← Chapters

အခန်း ၁၁၇၈

Vol. 79 Ch. 1178

အခန်း ၁၁၇၈

Vol. 79 Ch. 1178

အခန်း (၁၁၇၈) ကြွားဝါခြင်း။

ရန်ချုံနှင့် ယုဖန်းတို့သည် လေထဲတွင် ရပ်ကာ ချင်ယွင်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

သူတို့ ဤနေရာတွင် ရှိနေရခြင်း အကြောင်းအရင်းမှာ ဝိညာဉ်နတ်ဘုရားမ၏ သဲလွန်စများ ကို ရှာဖွေတွေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။

ထိုအချိန်တွင်၊ သူတို့သည် တင်းချန် သေဆုံးသည့်နေရာကို သွားသောအခါ၊ ထိုနေရာတွင် တိုက်ပွဲလက္ခဏာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင်၊ နောက်ကွယ်မှာ ကျန်ရစ်ခဲ့သော ဝိညာဉ်နတ်ဘုရားမ၏ နတ်ဘုရားတန်ခိုး စွမ်းအင်လှိုင်းများလည်း ရှိနေသည်။ ထို့ကြောင့်၊ တင်းချန်၏ သေဆုံးမှုသည် ဝိညာဉ်နတ်ဘုရားမနှင့် သေချာပေါက် ဆက်စပ်နေသည်ဟု သူတို့ ကောက်ချက်ချခဲ့ကြသည်။

သို့သော် နှစ်လကျော်ကြာ ရှာဖွေပြီးနောက်တွင် ဝိညာဉ်နတ်ဘုရားမ၏ နေရာကို ရှာမတွေ့ ခဲ့ပေ။ ကောင်းကင်ဘုံထွဋ်မြို့တော်၏ အကြီးဆုံး သခင်လေးသည် သူတို့ကို အချိန်သုံးလ သာ ပေးခဲ့သည်။ သူတို့သည် အချိန်သိပ်မကျန်တော့သည်ကို မြင်ပြီး စိတ်ပျက်လက်ပျက် ဖြစ်လုနီးပင် ဖြစ်နေကြပြီ။

ယခုအခါ သူတို့သည် ဝိညာဉ်နတ်ဘုရားမကို ရှာဖွေတွေ့ရှိပြီး ဖြစ်၍၊ သဘာဝအတိုင်းပင် သူမကို အနီးကပ် စောင့်ကြည့်ပြီး၊ အကြီးဆုံးသခင်လေးထံ သတင်းစကား ပြန်ပေးပို့ရမည် ဖြစ်သည်။

ယခုလေးတင် ဝိညာဉ်နတ်ဘုရားမနှင့် ကျိုးဟုန်ရွှဲ့ ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့သည် တိတ်တဆိတ် လိုက်သွားချင်ခဲ့သော်လည်း ချင်ယွင်၏ ကျယ်လောင်သော အော်သံကြောင့် ရပ်တန့်သွားရသည်။

သူတို့နှစ်ဦးသည် ချင်ယွင်နှင့် ကျိုးဟုန်ရွှဲ့တို့အကြား စကားပြောဆိုမှုများကို မကြားခဲ့ရပေ။ ထို့ကြောင့် ၎င်းတို့၏ မျက်လုံးများတွင် ချင်ယွင်သည် နတ်ဘုရားတစ်ပိုင်းသာ ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းက သူတို့ကို အမှန်တကယ် တိုက်ခိုက်ရဲသည်။ သူတို့အနေဖြင့် မည်သို့ စိတ်မဆိုးဘဲ နေမည်နည်း?။ အရေးအကြီးဆုံးမှာ၊ ဤနတ်ဘုရားတစ်ပိုင်းသည် သူတို့၏ အရေးကြီးကိစ္စများကို ပျက်ပြားစေခဲ့သည်။ ဝိညာဉ်နတ်ဘုရားမနှင့် အခြားသူများသည် လွင့်မျောနှင်းမြို့တော်သို့ အမှန်တကယ် ပြန်ရောက်သွားပါက၊ ထိုအချိန်တွင် သူတို့သည် သေရမည်သာ ဖြစ်သည်။

"ဟမ့်၊ ကောင်လေး၊ မင်းက သေချင်နေတာလား?။ မင်းက ငါတို့ကို တိုက်ခိုက်ဖို့ သတ္တိရှိ တယ်ပေါ့" ယုဖန်းက ချင်ယွင်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ ဖြင့် အော်ဟစ်လိုက်သည်။

