အခန်း ၁၁၇၄
Vol. 79 Ch. 1174
အခန်း (၁၁၇၄)ကြေကွဲဖွယ်ကောင်းသော လင်းဖန်း
"ဒါ... ဘာဖြစ်နေတာလဲ?" လင်းဖန်းသည် အထိန်းကွပ်မဲ့စွာ မျက်လုံးမျက်ဆံပြူးပြီး စိုက်ကြည့်နေမိသည်။ သူ၏မျက်နှာမှာ အလွန်မင်း မယုံကြည်နိုင်သည့် အမူအရာ ပေါ်လွင်နေသည်။
သူ၏ နတ်ဘုရားလျှပ်စီးများနှင့် နတ်ဘုရားတန်ခိုးများသည် ယခုလေးပင် သူ၏ဒန်တန် အတွင်း၌ လုံးဝ ကောင်းကောင်းမွန်မွန် ရှိနေသေးသည်။ ယခု အဘယ့်ကြောင့် ချက်ခြင်းဆိုသလို ပျောက်သွားရသနည်း?။
အကယ်၍, နတ်ဘုရားတန်ခိုးများ ပျောက်ကွယ်သွားလျှင် သူ ခံစားမိသင့်သည်။ သို့သော်၊ နတ်ဘုရားတန်ခိုးနှင့် နတ်ဘုရားလျှပ်စီးများ ပျောက်ကွယ်သွားခြင်းကို သူ အနည်းငယ်မျှ မခံစားမိခဲ့ပေ။ ထို့အပြင်၊ အကယ်၍, နတ်ဘုရားတန်ခိုးများ ပျောက်ကွယ်သွားလျှင်ပင်, အမြန်နှုန်းက သေချာပေါက် ဤမျှ မြန်ဆန်မည် မဟုတ်ပေ။
“လခွမ်းပေါ့”
ထိုအချိန်တွင် လင်းဖန်း၏အမူအရာသည် သရဲတစ္ဆေကို မြင်လိုက်ရသလိုပင်။ ကျိုးဟုန်ရွှဲ့ သည် အဝေးမှ သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်နေရသော်လည်း, သူသည် ခုခံရန် ခွန်အားအနည်းငယ်မျှ မစုစည်းနိုင်ခဲ့ပေ။ ယခုအချိန်တွင် သူ့မှာ ထွက်ပြေးဖို့ပင် ခွန်အားမရှိတော့ပါဘူး။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်ရောင်အလင်းတန်းများလည်း ချုပ်ငြိမ်းသွားခဲ့သည်။ သူ၏ဒန်တန်သည် သဲကန္တာရ ကြီးကဲ့သို့ ဗလာဖြစ်နေပြီး နတ်ဘုရားတန်ခိုးတော် တစွန်းတစမျှ မကျန်ခဲ့တော့ပေ။
"အယ်။ ဒီလင်းဖန်းက ဘာလို့ မတိုက်ခိုက်တာလဲ?။ သူ ဘာလို့ နတ်ဘုရားလျှပ်စီးရဲ့ စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်တာလဲ?"။
"မှန်တယ်။ သူ့ရဲ့ နတ်ဘုရားလျှပ်စီးက ပြင်းထန်လွန်းတယ်။ သူ အသုံးပြုလိုက်တာနဲ့ ကျိုးဟုန်ရွှဲ့ကို ချက်ချင်း အနိုင်ယူနိုင်လိမ့်မယ်"။
"ဖြစ်နိုင်တာက, သူ တကယ်ကို လှုပ်ရှားချင်စိတ် မရှိတော့တာများလား?။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူက ဒီလိုလူစားမျိုးလည်း ဟုတ်ပုံမပေါ်ပါဘူး။ ဖြစ်နိုင်တာက သူ့အသိစိတ်က သူ့ကိုယ်သူ ရှာတွေ့သွားတာများလား?"။ (ဤနေရာ၌ သူ့အသိစိတ်က သူ့ကိုယ်သူ ရှာတွေ့သွားခြင်းဟူသည် ကိုယ့်ရဲ့အပြစ်တွေကို ပြန်ပြီး သတိပြုဆင်ခြင်မိခြင်းကို ဆိုလိုဟန်တူပါသည်)။
…
အောက်မှကြည့်နေကြသည့် လူများသည် တစ်ယောက်ပြီး တစ်ယောက် စကားပြောလာ ကြသည်။ ဤစကားများသည် လင်းဖန်း၏နားထဲသို့ ဝင်ရောက်နေကာ၊ သူ့ကို အလွန်မင်း စိတ်အားငယ်သွားစေသည်။
