မည်သည့်အရာဆိုသည်ကို အမှန်တကယ် အလွန်သိချင်နေပါသည်။
အနီးနားရှိ ဝိညာဉ်နတ်ဘုရားမလည်း အံ့ဩသွားဟန် အမူအရာကို ဖော်ပြလာသည်။ သေချာသည်မှာ သူမသည်လည်း ဤနေရာအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။
"အက်စ်ခက်ကာ တွင်းနက်ကိုတောင် မင်းတို့ မသိဘူးလား" ဟွန်ချန်ထံမှ အာမေဋိတ်သံ ထွက်ပေါ်လာပြီး၊ သူ၏အကြည့်တွေက ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမအပေါ် ကျရောက် သွားပြီး ထူးဆန်းသည့် အမူအရာ ပေါ်လာသည်။ သို့သော် သူ၏ အာမေဋိတ်သံ မဆုံးခင်မှာ, သူသည် ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့ကို ကြည့်လိုက်စဉ်, ဝိညာဉ်နတ်ဘုရားမ၏ အကြည့်တွေက ပို၍ပင် အေးစက်လာသည်ကို တွေ့ရှိလိုက်ရသဖြင့်, သူသည် ထိုစကားလုံးများကို အတင်းအကြပ် ပြန်လည် မျိုချလိုက်ရပါသည်။
"ဒီအက်စ်ခက်ကာ တွင်းနက်ကို လွန်ခဲ့တဲ့ ရက်ပေါင်း နှစ်ဆယ်လောက်က ရှာတွေ့ခဲ့တာပါ။ ဒါကလည်း လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်ခြင်းနတ်ဘုရား ကမ္ဗည်း ကျောက်ဖြာကြီးက ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး မြေကြီးပေါ်မှာ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု ဖန်တီးသွားတာကြောင့်ပဲ။ ဒီအက်စ်ခက်ကာ တွင်းနက်ဆိုတာက ဒီတွင်းနက်ကြီးကို ခေါ်တာပါပဲ" ဟွန်ချန်က ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမနှင့် ချက်ချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီး၊ တစ်ဖက်လူ ဖော်ပြလိုသည့်အရာကို ချက်ချင်း သဘောပေါက်လိုက်သည်။
လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ဖြာကြီး ရောက်ရှိလာခြင်း သည် သူတို့မှန်းဆထားသည့် အတိုင်းပင်။
"ဒါဆိုရင် လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ ကမ္ဗည်းကျောက်ဖြာကြီး ဖြိုချခဲ့တဲ့ နေရာကို ဘာလို့ အက်စ်ခက်ကာ တွင်းနက်လို့ ခေါ်ရတာလဲ?။ ဖြစ်နိုင်တာက အဲဒီကျောက်ဖြာကြီးက အက်စ်ခက်ကာ တွင်းနက်ထဲကို ဝင်သွားလို့များလား?”။ ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
နတ်ဘုရားကမ္ဘာတွင် မျိုးနွယ်စုပေါင်းစုံရှိကြပြီး အက်စ်ခက်ကာများသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်ဟန်ရှိသည်။ ထို့ကြောင့် ချင်ယွင်သည် အက်စ်ခက်ကာ တွင်းနက်နှင့် အက်စ်ခက်ကာတို့ကြားမှာ သဘာဝအတိုင်း ဆက်စပ်နေသည်ဟု ယူဆသည်။
