← Chapters

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း ၁၁၇၇

Vol. 79 Ch. 1177

အခန်း (၁၁၇၇) ထွက်လာခဲ့ပါ။

ဝိညာဉ်နတ်ဘုရားမ၏ နှုတ်ထွက်စကားများသည် ရှေးဟောင်း ဖရိုဖရဲပင်လယ်ကြီးကို လုံးဝ ပေါက်ကွဲစေနိုင်သည့် ပန်ဂု၏ ကောင်းကင်ဖွင့်ပုဆိန်ဟု ဆိုနိုင်သည်။

ဆံပင်ဖြူ အဘွားကြီး၊ အကြီးအကဲလင်း၊ ကျိုးဟုန်ရွှဲ့, ဟွန်ချန်ဘဲ ဖြစ်ဖြစ်၊ သူတို့အားလုံး သည် ဝိညာဉ်နတ်ဘုရားမ၏ နှုတ်ထွက်စကားကြောင့် လုံး၀ ထိတ်လန့်သွားကြပါသည်။

အထူးသဖြင့် ဟွန်ချန်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲမှ ချင်ယွင်အပေါ် လေးစားမှုသည် အဆုံးမဲ့ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ပင်။

သူသည် ဤသတင်းကြီးကို ဖြန့်ပစ်မည်ဟု သူစိတ်ထဲတွင် ဆုံးဖြတ်ထားပြီ။ သေချာပါ သည်။ သူသည် နောက်ပိုင်းမှာ သူသည် ထိုကဲ့သို့ပင် ပြုလုပ်ခဲ့ပါသည်။ သို့သော် ရလာဒ်က သူထင်ထားသည်နှင့် တခြားစီဖြစ်သည်။ သူ၏စကားကို ဘယ်သူမှ မယုံကြပါဘူး။

သေမျိုးအဖြစ်မှ နတ်ဘုရားတစ်ပိုင်းအထိ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံခြင်း။ ၎င်းသည် လူတိုင်း၏အသိဥာဏ်ကို အစိပ်စိပ်မွှာမွှာ ဖြိုခွဲခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သဘာဝအတိုင်း, သူသည် ကြွားဝါပြောနေသည်ဟု ယုံကြည်ကြပြီး၊ သူ၏စကားကို မည်သူမျှ မယုံကြည်ကြ ပါဘူး။

ကျိုးဟုန်ရွှဲ့နှင့် အခြားသူများသည် ဝိညာဉ်နတ်ဘုရားမ လိမ်ညာပြောသည်ဟု သံသယ မရှိခဲ့ကြပေ။ အမှန်တကယ်မှာလည်း, အကယ်၍, ချင်ယွင်သည် ကနဦးစကြဝဠာ၏ အချိန် မြင့်တင်ခြင်းကို ထည့်မရေတွက်ခဲ့ဘူးဆိုရင် သူ ကျင့်ကြံခဲ့သည်မှာ အနှစ်တစ်ရာအောက် သာ ရှိပါဦးမည်။

"ဦးလေး၊ စောစောက ဦးလေးကို စော်ကားခဲ့တဲ့အတွက် ကျွန်မကို ခွင့်လွှတ်ပါနော်။ ကျွန်မ အဒေါ်က အသုံးမကျတဲ့လူတစ်ယောက်နဲ့ ရှိနေမှာကို ကျွန်မက စိုးရိမ်လို့ပါ။" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို လေးလေးစားစား ပြောသည်။ သေချာသည်မှာ သူမသည် ချင်ယွင်ကို လုံးဝ ရှုံးနိမ့်သွားရသည်။

ကျိုးဟုန်ရွှဲ့၏ စကားကိုကြားလိုက်ရလျှင်, ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော် လိုက်မိပါသည်။