"ကိုယ့်ရဲ့အသိစိတ်က ကိုယ့်ကိုယ်ကို ရှာတွေ့သွားတာလား?” ကိုယ့်ရဲ့အသိစိတ်က ကိုယ့်ကိုယ်ကို ရှာတွေ့သွားတယ်ဆိုတာကြီးကရော ဘာကြီးလဲ?။ ငါ့နတ်ဘုရား လျှပ်စီးရဲ့ စွမ်းအားက ပျောက်ကွယ်သွားပြီလေ။ ငါ ဘယ်လို လှုပ်ရှားရတော့မလဲ?" လင်းဖန်းသည် သူ၏စိတ်ထဲတွင် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သော်လည်း, သူ၏ ခါးသီးဖွယ် အဖြစ်ပျက်ကိုတော့ ထုတ်မပြောနိုင်ပါဘူး။
ဤအခိုက်တွင် လင်းဖန်းဆီသို့ အပြေးအလွှား ပျံသန်းသွားနေသော ကျိုးဟုန်ရွှဲ့သည် ရပ်တန့်သွားသည်။ သူမသည် လင်းဖန်းကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ လင်းဖန်းသည် သူ၏ နတ်ဘုရားတန်ခိုးကို ရုတ်ချည်း အဘယ့်ကြောင့် ရုပ်သိမ်းသွားရလဲ ဆိုသည်ကို သူမလည်း အလွန်သိချင်နေပါသည်။
လင်းဖန်းသည် သူမအား သနားညှာတာမူ ပြသသည်ဟု သူမ မထင်ပေ။ ထို့ကြောင့် လင်းဖန်းသည် သူမအား လှည့်စားနေသည်ဟုသာ တွေးလိုက်မိသည်။
"ဟမ့်၊ နင် ဘယ်လှည့်ကွက်တွေပဲ သုံးသုံး ငါ ဂရုမစိုက်ဘူး။ ဒီနေ့ တန်ရာတန်ကြေး ပေးဆပ်ရမယ်။" အေးစက်စက် အလင်းတန်းတစ်ခုက ကျိုးဟုန်ရွှဲ့၏မျက်လုံးထဲတွင် လင်းလက်သွားပြီး လင်းဖန်းဆီသို့ ပျံသန်းကာ ဓားဖြင့်ထိုးလိုက်တော့သည်။
"ဖူး..”။
ဓားရှည်သည် လင်းဖန်း၏ ခန္ဓာကိုယ်ကို ချက်ခြင်း ထိုးဖောက်သွားသည်။ ရှောင်တိမ်း နိုင်ခြင်းမရှိဘဲ၊ ကျိုးဟုန်ရွှဲ့၏ ဓားရှည်သည် လင်းဖန်း၏ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။
ကျိုးဟုန်ရွှဲ့သည် မှင်သက်အံ့အားသင့်သွားရုံသာမကဘဲ အောက်မှကြည့်ရှုသူများလည်း လုံးဝ မှင်သက်သွားကြသည်။
လူအုပ်ထဲတွင် ရပ်နေသော ချင်ယွင်တစ်ယောက်သာ သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးမပျက် ရှိနေသည်။ သူ၏အနားရှိ ဝိညာဉ်တော်ဘုရားသည် အစပိုင်းတွင် အလွန်အံ့သြသွားသော် လည်း ချင်ယွင်၏နှုတ်ခမ်းပေါ်ရှိ အပြုံးကို သူမ မြင်လိုက်သောအခါတွင် ဤအရာအားလုံး သည် သူမခင်ပွန်း၏ လက်ချက်ဖြစ်မှန်း သိလိုက်ရသည်။
"ခင်ပွန်း၊ နင် ဘယ်လိုလုပ်တာလဲ?။" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို အသံပို့ပြီး မမေးဘဲ မနေနိုင်တော့။
"ငါ ဘာမှမလုပ်ပါဘူးဟာ။ လင်းဖန်းရဲ့ ခန္ဓာကိုယ်ထဲ အကောင်သေးသေးလေးတစ်ကောင် ထည့်လိုက်ရုံပါပဲ" ချင်ယွင်က ပြုံးပြီး အသံဖြင့် ပြန်ပြောသည် ။
မှန်ပါသည်။ အစောပိုင်းက သူ၏ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်သွားသော သရဲတစ္ဆေ ဆန်ဆန် အလင်းတန်းသည် ဟိုတချိန်တုန်းက သူပေါင်းစည်းမိခဲ့သည့် လျှပ်စီး နဂါးငယ် လေးမှလွဲ၍ တခြားမဟုတ်ပါဘူး။