"သွားရအောင်။ သူ့ကို လျစ်လျူရှုလိုက်ပါ။ ကျိုးလင်ကို လိုက်ဖို့က အရေးကြီးတယ်။" ရန်ချုံက ယုဖန်းကို အေးစက်စွာ ပြောသည်။ သူ၏မျက်လုံးထဲ ချင်ယွင်ကို လုံးဝ မထည့်ထားသည့်အလား ချင်ယွင်ကို ပြန်လှည့်ကြည့်ရန်ပင် စိတ်မ၀င်စားတော့ပေ။

ချင်ယွင်သည် ထိုလူနှစ်ယောက်၏ စကားကိုကြားသောအခါတွင် သူ၏မျက်နှာပေါ်တွင် အမျက်ဒေါသထွက်သည့် အမူအရာ တစ်စုံတစ်ရာမှ မရှိခဲ့ဘဲ၊ သူ၏မျက်နှာပေါ်တွင် ကျီစားလိုသည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

သူ၏ခန့်မှန်းချက်က မှန်နေပုံရသည်။ ဤလူနှစ်ဦးသည် ကောင်းကင်ဘုံထွဋ်မြို့တော်မှ ဖြစ်ပြီး၊ လက်ရှိတွင် ၎င်းတို့သည် ဝိညာဉ်နတ်ဘုရားမ၏ နောက်သို့ လိုက်နေကြသည်။

လက်ရှိတွင် ဝိညာဉ်နတ်ဘုရားမသည် ချင်ယွင်၏ ချစ်လှစွာသော မိန်းမတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ဤလူနှစ်ယောက်ကို သူမနောက်သို့ လိုက်သွားစေပြီး ဝိညာဉ်နတ်ဘုရားမကို အန္တရာယ်ဖြစ်စေရန် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ရန်ချုံ၏စကားကို ကြားတော့ ယုဖန်းသည် အခြေအနေတစ်ခုလုံးကို ဦးစားပေးသင့်နေပြီ ဆိုတာ သိရှိလိုက်သည်။ ထို့ကြောင့် သူသည် သူ့ကိုယ်ပေါ်ရှိ သတ်ဖြတ်ချင်စိတ်ကို ထိန်းထားပြီး ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် "ဟမ့်၊ ကောင်စုတ်လေး၊ ဒီနေ့ မင်းရဲ့ ကံကောင်းတဲ့နေ့ပဲ။ နောက်တစ်ခါ မင်း ငါတို့နဲ့ ထပ်မတွေ့စေနဲ့၊ မဟုတ်ရင် မင်း ငရဲဘုရင်ကို သွားတွေ့ရလိမ့်မယ်”။

ထိုစကားကို ပြောပြီးနောက် ယုဖန်းသည် ပြန်လှည့်ကာ ရန်ချုံနှင့်အတူ ထွက်ခွာသွားခဲ့ သည်။

သူတို့နှစ်ယောက် ထွက်သွားတော့မည်ဟု ချင်ယွင် မြင်သောအခါ သူ၏မျက်လုံးများက ရုတ်တရက် စူးရှလာသည်။

အစောပိုင်းက သူ တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ, ထိုလူများ ဝိညာဉ်နတ်ဘုရားမ နောက်သို့ လိုက်သွားခြင်းကို တားဆီးရန်ဖြစ်သည်။ ထို့မှသာ ဝိညာဉ်နတ်ဘုရားမသည် လွင့်မျောနှင်းမြို့တော်သို့ လုံခြုံစွာဘေးကင်းစွာ ပြန်သွားနိုင်မည်။ ထို့ကြောင့်၊ ယခု သူသည် ထိုလူနှစ်ယောက် ထွက်ခွာသွားသည်ကို အဘယ့်ကြောင့် စောင့်ကြည့်နေမည် နည်း?။