မူလက သူသည် ကျိုးဟုန်ရွှဲ့ကို အလွန် မကျေနပ်သေးသော်လည်း ယခု ကျိုးဟုန်ရွှဲ့၏ တောင်းပန်စကားကို ကြားလိုက်ရသောကြောင့် သူ မည်သို့မည်ပုံ ဒေါသထွက်ရမှန်း မသိတော့ပေ။ အထူးသဖြင့် ကျိုးဟုန်ရွှဲ့၏ ဦးလေးဟူသော စကားဖြစ်သည်။ သူသည် သူ၏စိတ်ထဲမှာ မည်သည့် နာကျည်းမှုမှ မရှိတော့ပါဘူး။

အဆုံးတွင်၊ အကြီးအကဲတစ်ယောက်အနေဖြင့်, သူသည် အကြီးအကဲတစ်ဦး၏ အမြင်မျိုး ဖြင့် တိုင်းတာရပါလိမ့်မည်။ ကျိုးဟုန်ရွှဲ့သည် အသက်မည်မျှ ရှိနေပြီကို သူ မသိသော် လည်း၊ သူသည် ဝိညာဉ်နတ်ဘုရားမနှင့်အတူ ရှိနေခဲ့သည်။ ထို့ကြောင့် ကျိုးဟုန်ရွှဲ့သည် သူ၏ ဂျူနီယာဖြစ်လာရပါသည်။

"ကောင်းပါပြီ။ ငါက မင်းဦးလေးဖြစ်ကြောင်း ဝန်ခံမှတော့ အားလုံး အဆင်ပြေသွားပါပြီ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

ချင်ယွင်၏စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် ချင်ယွင်အပေါ် အကောင်းမြင်စိတ်က တိုးလာခဲ့သည်။ အနည်းဆုံး၊ ချင်ယွင်သည် တကိုယ်ကောင်းဆန်ပြီး သဘောထား သေးသိမ်သည့်လူ မဟုတ်ပေ။

"ကောင်းပြီ၊ အဒေါ်, ဒီတခေါက် အဒေါ်ကိုရှာဖို့ ထွက်လာခဲ့တာ။ အဒေါ်က ကောင်းကင်ဘုံ ထွဋ်မြို့တော်က တင်းချန်နဲ့ တိုက်ခိုက်ခဲ့သေးလား။"။ ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရား ကို ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။

"မှန်တယ်။ ငါ ရှေးဟောင်းနယ်မြေတစ်ခုကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ ဒီတင်းချန်က ငါ့ကို အခွင့်ကောင်း ယူချင်နေတာ။ အရင်က ငါ သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။" ဝိညာဉ်နတ်ဘုရားမက ခေါင်းညိတ်သည်။

'"ဒါဆို တင်းချန် သေသွားပြီဆိုတာ အဒေါ်သိရဲ့လား?။ အဲဒီကိစ္စကို အဲဒီနေ့က အဒေါ်လုပ်ခဲ့တာလို့ တင်းထန်က သံသယဝင်နေတယ်။ တင်းထန်က အဒေါ်ရဲ့ နေရာကို စုံစမ်းဖို့ ဒီနေ့ သူ့လူတွေကို စေလွှတ်ပြီးပြီ။ သူတို့ အဒေါ်ကိုရှာတွေ့တာနဲ့ သေချာပေါက် ဒီကို ရောက်လာလိမ့်မယ်။" ကျိုးဟုန်ရွှဲ့က ကမန်းကတန်း ပြောလိုက်သည်။

ဝိညာဉ်နတ်ဘုရားမနှင့် ချင်ယွင်တို့သည် ကျိုးဟုန်ရွှဲ့၏စကားကို ကြားသောအခါ, အကြည့်ချင်း ဖလှယ်ပြီး ပြုံးလိုက်ကြသည်။

"ဘာဖြစ်လို့လဲ?" ကျိုးဟုန်ရွှဲ့က တအံ့တသြ အမူအရာဖြင့် မေးလိုက်ပါသည်။ ဝိညာဉ် နတ်ဘုရားမနှင့် ချင်ယွင်တို့ အဘယ်ကြောင့် ပြုံးရယ်ကြသည်ကို သူမ နားမလည်ပါ။