"သေချာတာက, ဒီအက်စ်ခက်ကာ တွင်းနက်ကြီးက အက်စ်ခက်ကာတွေနဲ့ ဘာမှ မဆိုင်ပါ ဘူး။ မင်းက တကယ်ကို ဘာမှမသိတာဘဲ" ဟု ဟွန်ချန်က မထီမဲ့မြင်ပြုကာ ပြောလိုက် သည်။ သူကြောက်လူက ချင်ယွင်မဟုတ်ပေ။ ဝိညာဉ်နတ်ဘုရားမဖြစ်သည်။ ထို့ကြောင့် သူသည် ချင်ယွင်ကို အစကနေအဆုံးအထိ လေးစားခြင်း မရှိပါဘူး။
သို့ရာတွင်၊ သူ ဤသို့ပြောလိုက်သောအခါ၊ ဝိညာဉ်နတ်ဘုရားမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် အကြောက်လွန်ပြီး ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။ သူသည် ကြောက်လန့်တုန်လှုပ် နေသော ငှက်တစ်ကောင်ကဲ့သို့ နေရာတွင် ရပ်နေကာ ဒူးထောက်လုမတတ်ပင် ဖြစ်နေသည်။
ချင်ယွင်က ပြုံးလိုက်သည်။ သူသည် လက်ကိုဆန့်ထုတ်ပြီး ဝိညာဉ်နတ်ဘုရားမ၏ သွယ်လျသော ကျောက်စိမ်းလက်ကို ဆုပ်ကိုင်လိုက်သည်။ သူက သူ့မကို ပြုံးပြပြီး ပြောသည် "သူ့ကို ထပ်မခြောက်ပါနဲ့တော့။ တကယ်လို့, သူသာ အကြောက်လွန်ပြီး စကားမပြောနိုင်တော့ဘူးဆိုရင်, အဲဒီအချိန်မှာ ငါတို့က နောက်တစ်ယောက်ကို ဘယ်မှာ သွားဖမ်းရမှာလဲ"။
ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမ၏ မူလက ဒေါသထွက်နေသော အမူအရာသည် ချက်ချင်း ငြိမ်သက်သွားပြီး၊ ယင်းအစား အပြုံးအရိပ်များပင် သမ်းလာခဲ့ သည်။
"ဆက်ပြောပါ။" ချင်ယွင်က ပြုံးပြီး အမျက်ဒေါသ တည်ငြိမ်သွားသည့် ဝိညာဉ်နတ်ဘုရားမ အား ကြည့်နေသော ဟွန်ချန်အား ပြောလိုက်ပါသည်။
ဝိညာဉ်နတ်ဘုရားမသည် အဘယ်ကြောင့် အမျက်ဒေါသ ထွက်လာသည်ကို သဘာဝ အတိုင်း သူ သိပါသည်။ ရှင်းပါသည်။ ယင်းက ဟွမ်ချန်သည် သူ မပြောသင့်သည့် 'မိုက်မဲပြီး ဉာဏ်နည်းလိုက်တာ'ဟူသော သဘောမျိုးသက်ရောက်နေသည့် စကားလုံးတွေကို ပြောဆိုခဲ့သောကြောင့် ဖြစ်ပါသည်။
ဝိညာဉ်နတ်ဘုရားမ၏ အမြင်တွင်မူ၊ အခြားလူများအနေဖြင့် ချင်ယွင်နှင့်ပတ်သက်ပြီး စကားလုံးသက်သက်ဖြင့် ပြောဆိုရန်ပင် နေရာမရှိပေ။ ဤဟွန်ချန်သည် ချင်ယွင်က အသိဉာဏ်ကင်းမဲ့သူ ဟူသည့် မထီမဲ့မြင်ပြုသော သဘောထားရှိနေကြောင်း၊ ထင်ရှားသည့် အတွက် ယင်းက ဝိညာဉ်နတ်ဘုရားမကို သဘာဝအတိုင်း အမျက်ထွက်စေသည်ဟုဆိုနိုင် သည်။ အကယ်၍, ချင်ယွင်ကသာ သူမကို မတားဘူးခဲ့ဘူးဆိုလျှင်, ယခုအချိန်မှာ ဤ ဟွန်ချန်သည် အလောင်းဖြစ်နေလိမ့်မည်။
ဟွန်ချန်သည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား၊ သူသည် ဝိညာဉ်နတ်ဘုရားမကို မော်ကြည့်ရန် ခေါင်းကို မြှောက်လိုက်ပါသည်။