"တင်းချန်ကိုသတ်တဲ့ လူသတ်သမားကို မင်းတို့ ရှာနေကြတာ မဟုတ်ဘူးလား?။ တင်းချန်ကို သတ်ခဲ့တာ ငါပဲ" ချင်ယွင်သည် ကောင်းကင်ယံသို့ ကျယ်လောင်စွာ အော်ဟစ် လိုက်ပြီး သူ၏အသံသည် ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကောင်းကင်ယံတွင် မူလက ထွက်ခွာရန် ကြံစည်နေကြသော ရန်ချုံနှင့် ယုဖန်းတို့သည် အံ့ဩသွားကြသည်။ သူတို့သည် ပြန်လှည့်ကြည့်လာရင်း ခက်ထန်စွာ မေးလိုက်သည် "ချာတိတ်လေး, မင်း ဘာပြောလိုက်တာလဲ?"။

ချင်ယွင်က တဟားဟား ရယ်မောပြီး ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်သည် "မင်းတို့ နားထဲမှာ တစ်ခုခုဖြစ်နေကြသလိုပဲ။ ကောင်းပြီ၊ ငါ ထပ်ပြောပြမယ်။ တင်းချန် သေသွားပြီ၊ ငါ သူ့ကို သတ်လိုက်တာ။ မင်းတို့ ရှင်းရှင်းလင်းလင်း ကြားရဲ့လား"။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏နတ်ဘုရားတန်ခိုးကို တိုက်ရိုက် အသုံးပြုကာ သူ၏ အသံသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ပတ်ပတ်လည်တွင် ပဲ့တင်ထပ်သွားသည်။

ရန်ချုံနှင့်ယုဖန်းသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် အကြည့်ချင်း ဖလှယ်လိုက် ကြသည်။ သူတို့၏ မျက်လုံးများသည် တင်းကြပ်စွာ ကျဉ်းမြောင်းသွားကြပြီး၊ သူတို့၏ စိတ်ထဲတွင် အံ့အားသင့်မှုက ပေါက်ကွဲထွက်သွားသည်ကို ခံစားလိုက်ရပါသည်။

သူတို့၏အမြင်မှာတော့, သူတို့ရှေ့မှ ဤနတ်ဘုရားတစ်ပိုင်းသည် တကယ့်ကို ရူးသွပ်နေသူ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ ဒုတိယသခင်လေးကို သတ်ခဲ့ကြောင်း ဝန်ခံရဲသည်။ သူပြောခဲ့သည့်စကားတွေ မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ စောစောက သူပြောခဲ့သည့်စကားကပင် သူ့ကို သေသည်အထိ အပြစ်ဒဏ်စီရင်ဖို့ လုံလောက်ပါသည်။

ပြဿနာရှာသည့်လူတွေကို သူတို့ တွေ့ဖူးသော်လည်း ယခုလိုသေခြင်းတရားကို ရှာဖွေသည်လူမျိုးကိုတော့ သူတို့ မတွေ့ဖူးပါဘူး။

သို့သော် ဟွန်ချန်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပို၍ပင် သဘောကျလာသည်။ သူသည် တင်းချန် မည်သူလဲဆိုသည်ကို သဘာဝအတိုင်း သိပါသည်။ အကယ်၍, ချင်ယွင် သည် ၎င်းကိစ္စကို လူသိရှင်ကြား ဝန်ခံဝံ့ပါက၊ သူသည် ကောင်းကင်ဘုံထွဋ်မြို့တော် တစ်ခုလုံးကို ရန်စရာရောက်နေပါသည်။ ဤကဲ့သို့ ရဲစွမ်းသတ္တိမျိုးဖြင်, ကမ္ဘာပေါ်တွင် မည်သူမျှ သူ့အား ယှဉ်နိုင်မည်မဟုတ်ပေ။

"သူက အံ့ဖွယ်လူသားဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်သူရော အခုလိုသတ္တိမျိုးနဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားမှာလဲ။ ကြည့်ရတာ, ငါ လူမှားပြီး လေးစားမိနေတာ မဟုတ်ဘူးပဲ" ဟွန်ချန်က စိတ်လှုပ်ရှားစွာ ပြောသည်။

သူသည် ချင်ယွင်၏နောက်ကို လိုက်ဖို့ စိတ်ကူးထားပြီးသား ဖြစ်သည်။ သူသည် ချင်ယွင်၏ အနားမှာ ညီလေးတစ်ယောက် ဖြစ်ခွင့်ရလျှင်ပင် ကျေနပ်မိလိမ့်မည်။