"တကယ်တော့ ဒီတင်းချန်ကို ငါ သတ်ခဲ့တာ။ ဒါကြောင့် သူတို့ရှာချင်ရင် ငါ့ဆီကို လာရှာပါစေ" ချင်ယွင်က ရှင်းပြသည်။

"ဉီးလေး သူ့ကို သတ်လိုက်တာလား?။" ကျိုးဟုန်ရွှဲ့သည် ချင်ယွင်၏ စကားကြောင့် တုန်လှုပ် သွားပြန်သည်။

ဒီနေ့တော့, သူမရှေ့မှဤလူသည် သူမကို အလွန် တုန်လှုပ်ခြောက်ခြားအောင် လုပ်နေခဲ့ သည်။ ဤလူက မည်သည့်လူစားမျိုးနည်း?။ ဤမျှလောက် မာနကြီးသည့် သူမအဒေါ်က အဘယ့်ကြောင့် ဤလူအပေါ် နာခံနေရသနည်း? ဤအကြောင်းကို သူမသည် အရမ်းကို သိချင်နေပါသည်။

"ဦးလေး၊ ဦးလေးကရော ကျွန်မတို့နဲ့အတူ ဘာလို့ လွင့်မျောနှင်းမြို့တော်ကို မလိုက်ခဲ့တာ လဲ?။ ကျွန်မတို့ လွင့်မျောနှင်းမြို့တော်ရောက်ရင် ကောင်းကင်ဘုံထွဋ်မြို့တော်က ဦးလေး ကို ဘာမှလုပ်ဝံ့မှာ မဟုတ်ဘူး။" ကျိုးဟုန်ရွှဲ့က ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ခင်ပွန်း၊ ငါနဲ့ အတူ လိုက်ခဲ့ပါလား?" ဝိညာဉ်နတ်ဘုရားမက ချင်ယွင်ကို ကြည့်ပြီး မေးသည်။

ချင်ယွင်က ခေါင်းခါလိုက်သည်။ သူက ဝိညာဉ်နတ်ဘုရားမကို ကြည့်ကာ တုန့်ပြန်ပြော သည် "မင်း သူတို့နှင့်အတူ ပြန်သွားလိုက်ပါ။ ပြောင်းလဲခြင်းကိုးသွယ် ကောင်းကင်ဝိညာဉ် လင်ဇီးကို သန့်စင်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။ မင်း ပြန်လိုက်သွားတာ အကောင်းဆုံးဖြစ်မယ်။ ဒါပေမယ့် ငါကတော့ မလိုက်တော့ပါဘူး။ ငါလည်း ငါ့ဆရာနဲ့အခြားလူတွေ သွားတဲ့ နေရာတွေကို ရှာချင်သေးတယ်။ ပြီးတော့ နေသာဧကရာဇ်ကိုလည်း ငါ သွားရှာရဦးမယ်။ အဲဒီတုန်းက ငါ သူ့ကိုလာရှာမယ်လို့ ကတိပေးထားတယ်”။

ဝိညာဉ်နတ်ဘုရားမသည် စိတ်ပျက်သွားသည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လာပြီး၊ သူမမျက်လုံးများက ပြင်းပြင်းထန်ထန် တွန့်ဆုတ်နေသည့် စိတ်ခံစားချက်ကို ပေါ်လွင်စေ သည်။

"ကောင်းပြီလေ၊ ဒါဆို နင် ဂရုစိုက်ရမယ်နော်။" ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်အား ချစ်ခြင်းမေတ္တာနှင့်အတူ တွန့်ဆုတ်နေသည့် အမူအရာ အပြည့်ဖြင့် ပြောလိုက်ပါသည်။

"နာခံလျှက်ပါ.." ချင်ယွင်က အပြုံးနှင့်အတူ သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ဝိညာ ဉ်နတ်ဘုရားမ၏ ဦးခေါင်းကို ထိလိုက်ပါသည်။