သို့ရာတွင်၊ သူ ဝိညာဉ်နတ်ဘုရားမကို မြင်သောအခါ၊ ဝိညာဉ်နတ်ဘုရားမသည် ဤအခိုက်အတန့်တွင် အနည်းငယ်မျှပင် ဒေါသထွက်မနေကြောင်း သူ တွေ့ရှိခဲ့ရသည်။ ယင်းအစား နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အမြဲတမ်း နှိမ့်ချသည့်အမူအရာမျိုး ရှိနေပြီ။
ဟွန်ချန်၏ နှလုံးသားသည် တစ်စုံတစ်ခုကို နားလည်သွားသလို ရုတ်တရက် တုန်လှုပ်သွား သည်။
သို့သော်, သူသည် သူမကို ကျေးဇူးမတင်ဝံ့တော့ပေ။ ဤမျှလှပပြီး အစွမ်းထက်သော အမျိုးသမီးတစ်ဦးသည် နတ်ဘုရားခန္ဓာကိုယ်ကိုပင် မသန့်စင်ရသေးသော နတ်ဘုရား တစ်ပိုင်းတစ်ပေါ် မည်သို့ နာခံနိုင်မည်နည်း?။
"မြန်မြန်ပြောစမ်းကွာ..။ စောစောက မင်းပဲ လောနေတာ မဟုတ်လား?" ချင်ယွင် သတိပေးလိုက်သည်။
ဤအချိန်တွင် ဟွန်ချန်သည် နိုးထလာခဲ့ပြီး၊ ချင်ယွင်ကြည့်သည့် သူ၏အကြည့်များသည် လေးစားမှု ရှိလာခဲ့သည်။
ပထမဆုံးအနေဖြင့်၊ ချင်ယွင်သည် သူ၏နတ်ဘုရားတစ်ပိုင်း ကျင့်ကြံမူကို အားကိုးခြင်းဖြင့် ဤကဲ့သို့ အစွမ်းထက်သော နတ်ဘုရားမလေးကို နာခံစေနိုင်ခဲ့သည်။ ဟွန်ချန်၏ အမြင်တွင်, သူသည် ချင်ယွင်ကို ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုအဖြစ် မှတ်ယူထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏လေသံက ထူးထူးခြားခြား လေးစားမူရှိလာခဲ့သည်။
“ဒီအက်စ်ခက်ကာက ဒီလိုပါ” ဟွန်ချန်က ပြောပါသည်။
ဟွန်ချန်၏ ပြောပြချက်များကို ကြားတော့ ချင်ယွင်သည် တခဏမျှ မှင်သက်သွားခဲ့ပြီး၊ တစ်ခုခုကို နားလည်သွားပုံရသည်။ သူသည် ဟွန်ချန်၏ စကားများကို မစဉ်းစားနိုင်ခင် ခေါင်းကို ခါယမ်းလိုက်မိသည်။
“သခင်မတို့ မသိသေးဘူး၊ ဒီအက်စ်ခက်ကာ တွင်းနက်ကို အက်စ်ခက်ကာ တွင်းနက်လို့ ခေါ်ရတဲ့ အကြောင်းရင်းကိုပေါ့။ အဲဒါက အက်စ်ခက်ကာတစ်ယောက်နဲ့ ပတ်သက်နေလို့ပဲ။ ဒီအက်စ်ခက်ကာက မင်းလိုပဲ။ သူက တစ်နှစ်ခွဲမပြည့်ခင်မှာ နတ်ဘုရား နန်းတော်ကြီး သုံးခုရဲ့မစ်ရှင်တွေကို ပြီးမြောက်ခဲ့ပြီး၊ လေဟာနယ်နဲ့အချိန်နတ်ဘုရား နန်းတော်ရဲ့ ကမ္ဗည်း ကျောက်ဖြာကို ဆင့်ခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့်, သူကတော့ ရက်နှစ်ဆယ်ကြာတဲ့အထိ ပေါ်မလာသေးဘူး။ သူက လေဟာနယ်နဲ့ အချိန်နတ်ဘုရား နန်းတော်ရဲ့ ကမ္ဗည်းကျောက်ဖြာကို လုံးဝ ဂရုမစိုက်သလိုပဲ။ အက်စ်ခက်ကာ, ဒီလိုလူမျိုးကို အက်စ်ခက်ကာ တစ်ယောက်လို့ မင်း မထင်ဘူးလား?" ဟွန်ချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ဖြာကို ဆင့်ခေါ်နိုင်ခဲ့သည့် အံ့ဖွယ်လူသားကို သူ စိတ်ရင်းမှန်ဖြင့် ချီးကျူးနေသည်မှာ ထင်ရှားပါသည်။ သို့သော်, ထိုလူကတော့ ရက်နှစ်ဆယ်တိုင်တိုင် ဘေးထွက်နေခဲ့သည်။
