← Chapters

အခန်း ၁၁၈၀

Vol. 79 Ch. 1180

အခန်း ၁၁၈၀

Vol. 79 Ch. 1180

အခန်း (၁၁၈၀) ရှေးဟောင်းနတ်ဘုရားမျက်လုံး၏ တန်ခိုး။

ရန်ချုံ၏အမူအရာသည် ပြောင်းလဲသွားကာ သူ၏မျက်လုံးများသည် ရုတ်တရက် စူးရှလာခဲ့ သည်။

သူ၏လက်မောင်းကို ဝှေ့ယမ်းပြီး၊ သူ၏လက်ဖဝါးကို ကောင်းကင်ဆီသို့ တိုက်ရိုက် ရိုက်ထုတ်လိုက်သည်။ ချက်ခြင်းပင်၊ ကြီးမားသော လက်ဖဝါးရာကြီးသည် လေထဲတွင် ပေါင်းစည်းသွားပြီး ချင်ယွင်၏ လက်သီးအရိပ်ကို ထိပ်တိုက် တွေ့ဆုံလိုက်သည်။

"ဘုန်း…”။

လက်ဖဝါးအရိပ်ကြီးနှင့် လက်သီးအရိပ်တို့သည် အပြင်းအထန် တိုက်မိကြပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေကာ၊ ပြင်းထန်သော စွမ်းအင် မုန်တိုင်းတစ်ခု အဖြစ် ဖြစ်ပေါ်လာသည်။

ချင်ယွင်၏ ရုပ်အသွင်သည် နတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်းကို ဖြတ်ကျော်ကာ ရန်ချုံ၏ ရှေ့တွင် ပုံရိပ်တစ်ခုအဖြစ် ပေါ်လာပါသည်။ သူသည် သူ၏လက်များကို အဖွင့်အပိတ် လုပ်ကာ ရန်ချုံကို တိုက်ရိုက် အပြင်းအထန် တိုက်ခိုက်လိုက်သည်။

ရန်ချုံ၏ လက်ဖဝါးမှ နတ်ဘုရားအလင်းတစ်ခု ထွက်လာပါသည်။ သူ၏လက်ဖဝါးသည် သံမဏိကဲ့သို့ ပြောင်းသွားပြီး ချင်ယွင်၏လက်သီးချက်နှင့် အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်တွေ့လိုက်သည်။

"ဘုန်း.. ဘုန်း… ဘုန်း… ဘုန်း..”။

ချက်ချင်းပင် ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်နေကာ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများ သိပ်သည်းစွာ ပြန့်ကျဲလာခဲ့သည်။

သူတို့ခြေဖဝါးအောက်ခြေမှ မြေပြင်သည် အဆက်မပြတ် လှုပ်ခါနေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် တိမ်စိုင်းတိမ်ခဲများနှင့်လေပြင်းများက တဟုန်းဟုန်း တိုက်ခတ်နေကာ လေပြင်းများက တစ္ဆေသရဲအော်ငြီးသံ၊ ဝံပုလွေအူသံများကဲ့သို့ ထွက်ပေါ်လာသည်။

မိုးပြာရေလွှမ်းလက်သီးသည် မူလကတည်းက ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ယခုအချိန်တွင် အသုံးပြုသောအခါ ၎င်းသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ရန်ချုံ၏ လက်ဖဝါးပညာရပ်သည် အစွမ်းထက်သော စွမ်းအားများ ပိုင်ဆိုင်ထားသော် လည်း ယခုအချိန်တွင် ချင်ယွင်၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်း ခံနေရသည်။

"ဘုန်း..”

ချင်ယွင်၏လက်သီးသည် ရန်ချုံ၏လက်ဖဝါးပေါ်သို့ ကျရောက်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော ကြယ်နတ်ဆိုးနတ်ဘုရား တန်ခိုးအစွမ်းက ရန်ချုံ၏ လက်ဖဝါးပေါ်တွင် ပေါက်ကွဲသွားကာ သူ၏လက်ဖဝါးပေါ်ရှိ နတ်ဘုရားတန်ခိုးကို ချက်ခြင်း ကြွေကွဲသွားစေ သည်။

"ဖျစ်… ဖျစ်…."

