← Chapters

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အခန်း (၁၁၇၉) ရန်ချုံ၏အတွေးများ

"မဖြစ်နိုင်တာတွေက ရောက်မလာသေးဘူး။" ချင်ယွင်က အေးစက်စွာ ရယ်မောလိုက် သည်။

ထို့နောက်တွင်၊ ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုးက သူ၏ခန္ဓာကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာပြီး သူ၏ လက်သီးပေါ်တွင် စုစည်းလာသည်။ ထို့နောက် ယုဖန်း၏ ဝမ်းဗိုက် ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားခဲ့သည်။

ချင်ယွင်၏တိုက်ခိုက်မှုသည် အလွန့်အလွန် လျင်မြန်လွန်းသည်။ အရာအားလုံးသည် တခဏအတွင်း ပြီးသွားခဲ့ပြီး ယုဖန်းသည် တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင် မရှိခဲ့ပါ။

"ဖူး….”။

ယုဖန်းသည် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရပြီး မျက်လုံးများလည်း ပြူးကျယ်သွား သည်။ သူ၏မျက်နှာတွင် အလွန်အမင်း မယုံကြည်နိုင်သည့် အမူအရာ ပေါ်လွင်နေပါသည်။ ပြင်းထန်သော နာကျင်မူ ဝေဒနာက သူ့ကို ချက်ချင်းဆိုသလို သတိလစ်လုနီးပါး ဖြစ်စေခဲ့ သည်။

သို့သော် ဤသည်မှာ သူ အံ့အားသင့်ရသည့် အကြောင်းရင်း မဟုတ်ပေ။ သူ အံ့သြမိသည် မှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးသည် သူ၏ရှေ့ရှိ ဤကောင်လေး၏ လက်သီးချက် အောက်တွင် ချက်ချင်းပင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။

တစ်နည်းဆိုရသော် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် လုံးဝ ဗလာနတ္ထိဖြစ်နေခဲ့သည်။ နတ်ဘုရားတန်ခိုး၏ တစွန်းတစပင် မကျန်ရစ်ခဲ့ပေ။ နတ်ဘုရားတန်ခိုးမရှိဘဲ၊ သူသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေလျှင်ပင်၊ သူသည် နတ်ဘုရား တစ်ပိုင်းနယ်ပယ်အတွက် ပြိုင်ဘက်ဖြစ်မည် မဟုတ်ပေ။ ထို့အပြင်၊ သူ၏ရှေ့တွင် ရှိနေသော ဤလူငယ်သည် သာမန် နတ်ဘုရားတစ်ပိုင်း မဟုတ်သည်မှာ သေချာပါသည်။

"မင်းက... မင်းက နတ်ဘုရားတစ်ပိုင်း မဟုတ်ဘူး၊ မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတယ်" ယုဖန်းသည် ချင်ယွင်ကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် အော်ပြောလိုက်သည်၊ သူ၏မျက်နှာက ကြောက်ရွံ့မှုနှင့်အတူ မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ယခုအချိန်တွင်, ယုဖန်းသည် ဘယ်သူ အရင်သေမလဲဟု ပြောခဲ့စဉ်အခါက ချင်ယွင် ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီ။ သူ၏ရှေ့မှ ဤလူငယ်သည် ကျားကိုစားရန် အတွက် ဝက်တစ်ကောင်လို ဟန်ဆောင်နေသည်မှာ ထင်ရှားပါသည်။ အစောပိုင်းက တင်းချန်ကို သူသတ်ခဲ့ကြောင်း ဝန်ခံရဲသည့် အကြောင်းရင်းက သူသည် သူတို့ကို လုံးဝ မကြောက်၍ဖြစ်သည်။ ဤလူငယ်သည် သူ့ကို အလွယ်တကူ သတ်နိုင်ခဲ့သည်။ အရင်က သူ၏လုပ်ဆောင်မူ အားလုံးက သူတို့ကို လှောင်ပြောင်နေခဲ့ခြင်း ဖြစ်သည်။

"ပြေး၊ ပြေးရမယ်။" ယုဖန်းက ထိတ်လန့်တကြား ပြောလိုက်ပြီး မဆိုင်းမတွ အဝေးကို ပျံသန်းလိုက်သည် ။

သို့သော်၊ သူ၏ခန္ဓာကိုယ်တွင် မည်သည့် နတ်ဘုရားတန်ခိုးမှ မရှိတော့ပေ။ ထို့ကြောင့်၊ သူသည် အရှိန်အဟုန်ဖြင့် မထွက်ပြေးနိုင်ခဲ့ပါဘူး။ သူသည် အစစ်အမှန် နတ်ဘုရား တစ်ပိုင်းလောက်ပင် လျှင်မြန်ခြင်း မရှိတောပေ။