ချင်ယွင် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ နဂါးငယ်လေးသည် ပို၍ပင် အားကောင်း လာပါသည်။ ၎င်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း ပုန်းနေခဲ့သည်။
ယခင်က ချင်ယွင်သည် လင်းဖန်း၏ ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်သော နတ်ဘုရား လျှပ်စီးများရှိသည်ကို တွေ့ရှိရသောအခါ၊ သူသည် အနက်ရောင် နဂါးငယ်လေးနှင့် စတင် ဆက်သွယ်ခဲ့ပြီး လင်းဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားလျှပ်စီးများကို ဝါးမျိုရန် အနက်ရောင် နဂါးငယ်လေးအား လှုပ်ရှားခွင့်ပေးခဲ့သည်။
အနက်ရောင် နဂါးငယ်လေးသည် ပေါ်လာပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ လင်းဖန်းသည် ၎င်းကို ရှာဖွေတွေ့ရှိနိုင်ခြင်းနှင့် ပတ်သက်၍မူ စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။ ချင်ယွင်သည်ပင် ပုံမှန်အတိုင်းဆို သူ၏ခန္ဓာကိုယ်ထဲမှာ အနက်ရောင် နဂါးငယ်လေး ပုန်းခိုနေသည့်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ အနက်ရောင် နဂါးငယ်လေးသည် သူ့ဘာသာသူ ပေါ်မလာပါက၊ ချင်ယွင်သည် ၎င်း၏တည်ရှိနေမှုကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထုံးစံအတိုင်း လင်းဖန်းသည် ၎င်းကို သိရှိနိုင်မည် မဟုတ်ပါ။
အမှန်တကယ်ဆို, ချင်ယွင်သည် ဤအနက်ရောင် လျှပ်စီးနဂါးလေးသည် မည်သည့်အရာ ဖြစ်သည်ကို အမြဲတွေးနေခဲ့ဖူးသည်။ ဤလျှပ်စီးနဂါးငယ်လေးသည် လျှပ်စီးဝိညာဉ်နှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းသည် လျှပ်စီးဝိညာဉ်နှင့် အနည်းငယ် ကွာခြားနေပြန် သည်။
လင်းဖန်းသည် ဤလျှပ်စီးနဂါးငယ်လေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည်မှာ လုံးဝ ကံဆိုးသည် ဟု ဆိုနိုင်သည်။ ပထမတော့ ချင်ယွင်သည် နတ်ဘုရားလျှပ်စီး၏ စွမ်းအားကိုသာ ဝါးမြိုခိုင်း ချင်သော်လည်း၊ အနက်ရောင် နဂါးငယ်လေးသည် လင်းဖန်း၏ နတ်ဘုရားတန်ခိုးများကိုပါ အမှန်တကယ် ဝါးမြိုသွားလိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ပေ။
ယခုအချိန်တွင် လင်းဖန်းသည် အမှန်တကယ် စိတ်ဆင်းရဲနေပါသည်။ သူ၏ရင်ဘတ်ကို ဓားဖြင့် ထိုးထားသည်။ သို့သော်၊ သူ၏ဒဏ်ရာကို ပြန်လည်ကုစားရန် နတ်ဘုရားတန်ခိုး မရှိတော့ပေ။ ဟုတ်ပါသည်။ သူ့ကို ပို၍ပင် ဒေါသဖြစ်စေခဲ့သည်က အောက်မှလူအုပ်ကြီး၏ ပြောစကားများ ဖြစ်ပါသည်။
"အယ်၊ ဒီလင်းဖန်းကတော့ တကယ်ကို အသိတရား ပြန်ရသွားပြီနဲ့တယ်။ ကျိုးဟုန်ရွှဲ့က သူ့ကို ဓားနဲ့ထိုးလိုက်တာတောင်၊ သူက မခုခံရုံတင်မကဘူး၊ တကယ်ကို ရှောင်တောင် မရှောင်တိမ်းခဲ့ဘူး။ ဒါကမှ တကယ့်အချစ်စစ်ပဲ"။
