← Chapters

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း (၁၁၇၅) ပုံမှန်မဟုတ်သော စမ်းသပ်မူ။

“ဝှီး..”။

လူတိုင်းသည် သူတို့၏နောက်ကွယ်ရှိ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကြီးမားလှသော ကျောက်ပြားကို ကြည့်ရန် ခေါင်းများကို လှည့်လာကြသည်။ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကျောက်ပြားကြီးပေါ်တွင် အနက်ရောင် စာလုံးကြီးများ အတန်းလိုက် ပေါ်နေသည်ကို တွေ့လိုက်သောအခါတွင် သူတို့၏ နှလုံးများ တဒိန်းဒိန်းခုန်လာသလို ခံစားလိုက်ရသည်။ တစ်​​နေရာလုံး ​လုံးဝ​ တိတ်​ဆိတ်​သွားပါသည်​။

"ဒီစာလုံးကြီးတွေ ဘယ်အချိန်ကတည်းက ပေါ်နေတာလဲ?၊ တစ်ယောက်ယောက် သိလား?" အချိန်အတော်ကြာပြီးနောက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က နှိုးဆော်သံဖြင့် အော်ဟစ်လိုက်သည်။

သူ၏အော်သံက လူအုပ်ကြီးတစ်ခုလုံးကို မိုးခြိမ်းသံကဲ့သို့ ချက်ချင်းဆိုသလို ပေါက်ကွဲသွား စေပြီး လူတိုင်း အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။

" အက်စ်ခက်ကာ ၊ အက်စ်ခက်ကာ ဘယ်မှာလဲ?။ သူ ဒီနေရာကို အရင်ကတည်းက ရောက်လာရမယ်။ ဘယ်သူ သူ့ကို မြင်မိလဲ?”။

"မှန်တယ်။ ဒီအံ့ဖွယ်လူသားက အတိအကျ ဘယ်သူလဲ၊ မြန်မြန်ထွက်ခဲ့ပါ"

"အက်စ်ခက်ကာ ငါ့ရဲ့အက်စ်ခက်ကာ၊ မင်း ဘယ်မှာလဲ?။ ထွက်လာခဲ့ပါ။

"အက်စ်ခက်ကာ၊ မြန်မြန်ထွက်လာခဲ့ပါ။ မင်းထွက်လာတာနဲ့ ငါ့ခန္ဓာကိုယ်ကို မင်းကို ပေးဖို့ ဆန္ဒရှိတယ်"

…

ထိုအချိန်မှာ လူတိုင်း ရူးသွပ်သွားကြသည်။ သူတို့အားလုံး ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်ရှုပြီး အံ့ဖွယ်လူသား၏ရုပ်ရည်အသွင်ပြင်ကို စတင် ရှာဖွေခဲ့ကြတော့သည်။ အမျိုးသမီး ကျင့်ကြံသူများသည်လည်း ဤအခိုက်အတန့်တွင် ရူးသွပ်နေပုံရသည်။ သူမတို့သည် အံဖွယ်လူသားနှင့် ကလေးမွေးချင်သည်ဟုပင် ပြောဆိုပြီး၊ အော်ဟစ်နေကြ ပါသည်။

"အက်စ်ခက်ကာက ဘယ်မှာလဲ?။ သူက ဘယ်မှာလဲ?။ ထိုအချိန်တွင်၊ ဟွန်ချန်၏ မျက်နှာ သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး၊ သူ၏စိတ်လှုပ်ရှားမူထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်များလည်း ရှိနေခဲ့သည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးဖြင့် သူ၏ပတ်ဝန်းကျင်ရှိ ရူးသွပ်နေသော လူအုပ်ကို ကြည့်လိုက်ပါသည်။

သို့သော် အနီးနားရှိ ဝိညာဉ်နတ်ဘုရားမသည် သူမမျက်နှာပေါ်တွင် လှပသော အပြုံးကို ပန်ဆင်ပြီး လှပပြီး စွဲမက်ဖွယ်ကောင်းနေပါသည်။

"အံ့ဖွယ်လူသား၊ ဒါက တကယ်ရော ထိုက်တန်ပါသလား?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် စိတ်ပျက်စွာ ပြောလိုက်သည်။

