← Chapters

အခန်း ၁၁၈၁

Vol. 79 Ch. 1181

အခန်း ၁၁၈၁

Vol. 79 Ch. 1181

အခန်း (၁၁၈၁) ရန်ချုံကို အညံ့ခံစေခြင်း။

"ဘန်း..”။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားလှိုင်းသည် ရန်ချုံ၏နတ်ဘုရားမျက်လုံးဖြင့် ဖွဲ့စည်းထားသော အကာအကွယ်အလင်းဒိုင်းပေါ်သို့ ကျရောက်သွားသည်။

ချက်ခြင်းပင်၊ ရန်ချုံ၏ အကာအကွယ်အလင်းဒိုင်းသည် မုန်တိုင်းအတွင်းမှ မြက်ပင်များကဲ့ လှုပ်ခါနေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားလှိုင်းကြောင့် အဆက်မပြတ် တုန်လှုပ်သွားခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားလှိုင်းကြီးကြောင့် သူ၏ခြေထောက် အောက်ရှိ မြေကြီးသည် တွင်းနက်ကြီးတစ်ခုအဖြစ် ပြတ်တောက်နေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဓားပုံစံအမှတ်အသားများက တစ်ခုပြီးတစ်ခု ဖြတ်သန်း သွားသည်။

"ဖျစ်… ဖျစ်….ဖျစ်…”။

ထိုအချိန်တွင် ရန်ချုံ၏ အကာအကွယ်အလင်းဒိုင်းမှ မထင်မရှား အက်ကွဲအသံများ ထွက်ပေါ်လာသည်။ ထိုအသံသည် တိုးညှင်းသော်လည်း၊ ကောင်းကင်ဘုံကိုးခု၏ မိုးခြိမ်းသံကဲ့သို့ ရန်ချုံ၏နားထဲကို ဝင်ရောက်သွားခဲ့သည်။

ရန်ချုံ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အကာကွယ် အလင်းဒိုင်းသည် နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရဖြစ်ကာ လုံးဝ အက်ကွဲသွားခဲ့သည်။

"ဘုန်း..”။

အကာအကွယ်အလင်းဒိုင်းသည် လုံးဝ ကွဲအက်သွားပြီး ပျောက်ပျက်မသွားသော ဓားစွမ်းအားလှိုင်းက ရန်ချုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"အား…”။

ရန်ချုံသည် သနားစဖွယ် အော်ဟစ်လိုက်သည်။ ပြင်းထန်သော ဓားစွမ်းအားလှိုင်းက ရန်ချုံ ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများယိုစီးစေပြီး အပေါက်များနှင့် ပြည့်နှက်သွားခဲ့သည်။

"ထွက်လာခဲ့စမ်း…"

ရန်ချုံသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းက သူ၏မျက်ခုံးနှစ်ခုကြားရှိ နတ်ဘုရားမျက်လုံးထံမှ ချက်ချင်း ထွက်ပေါ်လာပြီး ချင်ယွင်၏ ဓားစွမ်းအားလှိုင်းကို ဖြိုခွဲပစ်လိုက်သည်။

သို့သော် ထိုတိုက်ခိုက်မူအပြီး၌​ ရန်ချုံသည် ​အားအင်ကုန်ခမ်း​ပြီး ​မြေပြင်​​ပေါ်သို့ ပြိုလဲကျ သွားပါသည်။ သူ၏ခန္ဓာကိုယ်သည် နဂိုအစိတ်အပိုင်းတိုင်း မရှိသလောက်ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးလူသားအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ။

ဘန်း..။

သို့သော်လည်း ရန်ချုံသည် သူ၏ ထိန်းချုပ်နိုင်စွမ်းကို မစွန့်လွှတ်ခင်မှာ ချွန်ထက်သော ဓားထိပ်ဖျားတစ်ခုက လေဟာနယ်ထဲမှ ဖောက်ထွက်လာကာ သူ၏ တတိယမျက်လုံးရှိရာ နေရာတွင် ရပ်သွားခဲ့သည်။

