အခန်း ၁၁၇၁
Vol. 79 Ch. 1171
အဓိပတိအင်မော်တယ်သခင် စာစဉ် (၇၉)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၁၇၁) ရွှံမုန်းစရာကောင်းသော လင်းဖန်း။
ချင်ယွင်သည် အံ့ဩသွားဟန် အမူအရာကို ဖော်ပြလာသည်။ ဝိညာဉ်နတ်ဘုရားမ၏ အမူအရာအရ လေးနက်မှု အပြည့်ရှိကြောင်း သိသာပါသည်။ ထို့ကြောင့်, သူသည် ဝိညာဉ်နတ်ဘုရားမကို လှည့်ကြည့်လိုက်သည်။
"ရှန်းယု၊ ဒီကျိုးဟုန်ရွှဲ့ကို သိလို့လား?" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမထံ အသံပို့ကာ မေးသည်။
"သိတယ်၊ ဟုန်ရွှဲ့က ငါ့အစ်ကိုသမီး၊ ငါ့တူမပဲ။ ငါက သူမကို အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက်က အရမ်းကို ရင်းနှီးကြတယ်။ သူမရဲ့ ပင်ကိုယ်စရိုက်ကလည်း အဲဒီအချိန်တုန်းက ငါနဲ့ အရမ်းတူတယ်။ သူမက အလွန် ဉာဏ်ထက်မြက်ပြီး ပါရမီရှင် မိန်းကလေးတစ်ဦးပဲ” ဝိညာဉ်နတ်ဘုရားမက အသံဖြင့် ပြန်လည်း ဖြေကြားသည်။
ဝိညာဉ်နတ်ဘုရားမ၏ စကားများကို ကြားသောအခါ, ချင်ယွင်သည် အဖြစ်အပျက်ကို ချက်ခြင်း သဘောပေါက်သွားပါသည်။
ကျိုးဟုန်ရွှဲ့သည် ပြိုင်ပွဲတွင် ရှုံးနိမ့်မည်ကို ဝိညာဉ်နတ်ဘုရားမက စိုးရွံ့နေမှန်း သူ သိသည်။ ထို့ကြောင့် အစောပိုင်းက သူမသည် အရမ်းကို ကြောက်ရွံ့နေခြင်း ဖြစ်သည် ။
"ရှန်းယု၊ စိတ်မပူပါနဲ့၊ ငါတို့ အခုချက်ချင်း ပြေးသွားလို့ရပါမယ်။" ချင်ယွင်က သူမကို အသံပို့လွတ်မူမှ တစ်ဆင့် နှစ်သိမ့်ပေးလိုက်သည်။
ဝိညာဉ်နတ်ဘုရားမသည် ခေါင်းညိတ်ပြသော်လည်း၊ သူမမျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင် ရှိနေပါသေးသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ, သူသည် ဟွန်ချန်ကို ချက်ချင်း ဆုပ်ကိုင် လိုက်သည်။ သူ၏နောက်ကျောမှ နဂါးအတောင်များသည် ချက်ချင်း ပြန့်ကျဲထွက်လာပြီး၊ ဟွမ်ချန်ကို မြောက်ဘက်စွန်းသို့ သယ်ဆောင်သွားရန်အတွက် ကြယ်နတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားတန်ခိုးကို စုစည်းလိုက်ပါသည်။
ဝိညာဉ်နတ်ဘုရားမသည် သဘာဝအတိုင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နောက်မှ လိုက်ပါလာခဲ့သည်။
ချင်ယွင်သည် ဟွန်ချန်အား သူ့ကို လမ်းပြပေးနိုင်ရန်အတွက် သဘာဝအတိုင်း ခေါ်ဆောင် လာခြင်း ဖြစ်ပါသည်။ ထို့အပြင်, ဟွန်ချန်ကို ခေါ်ဆောင်လာခြင်းသည် သူ၏ ပျံသန်းမှု အမြန်နှုန်းအပေါ် များစွာအကျိုးသက်ရောက်မှု မရှိပေ။ ထို့အပြင်, သူသည် ၎င်းကို အစောပိုင်းက သူ့မေးခွန်းများကို ဖြေဆိုခြင်းအတွက် ဆုလာဘ်တစ်ခုအဖြစ် သတ်မှတ် ထားသည်။
…
ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမတို့သည် မြောက်ဘက်အရပ်ဆီသို့ အရှိန်ပြင်းပြင်း အရှိန်ပြင်းပြင်း ပျံသန်းနေကြစဉ်မှာ, အက်စ်ခက်ကာ တွင်းနက်ဟုခေါ်သော ထိုနေရာ၌ လူတစ်ထောင်ကျော် စုဝေးနေကြပြီ။ သို့သော် ယခုအချိန်တွင် လူတိုင်းသည် လေဟာနယ် နှင့်အချိန် နတ်ဘုရားနန်းတော်၏ နတ်ဘုရားကမ္ဗည်းကျောက်ဖြာရှိရာသို့ မကြည့်ကြဘဲ၊ လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်၏ နတ်ဘုရားကမ္ဗည်းကျောက်ဖြာနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်သည့် တောင်ကြီးတစ်တောင် တည်ရှိရာသို့ ဦးတည် ကြည့်နေကြပါသည်။
တောင်ထိပ်ပေါ်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရပ်နေကြပါသည်။
ယောက်ျားသည် ငယ်ရွယ်ပြီး ချောမောခန့်ညားကာ၊ အမျိုးသမီးကလည်း အရမ်းကို လှပပါသည်။ သူတို့နှစ်ယောက်၏ အသွင်အပြင်တွေအရ ပြီးပြည့်စုံသည့် အတွဲတစ်တွဲဟု ပင် ပြောလို့ရပါသည်။
သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦးသည် အနည်းငယ်မျှ ရင်းနှီးမှု မရှိကြပေ။ ယင်းအစား သူတို့သည် ဓားရှည်များကို ကိုင်ဆောင်ကာ အချင်းချင်း ရင်ဆိုင်နေကြသည်။ ထိုအမျိုးသမီး၏ အကြည့်တွေက ပြင်းထန်သော စက်ဆုပ်ရွံရှာခြင်း၊ အေးစက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအမျိုးသားကမူ အမျိုးသမီးကို ကြည့်ပြီး လှောင်ပြောင် ကျီစားဟန် အမူအရာများဖြင့် ပြည့်နေပါသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲတွင် လိုချင်တက်မက်မူ အရိပ်အယောင်လည်း ရှိနေခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီးတို့သည် တူညီသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြ သည်။ သူတို့နှစ်ဦးစလုံးသည် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ်တွင် ရှိနေခဲ့ကြသည်။ ၎င်းတို့သည် အထူး အစွမ်းထက်ခြင်း မရှိသော်လည်း၊ အောက်မှာရှိနေကြ သည့် နတ်ဘုရားများ၏ အမြင်တွင်မူ၊ ၎င်းတို့သည် နှိုင်းယှဉ်၍ မရနိုင်သည့် အစွမ်းထက် သော တည်ရှိမှုများ ဖြစ်သည်ဟု ယူဆထားပြီး ဖြစ်သည်။
"ဟုန်ရွှဲ့၊ မင်း ငါ့ကို တကယ်တိုက်ချင်နေတာလား?။ ငါတို့နှစ်ယောက် ဒီမှာ ဘာလို့ မရပ်တာလဲ?" လက်ထပ်ဖို့အတွက် ငါ မင်းတို့လွင့်မျောနှင်းမြို့တော်ကို ငါ့အဖေကို တိုက်ရိုက် စေလွှတ်လိုက်မယ်လေ။ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် မင်း ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး။ ငါတို့နှစ်ယောက်က မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရား နတ်ဘုရားနန်းတော်မှာ အကြီးကျယ်ဆုံး အင်အားစုတွေ ဖြစ်လာကြမှာသေချာတယ်။" လူငယ်က ကျိုးဟုန်ရွှဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ သူ စကားပြောနေချိန် ကျိုးဟုန်ရွှဲ့၏ လှပသော ခန္ဓာကိုယ်ကို ကြည့်ရူရန်လည်း မမေ့ခဲ့ပေ။