ထိုစကားများကို ချင်ယွင် ကြားလိုက်သောအခါတွင် သူ၏မျက်နှာပေါ်မှာ ခါးသီးဖွယ် အပြုံးတစ်ခု ပေါ်လာပါသည်။
ကြည့်ရသည်မှာ ထိုအံ့ဖွယ်လူသားသည် သူကိုယ်တိုင် ဖြစ်နေပုံရပါသည်။
“အက်စ်ခက်ကာ, အက်စ်ခက်ကာ တွင်းနက်လား?” ချင်ယွင်သည် ထိုစကားနှစ်ခွန်းကို တွေးပြီး မရယ်မောဘဲ မနေနိုင်ခဲ့ပါချေ။
အပြင်လူတွေရှေ့မှာ ရေခဲတမျှအေးစက်စက် အသွင်အပြင်ကို အမြဲထိန်းသိမ်းထားသည့် ဝိညာဉ်နတ်ဘုရားမတောင်မှ ချင်ယွင်ကို စနောက်ကျီစယ်သော အမူအရာဖြင့် ကြည့်ရင်း၊ မထိန်းနိုင်ဘဲ ပြုံးလိုက်ပါသည်။
ဟွန်ချန်သည် ချင်ယွင်ထံမှ မေးခွန်းများကို စောင့်စားနေဟန်ဖြင့် စိတ်ရင်းမှန်ကို ဖော်ပြ နေသေးသည်။
“နွား..၊ ဒါက တကယ့်နွားအစစ်ပဲ.." ချင်ယွင်က လေးနက်သည့် အမူအရာဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။ "Ass-kicker" is a vulgar slang term that means "to kick ass". The earliest known use of the term was in 1962, in the writing of R. Dougherty။ "Ass-kicker"ဟူသည် အောက်တန်းကျသော ဗန်းစကားအသုံး အနှုန်းဖြစ်ပြီး၊ ဖင်ကန်ခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ R. Dougherty ၏ရေးသားမှုတွင် 1962 ခုနှစ်တွင် အစောဆုံး အသုံးပြုခဲ့ သော ဝေါဟာရဖြစ်သည်။ ဤနေရာ၌ အခြားအဓိပ္ပာယ်တစ်မျိုးကို ရေးသားပြရခြင်းမှာ ယခု ချင်ယွင်ပြောလိုက်သည့်စကားအဓိပ္ပာယ်နှင့် သိပ်မကြာခင် ဟွန်ချန် ပြောလာမည့်စကားအဓိပ္ပာယ်တို့ကို သဘောပေါက်စေရန် ရည်ရွယ်ပါသည်။
သို့သော်, သူ၏စိတ်နှလုံးက ထူးထူးခြားခြား ထူးဆန်းနေသည်။ သူသည် သူ့ကိုယ်သူ ချီးကျူးကြည့်သည့်အခါ, မင်းသမီးလေးတစ်ပါးက ဖရဲသီးရောင်းပြီး သူမကိုယ်သူမ ချီးမွမ်းနေသည်ဟုပင် ခံစားလိုက်ရပါသည်။
ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏ လေးလေးနက်နက် အမူအရာဖြင့် ထိုပြောစကားကို ကြားသောအခါ, သူမသည် မရယ်ဘဲမနေနိုင်တော့ပေ။