"ဟုတ်တယ်, အချစ်စစ်မဟုတ်ဘူးဆိုရင်, သူက ဘာလို့ ကျိုးဟုန်ရွှဲ့ရဲ့ဓားနဲ့ ထိုးခံချင်မှာလဲ”။
"လင်းဖန်းမှာ ဒီလိုဘက်ခြမ်းမျိုး ရှိနေမယ်ဖို့ ငါ မျှော်လင့်မထားခဲ့ဘူး။ သူက စက်ဆုပ် ရွံရှာဖွယ် လူယုတ်မာတစ်ယောက်လို့ ငါ ထင်ထားခဲ့တာ။ သူရဲ့လုပ်ဆောင်ချက်တွေက သူ့ကို အမြင်အသစ်တမျိုးနဲ့ကြည့်ရူလာအောင် ငါ့ကို တကယ်ပဲ လုပ်ဆောင်နိုင်တယ်လို့ ပြောရတော့မှာပဲ”။
…
ဤစကားများသည် လင်းဖန်း၏နားထဲသို့ ဝင်ရောက်လာသောအခါ, လင်းဖန်းသည် အမှန်တကယ်ပင် ဒေါသပေါက်ကွဲသွားလေသည်။
အချစ်စစ်လား?
လူတွေအထင်ကြီးအောင် ပေါက်ကရလျှောက်ပြောနေတဲ့ အဲဒီစစ်အချစ်ဆိုတာကြီးက ဘာလဲ?။ ငါ့ ခုခံကာကွယ်ဖို့ နတ်ဘုရားတန်ခိုး လုံးဝမရှိတော့တာလေ။
သို့သော်၊ သူသည် ဤစကားများကို အခြားသူများကို မပြောနိုင်ပါ။ သူ့ကိုယ်သူသာ ဝမ်းနည်း ဖြေသိမ့်နိုင်ပါသည်။
ကျိုးဟုန်ရွှဲ့လည်း အံ့သြသွားသည်။ လင်းဖန်းသည် အမှန်တကယ် ရှောင်တိမ်းခြင်းမရှိဟု သူမလည်း မမျှော်လင့်ခဲ့ပေ။
"ဟမ့်၊ လင်းဖန်း၊ နင် ဒီလိုလုပ်ရုံနဲ့ ငါ့ဆီက စာနာသနားမူကို ရယူနိုင်ပြီလို့ မထင်နဲ့။ နင်ရဲ့ အရင်က လုပ်ရပ်တွေက နင့်ရဲ့သဘောသဘာဝကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေခဲ့တယ်။ ဒီနေ့, ငါ နင့်ကို သုံးစားမရအောင် လုပ်ပစ်ဦးမယ်။" ကျိုးဟုန်ရွှဲ့က အေးစက်စွာ အော်ဟစ်လိုက်သည်။
သဘာဝအတိုင်း လင်းဖန်းသည် ဓားဖြင့်ထိုးခံရန် အမှန်တကယ် ဆန္ဒရှိကြောင်း သူမအနေဖြင့် ယုံကြည်မည် မဟုတ်ပေ။ ဤအရာသည် လင်းဖန်း ဖန်တီးနေသည့် ထောင်ချောက်တစ်ခုဖြစ်မည်ဟု သူမ ယုံကြည်ထားသည်။ ထို့ကြောင့် ၎င်းအခင်းအကျင်း သည် သူမရင်ကို လုံးဝ ထိမှန်မည် မဟုတ်ပေ။
ဘန်း…။
ကျိုးဟုန်ရွှဲ့သည် သူမ၏ဓားကိုဆွဲထုတ်ကာ၊ ဓားကိုဝှေ့ယမ်းပြီး လင်းဖန်းဆီကို တည့်တည့် မတ်မတ် ခုတ်ပိုင်းလိုက်သည်။ ၎င်းတွင် အလွန်မင်း အားကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများ ပါဝင်နေသည်။
အကယ်၍ ဤဓားချက်သာ ခုတ်ပိုင်းမိလိုက်လျှင်, လင်းဖန်း၏ နတ်ဘုရားခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားလိမ့်မည်။ ယင်းက သူသည် နတ်ဘုရားနယ်ပယ်ကနေ ပြုတ်ကျပြီဟု ဆိုလိုပါသည်။
"မဟုတ်ဘူး...ရပ်လိုက်.." လင်းဖန်းသည် ထိတ်လန့်တကြား ကမန်းကတန်း အော်လိုက် သည်။
သို့သော် သူစကားမဆုံးမီတွင် ဓားအလင်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွား သည်။
'"အား…" လင်းဖန်းသည် ကောင်းကင်ကြီး လှုပ်ခါသွားသည်အထိ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံး ပျက်စီးသွားပြီး၊ သူ၏ကျင့်ကြံမူအခြေခံသည် ကြယ်နတ်ဘုရားအဆင့်မှ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ကျဆင်းသွားခဲ့သည်။
