← Chapters

အခန်း ၁၁၇၆

Vol. 79 Ch. 1176

အခန်း ၁၁၇၆

Vol. 79 Ch. 1176

အခန်း (၁၁၇၆) ကျိုးဟုန်ရွှဲ့၏ရန်လိုမူ။

ကျောက်ပြားကြီး၏ အကြောင်းအရာများကို လူတိုင်း တွေ့မြင်ပြီးနောက်၊ အက်စ်ခက်ကာ ကို ရှာဖွေခြင်းအတွက် ၎င်းတို့၏စိတ်အားထက်သန်မှုမှာ အလွန်အားနည်းသွားခဲ့သည်။

လူပေါင်းများစွာသည် လူစုခွဲသွားကြသည်။ လေဟာနယ်နှင့် အချိန်နတ်ဘုရား နန်းတော် ကမ္ဗည်းကျောက်ဖြာပေါ်ရှိ အကြောင်းအရာများသည် ပြီးမြောက်ရန် မဖြစ်နိုင်သောကြောင့် သူတို့အနေဖြင့် အက်စ်ခက်ကာကို ရှာဖွေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။

အချိန်တိုအတွင်း လူစုလူဝေး ထက်ဝက်ကျော်သည် လူစုကွဲသွားကြပါပြီ။

ချင်ယွင်သည်လည်း ဝိညာဉ်နတ်ဘုရားမနှင့်အတူ ထွက်ခွာရန် ရည်ရွယ်ထားသော်လည်း ထိုအချိန်တွင် ကျိုးဟုန်ရွှဲ့သည် သူတို့ဆီသို့ လျှောက်လာနေပြီး၊ အကြီးအကဲလင်းနှင့် ဆံပင်ဖြူ အဘွားကြီးတို့က သူမနောက်မှ လိုက်ပါလာသည်ကို သူ တွေ့ရှိလိုက်ရသည်။

ချင်ယွင်သည် မူလက ကျိုးဟုန်ရွှဲ့ကို နှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ယခုမူ ကျိုးဟုန်ရွှဲ့က လမ်းလျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သူမကို နှုတ်မဆက်ရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။

သို့သော်လည်း ချင်ယွင်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေသည့်အရာက ကျိုးဟုန်ရွှဲ့သည် သူ့ကို ရန်လိုသည့် အရိပ်အမြွက်ဖြင့် ကြည့်နေခြင်းပင် ဖြစ်သည်။

"အဒေါ်, နောက်ဆုံးတော့ အဒေါ်ကို တွေ့ရပြီ" ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရားမ၏ နံဘေးသို့ လျှောက်သွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ဟုန်ရွှဲ့" ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်ပြီး တုံ့ပြန်သည်။ ဝိညာဉ်နတ်ဘုရားမသည် ကျိုးဟုန်ရွှဲ့ကို သူမ၏နှလုံးသားအောက်ခြေမှပင် သဘောကျသည်။ အဆုံးတွင်, သူမသည် ကိုယ့်အရိပ်ကိုယ် ပြန်မြင်နေရသလိုပင်။

"အဒေါ်၊ အဒေါ်ရဲ့ကျင့်ကြံမူက အဆင့်ချိုးဖြတ်သွားပြီလား?။" ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရားမကို ရုတ်တရက် ကြည့်လိုက်ပြီး အံ့သြစွာ မေးလိုက်သည်။ သူမ သိသိသာသာ အံ့သြသွားသည်။

'"ဟုတ်တယ်၊ ငါ့ရဲ့ကျင့်ကြံမှု နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ်အထိ ပြန်ကောင်းလာခဲ့ပြီ။ အဲဒီနှစ်တုန်းက အထွတ်အထိပ်ကို ပြန်ရောက်ရှိဖို့ အချိန် နည်းနည်းတော့ ယူရဦးမယ်။ ဒါပေမယ့်၊ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို ငါ ရှာတွေ့ပြီးပြီ။ ဒီဆယ်နှစ်အတွင်း မြေကမ္ဘာနယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားမှာကိုတောင် ငါ စိုးရိမ်မိသေး" ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ် ပြီး ပြောသည်။

