← Chapters

အခန်း ၁၁၇၃

Vol. 79 Ch. 1173

အခန်း ၁၁၇၃

Vol. 79 Ch. 1173

အခန်း (၁၁၇၃)နတ်ဘုရားလျှပ်စီး၏တန်ခိုး

ကျိုးဟုန်ရွှဲ့နှင့် လင်းဖန်းတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်နေခဲ့ကြသည်။

ကမ္ဘာကြီးထဲမှာ, ဓားချီများသည် ပျံ့နှံ့နေပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ ဆန့်တန့်သွားကြသည်။

သူတို့၏ ဓားလှုပ်ရှားမှုများသည် ပို၍ပင် လင်းလက် တောက်ပလာပြီး ဓားရိပ်များသည် ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့သည်။

လျှပ်စီးနတ်ဘုရားတန်ခိုးနှင့် ရေခဲနတ်ဘုရားတန်ခိုးတို့သည် တစ်ခုနှင့်တစ်ခု အဆက် မပြတ် အပြင်းအထန် တိုက်မိကြသည်။ နောက်ဆက်တွဲ စွမ်းအင်အတက်အကျ လှိုင်းများကြောင့် အောက်မှာရှိနေကြသည့် ပရိသတ်များသည် တွန်းလှန်တိုက်ခိုက်ရန် မဝံ့ရဲသဖြင့် ၎င်းတို့အားလုံး မိုင်တစ်ရာအကွာအထိ ဆုတ်ခွာသွားခဲ့ကြသည်။

အလယ်လတ်အဆင့် ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ပွဲအတွင်းမှ ပြန့်ကျဲနေသော ဓားချီသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ မတော်တဆ ကျရောက်ပါကာ သူတို့သည် နေရာမှာပင် သေဆုံးသွားနိုင်သည်။ ထို့ကြောင့် သူတို့သည် အလွန်နီးကပ်စွာ မနေရဲကြပေ။

ထိုအချိန်တွင်၊ ချင်ယွင်နှင့် ဝိညာဉ်နတ်ဘုရားမသည် အက်စ်ခက်ကာ တွင်းနက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သေချာသည်မှာ, သူတို့သည် သူတို့ကို လမ်းပြပေးခဲ့သည့် ဟွန်ချန်နှင့်အတူ ရှိနေပါသည်။

ချင်ယွင်နှင့် အခြားလူများသည် လူအုပ်ကြီးနောက်ကွယ်မှ ထွက်လာကြပြီး ကျိုးဟုန်ရွှဲ့နှင့် လင်းဖန်းတို့ကြား တိုက်ပွဲက လူတိုင်း၏အာရုံကို ဖမ်းစားထားသောကြောင့် ချင်ယွင်တို့ အဖွဲ့ ရောက်ရှိလာခြင်းက အာရုံစူးစိုက်မှု သိပ်မရှိလှပေ။

"အီ၊ တိုက်ခိုက်နေတုန်းပဲ။ ငါ အတော်လေး နောက်ကျနေပြီလို့ ထင်နေတာ။ အက်စ်ခက်ကာ, မင်း ငါ့ကို ဒီကိုခေါ်လာပေးတာ ကံကောင်းလိုက်တာ။ မဟုတ်ရင်, ငါ ဒီပွဲကောင်းကို တကယ် မီလိုက်မှာ မဟုတ်ဘူး။" ကျိုးဟုန်ရွှဲ့နှင့် လင်းဖန်းတို့သည် ကောင်းကင်ယံတွင် တိုက်ခိုက်ဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ ဟွန်ချန်သည် ချင်ယွင် အား စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စစကား ချက်ချင်း ပြောခဲ့သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းမိသည်။ သူ တကယ်ကို နားမလည်တော့ပါ။ ဤ ဟွန်ချန်သည် အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းဖြစ်ပြီး၊ သူ၏နတ်ဘုရားခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီးသွားပြီ။ သူသည် ကောင်းမွန်သည့် ပြိုင်ပွဲတစ်ပွဲကို ကြည့်ရရုံဖြင့်ပင် အရမ်းကို စိတ်လှုပ်ရှားနေပါသည်။