ဝိညာဉ်နတ်ဘုရားမသည်လည်း အတင်းအကြပ် ပြုံးပြကာ နာခံမူရှိသော အမူအရာက ပေါ်လွင်နေသည်။

တစ်ဖက်မှာတော့ ကျိုးဟုန်ရွှဲ့သည် လုံးဝကို အံသြသွားခဲ့သည်။ သူမအဒေါ်က သူမ မှတ်မိခဲ့သည့် ဟန်ပန်အမူအရာနှင့် လုံးဝမတူသည့် အပြုအမူမျိုး ထုတ်ဖော်ပြသလာမည် ဟု သူမအနေဖြင့် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

"ဒီပစ္စည်းကို မင်းနဲ့အတူ ယူသွားလိုက်ပါ။ အန္တရာယ်တစ်ခုခု ရှိလာခဲ့ရင် ချေမွလိုက်။ ငါ မင်းအနားမှာ တခဏလေးအတွင်း ပေါ်လာနိုင်တယ်" ချင်ယွင်က ဝိညာဉ်နတ်ဘုရားမကို ပြောသည်။

"အယ်..။ တကယ်လား?" ဝိညာဉ်နတ်ဘုရားမသည် အဖိုးတန်ရတနာတစ်ခုကို ရရှိသွား သကဲ့သို့ ချင်ယွင်၏လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကို အမြန်ယူလိုက်သည်။ ထို့နောက် သူမက ချင်ယွင်ကို ရုတ်တရက် ကြည့်ပြီး "နောက်ထပ် နည်းနည်းလောက် ပေးလို့ရမလား" ဟု ဆိုလိုက်ပါသည်။

ချင်ယွင်က သူမခေါင်းကို ညင်သာစွာ ခေါက်လိုက်ပြီး မပျော်ရွှင်သည့် လေသံဖြင့် ပြောလိုက်ပါသည် "ဒီကျောက်စိမ်းဆွဲသီးက သန့်စင်ဖို့ အရမ်းလွယ်တယ်လို့ မင်း ထင်နေလား? ဒါကို အောင်မြင်အောင် သန့်စင်နိုင်ဖို့ အချိန်အတော်ကြာအောင် ယူခဲ့ရတယ်။ မင်း အဲဒါကို ကောင်းကောင်း ဂရုစိုက်ရမယ်။"

ချင်ယွင်၏ စကားကိုကြားတော့ ဝိညာဉ်နတ်ဘုရားမသည် ကျီစားဟန်ဖြင့် လျှာထုတ်ပြ လိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် ခိုင်မာသော နွေးထွေးမှုကို ခံစားလိုက်ရပါ သည်။

တစ်ဖက်တွင်၊ ကျိုးဟုန်ရွှဲ့သည် သူမ၏ဝိညာဉ်နတ်ဘုရားမအပေါ် သူမနားလည်မှုသည် လုံးဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီဟု ခံစားလိုက်ရပါသည်။

ထို့နောက် ချင်ယွင်သည် ဝိညာဉ်နတ်ဘုရားမနှင့် ကျိုးဟုန်ရွှဲ့တို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ဝိညာဉ်နတ်ဘုရားမသည် ထွက်ခွာသွားစဉ်မှာ, သူသည် သူနှင့်ခွဲခွာရန် အလွန်ဝန်လေးခဲ့သော်လည်း ချင်ယွင်တွင် လုပ်စရာများစွာ ရှိနေသည်ကို သူမ သိပါသည်။

ချင်ယွင်သည် ကျိုးဟုန်ရွှဲ့နှင့် အခြားသူများ လုံးဝ ထွက်ခွာသွားသည်ကို မြင်ပြီးနောက်တွင် သူသည် ကောင်းကင်သို့မော့ကာ အော်ပြောလိုက်သည်။"ထွက်လာခဲ့ပါ။ မင်းတို့က ခေါင်းကိုဖုံးကွယ်ပြီး အမြီးကိုထုတ်ပြရတာ အရမ်းကို ကြိုက်နေကြလား"။