ထိုစကားကို ပြောပြီးနောက် သူမသည် တစ်စုံတစ်ခုကို ဖော်ပြနေဟန်ဖြင့် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။

ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမ၏ ပြောလိုသည့်အရာကို သဘာဝအတိုင်း သိပါသည်။ သူမသည် ချင်ယွင်ကို စိတ်တည်တည် ငြိမ်ငြိမ်ထားရန် ပြောလိုခြင်းဖြစ်ပြီး၊ လေဟာနယ် နှင့် အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ရာမှာ သူ့အား ကူညီပေးနိုင်ရန် သူမ၏ခွန်အား အပြည့်အဝ ပြန်လည်ကောင်းမွန်သည်အထိ သူမအား စောင့်ခိုင်းနေသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ငြင်းဆိုလိုက်သည်။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်က ဤမစ်ရှင်ကို ပြီးမြောက်သူဖြစ်ကြောင်း မသိသောကြောင့် ဝိညာဉ်နတ်ဘုရားမနှင့် ချင်ယွင်တို့အကြား ဆက်သွယ်မှုသည် နားမလည်နိုင်ပေ။

"ဒါဆို ဂုဏ်ယူပါတယ် အဒေါ်။ ဒါနဲ့ အဒေါ်၊ သူက ဘယ်သူလဲ?" ကျိုးဟုန်ရွှဲ့သည် ချင်ယွင်ဘက်ကို လှည့်ကြည့်ကာ, သူမ၏ မျက်လုံးထဲတွင် ထူးမခြားနားသည့် အရိပ်မြွက် ဖြင့် မေးလိုက်ပါသည်။

"ငါ့နာမည်က ချင်ယွင်ပါ၊ ဝိညာဉ်နတ်ဘုရားမရဲ့…..."

"သူက ငါ့ခင်ပွန်းပါ”။

ချင်ယွင်သည် သူ၏စကား တစ်ဝက်တစ်ပျက် ဖြစ်နေချိန်တွင် သူ၏အနားရှိ ဝိညာဉ် နတ်ဘုရားမက အဖြေပေးလိုက်ပါသည်။

ချင်ယွင်၏နှလုံးသားသည် ချက်ချင်းပင် နွေးထွေးမှုနှင့်အတူ ခုန်တက်သွားသည်။ ဝိညာဉ် နတ်ဘုရားမသည် ကျိုးဟုန်ရွှဲ့ရှေ့မှာပင် သူမသဘောထားကို ပြသနေမှန်း သူ သိပါသည်။

ကျိုးဟုန်ရွှဲ့၏ ရန်လိုမုန်းတီးမှုကို မြင်သောသူမှာ ချင်ယွင်တစ်ဦးတည်း မဟုတ်ပေ။ သဘာဝအတိုင်း၊ ဝိညာဉ်နတ်ဘုရားမသည်လည်း မြင်နိုင်သည်။ သို့သော် ကျိုးဟုန်ရွှဲ့သည် သူမ၏တူမ ဖြစ်သောကြောင့် တိုက်ရိုက် မပြောနိုင်ပေ။ သူမသည် ဤနည်းလမ်းဖြင့်သာ သူမ၏ သဘောထားကို ဖော်ပြနိုင်ပါသည်။

သေချာပါသည်၊ ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရားမ၏ စကားကို ကြားလိုက်ရသည့်အခါ, အနည်းငယ် မျက်မှောင်ကြုတ်သွားပါသည်။ သူမအဒေါ်၏ သဘောထားက ဤမျှလောက် တင်းမာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်အပေါ် ဝိညာဉ်နတ်ဘုရားမ၏ ပြင်းထန်သော သဘောထားသာ မရှိခဲ့ပါက, သူမသည် ချင်ယွင်ကို ပို၍ပင် ရန်လိုပြီး ပို၍ပင် မထီမဲ့မြင် ပြုလာလိမ့်မည်။

"ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမူက နတ်ဘုရားတစ်ပိုင်းလေးပဲလေ။ အဒေါ်က ဘာလို့ သူ့ကို ကြိုက်ရတာလဲ?။ ဖြစ်နိုင်တာက” ကျိုးဟုန်ရွှဲ့သည် ယခုတစ်ကြိမ်တွင် မည်သည့် တွန့်ဆုတ်မူမှမရှိဘဲ ပြောလိုက်ပါသည်။

ထိုစကားကြားတော့ ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး၊ သူ၏မျက်လုံးထဲ မှာ ဒေါသအရိပ်အယောင် ပေါ်လာပါသည်။

"တော်လောက်ပြီ" အနီးနားရှိ ဝိညာဉ်နတ်ဘုရားမက ဒေါသတကြီးဖြင့် အေးစက်စွာ အော်လိုက်ပြီး ကျိုးဟုန်ရွှဲ့၏ စကားကို ပြင်းပြင်းထန်ထန် နှောင့်ယှက်လိုက်သည်။ ချက်ချင်းပင် သူမခန္ဓာကိုယ်မှ အေးစက်စက် ရေခဲ အငွေ့အသက်များ ထွက်ပေါ်လာသည်။

ကျိုးဟုန်ရွှဲ့သည် ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ၊ ဒေါသထွက်နေသော ဝိညာဉ်နတ်ဘုရားမအား သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မူနှင့် အတူ ကြည့်လိုက်သည်။

“ဟုန်ရွှဲ့၊ သူက ငါ့ခင်ပွန်းဖြစ်ကြောင်း မင်းကို ငါ ပြောခဲ့ပြီးပြီ။ မင်း သူ့ကို ဦးလေးလို့ မခေါ်ချင်ဘူးဆိုရင်လည်း ဒါက အဆင်ပြေတယ်။ ဒါပေမယ့် မင်း သူ့ကို အရှက်မခွဲသင့်ဘူး။ နောက်ပြီး, စောစောက သူသာ မလုပ်ရှားခဲ့ဘူးဆိုရင်, မင်းအနေနဲ့ အခုအချိန်ဆို လင်းဖန်းရဲ့ နတ်ဘုရားလျှပ်စီးအောက်မှာ ရှုံးနိမ့်သွားလောက်ပြီ။" ကျိုးဟုန်ရွှဲ့ကို စိုက်ကြည့်နေရင်း ဝိညာဉ်နတ်ဘုရားမက အေးစက်စွာ ပြောလိုက်ပြီး သူမမျက်လုံးများက အေးစက်စက် ရေခဲအငွေ့အသက်ဖြင့် တောက်ပနေသည်။

ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်ရင်း ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။

"အဲဒါဆို သူပေါ့။ သူက ငါ့ကို ကူညီခဲ့တာလား?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ သူက နတ်ဘုရားတစ်ပိုင်းလေးပဲ မဟုတ်လား?။ ဒါပေမယ့် အဒေါ်က မလိမ်တတ်ပါဘူး" ကျိုးဟုန်ရွှဲ့သည် သူမကိုယ်သူမ တွေးတောရန် ရုန်းကန်နေခဲ့ရသော်လည်း၊ သူမ၏ စိတ်နှလုံးထဲတွင်မူ ချင်ယွင်က သူမကို ကယ်တင်ခဲ့သည်ကို မယုံချင်ပေ။

သို့သော် ယခင်က လင်းဖန်း၏ လုပ်ဆောင်ချက်များသည် အမှန်တကယ်ပင် ထူးဆန်းလှ သည်။ ယခု သူမ ပြန်စဉ်းစားမိသည်မှာ တစ်စုံတစ်ယောက်သည် သူမကို လျှို့ဝှက်စွာ ကူညီခဲ့ပေလိမ့်မည်။ မဟုတ်ပါက, သူမသည် လင်းဖန်း၏ နတ်ဘုရားခန္ဓာကိုယ်ကို အလွယ်တကူ ပျက်ဆီးသွားအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"နင် ငါ့ကို တကယ် ကူညီခဲ့တာလား?" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို အံ့သြစွာ မေးလိုက်သည်။