"ငါ မင်းကို ပြောဖူးပါတယ်။ အဲဒီကောင်က တကယ့်ကို နွားတစ်ကောင်ပါလို့။ ဟုတ်တယ်။ မင်းကလည်း သေချာပေါက် သူ့ထက် မနိမ့်ကျပါဘူး" ဟွန်ချန်က ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်သည် ဟွန်ချန်၏စကားကြောင့် တကယ်ကို ရယ်မောမိပါသည်။ ဟွန်ချန်သည် အပေါ်ယံမျက်နှာပြင်ပေါ်တွင် အလွန်ရက်စက်ပုံ ပေါက်သော်လည်း၊ တဖက်ရှိ သေတ္တာကို ဖွင့်လိုက်သည်နှင့် တကယ်ကို ပျော်တတ်သူတစ်ယောက် ဖြစ်နေသည်။
“အိုး… ဟုတ်သားပဲ။ မင်း စောစောက အက်စ်ခက်ကာကို တွေ့ရဖို့ အက်စ်ခက်ကာ တွင်းနက်ဆီ အလျင်စလို ပြေးသွားနေတာ မဟုတ်ဘူးလား?။ " ချင်ယွင်က မေးလိုက်သည်။
"သေချာပေါက် မဟုတ်ဘူးပေါ့။ ငါက အဲဒီကိုရောက်ဖို့ အရမ်းကို စိတ်လောနေရုံ သက်သက်ပဲ။ အခုအချိန် အဲဒီမှာ ပွဲကောင်းတစ်ပွဲရှိနေလို့ပဲ။ သခင်မက လက်ရှိ မြင့်မြတ် သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ နံပါတ်တစ်အလှပိုင်ရှင်ဖြစ်တဲ့ ကျိုးဟုန်ရွှဲ့ကို ကြားဖူးလား မသိဘူး။ "လောလောဆယ် သူမက အက်စ်ခက်ကာတွင်းနက် အနားမှာ ဆောင်းအကာကွယ်မြို့တော်ရဲ့ သခင်လေးနဲ့ ထိပ်တိုက်တွေ့နေတယ်။ သူတို့နှစ်ဦးကြား မှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြတယ်။ အခု သူတို့က အဲဒီအငြင်းပွားကို ဖြေရှင်းဖို့အတွက် တိုက်ခိုက်ကြတော့မယ်။ တကယ်လို့ ကျိုးဟုန်ရွှဲ့ ရှုံးသွားခဲ့ရင် သူမက ဆောင်းအကာကွယ် မြို့တော်ရဲ့သခင်လေးနဲ့ လက်ထပ်ရမယ်။ တကယ်လို့, ဆောင်းအကာကွယ်မြို့တော်ရဲ့ သခင်လေး ရှုံးနိမ့်သွားပါက, သူက သူ့ရဲ့ကျင့်ကြံခြင်း အခြေခံကို ကိုယ်တိုင် ဖျက်ဆီးပစ်ရ မယ်။ ဒီကိစ္စက လုံးဝ သတင်းပျံ့နှံ့နေပြီ။ တော်တော်လေး နောက်ကျသွားရင်, ကြည့်ခွင့်ရ မှာ မဟုတ်တော့ဘူးလေ။” ဟွန်ချန်က စိတ်လှုပ်ရှားစွာ ပြောသည်။
ချင်ယွင်၏ မျက်နှာသည် မျှော်လင့်မထားသည့် အမူအရာ ပေါ်လာသည်။ ကျိုးဟုန်ရွှဲ့ဟု ခေါ်သည့် အမျိုးသမီးကို စိတ်မဝင်စားသည့်အတွက် ဟွန်ချန်၏ စကားကို ကြားလိုက်ရ စဉ်မှာ, စိတ်ခံစားချက် အများကြီး မရှိခဲ့ပါဘူး။
သို့သော်၊ ဤအခိုက်အတန့်တွင် သူ၏ဘေးရှိ ဝိညာဉ်နတ်ဘုရားမ၏ အကြည့်တွေက စူးရှ ထက်မြက်လာသည်။
"ငါ့ကို အက်စ်ခက်ကာ တွင်းနက်ဆီ မြန်မြန်ခေါ်သွားစမ်း" ဝိညာဉ်နတ်ဘုရားမသည် ဟွန်ချန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်ပါသည်။ သူမအသံက ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နေခဲ့သည်။
စာစဉ် (၇၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။