သူ၏အမြင်အရဆို, နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လျှင်ပင်, ဤမျှ ထိတ်လန့်တုန်လှုပ်နေစရာ မလိုဘူး မဟုတ်လား?။

အမှန်တကယ်ဆို, သူမသိခဲ့သည်မှာ နတ်ဘုရားနန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်စေခြင်းသည် ၎င်းတို့အား အလွန်တုန်လှုပ်စေရုံသာဖြစ်ပြီး, ၎င်းတို့ ယခုလို ရူးသွပ်သွားရသည့် အကြောင်းရင်းမှာ ချင်ယွင်သည် ရောက်ရှိသင့်သည့် အချိန်ထက် ရက်ပေါင်း ၂၀ နောက်ကျနေသောကြောင့် ဖြစ်ပါသည်။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် မြင့်မြတ်ဆုံးတည်ရှိမူကို ကိုယ်စားပြု ကြောင်း သိထားရမည်။ အကယ်၍များ, လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်၏ မစ်ရှင်အတွက် အရည်အချင်းပြည့်မှီသည့် မည်သူမဆို, ၎င်းတို့သည် ပထမဆုံး ဖြစ်နိုင်ချေ ရှိသော အခိုက်အတန့်မှာပင် ကျိန်းသေပေါက် ရောက်ရှိလာလိမ့်မည်။ ချင်ယွင်လို လူတစ်ယောက်ကသာ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်း ကျောက်ပြားကြီးကို ဤနေရာမှာ ရက်နှစ်ဆယ်ကြာ စောင့်ခိုင်းထားခဲ့သည်။ သူသည် နတ်ဘုရားကမ္ဘာသမိုင်းတွင် တစ်ဦးတည်းသောပုဂ္ဂိုလ်တောင် ဖြစ်ကောင်းဖြစ်နိုင်သည်။

တကယ်တော့ ချင်ယွင်သည် အကြောင်းတစ်ခုခုကြောင့် နောက်ကျနေမှန်း လူတိုင်း မသိခဲ့ကြပါဘူး။ သူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ပတ်ဝန်းကျင်မှ လူအများ၏အမြင်မှာတော့ သူသည် ထိုကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်နေပါ သည်။

ခပ်ဝေးဝေးတွင်၊ ကျိုးဟုန်ရွှဲ့သည်လည်း နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ပြားကို အံ့အားသင့်စွာ ကြည့်နေ၏။ သူမသည် ရက်နှစ်ဆယ်ကြာ စောင့်နေခဲ့သော်လည်း အက်စ်ခက်ကာဟုခေါ်သည့်လူ မည်သူမျှ ပေါ်မလာခဲ့ပေ။ သို့သော်၊ သူမ လင်းဖန်းကို တိုက်ခိုက်နေချိန်မှာ ထိုအက်စ်ခက်ကာက ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူမသည် အံ့သြဖွယ်လူသားက မည်သူမည်ဝါ ဖြစ်သည်ကို အလွန်သိချင်နေပါသည်။

သို့သော် သူမ လှည့်ပတ်ကြည့်သောအခါတွင် အံ့ဖွယ်လူသားဟု ထင်ရလောက်သည့် တည်ရှိမှုမျိုးကို သူမတွေ့ရှိခဲ့ပေ။ သို့သော်လည်း သူမ၏အကြည့်များသည် ချင်ယွင်အပေါ် လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။

သေချာသည်မှာ, သူမသည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ကြောင့် မဟုတ်ပါ။ လက်ရှိအချိန်တွင်, ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏လက်ကို ကိုင်ထားပြီး ဝိညာဉ်နတ်ဘုရားကလည်း ပြုံးနေသည်ကို သူမ မြင်လိုက်သောကြောင့် ဖြစ်ပါသည်။

"အဒေါ်၊ အဒေါ်က ယောက်ျားတစ်ယောက်နဲ့ တကယ်ရှိနေတာပဲ။ အဲဒီလူက ဒီလူလား?" ကျိုးဟုန်ရွှဲ့သည် အံ့အားတသင့် ရေရွတ်ရင်း သူမ၏ မျက်ခုံးများက တွန့်သွားခဲ့သည်။