ချင်ယွင်သည် သူ၏ရှေ့မှ အကျပ်အတည်းကို ကျော်လွှားနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်၍မူ, ၎င်းသည် ပြဿနာတစ်ခုဟု ဟွန်ချန် လုံးဝ မထင်ထားခဲ့ပေ။ သူ၏ရှေ့မှ အကျပ်အတည်း ကိုတောင် မကျော်လွှားနိုင်ခဲ့ဘူးဆိုရင်, အက်စ်ခက်ကာများသည် အက်စ်ခက်ကာတွေ ဖြစ်လာကြမှာ မဟုတ်ပါဘူး။

"အစ်ကိုရန်၊ ဒီကောင်ပြောတာ မှန်လား၊ မမှန်ဘူးလား?။ သူလို နတ်ဘုရားတစ်ပိုင်းလေးက ဒုတိယ သခင်လေးတင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?" ယုဖန်းက ရန်ချုံကို အသံဖြင့် ပို့လွှတ်ကာ မေးလိုက်သည်။ သူသည် ချင်ယွင်၏စကားများကို အလွန်ပင် သံသယ ဖြစ်နေ မိသည်မှာ ထင်ရှားပါသည်။

ရန်ချုံ၏အမူအရာသည် အနှိုင်းမဲ့ မှုန်ကုပ်နေ၏။ သူ၏ရှေ့မှ နတ်ဘုရားတစ်ပိုင်းက တင်းချန်ကို သတ်ခဲ့သည်ဟု သူ မယုံကြည်ပါဘူး။ ယခုမူ ချင်ယွင်က ၎င်းကို ကိုယ်တိုင် ကိုယ်ကျ ဝန်ခံနေခဲ့ပြီး ယခင်ကလည်း ၎င်းကို သူ မြင်ခဲ့ဖူးသည်။ သူ၏ရှေ့မှ ဤကောင်လေးသည် ဝိညာဉ်နတ်ဘုရားနှင့် ထူးထူးခြားခြား ဆက်ဆံရေး ရှိနေခဲ့သည်။ တင်းချန်ကို သတ်ရန်အတွက် သူနှင့် ဝိညာဉ်နတ်ဘုရားမတို့ အတူတကွ ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းက အမှန်တကယ် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

'မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ, သူကိုယ်တိုင် ဝန်ခံထားမှတော့, အမှန်လို့ပဲ ယူဆရတော့ မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အကြီးဆုံး သခင်လေးက မကြာခင် ရောက်လာတော့မယ်။ သူ မဟုတ်ဘူးဆိုရင်တောင်မှ, ငါတို့အနေနဲ့ သူ့ကို ရင်ဆိုင်ခိုင်းနိုင်သေးတယ်။ အခုချိန် ကျိုးလင်းကို လိုက်ဖမ်းရင်တောင်မှ ငါတို့ ဖမ်းနိုင်မှာ မဟုတ်တော့ဘူး။” ရန်ချုံက ယုဖန်းကို အသံဖြင့် ပို့လွှတ်ကာ ပြောလိုက်သည်။

"မှန်တယ်။ ဒီကောင်က သေချင်နေမှတော့ ကြားထဲကနေ အချောင်သေပေးရတဲ့ ဆိတ်တစ်ကောင်လို သဘောထားလိုက်ကြတာပေါ့။ ဒီကလေးကို ဖမ်းဆီးဖို့အတွက်တော့, အစ်ကိုရန်၊ မင်း လှုပ်ရှားစရာ မလိုပါဘူး။ ငါကို လုပ်ခွင့်ပေးလိုက်ပါ။ ဒါက နတ်ဘုရား တစ်ပိုင်းလေးပဲလေ။ ငါ့လက်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ" ယုဖန်းက ရန်ချုံကို အသံဖြင့် ပို့လွှတ်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းပြီလေ၊ မင်း လှုပ်ရှားလိုက်ပါ။ အသက်ရှက်လျက် ချန်ထားဖို့လည်း သတိရဦး။" ရန်ချုံက ပြန်ပြောသည်။

သူ၏ရှေ့မှ ဤကောင်လေးသည် ယုဖန်းအတွက် ပြိုင်ဘက်ဖြစ်မည်ဟု သူ မထင်ပေ။ ယုဖန်းက သူ့ကို မတော်တဆ သတ်မိသွားမှာကိုသာ သူ ကြောက်မိသည်။ ထိုသို့ဖြစ်လျှင်, သူတို့ ပြဿနာတက်လိမ့်မည်။