သို့သော်၊ ချင်ယွင်သည် ထိုအကြောင်းတွေးတောခြင်းကို အမြန် ရပ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော်, သူ၏အနားရှိ ဝိညာဉ်နတ်ဘုရားမသည် ဤနေရာသို့ ရောက်လာကတည်းက သူမအကြည့်များသည် ကောင်းကင်ယံ၌ တိုက်ခိုက်နေသော အနီရောင်ဝတ် အမျိုးသမီးထံ တိုက်ရိုက် ရောက်ရှိသွားသည်ကို သူ တွေ့လိုက်ရသော ကြောင့် ဖြစ်သည်။

"ဒါက ဝိညာဉ်နတ်ဘုရားမရဲ့ တူမလား။ လွင့်မျောနှင်းမြို့တော်ရဲ့ အကြီးဆုံး သခင်မလေး ပေါ့”။ ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ချင်ယွင်သည် ​​လွင့်မျောနှင်းမြို့တော်၏ ဤသခင်မလေးအကြောင်းကို တစ်ကြိမ်ထက်မက ကြားခဲ့ဖူးပါသည်။

ယခင်က, ဝူဝမ်တောင်တန်းမှာ သူ့ကိုကူညီခဲ့ပေးသည့် အကြီးအကဲလင်းသည် ​​လွင့်မျော နှင်းမြို့တော်, အကြီးဆုံးသခင်မလေး၏ ဘေးမှ အစေခံတစ်ဦး ဖြစ်သည်။ ထိုအချိန်တုန်းက သူသည် အကြီးအကဲလင်းနှင့် အတော်လေး ရင်းနှီးခဲ့သည်။ သူသည် အကြီးအကဲလင်းမှ တဆင့် လွင့်မျောနှင်းမြို့တော်၏ သခင်မလေးထံမှာ မျက်နှာသာရစေရန် မရိုးသားသော နည်းဖြင့် ချဉ်းကပ်နေသည်ဟုပင် လူအများက ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့် ချင်ယွင် သည် ဤသခင်မလေးအကြောင်းကို အနည်းနှင့်အများ သိချင်နေခဲ့သည်။

သေချာသည်မှာ, သူသည် သိချင်ရုံသက်သက်သာ ဖြစ်ပါသည်။ ကျိုးဟုန်ရွှဲ့သည် ဝိညာဉ် နတ်ဘုရားမ၏ တူမဖြစ်သောကြောင့် ချင်ယွင်သည် သဘာဝအတိုင်း သူမနှင့်ပတ်သက် သည့် မည်သည့်အကြံအစည်မှ မရှိလိုချေ။

သို့သော် ချင်ယွင်သည် ကောင်းကင်ယံ၌ တိုက်ခိုက်နေသော ကျိုးဟုန်ရွှဲ့ကို မြင်သောအခါ, သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဤကျိုးဟုန်ရွှဲ့သည် ထူးထူးခြားခြား လှပရုံသာမက ဝိညာဉ်နတ်ဘုရားမနှင့်လည်း အတော် လေး ရုပ်ဆင်သည်။ သူမ၏ စိတ်နေစိတ်ထားသည်လည်း ဝိညာဉ်နတ်ဘုရားမ၏ သတ်ဖြတ်လိုစိတ် လျော့နည်းသွားသည်မှလွဲ၍, ယခင်ဝိညာဉ်နတ်ဘုရားမနှင့် အလွန် တူသည်၊၊

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော်, လက်ရှိ ကျိုးဟုန်ရွှဲ့သည် သူမ ဆန့်ကျင်ဘက်လူနှင့် ပြိုင်ဘက် ဟုတ်သည့်ပုံမပေါ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်သည်။

စွမ်းအားအရဆို, ကျိုးဟုန်ရွှဲ့၏စွမ်းအားသည် လင်းဖန်းထက် မြင့်မားသည်။ သို့သော် လင်းဖန်းသည် ကြိုတင်ပြင်ဆင်ထားသည်မှာ သေချာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် အတွင်း၌ ကြီးမားသော စွမ်းအားကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။ အကယ်၍, ထိုစွမ်းအားသာ ပေါက်ကွဲထွက်လာသည်နှင့်, ကျိုးဟုန်ရွှဲ့သည် ချက်ချင်း ရှုံးနိမ့်သွားနိုင်သည်။