"အခု ထွက်ပြေးဖို့က အရမ်းကို နောက်ကျသွားပြီ။" စူးရှသော အလင်းတန်းတစ်ခုက သူ၏ မျက်လုံးများမှတဆင့် တောက်ပလာပြီး ချင်ယွင်က ရယ်မောလိုက်သည်။

ထို့နောက် ယုဖန်း ထွက်ပြေးသွားသည့် ဦးတည်ရာအရပ်ဆီသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။ ချက်ချင်းပင်၊ မိုးပြာရောင်စွမ်းအင် လက်သီးပုံရိပ်က လေဟာနယ်ကို ဖြတ်သန်းပြီး ယုဖန်း၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

“အား…”

ပေတစ်သောင်းအကွာအထိ ထွက်ပြေးသွားခဲ့သော ယုဖန်းသည် သနားစရာဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံး လေထဲတွင် ပေါက်ကွဲထွက်ကာ၊ အစအန မကျန်သလောက် နီးပါးပင်။

အဝေးမှ ဟွန်ချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် သူ၏ပါးစပ်သည် ထိတ်လန့်မူနှင့်အတူ ကျယ်လောင်စွာ ပွင့်နေခဲ့သည်။

သူသည် ချင်ယွင်ကို အမြဲတမ်း လေးစားခဲ့သော်လည်း ချင်ယွင်၏ ခွန်အားသည် မည်မျှ အားကောင်းသည်ကို သူ မသိသေးပေ။ သူ၏ ခန့်မှန်းချက်အရ ချင်ယွင်၏ စွမ်းအားသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်အနီးတွင်သာ ရှိနိုင်ပြီး၊ အများဆုံး အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်နှင့် တူညီနိုင်သည်။

သို့သော်၊ ချင်ယွင်သည် အလယ်အလတ်အဆင့်ရှိ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ရန်အတွက် လက်သီးနှစ်ချက်သာ အသုံးပြုခဲ့သည်။ အခုလို ပြင်းထန် သည့် အမြင်အာရုံ သက်ရောက်မှုမျိုးက သူ့အတွက် တကယ်ကို တုန်လှုပ် ချောက်ချားစရာ ပင်။

ဟွန်ချန်တစ်ယောက်သာ ထိတ်လန့်သွားသည်မဟုတ် အဝေးမှာရပ်နေသည့် ရန်ချုံလည်း ထိတ်လန့်သွားခဲ့သည်။

ယခုအချိန်မှာ, ရန်ချုံသည် မျက်မှောင်ကြုတ်နေခဲ့ပြီး၊ သူ၏အမူအရာက အလွန်ကို လေးနက်နေခဲ့သည်။ သူ၏ရှေ့မှ နတ်ဘုရားတစ်ပိုင်းဟု ထင်ရသော ဤလူငယ်သည် အမှန်တကယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူကိုယ်တိုင်လည်း ယုဖန်းကို သတ်နိုင်သော်လည်း ချင်ယွင်လောက် သက်သောင့် သက်သာဖြစ်မည် မဟုတ်ပေ။ သူသည် လက်သီးနှစ်ချက်နှင့် ယုဖန်းကို တိုက်ရိုက် သတ်ပစ်လိုက်သည်။ သာမာန်အားဖြင့်၊ အထွက်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ သို့မဟုတ် နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံများသာ ထိုအရာကို လုပ်ဆောင်နိုင်ပါသည်။

ရှေးဟောင်း နတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်ထားသူ ရန်ချုံပင်လျှင် ဤအဆင့် ကျွမ်းကျင်သူကို အနိုင်ယူနိုင်မည်ဟု မယုံဝံ့ပေ။

"အချိန်ဆွဲထားရမယ်။ ငါ အကြီးဆုံး သခင်လေးအတွက် အချိန်ဆွဲထားရမယ်။" ရန်ချုံက သူ့ကိုယ်သူ တွေးလိုက်သည်။

သူ၏တာဝန်မှာ လူသတ်သမားကို ရှာဖွေရန် ဖြစ်သည်။ လူသတ်သမားကို သတ်ဖြတ်ဖို့က သူနှင့် ဘာမှမဆိုင်ပေ။ သူလုပ်ရမှာက သူ၏ရှေ့မှ ဤလူငယ် ထွက်ပြေး လွတ်မြောက်မူ မရှိစေဖို့ ဆောင်ရွက်ရန်ဖြစ်သည်။