ကျိုးဟုန်ရွှဲ့သည် လူငယ်၏ ရန်လိုသော အကြည့်ကို ခံစားမိပြီး သူမ၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့သည်။
"လင်းဖန်း၊ ငါကျိုးဟုန်ရွှဲ့က နင့်ရဲ့မိန်းမဖြစ်တယ်ဆိုပြီး ငါ့ဂုဏ်သိက္ခာ ပျက်ပြားစေတဲ့ ကောလဟာလတွေကို အပြင်လူတွေရှေ့မှာ လျှောက်ဖွနေတယ်။ တကယ်လို့, ငါ ဒီနေ့ ဒီကိစ္စကို ရှင်းလင်းချက် မတောင်းခံနိုင်ဘူးဆိုရင်, ငါကျိုးဟုန်ရွှဲ့က ကျိုးမျိုးရိုး မဟုတ်တော့ ဘူး" ကျိုးဟုန်ရွှဲ့က အေးစက်စွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများတွင် အေးစက်မှုက ပို၍ပင် အေးစက်လာသည်။
ဝိညာဉ်နတ်ဘုရားမ ပြောခဲ့သည့်အတိုင်း ကျိုးဟုန်ရွှဲ့၏ စိတ်နေသဘောထားက သူမ ငယ်ရွယ်စဉ်ကနှင့် အလွန်တူပြီး သူမ၏ မျက်လုံးများတွင် ခံစားချက် အရိပ်ယောင်မျှ မရှိပေ။
ဤလင်းဖန်းက ကျိုးဟုန်ရွှဲ့သည် သူ့မိန်းမဖြစ်ပြီး သူနှင့်အတူ တစ်ညတာ ကုန်ဆုံးပြီးပြီဟု ပြောဆိုကာ နေရာတိုင်းတွင် ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ ယခု ထိုကောလာဟလ များသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်မှာပင် ပျံ့နှံ့နေခဲ့ပြီး၊ ၎င်းတို့အားလုံးက ကျိုးဟုန်ရွှဲ့သည် ထူးထူးခြားခြား ပျက်စီးနေပြီဟု ပြောဆိုနေကြသည်။
အရှက်ကွဲမူ အနည်းငယ်မျှကို သည်းမခံနိုင်သော ကျိုးဟုန်ရွှဲ့အတွက်မူ၊ ထိုသို့သော ကောလာဟလသည် သူမ၏နှလုံးသားထဲသို့ အပ်တစ်ချောင်း ထိုးဖောက်သွားသလို ဖြစ်ပြီး ယင်းက သူမ သည်းမခံနိုင်သည်အထိ နာကျင်မှုကို ခံစားရစေသည်။
ယခု သူမသည် အက်စ်ခက်ကာ တွင်းနက်အနားမှာ လင်းဖန်းကို တွေ့သည်နှင့်, ပြေးသွားခဲ့ပြီး၊ ကျိုးဟုန်ရွှဲ့သည် ဤကိစ္စကို သဘာဝအတိုင်း လုံးဝ မဖြေရှင်းဘဲ နေမည် မဟုတ်ပေ။ သူမ နှလုံးသားထဲမှ ဆူးတွေကို ဆွဲထုတ်နိုင်ရန်အတွက်, သူမသည် လင်းဖန်း နှင့် ချက်ချင်းပင် လောင်းကြေး ထပ်လိုက်သည်။
သူတို့ နှစ်ယောက် တိုက်ခိုက်ကြမည်။ အကယ်၍, သူမရှုံးနိမ့်ခဲ့ပါက သူမသည် အရှုံးကို ဝန်ခံပြီး လင်းဖန်းကို လက်ထပ်ရမည်။ အကယ်၍, လင်းဖန်း ရှုံးသွားခဲ့လျှင်, သူ့ကျင့်ကြံမူ ကို ဖျက်ဆီးခွင့် ပြုရမည်။
ထိုသို့သော လောင်းကြေးသည် ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုနိုင်သည်။ ကျိုးဟုန်ရွှဲ့၏ အိမ်ထောင်ရေးဘဲဖြစ်ဖြစ်, လင်းဖန်း၏ ကိုယ်ပိုင်ကျင့်ကြံမူအခြေခံကို ဖျက်ဆီးခြင်းဘဲ ဖြစ်ဖြစ်၊ ၎င်းလောင်းကြေးသည် သူတို့နှစ်ယောက်အတွက် ရက်စက်သည့်အရာတစ်ခု ဖြစ်ပါသည်။
ကျိုးဟုန်ရွှဲ့ကို ဥပမာယူ၍ ရပါသည်။ အကယ်၍, သူမသာ အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပါက လင်းဖန်းကို သူမ၏နှလုံးသား အောက်ခြေမှ မုန်းတီးနေသောကြောင့်, သူမအနေဖြင့် လင်းဖန်းကို လက်ထပ်မည့်အစား ကိုယ့်ကိုယ်ကို သတ်သေရန် ရွေးချယ်လိမ့်မည် ဖြစ်သည်။