ထင်ရှားသည်မှာ၊ ဤအရာအားလုံးကို ကျိုးဟုန်ရွှဲ့ကို ငါးစာအဖြစ်မျှားခေါ်ရန် လင်းဖန်းမှ ဂရုတစိုက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး၊ သူမ၏အမူအရာမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူမ လှုပ်ရှားချင်ပုံပေါက်နေသော် လည်း ချင်ယွင်က သူမကို တားဆီးထားသည်။

"စိတ်မပူပါနဲ့၊ အလျင်စလို လှုပ်ရှားစရာ မလိုပါဘူး။ ဆက်ကြည့်ရအောင်။" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမအား အသံဖြင့်ပို့လွှတ်ကာ ပြောသည်။

"ဒါပေမယ့်?" ဝိညာဉ်နတ်ဘုရားမက စိုးရိမ်တကြီး မေးခွန်းထုတ်သည်။

ချင်ယွင်က ပြုံးပြီး ဆက်ပြောသည် "ငါ့ကို ယုံပါ၊ ကျိုးဟုန်ရွှဲ့ အဆင်ပြေစေဖို့ ငါ အာမခံတယ်"။

ချင်ယွင်၏စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် သက်ပြင်းချကာ ငြိမ်သက်သွား သည်။

ချင်ယွင်သည် သူမကို ဘယ်တော့မှ စိတ်မပျက်စေခဲ့သည့်အတွက်, သူမသည် ချင်ယွင်ကို လုံးလုံး ယုံကြည်ပါသည်။

ဝိညာဉ်နတ်ဘုရားမ၏ စိတ်အခြေအနေ ငြိမ်သက်သွားသည်ကို ချင်ယွင် မြင်လိုက်ရလျှင်, သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သို့သော်လည်း ကောင်းကင်ယံကို လှည့်ကြည့်လိုက်ရင်း သူ၏အကြည့်တွေက ပြင်းထန်လာသည်။

"ဒီလင်းဖန်းကို သင်ခန်းစာတစ်ခု ပေးဖို့ နည်းလမ်းတစ်ခု စဉ်းစားဖို့လိုနေပြီ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခင်က ဝိညာဉ်နတ်ဘုရားမ ပြောခဲ့သည့်အတိုင်းဆို ကျိုးဟုန်ရွှဲ့သည် အလွန်ခေါင်းမာ သည်။ အကယ်၍, သူသာ သူမကို ထိပ်တိုက်ကူညီခဲ့မည်ဆိုလျှင် ကျိုးဟုန်ရွှဲ့သည် လုံးဝ လိုလားမည်မဟုတ်ပေ။ သူမသည် လင်းဖန်းကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့သော်ငြား ကျိုးဟုန်ရွှဲ့သည် အလွန်ရွံရှာနေသေးသည်။

ချင်ယွင်သည် ရည်ရွယ်ချက်ကောင်းသော်လည်း မြည်း၏အသည်းနှင့် အဆုတ်ကဲ့သို့ မဆက်ဆံလိုသောကြောင့် ဤလင်းဖန်းကို သင်ခန်းစာတစ်ခု ပေးလိုပါက မည်သူမျှ သတိမထားမိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။ (to mistake good intentions for a donkey's liver and lungs (idiom))။ ရွယ်ရည်ချက်ကောင်းကို အထင်မမှားစေလိုရာမှာ ဤစကားကို အသုံးပြုနိုင်ပါသည်)။

သို့သော် သူဆက်လုပ်နိုင်သည့်အရာက သူ့ကိုယ်သူ လူလုံးထွက်ပြရမှာ မဟုတ်လား?။

ဤအချက်က ချင်ယွင်ကို အဆင်မပြေဖြစ်သည်ဟု စတင်ခံစားရစေသည်။

"ဟုတ်ပြီ”