ကျိုးဟုန်ရွှဲ့သည် သူမအဒေါ်ကို သူမနှလုံးသားအောက်ခြေမှပင် လေးစားခဲ့သည်။ သူမ သည် သူမအဒေါ်၏ ပုံပြင်များကို နားထောင်ရင်း နှလုံးသားထဲတွင် ဝိညာဉ် နတ်ဘုရားမကို ကိုးကွယ်ခဲ့သည်။ ထို့အပြင် ငယ်ငယ်ကတည်းက သူမအဒေါ်လို လူတစ်‌ယောက် ဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသည်။

နောက်ပိုင်းတွင်၊ ဝိညာဉ်နတ်ဘုရားမသည် ပြန်လာခဲ့သည်။ သူမ၏ ကျင့်ကြံမှုသည် နောက်ပြန်ဆုတ်သွားသော်လည်း၊ သူမသည် ဝိညာဉ်နတ်ဘုရားမအား သူမ၏စံပြပုဂ္ဂိုလ် အဖြစ် မှတ်ယူနေဆဲ ဖြစ်သည်။

ယခုမူ, ဝိညာဉ်နတ်ဘုရားမသည် ယောင်္ကျားတစ်ဦးနှင့်အတူ အမှန်တကယ် ရှိနေခဲ့သည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် သူမ၏နှလုံးသားထဲတွင် မကျေနပ်မှု ပြင်းထန်စွာ ခံစားခဲ့ရသည်။ အထူးသဖြင့် ချင်ယွင်၏ ကျင့်ကြံမှုကို သူမမြင်သော အခါတွင် သူမနှလုံးသား ထိုးဖောက်ခံရသလို ခံစားလိုက်ရသည်။

သူမအမြင်အရဆို, သူမအဒေါ်နှင့် ထိုက်တန်ယောက်ျား ဤကမ္ဘာပေါ်မှာ မရှိသလောက် ပင်။ နတ်ဘုရားခန္ဓာကိုယ်ကိုတောင် မသန့်စင်ရသေးသည့် နတ်ဘုရားတစ်ပိုင်းဆိုလျှင် စကားထဲပင် ထည့်ပြောစရာမလိုပါချေ။

ထိုအခိုက်တန့်တွင် ချင်ယွင်သည် ကျိုးဟုန်ရွှဲ့၏ အေးစက်သော အကြည့်များကို ဂရုမစိုက်မိပေ။ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ဖြာထံမှ အကြောင်းအရာများက သူ၏အကြည့်ကို လုံးဝ စွဲဆောင်သွားခဲ့သည်။

"စိတ်မလှုပ်ရှားကြနဲ့၊ လေဟာနယ်နဲ့ အချိန်နတ်ဘုရားနန်းတော်ရဲ့ ကျောက်ပြားပေါ်က စာလုံးတွေကို ကြည့်ကြစမ်းပါဦး" လူအုပ်ကြီးထံမှ အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့ သည်။ ထင်ရှားသည်မှာ၊ တစ်စုံတစ်ယောက်သည် လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်၏ ကျောက်ပြားကြီးပေါ်မှ စာလုံးများပါ အကြောင်းအရာများကို သတိပြုမိခဲ့ပြီ။

ဤအော်သံကြောင့် လူတိုင်းသည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကျောက်ပြားကြီးကို ချက်ချင်း ကြည့်ကြပြန်သည်။ ကျောက်ပြားပေါ်ရှိ စာလုံးများကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် အေးစက်စက်လေကို ရှုရှိုက်မိကြသည်။

အစောပိုင်းက သူတို့သည် စာလုံးများ ပေါ်ထွက်ခြင်း ရှိ၊ မရှိကိုသာ အာရုံစိုက်ခဲ့ကြပြီး၊ စာလုံးများ၏ အကြောင်းအရာကို ကြည့်ရူရန် မေ့သွားကြသည်။ ယခုအခါ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ ကမ္ဗည်းကျောက်ဖြာပေါ်မှ အကြောင်းအရာများကို ကြည့်ရှု လိုက်သောအခါ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ အကြောင်းအရာများက ၎င်းတို့ကို ပို၍ပင် ထိတ်လန့်သွားစေကြောင်း တွေ့ရှိခဲ့ရသည်။