လင်ဖန်းအတွက်လည်း ပြောစရာပင် မလိုပါချေ။ ကိုယ့်ကျင့်ကြံခြင်း အခြေခံကို ကိုယ့်ဘာသာ ဖျက်ဆီးခြင်းသည် မည်သည့်ကျင့်ကြံသူများအတွက်မဆို အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်လွန်းပါသည်။
ထို့ကြောင့်၊ အလွန်ထူးခြားသည့် သူတို့၏ ကိုယ်ရေးအချက်များနှင့်အတူ ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်သော လောင်းကစားသတင်းသည် သဲမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ အနီးနားရှိ ကျင့်ကြံသူများသည်လည်း ဤအံ့ဖွယ်ပြပွဲကို လွဲချော်သွားမည်ကို စိုးရိမ်ပြီး အပြေးအလွှာ ပြေးလာကြပါသည်။
"သခင်မလေးကျိုး, မင်း ရူးသွားပြီလား?။ မင်း ဘာလို့ ဒီလိုလောင်းကြေးမျိုး ထပ်ရမှာလဲ?။ တကယ်လို့ မင်း ရှုံးသွားခဲ့ရင် လင်းဖန်းလို စက်ဆုပ်ရွှံရှာဖွယ် ကောင်းတဲ့လူနဲ့ တကယ်ကို လက်ထပ်ရမှာ မဟုတ်ဘူးလား?" လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ခေါင်းမော့ကြီး ကျိုးဟုန်ရွှဲ့အတွက် မတရားဟန်ဖြင့် ပြောလိုက်ပါသည်။
လင်းဖန်းသည် ကျိုးဟုန်ရွှဲ့၏ ပင်ကိုယ်စရိုက်ကို အသုံးချပြီး သူမ၏ အားနည်းချက်များကို လှည့်စားရန် အသုံးပြုခဲ့ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် ပြောနိုင်ပါသည်။ ရည်ရွယ်ချက် က ကျိုးဟုန်ရွှဲ့ကို ထောင်ချောက်ထဲရောက်အောင် ဆွဲခေါ်ဖို ဖြစ်သည်။ ထို့ကြောင့် ယခုလောင်းကြေးက ကျိုးဟုန်ရွှဲ့အတွက် မထိုက်တန်ဟု သူတို့ ယူဆကြပါသည်။
အမှန်တကယ်ဆို, ကျိုးဟုန်ရွှဲ့သည် ဤအရာက ထောင်ချောက်တစ်ခုဖြစ်သည်ကို သိထားသော်လည်း, ဤအရာက ထောင်ချောက်တစ်ခုဟု သူမ သိခဲ့လျှင်ပင်, သူမသည် မဆိုင်းမတွ လုပ်ဆောင်ဦးမှာ ဖြစ်သည်။
နတ်ဘုရားများသည်လည်း လူသားများပင် ဖြစ်ကြပါသည်။ သူတို့မှာ စိတ်ခံစားမှု ခုနစ်ပါးနှင့် ဆန္ဒခြောက်ပါး ရှိနေတာကြောင့် သဘာဝအတိုင်း အားနည်းချက်ကိုယ်စီ၀ ရှိကြပါသည်။ သို့သော် အချို့သောလူများသည် သူတို့၏အားနည်းချက်များကို ကောင်းစွာ ဖုံးကွယ်ထား တတ်ကြပါသည်။ ("စိတ်ခံစားမှု ခုနစ်ပါးနှင့် အလိုဆန္ဒခြောက်ပါး" သည် တရုတ်ဘာသာ စကားဖြစ်သည်။ ဝမ်းသာခြင်း၊ ဒေါသ၊ ဝမ်းနည်းမှု, ထိတ်လန့်ခြင်း, ချစ်ခြင်း, မုန်းခြင်း, လိုချင်တပ်မက်ခြင်း ခုနစ်ပါးတို့ကို ရည်ညွှန်း၍၊ အလိုဆန္ဒ ခြောက်ပါးဟူသည် (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) အင်္ဂါခြောက်ပါးနှင့် ဆက်စပ်သော တပ်မက်ခြင်းတို့ ဖြစ်ပါသည်။ ဗဟုသုတအဖြစ် မျှဝေပါသည်)။