ရန်ချုံ၏လက်မောင်းသည် တိုက်ရိုက် အက်ကွဲသွားပြီး သူ၏တစ်ကိုယ်လုံးကို ဥက္ကာပျံကဲ့သို့ အနောက်သို့ လွင့်ပျံသန်းသွားခဲ့သည်။

"ဘယ်လောက်တောင်မှ ပြင်းထန်လိုက်တဲ့ ခွန်အားလဲ?။" ရန်ချုံက ထိတ်လန့်တကြား ပြောလိုက်ပြီး၊ သူ၏မျက်နှာအနှံ့ နာကျင်မှုအရိပ်အယောင်များ ပေါ်လာပါသည်။

ချင်ယွင်၏ပြင်းထန်သော လက်သီးချက်သည် သူ၏လက်များကို ကွဲကြေသွားစေရုံ သာမက၊ ချင်ယွင်၏ လက်ဖဝါးနှင့် ထိမိသည့်အခိုက်တွင် မိုးပြာရေလွှမ်းလက်သီးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရလုနီးပါး ဖြစ်သွားခဲ့သည်။

ဝှီး….။

ထိုအချိန်တွင် ရန်ချုံသည် သူ့အပေါ် ကြီးမားသော အငွေ့အသက်တစ်ခု သက်ရောက်လာ နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ခေါင်းကိုမော့ကြည့်လိုက်တော့, ချင်ယွင်သည် လေဟာနယ်ကို ဖြတ်နင်းပြီး နတ်ဆိုးနတ်ဘုရားကဲ့သို့ သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။

"ဟမ်၊ ငါ့ကိုသတ်ဖို့က မလွယ်ဘူး" ဒေါသတကြီး ဟစ်အော်ရင်း ရန်ချုံ၏ မျက်လုံးများက အမျက်ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။

သူ စကားပြောပြီးသည်နှင့် သူ၏မျက်ခုံးနှစ်ခုကြားမှ နတ်ဘုရားမျက်လုံးသည် ရုတ်တရက် ပွင့်လာပြီး ရန်ချုံ၏တတိယမျက်လုံးမှ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ရှေးဟောင်း နတ်ဘုရားမျက်လုံးသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော တန်ခိုးရှိ၏။

ဘန်း…။

တတိယနတ်ဘုရားမျက်လုံးမှ နတ်ဘုရားအလင်းတန်းသည် ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်သည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားခဲ့သည်။ သူ၏ မျက်လုံးများတွင် လျင်မြန်စွာ ကျယ်ပြန့်လာနေသော နတ်ဘုရားအလင်းကိုသာ မြင်နိုင်ပါသည်။ ၎င်းတွင် ပါရှိသော စွမ်းအားသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။ ချင်ယွင်သည်ပင် ၎င်းထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားရနိုင်သည်။

ဝှီး…။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို အလျားလိုက် ခြေတဝက်ခန့် ရွေ့လျားနိုင်စေရန် နတ်ဘုရားတန်ခိုးကို အရှိန်မြှင့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အလင်းတန်းသည် သူ၏ရင်ဘတ်ကို ဖြတ်တောက်သွားလုနီးပါးပင်။ သို့သော်လည်း ချင်ယွင်သည် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သေးသည်။ သူ၏ရင်ဘတ်မှာ မည်းနက်နေပြီး အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ပေါ်လာပါသည်။

“ဘုန်း..”။

နတ်ဘုရားအလင်းတန်းသည် မိုင်တစ်ရာအကွာဝေးရှိ ကြီးမားသော နတ်တောင်ထိပ်ကို အပြင်းအထန် ထိမှန်ကာ ကျယ်လောင်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေခဲ့သည်။

နတ်တောင်ထိပ်သည် တိုက်ရိုက် မပြိုကွဲသော်လည်း ၎င်းကို ထိုးဖောက်သွားပြီး ဖြစ်သည်။ အချင်း ၁၀၀ မီတ်ရှိသည့် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲ အသံတွေက လေထဲမှာ ပဲ့တင်ထပ်နေပါသည်။

ချင်ယွင်သည် အဝေးမှ ကြီးမားသော အပေါက်ကြီးကို လှမ်းကြည့်ရင်း အလွန် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ အကယ်၍, အစောပိုင်းက ထိုနတ်ဘုရားအလင်းတန်းသာ သူ့ကို ထိမိခဲ့မည်ဆိုလျှင်, သူသည်လည်း ထိုနတ်တောင် ကြီးကဲ့သို့ ဖောက်ထွင်းခံရကောင်း ခံရနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ချင်ယွင်သည် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားမည် ဖြစ်သည်။

"အတော်ကြောက်စရာကောင်းတဲ့ ထိုးဖောက်ခြင်း စွမ်းအားပဲ။ ဒါက ဒဏ္ဍာရီလာ အလယ်အလတ် မျက်လုံးသုံးလုံးမျိုးနွယ်ရဲ့ ရှေးဟောင်းနတ်ဘုရားမျက်လုံး အစွမ်းလား?" ချင်ယွင် အံ့သြသွားသည်။

