အခန်း ၁၁၇၂
Vol. 79 Ch. 1172
အခန်း (၁၁၇၂) ဓားပညာ အဆုံးအဖြတ်တိုက်ပွဲ။
"ဖန်း…..’။
ကျိုးဟုန်ရွှဲ့၏လက်ထဲမှ ဓားသည် ရေခဲအလင်းကဲ့သို့ ခုတ်ပိုင်းသွားပြီး လင်းဖန်း၏ ဓားအလင်းကို ချက်ချင်း ချိုးဖျက်ပစ်လိုက်သည်။
ဘန်း…။
သို့သော် ကျိုးဟုန်ရွှဲ့သည် သူမ၏ဓားကို ပြန်မရုတ်သိမ်းနိုင်ခင် ကြီးမားသော ကျောက်တုံး ကြီးတစ်ခုသည် ကျိုးဟုန်ရွှဲ့ဆီသို့ လျင်မြန်စွာ ပစ်ဝင်လာသည်။ ၎င်း၏အရှိန်ဟုန်က မြန်ဆန်လွန်းသဖြင့် ဥက္ကာပျံကြီး မြေပြင်ပေါ် ကျဆင်းလာသကဲ့သို့ပင်။
ကျိုးဟုန်ရွှဲ့၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် သူ၏လက်ထဲမှ နတ်ဘုရားဓားကို အလျင်အမြန် ဝှေ့ယမ်းကာ ကျောက်တုံးဆီသို့ ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းမှ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးကြီးသည် အလယ်မှ အက်ကွဲသွားခဲ့ သည်။
သို့သော် ကျိုးဟုန်ရွှဲ့သည် ကျောက်တုံးကြီးကို ခုတ်ပိုင်းပြီးနောက်၊ ထက်ရှသော ဓားအလင်းတန်းက သူမဆီသို့ ခုတ်ပိုင်းလာပြီး၊ ၎င်းတွင်ပါရှိသော နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ပင် ကြောက်စရာကောင်းနေသည်။
ဤဓားအလင်းသည် ရုတ်တရက် ရောက်ရှိလာသောကြောင့် ကျိုးဟုန်ရွှဲ့သည် ၎င်းအား တားဆီးရန် အချိန်မရတော့ပေ။
ဓားအလင်းသည် သူမ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ ထိုးဖောက် ဝင်ရောက်တော့မည်ကို မြင်လိုက်ရသည်နှင့် ကျိုးဟုန်ရွှဲ့သည် အနှိုင်းမဲ့အစွမ်းထက်သော နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်ပြီး၊ သူမရှေ့တွင် အနှိုင်းမဲ့ ထူထဲသော ရေခဲအလွှာတစ်ခုကို သိပ်သည်းလိုက်ပါသည်။
"ဘုန်း”
ဓားအလင်းသည် ထူထပ်သော ရေခဲအလွှာနှင့် အပြင်းအထန် တိုက်မိပြီး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ရေခဲအလွှာသည် ပေါက်ကွဲသွားသော်လည်း ဓားအလင်းကို ပိတ်ဆို့နိုင်ခဲ့သည်။
ကျိုးဟုန်ရွှဲ့၏ရုပ်အသွင်သည် ခပ်ဝေးဝေးတွင် လွင့်မျောနေသော်လည်း, သူမသည် အဝေးမှာ ရပ်နေသော လင်းဖန်းကို လှမ်းကြည့်ရင်း သူမ၏မျက်လုံးများက နိုးကြား သတိထားနေခဲ့သည်။ သူမ၏ မျက်လုံးများထဲမှ အေးစက်မှုက ပို၍ပင် ပြင်းထန်လာသည်။
“ဟုန်ရွှဲ့, ဒီမှာ ရပ်လိုက်ရအောင်။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး" လင်းဖန်က ပေါ့ပေါ့ပါး ပါး ပြုံးလိုက်ရင်း ပြောသည်။ သူသည် နွေဦးလေညင်းကဲ့သို့ နူးညံ့သော်လည်း သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်တွင် ကောက်ကျစ်သည့် အရိပ်ယောင် ရှိနေပါသည်။
ကျိုးဟုန်ရွှဲ့၏ ပင်ကိုယ်စရိုက်ကို သူ သိထားသည်။ သူ ယခုလိုစကားမျိုး များများပြောလေ, ကျိုးဟုန်ရွှဲ့က မရပ်တန့်လေ ဖြစ်ပြီး သူ၏နောက်ကျောကို ဓားဖြင့်ထိုးမည့် အစီအစဉ်က အောင်မြင်လေဖြစ်သည်။
ကျိုးဟုန်ရွှဲ့ကို သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်နိုင်မည့်အရေးကို တွေးတောမိရင်း သူသည် ရူးသွပ်သွားသလို ခံစားလိုက်ရသည်။