ချင်ယွင်၏ဓားသည် ရှေ့သို့ နောက်ထပ် တစ်လက်မ ထိုးဖောက်လိုက်သည်နှင့်, သူ၏ ရှေးဟောင်းနတ်ဘုရားမျက်လုံးသည် တိုက်ရိုက် ပေါက်ထွက်သွားလိမ့်မည်။

ရန်ချုံသည် ချက်ချင်းဆိုသလိုပင် သူ၏ခြေဖဝါးမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည့် ပြင်းထန်သော အအေးဓာတ်ကို ခံစားရလိုက်ပြီး၊ သူ၏ဦးရေပြားပင် ပေါက်ကွဲသွားစေ သည်။

"မလုပ်နဲ့...မလုပ်ပါနဲ့.." ရန်ချုံက ကမန်းကတန်း ပြောလိုက်သည်။

အကယ်၍, သူ၏ ရှေးဟောင်းနတ်ဘုရားမျက်လုံးကိုသာ ထိုးဖောက်မိပါက၊ သူသည် အမှန်တကယ်ပင် ပျက်စီးသွားရလိမ့်မည်။ ရှေးဟောင်းနတ်ဘုရားမျက်လုံးသည် ၎င်းတို့ မျက်လုံးသုံးလုံးမျိုးနွယ်၏ မြင့်မြတ်သော သင်္ကေတတစ်ခုဖြစ်ပြီး ၎င်းသည် ၎င်းတို့ မျက်လုံးသုံးလုံးမျိုးနွယ်၏ နတ်ဘုရားစိတ်ဝိညာဉ် တည်နေရာလည်း ဖြစ်ပါသည်။ နတ်ဘုရားမျက်လုံးကို ထိုးဖောက်ခံရသည်နှင့် သူလည်း လုံးဝ ရှင်းလင်းပြီးသာ ဖြစ်သွား လိမ့်သည်။ ထို့ကြောင့်၊ သူ၏ရှေးဟောင်းနတ်ဘုရားမျက်လုံးကို ဓားဖြင့် ထိုးလိုက်စဉ်မှာ, သူသည် သဘာဝအတိုင်း အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

"ငါ ဘာလို့ ရပ်ပေးသင့်လဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

ထိုရှေးဟောင်းစာအုပ်ထဲတွင် ရှေးဟောင်းမျက်လုံးသုံးလုံး မျိုးနွယ်စုများအကြောင်း သူ ဖတ်ဖူးသည်။ ရှေးဟောင်းနတ်ဘုရားမျက်လုံးသည် မျက်လုံးသုံးလုံးမျိုးနွယ်စုများအတွက် အစွမ်းထက်သော နေရာတစ်ခုဖြစ်ရုံသာမက, ၎င်းတို့မျက်လုံးသုံးလုံးမျိုးနွယ်ဝင်များ အတွက် အားနည်းချက်လည်း ဖြစ်ကြောင်း သူ သိထားသည်။ နတ်ဘုရားမျက်လုံးကို ဖျက်ဆီးနိုင်သရွေ့ သူသည် သူတို့ကို သတ်ပစ်နိုင်ပါပြီ။

ပထမတော့ ချင်ယွင်သည် စူးစမ်းကြံရုံသာဖြစ်သော်လည်း, အခု ရန်ချုံ၏ တုံ့ပြန်မှုကို သူ မြင်လိုက်ရသည့်အခါ, ရှေးဟောင်းစာအုပ်ထဲ ပြောခဲ့သည့်အကြောင်းအရာတွေက မမှားဘူးဆိုသည်ကို အခြေခံအားဖြင့် ချင်ယွင် သေချာသွားပါပြီ။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏လက်ထဲမှာ မြူနှင်းချောက်နက်ဓားကို ကိုင်ထားသည်။ ဓားသည် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ် နေသည်။ သူ ရှေ့ကို နည်းနည်းလေး တိုးလိုက်သည်နှင့် ရန်ချုံသည် ​​လုံးဝ သေသွားလိမ့် မည်။