ရှေးဟောင်း စာအုပ်တစ်အုပ်တွင် မျက်လုံးသုံးလုံး မျိုးနွယ်စုအကြောင်းကို သူ ဖတ်ဖူးသည်။ မျက်လုံးသုံးလုံးမျိုးနွယ်စုသည် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်ဟု ဆိုကြသည်။ မျက်လုံး သုံးလုံးမျိုးနွယ်စု တစ်စုစီ၏ တတိယမျက်လုံးသည် အနှိုင်းမဲ့ တန်ခိုးကြီးသော ရှေးဟောင်း နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင် ကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးရန်ပင် စွမ်းအားရှိသည်။ ထို့ကြောင့် သူတို့၏ တတိယမျက်လုံးများကို ရှေးဟောင်းနတ်ဘုရားမျက်လုံးဟုလည်း ခေါ်ဆိုကြသည်။

ရှေးဟောင်းစာအုပ်များတွင် ၎င်းအကြောင်းကို ယခင်က သူ ဖတ်ဖူးသော်လည်း စကားလုံး များဖြင့် ဖော်ပြချက်သည် ရိုးရှင်းလွန်းသောကြောင့် သူ့တွင် ဤအကြောင်းနှင့် ပတ်သက် ပြီး ပြင်းထန်သော ခံစားချက် မရှိပေ။ သို့ရာတွင်၊ သူသည် ရှေးဟောင်း နတ်ဘုရား မျက်လုံး၏ တိုက်ခိုက်မှုကို အမှန်တကယ် ရင်ဆိုင်ရသောအခါ၊ ရှေးဟောင်းနတ်ဘုရား မျက်လုံးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ တွေ့ရှိခဲ့ရသည်။

"ဟမ့်၊ ငါ့ခွန်အားက မင်းလောက် မကောင်းပေမယ့် မင်း ငါ့ကိုသတ်ဖို့က ဒီလောက်လွယ်မှာ မဟုတ်ဘူး။ ငါက မြင့်မြတ်တဲ့ မျက်လုံးသုံးလုံးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာ မမေ့နဲ့။" ထိုအချိန်တွင် ရန်ချုံသည် လွင့်ပျံသွားသော သူ၏အသွင်ပြင်ကို တည်ငြိမ်အောင် ထိန်းထားနိုင်လိုက်ပြီ။ သူသည် အဝေးတွင် ရပ်နေပြီး ချင်ယွင်ကို မောက်မာစွာ ကြည့်နေ သည်။

သူသည် ရှေးဟောင်း မျက်လုံးသုံးလုံး မျိုးနွယ်စုမှဖြစ်ပြီး၊ ဒဏ္ဍာရီလာ နတ်ဘုရားမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ သူ၏နှလုံးသားထဲမှာ သဘာဝအတိုင်း မာန်မာနရှိသည်။

ချင်ယွင်သည် ရန်ချုံ၏စကားကို ကြားသောအခါ သူ၏မျက်နှာသည် လေးနက်သော အမူအရာ ပေါ်လာသည်။

မူလက သူသည် ဤအလယ်အလတ်အဆင့်ရှိ ကြယ်နတ်ဘုရားကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု ထင်ခဲ့သော်လည်း တဖက်လူ၏ နတ်ဘုရားမျက်လုံးက ဤမျှ အစွမ်းထက်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခုတော့ ရန်ချုံကိုသတ်ဖြတ်ရန် သူ့အတွက် အနည်းငယ် ခက်ခဲနေပုံရသည်။

သို့သော်, ၎င်းသည် ခက်ခဲရုံသာ ဖြစ်ပါသည်။ အကယ်၍, သူ အမှန်တကယ် လုပ်ချင်သည်ဆိုလျှင် ပြီးမြောက်နိုင်ပါသေးသည်။

"ကျုပ်ချင်ယွင် သတ်ချင်တဲ့လူကို မသတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးများသည် ထူးထူးခြားခြား စူးရှလာသည်။

ဘန်း…။

မြူနှင်းချောက်နက်ဓားသည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး ထက်ရှသော ဓားဆန္ဒက ချင်ယွင်၏ ခန္ဓာကိုယ်မှ ဓားပုံစံကဲ့သို့ ပျံ့နှံ့သွားလေသည်။

အဝေးတွင်၊ ဟွန်ချန်နှင့် ရန်ချုံတို့ နှစ်ယောက်စလုံး အထူးသဖြင့် ရန်ချုံသည် အံ့သြသွား သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာလည်း တုနှိုင်းမရအောင် လေးနက်လာခဲ့သည်။