အဝေးမှကြည့်နေသော အမျိုးသားများသည် လင်းဖန်းကို အထင်သေးစွာ ကြည့်နေကြ သည်။ သူတို့အားလုံးသည် ယောက်ျားတွေဖြစ်ကြပြီး၊ သူတို့အနေဖြင့် လင်းဖန်း စီစဉ်ထား သည့်အရာကို မည်သို့ မမြင်နိုင်ဘဲ နေမည်နည်း?။
သူတို့သည်လည်း တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်နေသည်မှာ ထင်ရှားပါ သည်။ သို့သော်, သူတို့သည် လင်းဖန်းကဲ့သို့ တဖက်လူ မလုပ်ချင်သည့်အရာကို အတင်းအကြပ် မလုပ်ခိုင်းချင်ပေ။ သူတို့အားလုံးသည် ယောက်ျားချင်း တူသည်ဆိုလျှင်ပင် လင်းဖန်း၏ လုပ်ရပ်အတွက် အရှက်ရနေကြတုန်းပင်။
သို့သော်လည်း လင်းဖန်း၏ ကိုယ်ရေးအချက်နှင့် စွမ်းအားများသည် ၎င်းတို့ ရန်စနိုင်သည့် အရာ မဟုတ်သောကြောင့် လူအများစုမှာ ဒေါသမထွက်ရဲသလို စကားလည်း ထွက်မပြော ရဲကြပေ။ သူတို့သည် လင်းဖန်းကို သူတို့စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာဖွယ် လူယုတ်မာ တစ်ဦးအဖြစ် တိတ်တဆိတ် ကျိန်ဆဲရုံသာ တတ်နိုင်ခဲ့သည်။ ထို့အပြင်, ကျိုးဟုန်ရွှဲ့သည် ဤလူယုတ်မာ၏ အနိုင်ယူခြင်းကို မည်သည့်အခါမှ မခံရပါစေကြောင်း သူတို့နှလုံးသားထဲ တွင် ဆုတောင်းနေကြလေသည်။
"ဟမ့်၊ နင့်ရဲ့ ကြောင်သူတော်မျက်နှာဖုံးကို ဖယ်ရှားလိုက်စမ်းပါ။ နင် ဘာတွေ တွေးနေလဲ ဆိုတာ ငါမသိဘူးလို့ မထင်လိုက်နဲ့။ နင့်ရဲ့ ယုတ်မာကောက်ကျစ်တဲ့ အပြုအမူနဲ့ဆို, နင် ဘာပဲပြောပြော၊ ငါ့အတွက်တော့ နံစော်နေတုန်းပဲ။” ကျိုးဟုန်ရွှဲ့က ပြတ်ပြတ်သားသား ပြောပြီး၊ သူမမျက်လုံးများသည် သတ်ချင်စိတ်ဖြင့် တဖျပ်ဖျပ်ခတ်နေသည်။
သူမသည် ငယ်စဉ်ကတည်းက ယောက်ျားများကို အထင်ကြီးခဲ့ခြင်း မရှိခဲ့ပေ။ ကမ္ဘာပေါ်ရှိ ယောက်ျားတိုင်းသည် ကောင်းသောအရာများမဟုတ်ဟု သူမ ခံစားမိသည်။ သူတို့သည် သူတို့ပိုင်ဆိုင်လိုသည့် အမျိုးသမီးများကို ခန္ဓာကိုယ်အတွက်သာ တက်မက်ကြခြင်း ဖြစ်သည်။
ယင်းကြောင့်လည်း မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရား နန်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရားမအဖြစ်, သူမကို လိုက်လံပိုးပန်းသူ မရေမတွက်နိုင်အောင် ရှိခဲ့သော်လည်း, သူမသည် မည်သည့်ယောက်ျား၏ ကြင်နာမှုကိုမှ လက်မခံခဲ့သည်မှာ နှစ်ပေါင်း ထောင်သောင်းချီ ကြာခဲ့ပါပြီ။
ထို့အပြင်, သူမရှေ့မှ လင်းဖန်းသည် သူမအမုန်းဆုံး လူစားမျိုး ဖြစ်သည်။ စက်ဆုပ် ရွံရှာဖွယ်ကောင်းသူ၊ ကြောင်သူတော်၊ လူယုတ်မာ၊ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် သူမကို နှလုံးသားအောက်ခြေမှ စက်ဆုပ်ရွံရှာစေသည်။ အကယ်၍, သူမ သေသွားရမည် ဆိုလျှင်ပင်, ထိုကဲ့သို့လူစားမျိုးအား သူမခန္ဓာကိုယ်ကို ဘယ်တော့မှ ထိခွင့်ပေးမည် မဟုတ်ပေ။
ကျိုးဟုန်ရွှဲ့၏ စကားကိုကြားတော့ လင်းဖန်း၏ မျက်လုံးများ ရုတ်တရက် အုံ့မှိုင်းသွား သည်။