"မင်းက ယုဖန်းကို လက်သီးနှစ်ချက်နဲ့ သတ်ပစ်လိုက်တယ်။ မင်းက ငါ မမြင်နိုင်အောင်ကို နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့တာပဲ။ မင်းက ငါတို့ကို အစကတည်းက ငါးစာချပြီး သွေးဆောင်ဖို့ ကြိုးစားနေပုံရတယ်။ ပြီးတော့ မင်းက ကျားတစ်ကောင်ကိုစားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး၊ ငါတို့ကို သတ်ဖြတ်ချင်နေခဲ့တယ်" ရန်ချုံက ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောသည် ။

ထုံးစံအတိုင်း၊ သူသည် ဤစကားများကို အချိန်ဆွဲရန်အတွက် ပြောဆိုခဲ့ခြင်း ဖြစ်သော် လည်း၊ သေချာသည်မှာ ထိုစကားများသည် သူ၏စိတ်ထဲမှ အစစ်အမှန် အတွေးများလည်း ဖြစ်ပါသည်။

သူသည် ရှေးဟောင်း နတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်ထားပြီး၊ လှည့်စားမူ ပုံရိပ်ယောင်များ အားလုံးကို မြင်နိုင်ပါသည်။ တစ်စုံတစ်ယောက်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်မှာ ရှိနေသရွေ့ ထိုလူ၏ကျင့်ကြံမူအဆင့်သည် သူ၏မျက်လုံးထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင် သူ လွဲမှားနေခဲ့သည်။ ထို့ကြောင့်၊ သူ၏ရှေ့မှ ဤလူငယ်သည် သူ၏ကျင့်ကြံမူအခြေခံကို ဖုံးကွယ်ရန် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့ သည်ကို သူ အလွန်သိချင်နေခဲ့သည်။

ရန်ချုံ၏စကားကို ကြားတော့ ချင်ယွင်သည် ရန်ချုံ၏ရည်ရွယ်ချက်များကို ချက်ခြင်း နားလည် သဘောပေါက်သည်။

သို့သော် သူသည် ၎င်းရည်ရွယ်ချက်ကို ဖော်ထုတ်ရန် အလျင်စလို မဖြစ်ခဲ့ပေ။ အဆုံးတွင်, အကယ်၍, သူသည် ရန်ချုံကို အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်း ရှိနေပါသေးသည်။

ရန်ချုံ၏ ရှေးဟောင်း နတ်ဘုရားမျက်လုံးသည် ချင်ယွင်၏ ကြယ်နတ်ဆိုးနတ်ဘုရား ကျင့်ကြံမူကို မမြင်နိုင်ရခြင်း၏ အကြောင်းရင်းမှာ ချင်ယွင်သည် ကနဦးစကြာဝဠာထဲတွင် ကြယ်နတ်ဆိုးနတ်ဘုရား အမြုတေကို ထည့်သွင်းထားခြင်းကြောင့် ဖြစ်ပါသည်။ သူ အသုံးပြုသောအခါမှသာ ကြယ်နတ်ဆိုးနတ်ဘုရား အမြုတေကို ကနဦးစကြဝဠာထဲမှ တိုက်ရိုက် ထုတ်ယူရန် လိုအပ်သည်။ ကြယ်နတ်ဆိုးနတ်ဘုရား အမြုတေကို ထုတ်ပြထား ရန် မလိုအပ်ပေ။

ရန်ချုံ၏ နတ်ဘုရားမျက်လုံးသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ချင်ယွင်၏ ကနဦး စကြာဝဠာကို မမြင်နိုင်ပေ။

ထို့အပြင်၊ ချင်ယွင်၏ ကနဦးစကြာဝဠာသည် အကန့်အသတ်မဲ့နယ်ပယ်၏ နောက်ဆုံး အဆင့်သို့ ခြေလှမ်းဝင်ရောက်နေပြီ ဖြစ်သည်။ သူသည် အချိန်တိုလေးအတွင်း ထိုက်ကျိ နယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မည်ကိုပင် သူ စိုးရိမ်မိသည်။ ထိုအချိန်တွင် ၎င်းသည် မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ယူဆောင်လာဦးမည် ဖြစ်သည်။