"စိတ်မပူပါနဲ့၊ သူ့အတွက် သေချင်ရင်တောင် ခက်ခဲလိမ့်မယ်လို့ ငါ အာမခံပါတယ်" ယုဖန်းက အေးစက်စွာ ဟစ်အော်လိုက်ပြီး အသံဖြင့် ပို့လွှတ်ခြင်းပင် မရှိတော့ချေ။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချင်ယွင်ကို ကြည့်လိုက်သည်။

"မင်းတို့ ဆွေးနွေးပြီးပြီလား?" ချင်ယွင်က ရယ်မောကာ မေးလိုက်သည်။ စောစောက သူတို့ နှစ်ယောက် ဆွေးနွေးနေကြသည်ကို သူသိသော်လည်း မနှောင့်ယှက်ခဲ့ပေ။ သူသည် ဘေးမှာ ရပ်နေပြီး ကစားပွဲကို ကြည့်နေခဲ့သည်။ သူ၏စိတ်ထဲမှာတော့, သူတို့ နှစ်ယောက် စလုံး အဆုံးသတ်မှာ သေဆုံးရလိမ့်မည်။

"ဟမ်၊ ကောင်စုတ်လေး၊ မင်းက သူ့ကို တကယ်ပဲ သတ်လိုက်တာလား?။ ဒါမှမဟုတ် မင်း ရူးနေတာလား ငါ တကယ်ကို မသိတော့ဘူး။ မင်းက တင်းမျိုးနွယ်ရဲ့ ဒုတိယ သခင်လေးကို သတ်တယ်လို့ တကယ်ကို ကြွားဝါရဲတယ်။ ဒါပေမယ့် အခု မင်း ကြွားလုံးထုတ်လိုက်တဲ့ အတွက်, မင်း ငြင်းချင်ရင်တောင်, ငြင်းလို့မရတော့ဘူး။ ဘာလို့ဆို, မင်းက တင်းမျိုးနွယ်ရဲ့ ဒုတိယသခင်လေးကို သတ်လိုက်လို့ပဲ။" ယုဖန်းသည် ချင်ယွင်ကို ကြည့်ကာ ရယ်မောလိုက် သည်။ သူ၏အမူအရာက အထင်သေး ရှုံ့ချမှုများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်က ရယ်မောလိုက်ပြီး… ကြွားဝါတာလား?။ သူကရော ကြွားဝါနေဖို့ လိုသလား?။ ဟုပင် သူ့ကိုယ်သူ မေးလိုက်မိသည်။

သူသည် တင်းချန်ကို သတ်ခဲ့သည့် လူတစ်ယောက်ဖြစ်သည်။ ဤအရာက အမှန်တရား ဖြစ်သည်။ ငြင်းဆန်ဖို့ ဘယ်တုန်းကမှ သူ မတွေးဖူးပါဘူး။

"စိတ်မပူပါနဲ့၊ ငါကလည်း ငြင်းမှာ မဟုတ်ပါဘူး။ ငါ သိချင်မိတာက, မင်းတို့နှစ်ယောက် ဆွေးနွေးနေတာ ကြာလှပြီ။ ဘယ်သူက အရင်သေမှာလဲဆိုတာပဲ။ ဒါပေမယ့် အခု အဖြေကို ငါ သိသွားပြီ။ သေချာတာက အဲဒီလူက မင်းဖြစ်လိမ့်မယ်" ချင်ယွင်က ရယ်မောကာ ပြောလိုက်သည်။

တစ်ဖက်တွင် ယုဖန်းသည် ချင်ယွင် ပြောသည်ကို နားမလည်နိုင်ဘဲ၊ သူ၏မျက်နှာပေါ်တွင် အံ့ဩသွားဟန် အမူအရာ ရှိနေပါသည်။

သို့သော် နောက်အခိုက်အတန့်တွင်မူ မူလက ပေတစ်သောင်းအကွာမှာ ရှိနေသည့် ချင်ယွင် သည် သူ၏ရှေ့သို့ ရောက်ရှိလာရုံသာမက သူနှင့် တစ်မီတာသာသာ ဝေးကွာတော့သည်ကို တွေ့ရှိလိုက်ရသဖြင့်၊ လုံးလုံး နားလည်သွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ယုဖန်း၏မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လွင်နေပါသည်။

All Chapters