ကျိုးဟုန်ရွှဲ့သည် သူနှင့်အတူရှိနေရန် နာခံမှုရှိရှိဖြင့် သဘောတူပါက, သူမအပေါ် နူးညံ့စွာ ဆက်ဆံမည်ဟု မူလက သူ တွေးထားခဲ့သည်။ ယခုတွင် ကျိုးဟုန်ရွှဲ့သည် သူ့အပေါ် စက်ဆုပ်ရွံရှာနေသည်ကို တွေ့လိုက်ရသဖြင့် သူသည် သည်းမခံနိုင်တော့ဘဲ သူ၏စိတ်ထဲ တွင် ပြင်းထန်သော အမျက်ဒေါသ ထွက်ပေါ်လာသည်။
"ဟမ်၊ ခွေးမ၊ မင်းက အလေးပေးဆက်ဆံတာကို လက်မခံဘူးဆိုမှတော့ မယဉ်ကျေးတဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့။ နောက်ပိုင်း ငါ မင်းကို အနိုင်ယူပြမယ်။ မင်းကို ငါ့ရှေ့မှာ ဒူးထောက်ပြီး အော်ငိုခိုင်းကာ ချမ်းသားပေးဖို့ တောင်းပန်ခိုင်းဦးမယ်" လင်းဖန်းက သူ၏စိတ်ထဲတွင် အေးစွက်စွာ နှာခေါင်းရှုံ့ပြီ၊ သူ၏မျက်လုံးများက အေးစက်သွားခဲ့သည်။
“ဟုန်ရွှဲ့၊ ငါ့အပေါ် မင်းရဲ့အထင်မြင်လွဲမှားနေမှုက ဒီလောက် နက်ရှိုင်းနေမယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ အခြေအနေက ဒီလိုဖြစ်လာမှတော့, ငါ မင်းကို အနိုင်ယူပြီးမှ, မင်းနဲ့ တူတူထိုင်ကာ ဖြည်းဖြည်းချင်း ပြောပြတော့မယ်။ ဒါပေမယ့်, မင်း မစိုးရိမ်ပါနဲ့၊ ငါ မင်းကို အနိုင်ရရင်တောင်, ငါ မင်းကို အတင်းအကြပ် လက်ထပ်ခိုင်းမှာ မဟုတ်ပါဘူး" လင်းဖန်း သည် သူ၏စိတ်နှလုံးကို လုံးဝ နှိမ့်ချထားသည့်အလား ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ဟန်ဆောင်နေသေးသည်။ သို့သော်လည်း သူ၏ပါးစပ်ထောင့်မှာ ဖော်ထုတ်ရခက်ခဲသည့် ယုတ်မာသည့် အမူအရာက အမြဲရှိနေခဲ့သည်။
ကျိုးဟုန်ရွှဲ့သည် လင်းဖန်းထံမှ နောက်ထပ် မည်သည့်စကားကိုမှ မကြားချင်တော့ပေ။ သူမ ပို၍ကြားလေ ပို၍ စက်ဆုပ်ရွံရှာလေ ဖြစ်ရသည်။
ဘန်း…။
ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရေခဲအငွေ့အသက်က တဟုန်ထိုး ထွက်ပေါ်လာ သည်။ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ချက်ခြင်းဆိုသလို ပြင်းထန်စွာ ကျဆင်းသွားပြီး ကောင်းကင်ယံတွင် နှင်းများလည်း ကျဆင်းလာခဲ့သည်။
တခဏလေးအတွင်းမှာပင် မြေပြင်သည် နှင်းများဖြင့် ဖြူဖွေးနေလေပြီ။
ချွင်…။
ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒက ထုတ်လွှတ်နေသည်။ တခဏ အတွင်းမှာပင်, ရေခဲဖြင့်လုပ်ထားသေား ဓားဆယ်ချောင်းက သူမခေါင်းထက်မှာ ချက်ချင်း ပေါင်းစည်းသွားသည်။
ရေခဲဓားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရေခဲနတ်ဘုရားတန်ခိုး စွမ်းအင် လှိုင်းများကို ထုတ်လွှတ်နေသည်။ ထိုပြင်းထန်သော အငွေ့အသက်သည် ရောက်ရှိနေသူ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
"လင်းဖန်း၊ ဒီနေ့ ငါ့ရဲ့ ကျောက်စိမ်းနှင်းတေးသံသာဓားသိုင်း ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ နင့်ကို ပြောပြမယ်။" ကျိုးဟုန်ရွှဲ့က အေးစက်စွာ အော်ပြောလိုက် ပြီး သူမ၏ ခန္ဓာကိုယ်မှ နတ်ဘုရားတန်ခိုးများ တဟုန်ထိုး ပျံ့နှံ့ထွက်လာပါသည်။
ထို့နောက် သူမ၏ခြေချောင်းများသည် မြေပြင်ပေါ်ထိလိုက်ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်မှ ချက်ချင်း ပျံထွက်သွားသည်။ သူမ၏ရုပ်အသွင်သည် ပေါ့ပါးနေပုံရသော်လည်း သူမ၏ အမြန်နှုန်းမှာ မနှိုင်းယှဉ်နိုင်လောက်အောင် မြန်ဆန်လှသည်။