ချင်ယွင်၏ သိုင်းပညာရပ်သည် လုံလောက်အောင် သန်မာနေပြီဟု မူလက သူ ထင်ခဲ့သော် လည်း ယခုတွင်မူ သူ၏ရှေ့မှ လူငယ်၏ ဓားသိုင်းသည် ပို၍ပင် ထက်မြက်နေပုံရသည်။

"သူက ဘယ်သူလဲ၊ သူက ဘယ်လိုလုပ် ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ဒီလို တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်နိုင်မှာလဲ?" ရန်ချုံသည် အံ့ဩခြင်းကြီးစွာဖြင့် မထိန်းနိုင်ဘဲ သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။

ချင်ယွင်၏ ကျင့်ကြံမှု အခြေခံသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင် ရှိနေဆဲဖြစ်သော် လည်း သူ၏ စွမ်းအားသည် သာမန် အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်သွားခဲ့ပြီ။ ရှေးဟောင်းနတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်ထား သော ရန်ချုံပင်လျှင် ချင်ယွင်ထံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။

"မင်းရဲ့ ရှေးဟောင်းနတ်ဘုရားမျက်လုံးရဲ့ စွမ်းအားက ငါ့ရဲ့ဓားသိုင်းပညာကို တားဆီးနိုင်မ လားဆိုတာ ငါ ကြည့်ပါရစေ။" ချင်ယွင်၏ ခန္ဓာကိုယ်မှ အားပြင်းသော ဓားလှိုင်းလုံးကြီး ထွက်ပေါ်လာစဉ် ချင်ယွင်က အထင်သေးစွာ ပြောလိုက်သည်။

"ငါ့ဓားချက်ကို ခံယူလိုက်စမ်း။ ဓားလှိုင်း…." ချင်ယွင်သည် သူ၏ဓားကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုသည် ဒီရေလှိုင်းလုံးကြီးကဲ့သို့ ရန်ချုံဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

ဓားလှိုင်းဟုခေါ်သော ဓားစွမ်းအားလှိုင်းသည် ထောင်ပေါင်းများစွာသော ဓားစွမ်းအားတို့မှ ပေါင်းစပ်ထားသော ဓားစွမ်းအားလှိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဓားစွမ်းအား တစ်ထောင် ၏ တုန်ခါခြင်းဆိုင်ရာ ဥပဒေသများကို အလွန်မင်း မြင့်မားစွာ လိုအပ်ပါသည်။ တုန်ခါခြင်း ဉပဒေသက ပို၍ ဟန်ချက်ညီလေ၊ ဤဓားကွက်၏ စွမ်းအားက ပိုကြီးမားလေ ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ဤဓားကွက်အပေါ် နားလည်သဘောပေါက်မှုသည် ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီ။ ယခင် သူ တင်းချန်ကို ရင်ဆိုင်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အဆပေါင်းများစွာ အားကောင်းလာခဲ့သည်။ ၎င်းဓားကွက်သည် ကောင်းကင် တုန်ခါပြီး မြေကြီးပြိုကျသည်ဟုပင် ဆိုနိုင်ပါသည်။

ရန်ချုံသည် အဝေးမှ ထွက်ပေါ်လာသော ဓားစွမ်းအင်လှိုင်းကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများက အလွန်လေးနက်သော အမူအရာ ပေါ်လာပါသည်။

အကယ်၍ ဤဓားချီလှိုင်းသာ သူ၏ခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ် ကျရောက်သွားခဲ့ပါက၊ ဤကြောက်မက်ဖွယ်ကောင်းသော ဓားချီလှိုင်းကြောင့် သူသည် သဲလွန်စပင်မကျန်ဘဲ ချက်ခြင်းပင် အသတ်ခံရနိုင်ကြောင်း သူ၏နတ်ဘုရားအာရုံက ခံစားနေရသည်။

ဘန်း….။

ရန်ချုံ၏တတိယမျက်လုံးသည် ဝင်းလက်တောက်ပလာပြီး တခဏအတွင်းမှာပင် သူ၏ မျက်လုံးမှ ပြင်းထန်သော အကာအကွယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏ ပတ်ဝန်းကျင်ကို လုံး၀ လွှမ်းခြုံသွားသည်။

သူ၏အကာအကွယ် အလင်းဒိုင်းကို ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် ထိုကြောက်မက်ဖွယ် ဓားစွမ်းအားလှိုင်းသည် သူ၏အကာကွယ်အလင်းဒိုင်းကို ထိမှန်သွားခဲ့သည်။

All Chapters