"အက်စ်ခက်ကာ၊ ငါလည်း ငါ ပုန်းနေတာမဟုတ်ပါဘူး" ဟွန်ချန်သည် ချင်ယွင်၏ စကားကို ကြားပြီး ချက်ချင်းထွက် ပြေးထွက်လာခဲ့သည်။

ယခုအချိန်တွင်, ချင်ယွင်အပေါ် သူ၏ ကြည်ညိုလေးစားမှုသည် အဆုံးမဲ့ စီးဆင်းနေသော မြစ်တစ်စင်းလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်ရှေ့သို့ ရောက်ရှိလာသောအခါတွင် သူသည် တစ်ဝက်တစ်ပျက် ဦးညွှတ်လိုက်ဆဲပင်။

သို့သော်လည်း ချင်ယွင်သည် ဟွန်ချန်၏စကားကို လျစ်လျူရှုပြီး ကောင်းကင်ယံသို့ မော့ကာ ဆက်လက် အော်ဟစ်လိုက်သည် "ဟမ့်၊ မင်းတို့နှစ်ယောက်လုံးက မင်းတို့ ကိုယ်တိုင် ထွက်လာဖို့အတွက် ငါ့ကို ဖိတ်ခေါ်စေချင်လို့လား?"

ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကမ္ဘာမြေအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဝေးကွာလှသော တောင်ထိပ်တစ်ခု၏ နောက်ကွယ်တွင် လူငယ်နှစ်ဦးသည် သူတို့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြောင်း သူ တွေ့ရှိခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

ထိုလူသည် တောင်ထိပ်တစ်ဖက်မှနေ၍ သူတို့ကို အဘယ်ကြောင့် စောင့်ကြည့်နိုင်သည်ကို ချင်ယွင် မသိသော်လည်း၊ အချိန်တိုင်းတွင် သူတို့ကို မျက်လုံးတစ်စုံက စိုက်ကြည့်နေသည့် အလား သူတို့အပေါ် အချိန်တိုင်း လွှမ်းခြုံထားသည့် အထူးနတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကို သူ ခံစားနိုင်သည်။

သို့သော် ချင်ယွင်၏ အသံသည် အချိန်အတော်ကြာအောင် ကျဆင်းသွားပြီးနောက် မည်သူမျှ ပေါ်မလာသေးပေ။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း တွန့်သွားခဲ့ပြီး၊ ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာသည်။

"ဟမ့်, မင်းတို့က ကိုယ်တိုင်ထွက်လာဖို့ ဆန္ဒမရှိမှတော့, ငါကိုယ်တိုင် လုပ်ဆောင်ရတော့ မှာပေါ့" ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏ နတ်ဘုရားတန်ခိုး စွမ်းအားက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် အဝေးမှ မထင်မရှားဖြစ်နေသည့် တောင်တန်းဆီကို ချက်ချင်း ထိုးပစ်လိုက်သည်။

မိုးပြာရောင် လက်သီးတစ်ချက်သည် ချက်ချင်းပင် လေဟာနယ်ထဲသို့ ပြေးဝင်သွားပြီး ကီလိုမီတာ တစ်သောင်းအကွာမှ တောင်ထိပ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

"ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်ထိပ်သည် ပေါက်ကွဲသွားခဲ့သည်။ ပုံရိပ်နှစ်ခုသည် အပျက်အစီးများကြားမှ ပျံထွက်လာပြီး ချင်ယွင်၏ ရှေ့တွင် ပေါ်လာခဲ့ သည်။

သူတို့နှစ်ဦးသည် ချင်ယွင်၏ အပြုအမူကို မကျေမနပ် ဖြစ်နေသည်မှာ သိသာပြီး ချင်ယွင်ကို ဒေါသတကြီး ကြည့်နေကြလေသည်။

ထိုလူနှစ်ယောက်သည် အစောပိုင်းက ကောင်းကင်ဘုံထွဋ်မြို့တော်မှ ထွက်လာကြသည့် တပည့်နှစ်ယောက်မှလွဲ၍ အခြားလူများ မဟုတ်ပါဘူး။

All Chapters