ရေခဲနှင့်နှင်းဓားဆယ်ချောင်းသည်လည်း သူမနှင့်အတူ ပျံထွက်သွားပြီး လင်းဖန်းဆီသို့ ပျံသန်းသွားခဲ့သည်။
အနီရောင်ဝတ်စုံတစ်ခုသည် ကြီးမားကျယ်ပြန့်သော အဖြူရောင် နှင်းထုကြီးကို ဖြတ်ကျော်သွားသည်။ သွက်လက်ဖျတ်လတ်သော ခန္ဓာကိုယ်သည် ဖော်မပြနိုင်သော အလှတရားကို ပိုင်ဆိုင်ထားသည်။ ကျိုးဟုန်ရွှဲ့သည် တိုက်ပွဲတိုက်ခိုက်နေခြင်း မဟုတ် ကြည်နူးဖွယ်အကကို ဖော်ကျူးတီးခတ်နေသကဲ့သို့ အောက်မှပရိသတ်များသည် အံ့သြမူနှင့်အတူ ချီးကျူးနေကြသည်။
"ဟမ့်၊ မင်းရဲ့ ကျောက်စိမ်းနှင်းတေးသံသာဓားသိုင်းက ကြောက်စရာကောင်းပေမယ့်၊ ငါ့ရဲ့ ကောင်းကင်ဘုံကိုးခုနတ်ဘုရားလျှပ်စီးဓားသိုင်းထက်တော့ နိမ့်ကျနေပါသေးတယ်။" လင်းဖန်းသည် အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက် ပြင်းထန်သော သတ်ဖြတ်လိုစိတ် က သူ၏မျက်လုံးများမှ ထွက်ပေါ်လာသည်။
"ဘုန်း..”
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးကြောင်းများသည် ကောင်းကင်ယံမှ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် ခရမ်းရောင်နတ်ဘုရားလျှပ်စီးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လင်းဖန်း၏ခန္ဓာကိုယ်ကို ချက်ချင်း ရိုက်ခတ်သွား သည်။ သို့သော်လည်း လင်းဖန်းသည် ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ရုံသာမက သူ၏ အငွေ့အသက်သည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
"ချိုးဖျက်လိုက်စမ်း..." လင်းဖန်းက အော်ဟစ်လိုက်ပြီး သူ၏လက်ထဲက ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားပေါ်မှ ခရမ်းရောင်လျှပ်စီးကြောင်းသည် ဓားအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး၊ လျင်မြန်စွာ ချဉ်းကပ်လာနေသော ကျိုးဟုန်ရွှဲ့ဆီသို့ ခုတ်ပိုင်း လိုက်ပါသည်။
ဘန်း..။
ရေခဲနှင့် နှင်းဓားဆယ်ချောင်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးဓား အလင်းတန်းနှင့် အပြင်းအထန် တိုက်မိကြပြီး ချက်ချင်းပင် လေထဲမှာ အေးခဲသွားကြ သည်။
"ဖျစ်... ဖျစ်...”
သို့သော် အချိန်အတော်ကြာပြီးနောက်၊ ကျိုးဟုန်ရွှဲ့၏ ရှေ့ရှိ ရေခဲနှင့် နှင်းဓား ဆယ်ချောင်း တို့သည်လည်း ဘာမှမရှိသလို ဖြစ်သွားကြသည်။
ကျိုးဟုန်ရွှဲ့သည် သူမလက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျန်လျှပ်စစ်ဓားအလင်းများကို နှစ်ပိုင်းခွဲလိုက်သည်။
ထို့နောက် သူမ၏ရုပ်အသွင်သည် လင်းဖန်း၏ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိသွားပြီး၊ သူမ လက်ထဲမှ နတ်ဘုရားဓားကို ဝှေ့ယမ်းကာ လင်းဖန်းဆီသို့ ခုတ်ပိုင်းလိုက်လေသည်။
လင်းဖန်းသည် သဘာဝအတိုင်း ထွက်ပြေးလိုစိတ်မရှိပေ။ သူသည် ကျိုးဟုန်ရွှဲ့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို တားဆီးရန် သူ၏လက်ထဲမှ ခရမ်းရောင်လျှပ်စီးဓားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။