"ဟုန်ရွှဲ့ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ?။ ငါက မင်းနဲ့အတူ တကယ်နေချင်လို့ပါ။ ငါ မင်းကို မထိခိုက်စေချင်ဘူး။ ငါ မင်းကို အနိုင်ရလို့ လပ်ထပ်ရတာမျိုး မဟုတ်ဘဲ တကယ်ကို ရိုးရိုးသားသားနဲ့ လက်ထပ်ချင်တာပါ" လင်းဖန်းက ရိုးသားသော အမူအရာဖြင့် ထုတ်ဖော် ပြောဆိုသည်။
အကယ်၍, လင်းဖန်းသည် မည်သည့်လူစားမျိုး ဖြစ်သည်ကို မသိဘူးဆိုလျှင်, သူ၏စကားကြောင့် လှည့်စားခံရလိမ့်မည်။
ထိုစကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် ပို၍ပင် စက်ဆုပ်ရွံရှာလာသည်။
လင်းဖန်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကြောင်သူတော်တစ်ဦး ဖြစ်ကြောင်း သူမ သိထားသော်လည်း၊ သူသည် ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ် ကောင်းပြီး ကြောင်သူတော် တစ်ဦး ဖြစ်နေမည်ဟု သူမ မမျှော်လင့်ထားပေ။ သူ၏အရေက ကောင်းကင်နှင့် မြေကြီး ကဲ့သို့ပင် ထူလှ၏။
"လင်းဖန်း၊ နင့်ရဲ့ဓားကို ထုတ်လိုက်ပါ။ နင် ဒီလိုပြောလေလေ, ငါ ပိုပြီး ရွံရှာလေပဲ။ နင့်မှာ အစွမ်းအစရှိရင် နင် ငါ့ကို တကယ်ပဲ အနိုင်ယူနိုင်တယ်။ မဟုတ်ရင်တော့, ငါ မင်းကို ဒီနေ့ သုံးစားမရအောင် လုပ်ရလိမ့်မယ်။" ကျိုးဟုန်ရွှဲ့က အေးစက်စွာ ဟစ်ကြွေး လိုက်ပါသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူမ၏ လှပသောမျက်နှာမှ ထွက်ပေါ်လာပြီး သူမ၏ လက်ထဲမှ နတ်ဘုရားဓားသည် ပြင်းထန်သော ဓားအော်သံကို ထုတ်လွှတ် လိုက်ပါသည်။
ဓားချီသည် တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
အဝေးမှ ကြည့်ရှုသူများသည် ဤကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ခံစားနိုင်ပြီး ၎င်းတို့၏ မျက်နှာများသည် လေးစားမူအပြည့် ရှိနေကြပါသည်။
"အီယာ, ဟုန်ရွှဲ့, မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ။ ငါ မင်းကို မတိုက်ခိုက်ချင်ဘူး။ ဒါပေမယ့် မင်းက တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားမှတော့ ငါ မင်းနဲ့အတူ လက်ရည် စမ်းပေးရတော့မှာ ပေါ့။ စိတ်မပူပါနဲ့၊ ငါ မင်းကို တကယ်ထိခိုက်အောင် မလုပ်ပါဘူး။" လင်းဖန်းသည် ကျိုးဟုန်ရွှဲ့ကို ကြည့်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သို့သော်, သူပြောပြီးသည်နှင့် တပြိုင်နက် သူ၏လက်ထဲမှ နတ်ဘုရားဓားသည် တောက်ပစွာ လင်းလက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို တိုက်ရိုက် ထုတ်ဖော်ကာ ကျိုးဟုန်ရွှဲ့ဆီသို့ ပျံသန်းသွားလေသည်။
ဓားအလင်းတွင် ပြင်းထန်သော ဓားစွမ်းအား၏ အငွေ့အသက်များ ပါဝင်နေသည်။ ၎င်းသည် ကျိုးဟုန်ရွှဲ့၏မျက်နှာကို တိုက်ခိုက်ခဲ့သည် ထင်ရှားပါသည်။
"ရွှံစရာကောင်းတာ” ကျိုးဟုန်ရွှဲ့၏ မျက်လုံးများသည် ချက်ချင်းပင် ခက်ထန်စွာ အေးစက်သွားသည်။ သူမ၏လက်ထဲမှ နတ်ဘုရားဓားသည် ချက်ချင်းပင် ဓားအလင်းကို ကြိုဆိုရင်ဆိုင်လိုက်ပါသည်။