"ဟုတ်တယ်." ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။ သူသည်လည်း ကျိုးဟုန်ရွှဲ့ကို အနည်းငယ် မကျေမနပ် ဖြစ်မိသည်။ သို့ရာတွင်၊ ဝိညာဉ်နတ်ဘုရားမ၏ မျက်နှာကြောင့် သူသည် အမျက်မထွက်ခဲ့ပေ။ သို့သော်, သူသည် သေချာပေါက် ယဉ်ယဉ်ကျေးကျေး မပြောတော့ပါဘူး။

ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ အဖြေကို လက်ခံရရှိသောအခါ သူမ တုန်လှုပ်သွားခဲ့သည်။ သို့သော် နတ်တစ်ပိုင်းဘုရားက သူမကို ကူညီပေးနိုင်သည်ကို သူမ လက်မခံနိုင်သေးပါ။

"ချင်ယွင်၊ မင်းက နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်သွားပြီလား?" ထိုအခိုက်အတန့်တွင် ဤမြင်ကွင်းကို ကြည့်နေသော အကြီးအကဲလင်းက ရုတ်တရက် မေးလိုက်သည်။

ချင်ယွင်သည် အကြီးအကဲလင်းကို မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ သည်။ သူက ခေါင်းညိတ်ပြီး ပြောသည် "ဟုတ်တယ်၊ ကျွန်တော် မကြာသေးမီက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကို ပြီးမြောက်ခဲ့တယ်"

ချင်ယွင်သည် အကြီးအကဲလင်းကို သူ၏စိတ်နှလုံးအောက်ခြေမှ လေးစားသောကြောင့် ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

"တစ်ယောက်ယောက်က နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးသွားပြီလို့ ငါကြားလိုက်ကတည်းက ငါထင်ခဲ့တဲ့ ပထမဆုံးလူကလည်း မင်းပဲ။ ငါ့ရဲ့ ခန့်မှန်းချက်တွေ က မှန်နေပုံရတယ်။ ဟား…၊ ဟား…"။ အကြီးအကဲလင်း ချင်ယွင်၏ စကားများကို ကြားသောအခါတွင် သူ၏မျက်နှာတွင် အံ့ဩသည့် အရိပ်အယောင် ရှိမနေခဲ့ပေ။ သူ၏မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်နေသည့် အမူအရာသာ ရှိနေခဲ့သည်။ ချင်ယွင်အတွက်, သူပျော်နေသည်မှာ ထင်ရှားပါသည်။

သို့သော်လည်း ကျိုးဟုန်ရွှဲ့နှင့် ဘေးနားရှိ ဆံပင်ဖြူ အဘွားကြီးတို့သည် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာများကို ထုတ်ဖော်လာကြပါသည်။ ပြပွဲကို တိတ်တဆိတ် ကြည့်ရူရန် အဝေးမှာ ပုန်းနေသည့် ဟွန်ချန်လည်း အံ့သြသွားသည်။ ထို့နောက် သူသည် စိတ်အားတက်ကြွသည့် အမူအရာ ဖြစ်ပေါ်လာသည်။

'"ဒါဆို အက်စ်ခက်ကာဆိုတာက ဒီအက်စ်ခက်ကာဖြစ်နေတာပေါ့။ အိုး၊ အက်စ်ခက်ကာက ငါကို ပျံသန်းပြီး တကယ်ကို ခေါ်ဆောင်လာခဲ့တာပဲ။ ငါ့ကံက တကယ်ပဲ အရမ်းကို ကောင်းနေတာများလား?။ နတ်ဘုရားတစ်ပိုင်း ကျင့်ကြံမူအဆင့်နဲ့ ဒီလိုအလှပိုင်ရှင်တစ်ဦး ကို နာခံအောင်လုပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒါ့ပြင်၊ ဒီအလှပိုင်ရှင်က မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်ရဲ့ နံပါတ်တစ်အလှပိုင်ရှင် ကျိုးဟုန်ရွှဲ့ ရဲ့အဒေါ်ဖြစ်နေတယ်"။ ဟွန်ချန်သည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ဤအရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ဤအက်စ်ခက်ကာသည် မည်မျှ ထူးချွန်သည် ကို သူ ရှာတွေ့ခဲ့ပါပြီ။