"ဆယ်နှစ်အတွင်းမှာ မြို့တော်သခင်တစ်ယောက်ကို သတ်ဖြတ်ပါ"

လူတိုင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် ကျောက်ပြားကြီးပေါ်မှ အကြောင်းအရာများကို တိတ်တဆိတ် ရေရွတ်နေကြသော်လည်း သူတို့၏ စိတ်နှလုံးထဲမှာ မုန်တိုင်းများဖြင့် ပြည့်နှက်နေပုံရသည်။

မြို့တော်သခင်တစ်ယောက်လား…။?

၎င်းသည် အနိမ့်ဆုံး အစောပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရားနယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ မြို့တော်ဆယ့်ခြောက်မြို့ထဲမှာတောင် အားအနည်းဆုံးက အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာ ရှိနေခဲ့ပြီး၊ အစွမ်းထက်ဆုံးက မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေကြပါပြီ။

အမှန်တော့၊ မြို့တော်သခင်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမူ ဖြစ်သည်။ အကြောင်းရင်းမှာ ၎င်းတို့၏ ခွန်အားကြောင့်သာမက ၎င်းတို့၏ အဆင့်အတန်း ကြောင့်လည်း ဖြစ်သည်။

မည်သည့်မြို့တော်သခင် ဖြစ်ပါစေ၊ ၎င်းတို့သည် သူတို့၏ကိုယ်ပိုင် နတ်ဘုရားနန်းတော်၌ အတော်အတန် အစွမ်းထက်သော အနေအထားတွင် ရှိနေကြပါသည်။ မြို့တော်သခင် တစ်ဦးကို သတ်ဖြတ်ခြင်းသည် နတ်ဘုရားနန်းတော်တစ်ခုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ခြင်း ဖြစ်ပါသည်။ ထိုအချိန်တုန်းက, ဝိညာဉ်နတ်ဘုရားမသည် ကောင်းကင်ဘုံထွဋ် မြို့တော်၏ မြို့တော်သခင်ကို သတ်ဖြတ်ခဲ့သောကြောင့် နတ်ဘုရားနန်းတော်မှ လိုက်လံ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အခြားနတ်ဘုရားနန်းတော်တွေကို မဆိုထားနှင့်။ နတ်ဘုရားနန်းတော် အတူတူဆိုလျှင်ပင် ဤပုံစံတိုင်းဖြစ်ပါသည်။

ထို့အပြင်၊ မြို့တော်သခင်များသည် အများအားဖြင့် နတ်ဘုရားမြို့တော်များ၌ ရှိနေကြ သည်။ နတ်ဘုရားမြို့တော်များသည် အလွန်အစွမ်းထက်သော ရှေးဟောင်း အစီအရင် ဝင်္ကပါများကို ပိုင်ဆိုင်ထားသည်။ မြို့တော်သခင်များကို သတ်ဖြတ်ခြင်းသည် ကောင်းကင်ဘုံသို့ တက်ခြင်းထက် ပို၍ခက်ခဲပါသည်။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် ထိုကဲ့သို့သော မစ်ရှင်မျိုးကို အမှန်တကယ် ထုတ်ပေးလိမ့်မည်ဟု သူတို့ မည်သည့်အခါမှ မတွေးခဲ့ကြပါဘူး။ ယင်းအစား, ၎င်းမစ်ရှင်ကို ပွင့်ပွင့်လင်းလင်း ချပြခဲ့သည်။ လေဟာနယ်နှင့် အချိန် နတ်ဘုရားနန်းတော်သည် အမှန်တကယ်ပင် ကြောက်ရွှံ့ခြင်းကင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိခြင်းကို စိတ်ကူးကြည့်နိုင်ပါသည်။

ထိုအချိန်တွင် ချင်ယွင်သည် အလွန်မင်း ခြောက်ခြားသွားရသည်။ သူ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ ဆယ်နှစ်အတွင်း နတ်ဘုရားမြို့တော် သခင်တစ်ဦးကို သတ်ဖြတ်ခြင်း။ ယင်းက လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော် သည် ဟာသလုပ်နေခြင်း မဟုတ်ပေဘူးလား?။