ယင်းက ကျိုးဟုန်ရွှဲ့သည် ကရုဏာရှိသောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ, အစောပိုင်း က ကျိုးဟုန်ရွှဲ့သာ သူမခွန်အား အားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင်, လင်းဖန်းသည် အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။
ဘန်း…။ လင်းဖန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ရွှံ့အိုင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။
ကျိုးဟုန်ရွှဲ့၏ ဓားဖြင့်ထိုးခြင်းသည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရုံသာမက သူကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။
"ကျိုးဟုန်ရွှဲ့၊ ခွေးမ၊ ငါ့ရဲ့ ဆောင်းအကာကွယ်မြို့တော်က မင်းကို လုံးဝ ခွင့်မလွှတ်ဘူး။" လင်းဖန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူ၏ရင်ခွင်မှ နတ်ဘုရား အဆောင်တစ်ခုကို ထုတ်ကာ ကြေမွလိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးဟုန်ရွှဲ့သည် သူ့နောက်ကို လိုက်မသွားသလို သူမလိုက်လည်း မမှီနိုင်ပါဘူး။ လင်းဖန်း အသုံးပြုသည့်အရာမှာ ဆောင်းအကာကွယ်မြို့တော်၏ ထိပ်တန်းရတနာတစ်ခု ဖြစ်သည်။ သို့သော်, တစ်ကြိမ်သုံးပြီးလျှင် ဒုတိယအကြိမ် အသုံးပြုရန် ခက်ခဲလိမ့်မည်။
သို့သော်လည်း ကျိုးဟုန်ရွှဲ့သည် လင်းဖန်း အဘယ်ကြောင့် ရုတ်တရက် ရပ်ပြီး သူမကို သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးခွင့်ပြုသည်ကို ဘယ်တော့မှ တွေးတောနိုင်မည် မဟုတ်တော့ ပေ။ လင်းဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးများ ရုတ်တရက် ပျောက်ကွယ် သွားလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းလည်း စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေကြသည်။ လင်းဖန်း၏ လုပ်ဆောင်ချက်တွေက သူတို့ထင်ထားသလို မဟုတ်ခဲ့ပေ။ သူသည် ကျိုးဟုန်ရွှဲ့ သူ့ကို အထင်ကြီးလာအောင် အမှန်တကယ် ကြိုးစားနေပုံမပေါ်ပေ။ ယင်းကို သူတို့လည်း မျှော်လင့်မထားပါဘူး။
သို့သော် လူအုပ်ကြီးထံမှ အချက်ပေးသံများ ထွက်ပေါ်လာသောကြောင့် သူတို့သည် အတွေးများကို အလွန်လျင်မြန်စွာ ရပ်တန့်လိုက်ကြသည်။
"ကြည့်စမ်း၊ လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ စမ်းသပ်မူ နတ်ဘုရားကမ္ဗည်း ကျောက်ဖြာမှာ စာလုံးတွေ ရှိနေပြီ"။
ထိုအော်သံက ပေါက်ကွဲသံကဲ့သို့ပင်။ အားလုံးလည်း ကျောက်ပြားကြီး ဦးတည်ရာဆီကို အသီးသီး လှည့်လာကြပါသည်။