အလွန်လျင်မြန်စွာပင်၊ ချင်ယွင်၏ မျက်လုံးများသည် တောက်ပလာသည်။ သူသည် အကြံကောင်းတစ်ခု ပေါ်လာသည်။ သူသည် မည်သူမျှ သတိမထားမိဘဲ ကျိုးဟုန်ရွှဲ့ လင်းဖန်းကို အနိုင်ယူနိုင်အောင် ကူညီပေးနိုင်သည်။

အမှန်တကယ်ဆို, ချင်ယွင်သည်လည်း လင်းဖန်းကို အလွန် စက်ဆုပ်ရွံရှာမိသည်။ မိန်းမတစ်ယောက်ကို ရယူရန်အတွက် လျှို့ဝှက်ကြံစည်နေသည့် ယောက်ျားတစ်ယောက် က အတော်လေး အရှက်မဲ့လွန်းသည်။ ချင်ယွင်သည် အရမ်းအရှက်မဲ့သလို ခံစားရပါသည်။ ထို့ကြောင့် လင်းဖန်းအား သင်ခန်းစာ ပေးခြင်းနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း သူ မခံစားရပေ။ ယင်းအစား သူသည် ခွေးတစ်ကောင်ကို ရေထဲမှာ ရိုက်သတ်လိုက်သလိုသာ ခံစားရပါသည်။

ထိုအချိန်တွင် ကောင်းကင်ယံ၌ တိုက်ပွဲသည် လောင်ကျွမ်းသည့် အဆင့်သို့ ရောက်ရှိသွားခဲ့ သည်။ ကျိုးဟုန်ရွှဲ့၏ ဓားရှည်သည် ပြင်းထန်ပြီး လင်းဖန်း၏ တိုက်ခိုက်မှုများကို ဖိနှိပ်နိုင် လုနီးပါးပင်။ လင်းဖန်းသည် ခုခနိုင်စွမ်းမရှိတော့ပုံရသည်။

သို့သော် လင်းဖန်းသည် လုံးဝ ထိတ်လန့်မသွားခဲ့ပေ။ သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာမှာ ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေပုံရသည်။

"ဟမ့်၊ ကျိုးဟုန်ရွှဲ့, မင်းက ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမယ်ဖို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ငါ မင်းကို မယှဉ်နိုင်ပေမယ့် ငါ့ခန္ဓာကိုယ်ထဲမှာ ငါအဖေပေးထားတဲ့ နတ်ဘုရား လျှပ်စီးကို စည်းတံဆိပ် ခတ်ထားပြီးသား။ ငါ အဲဒီစည်းတံဆိပ်ကို ဖြေလိုက်တာနဲ့ မင်း ချက်​ချင်း ရှုံးသွားလိမ့်မယ်​။" လင်းဖန်းသည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏နှလုံးသားထဲတွင် လှောင်ရယ်နေကာ သူ၏မျက်လုံးများက မကောင်းဆိုးဝါးဆန်သည့် အလင်းရောင်များဖြင့် တောက်ပနေသည်။

ထိုသို့ပြောပြီးနောက် လင်းဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စည်းတံဆိပ်ကို ချက်ချင်း ဖွင့်ပြီး နတ်ဘုရားလျှပ်စီး၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

"ဘန်း...”။

နတ်ဘုရားလျှပ်စီး’ စွမ်းအင်များ လွှတ်ထုတ်လိုက်သည်နှင့် လင်းဖန်း၏ အငွေ့အသက် သည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်လာခဲ့သည်။

လင်းဖန်းကို လုံးလုံးလျားလျား အနိုင်ယူရန် မူလက စီစဉ်ခဲ့သော ကျိုးဟုန်ရွှဲ့သည် ဤပြင်းထန်သော နတ်ဘုရားလျှပ်စီး၏ စွမ်းအင်အတက်အကျလှိုင်းကို ခံစားမိသည်။ သူမ၏ လှပသော မျက်နှာသည် ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကာ ပြင်းထန်သော အန္တရာယ် အငွေ့အသက်များက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

"ဟား...၊ ဟား...၊ ကျိုးဟုန်ရွှဲ့, မင်းက အခု ငါ့အပိုင်ပဲ။" လင်းဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရူးအမူး တောက်လောင်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ချက်ချင်းပင် ကမ္ဘာတစ်ခုလုံးကို လင်းထိန်သွားစေပြီး၊ နှင်းများ အနှိုင်းမဲ့ကျဆင်းနေသကဲ့သို့ ကမ္ဘာတစ်ခုလုံးကို လင်းလက်စေပါသည်။