"ငါ တင်းချန်ကို သတ်ရတဲ့ အကြောင်းရင်းက သူ့ကို အပြစ်ပေးဖို့ပဲ" မင်းက သူ့အတွက် လက်စားချေချင်ရင် မင်း သူ့အတွက် လက်စားချေပေးနိုင်တယ်။ ဒါ့အပြင်၊ မင်းက ဒီကိစ္စကို ကျိုးလင်အပေါ် ဘယ်တော့မှ လွှဲမချသင့်ဘူး။ သူမက ငါ့မိန်းမဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက သူမနဲ့ဘာမှ မဆိုင်ဘူး။ တင်းချန်က ငါတစ်ယောက်တည်းကြောင့် အသတ်ခံရတာ။ တကယ့် လူသတ်သမားအစစ်က ငါပဲ။ မင်း သူ့အတွက် လက်စားချေနိုင်စွမ်း ရှိမရှိကတော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်တယ်" ချင်ယွင်က ရန်ချုံ၏ ရည်ရွယ်ချက် ကို လုံးဝ သတိမထားမိဟန်ဖြင့် ပြောလိုက်သည်။

ချင်ယွင်က သူ၏ရည်ရွယ်ချက်အမှန်ကို သိရှိသွားခြင်းမရှိသည်ကို မြင်ပြီး ရန်ချုံသည် မခံချင်စိတ် ဖြစ်ပေါ်စေလောက်သည့် သရော်လှောင်ပြောင်ဟန်ကို ထုတ်ဖော်ပြသည်။ သူက ချင်ယွင်ကို ဆက်လက်ကြည့်ရှုပြီး ပြောသည် "ငါတို့က တင်းချန်အတွက် လက်စားချေပေးလိုစိတ် မရှိဘူး။ ငါတို့က လူသတ်သမားကို စုံစမ်းရမယ်ဆိုတဲ့ အမိန့်ကို လိုက်နာရုံသက်သက်ပဲ။ ငါတို့အနေနဲ့ မင်းကို တကယ်မတိုက်ခိုက်ချင်ဘူး။ မင်းကို တကယ်သေစေချင်တဲ့သူက တင်းမျိုးနွယ်ရဲ့ အကြီးဆုံးသား တင်းထန်ပဲ။" ရန်ချုံက ထိုစကားကို မရည်ရွယ်ဘဲ ပြောမိသွားသည့်အလား ပြောလိုက်ပါသည်။ ရည်ရွယ်ချက်က တော့ ချင်ယွင်၏ သတိကြီးစွာထားနေမူကို လျော့ကျသွားစေရန် ဖြစ်သည်။

“အို…” တင်းမျိုးနွယ်ရဲ့ သခင်လေးလား?။ သူ့ကျင့်ကြံမူကရော ဘာလဲ?" ချင်ယွင်က ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် မေးလိုက်ပါသည်။

"အထွက်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်၊ ဒါပေမယ့် တင်းမျိုးနွယ်ရဲ့ အကြီးဆုံး သခင်လေးက အခုလောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်။ သူက ကျင့်ကြံရာကနေ အနှစ်တစ်သောင်း မပြည့်မချင်း ထွက်လာမှာ မဟုတ်ဘူး။ မင်း စိတ်ချပါ" ရန်ချုံက ချင်ယွင်ကို ပြောသည် ။

ထိုစကားကြားတော့ ချင်ယွင်က အေးစက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

ရန်ချုံသည် အချိန်ဆွဲနေခြင်းဖြစ်ပြီး တင်းမျိုးနွယ်၏ အကြီးဆုံး သခင်လေးသည် အလောတကြီး ထွက်လာခဲ့ပြီး အချိန်မှီ ရောက်ရှိလာမည်ဟု သူ ခန့်မှန်းထားသည်။ တံခါးပိတ်ကျင့်ကြံနေသည်ဟု ပြောဆိုခြင်းက သူ့အတွက် လိမ်ညာခြင်း သက်သက်သာ ဖြစ်သည်။

မူလက သူသည် တင်းမျိုးနွယ်၏ အကြီးဆုံး သခင်လေးနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ယခုအခါ သူ့ကို တွေ့ဆုံရန် မလိုအပ်တော့ဟု ချင်ယွင် ခံစားလာရသည်။ အကယ်၍ ဤတင်းထန်သည် ကြယ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိနေပါက၊ သူသည် တိုက်ခိုက်ရန် ဖြစ်နိုင်ပါသေးသည်။ သို့သော်, ယခုအခါ သူသည် ကြယ်နတ်ဘုရား နယ်ပယ် အထွက်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ ထို့ကြောင့် ချင်ယွင်သည် သူ့ကို စောင့်ဆိုင်းရန် အစီစဉ်မရှိတော့ပေ။

ဝှီး….။

ထို့ကြောင့်, ချင်ယွင်သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ရန်ချုံဆီသို့ လျင်မြန်စွာ ပျံသန်းလိုက်သည်။ သူ၏လက်ထဲမှ လက်သီးအရိပ်က ရန်ချုံဆီသို့ ဦးတည်သွားခဲ့သည်။

All Chapters