ဝိညာဉ်နတ်ဘုရားမသည်လည်း အလွန်အံ့သြသွားပါသည်။ သူမသည် တစ်ချိန်က မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ဖူးသည်။ မြို့တော်သခင် တစ်ဦးကို သတ်ဖြတ်ရန် မည်မျှခက်ခဲသည်ကို သူမ သိပါသည်။ ထိုအချိန်တုန်းက သူမသည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင်ဟောင်းကို မသတ်နိုင်ခင် နှစ်ထောင်ပေါင်းများစွာ မလှုပ်မရှားစောင်းစားခဲ့ရသည်။

ယခုအခါ၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် ချင်ယွင်ကို ဆယ်နှစ်အတွင်း မြို့တော်သခင်တစ်ဦးကို သတ်ပစ်ရန် အမှန်တကယ် ခွင့်ပြုခဲ့သည်။ ဤအရာက အမှန်တကယ် စိတ်ကူးယဉ်မှုတစ်ခု ဖြစ်သည်။ ထို့အပြင်, ချင်ယွင်၏ လက်ရှိအင်အားက ဟိုအရင်တုန်းက သူမထက် အများကြီး နိမ့်ကျနေသည်။ သူမသည်ပင် အနှစ်သုံးသောင်း ကုန်ဆုံးခဲ့သည်။ ချင်ယွင်၏ ပါရမီအရည်အချင်းက ကောင်းကင်ဘုံကို အံတုနေလျှင်ပင်, သူ့မှာ ယခုလို ကြီးကျယ်ခမ်းနားသည့် အရည်အချင်းမျိုး ရှိနေဖို့က မဖြစ်နိုင်ဘူး မဟုတ်ပါလား?။

"ဒီမစ်ရှင်ကို ဘယ်သူက ပြီးအောင်လုပ်နိုင်မှာလဲ?။ လေဟာနယ်နဲ့ အချိန် နတ်ဘုရား နန်းတော်က ဟာသလုပ်နေတာ ဖြစ်ရမယ်။ ဖြစ်နိုင်တာက အဲဒီအက်စ်ခက်ကာက မြေကမ္ဘာ နတ်ဘုရားအဆင့်များ ဖြစ်နေမလား?" တစ်စုံတစ်ယောက်က ကာကွယ်ပြောဆို သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မြေကမ္ဘာမြေနတ်ဘုရားတွေက ဘယ်လိုနည်းနဲ့မှ နတ်ဘုရားနန်းတော်ထဲကို မ၀င်နိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ဒီအက်စ်ခက်ကာ ဟာ သေချာပေါက် မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူ မဖြစ်နိုင်ပါဘူး။" တစ်ယောက်ယောက်က ချက်ချင်း ငြင်းဆိုသည်။

ရုတ်တရတ် ဆိုသလိုပဲ အားလုံး ဆွေးနွေးပွဲကြီး စတင်ပါတော့သည်။ သူတို့အားလုံးသည် ချင်ယွင်အတွက် စိတ်မကောင်းဖြစ်နေကြသည်မှာ ထင်ရှားပါသည်။ အကယ်၍, ချင်ယွင် သည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်မှာ ရှိနေရင်တောင် ဆယ်နှစ်အတွင်းမှာ မြို့တော်သခင်တစ်ဦးကို သတ်ပစ်ဖို့က လုံးဝ မဖြစ်နိုင်ဘူးဆိုသည်မှာ ထင်ရှားပါသည်။ ထို့အပြင်၊ ထိုအက်စ်ခက်ကာသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေရန် အခွင့်အလမ်းက အလွန်နည်းပါးသည်ဟု သူတို့ ယူဆထားကြသည်။ ထို့ကြောင့် လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော်၏ မစ်ရှင်သည် သူတို့ လေးစားကိုးကွယ်ကြသည့် အက်စ်ခက်က်များပင် မအောင်မြင်နိုင်ဟု သူတို့ ယုံကြည်ကြပါ သည်။

All Chapters