ကျိုးဟုန်ရွှဲ့သည် ယခုအခိုက်အတန့်တွင် အလွန်မင်း တုန်လှုပ်သွားခဲ့သည်။ ရက်နှစ်ဆယ်ကြာ စောင့်မျှော်ခဲ့သော အက်စ်ခက်ကာသည် သူမအဒေါ်၏ခင်ပွန်း၊ သူမ၏ဦးလေး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

"သူက သာမန်နတ်ဘုရားတစ်ပိုင်းလို့ မင်း ထင်နေသေးလား?" ဝိညာဉ်နတ်ဘုရားမသည် ကျိုးဟုန်ရွှဲ့ကို ကြည့်ကာ ယဉ်ကျေးမူမရှိသောလေသံဖြင့် မေးလိုက်သည်။

ကျိုးဟုန်ရွှဲ့၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ ထိုမှသာ သူမသည် ကြီးလေးသော အမှားကြီးတစ်ခုကို ကျူးလွန်မိကြောင်း သိလိုက်ရသည်။

သူမအဒေါ်သည် မည်မျှ မောက်မာသနည်း?။ အကယ်၍, ချင်ယွင်သာ သာမန်နတ်ဘုရား တစ်ပိုင်း ဖြစ်ပါက၊ သူမအဒေါ်က သူ့ကို ဘယ်လိုလုပ် ချစ်မြတ်နိုးမှာလဲ?

"ငါ မင်းကို ဒီထက်ပိုတဲ့ သတင်းအပိုင်းအစတစ်ခု ထပ်ပြောပြဦးမယ်” မင်းရဲ့ဦးလေးက ဒီအဆင့်အထိ ရောက်ဖို့ ဘယ်နှစ်နှစ် ကျင့်ကြံခဲ့လဲ မင်း သိလား?။" ဝိညာဉ်နတ်ဘုရားမက မေးသည်။

"ဘယ်နှစ်နှစ်လဲ။ တစ်သောင်းလား…?" ကျိုးဟုန်ရွှဲ့က အစမ်းသဘောဖြင့် မေးမြန်းကြည့် သည်။

သို့သော်၊ ဝိညာဉ်နတ်ဘုရားမက ခေါင်းခါပြီး စကားလုံးအနည်းငယ်ကို ထုတ်ပြောလိုက် သည် "အနှစ်တစ်ရာအောက်ပေါ့”။

"ဘုန်း..”။

ကျိုးဟုန်ရွှဲ့ အပါအဝင် ရောက်ရှိနေကြသည့် လူတိုင်းသည် ကောင်းကင်ကိုးဘုံမှ အလင်းတန်းများ ပေါက်ကွဲသွားသလို ခံစားလိုက်ရပါသည်။ သူတို့က ချင်ယွင်ကို မွန်းစကားတစ်ကောင်ကို ကြည့်နေသည့်အလား ကြည့်နေကြပါသည်။

နှစ်တစ်ရာထက်မနည်း ကျင့်ကြံခြင်းဖြင့်၊ နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ ရောက်ရှိခဲ့ တာလား?။ ထို့အပြင်, သူ၏ရုပ်ခန္ဓာကိုယ်က နတ်ဘုရားဖြစ်သွားပြီလား?။ နတ်ဘုရား နန်းတော်ကြီးသုံးခု၏ မစ်ရှင်များကို ပြီးမြောက်ခဲ့ပြီလား?။

ကျိုးဟုန်ရွှဲ့သည် အေးစက်စက်လေကို ရှုရှိုက်ရင်း သူမစိတ်နှလုံးက ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပါသည်။

All Chapters