လင်းဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်ကို လူတိုင်း ခံစားနိုင်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် သူတို့စိတ်နှလုံးကို တုန်လှုပ်စေခဲ့ပြီး တောက်ပသော လျှပ်စီးကြောင်းများက သူတို့မျက်လုံးများကို ဖွင့်ကြည့်၍ မရဖြစ်စေသည်။

"အခုပဲ..."

ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရတော့ သူ၏မျက်လုံးများသည် ချက်ချင်း တောက်ပလာသည်။ အတွေးတစ်ချက်ဖြင့် ကောင်းကင်မှာ အနက်ရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။ ၎င်း၏ အရှိန်ဟုန်သည် အလွန်မြန်သည်။

လျှပ်စီးကြောင်းများက ပြိုးပြိုးပြက်ပြက် လင်းလက်နေသောကြောင့် လင်းဖန်း အပါအဝင် လင်းဖန်း၏ခန္ဓာကိုယ်ထဲသို့ အလင်းတန်းတစ်ခု ဝင်ရောက်သွားသည်ကို ဘယ်သူမှ သတိမထားမိကြပေ။

"ဟုန်ရွှဲ့၊ အရှုံးကို ဝန်ခံလိုက်ပါ။ ငါ့ရဲ့ နတ်ဘုရားလျှပ်စီးက မင်း ခံနိုင်တဲ့အရာ မဟုတ်ဘူး" လင်းဖန်းက လေးနက်စွာ ပြောသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားလျှပ်စီးကြောင်း များက လူတိုင်း၏နှလုံးကို တုန်ခါစေခဲ့သည်။

ကျိုးဟုန်ရွှဲ့၏ မျက်ခုံးများက တင်းကြပ်စွာ တွန့်နေသည်။ လင်းဖန်းမှာ သူ၏ကိုယ်တွင်း၌ ဖုံးကွယ်ထားသော ဤမျှလောက် အစွမ်းထက်သည့် စွမ်းအားတစ်ခု ရှိနေမည်ဟု သူမအနေဖြင့် မည်သည့်အခါမှ မတွေးခဲ့ဖူးပေ။

"ဒီနေ့ ငါသေရမယ်ဆိုရင်တောင် နင်လို စက်ဆုပ်စရာကောင်းတဲ့လူနဲ့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး" ကျိုးဟုန်ရွှဲ့က အေးစက်စွာ အော်ပြောလိုက်သည်။ အနှိုင်းမဲ့ စူးရှထက်မြက်သော အငွေ့အသက်က သူမ၏ မျက်လုံးများမှ ထွက်ပေါ်လာသည်။ သူမလက်ထဲမှ နတ်ဘုရားဓားသည် အအေးဓာတ်ကို ထုတ်လွှတ်ရင်း, သူမသည် သူမ၏ဓားကို လင်းဖန်းဆီသို့ ဝှေ့ယမ်းလိုက်သည်။

"ဟမ့်၊ မင်းသေချင်တယ်ဆိုရင်တောင်, ဒီကိစ္စက မင်းရွေးချယ်လို့ မရဘူး" ကျိုးဟုန်ရွှဲ့သည် လက်နက်ချအညံ့ခံခြင်းထက် သေဖို့ဆန္ဒရှိနေသည်ဟု မြင်သောအခါ လင်းဖန်း၏ မျက်လုံးများသည် ရန်လိုသော အငွေ့အသက်ဖြင့် ချက်ချင်း ပေါက်ကွဲထွက်လာကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားလျှပ်စီး၏ စွမ်းအားကို လျင်မြန်စွာ စုစည်းလိုက် လေသည်။

သို့သော် ဤအခိုက်အတန့်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ လင်းဖန်း သည် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားလျှပ်စီးများ ထူးထူးခြားခြား ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားမိသည်။ ထိုမျှတင်မကသေးဘဲ၊ သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုးတွေတောင် တခဏချင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

All Chapters