ယခုအချိန်တွင် ရန်ချုံသည် အလွန်မင်း ကြောက်လန့်နေပါပြီ။ ချင်ယွင်က သူ၏ဓားကို ရှေ့ကို တိုးလိုက်မည်ကို သူ အရမ်းကြောက်လန့်နေခဲ့သည်။ ချင်ယွင်က သူ၏လက်ကို အနည်းငယ် ယမ်းလိုက်လျှင်ပင် သူသည် သေလုမတတ် ကြောက်လန့်နေပေလိမ့်မည်။

"မင်း ငါ့ကိုမသတ်​သ​ရွေ့ ငါ ဘာမဆိုလုပ်​ချင်ပါ​တယ်​" ရန်ချုံက ကမန်းကတန်း ပြောလိုက် သည်။

ဤအခိုက်အတန့်တွင်၊ အကြီးဆုံး သခင်လေး သို့မဟုတ် ကောင်းကင်ဘုံထွဋ် မြို့တော်၏ အမာခံအဖွဲ့ဝင် ဖြစ်ရေးတို့သည် သူ့အတွက် အရေးမပါတော့ပေ။ ကောင်းကင်ဘုံထွဋ် မြို့တော်၏ အမာခံအဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်ခြင်းသည် သူ၏အိပ်မက် ဖြစ်သော်လည်း၊ ဤအရာအားလုံးသည် သူ၏အသက်နှင့်ယှဉ်လျှင် ဘာမှ အရေးမပါတော့ပေ။ သူ၏အသက် ပင် မရှိမှတော့, ကောင်းကင်ဘုံထွဋ်မြို့တော်၏ အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်လာလျှင် ပင် အဓိပ္ပါယ်မဲ့သွားပါပြီ။

"မင်းက ဘာမဆို လုပ်နိုင်ပေါ့?။ ငါ့အတွက် ဘာလုပ်ပေးနိုင်မယ်လို့ မင်း ထင်လဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။

ချင်ယွင်၏ စကားကိုကြားတော့ ရန်ချုံ၏ မျက်လုံးများသည် ချက်ချင်း မှေးကျဉ်းသွားပါ သည်။ ချင်ယွင် သူ့ကိုမသတ်ဖို့အတွက် မည်သည့်အကြောင်းက သူ့ကို ဆွဲဆောင်နိုင်မလဲ ဆိုတာ သူ တွေးတောနေမိသည်။

သို့သော် အချိန်အတော်ကြာ တွေးတောပြီးနောက်တွင် မျှော်လင့်ချက်မဲ့သည့် ခံစားချက်က သူ၏စိတ်နှလုံးထဲသို့ ချက်ချင်း ပျံ့နှံ့ဝင်ရောက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်၏ မျက်လုံးများက ရန်ချုံကို စိုက်ကြည့်နေသည်။ ထို့ကြောင့် ရန်ချုံ၏ မျက်နှာပေါ် တွင် သိမ်မွေ့သည့် အမူအရာကို သူ မြင်နိုင်သည် ။

"တကယ်တော့ ငါ မင်းကို လုပ်ခိုင်းစရာတစ်ခု ရှိတယ်။" ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။

ရန်ချုံ၏ မူလက မျှော်လင်းချက်ကင်းမဲ့နေသည့် မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန်သော တောက်ပမှုကို ထုတ်ဖော်လာသည်။

"ဘာလဲ?။ ငါ့ကို ပြောပြပါ။ ငါ လုပ်မယ်။" ရန်ချုံက ကမန်းကတန်း မေးလိုက်ရင်း သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။ သဲကန္တာရထဲမှာ အချိန်အတော် ကြာ လမ်းလျှောက်နေခဲ့ပြီး ရေငတ်သေခါနီး လူတစ်ယောက်သည် ရေအရင်းအမြစ်ကို ရုတ်တရက် တွေ့မြင်လိုက်ရပြီးနောက် သူ၏တစ်ကိုယ်လုံး ချက်ချင်း ပြန်လည် ရှင်သန် လာသကဲ့သို့ပင်။

ရန်ချုံ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက် သည်။

"မင်းရဲ့အသက်သွေး စိတ်ဝိညာဉ်ကို အရင်လွှဲပေးပါ။" ချင်ယွင်က ရန်ချုံကို ပြောပါသည်။

ရန်ချုံသည် ချင်ယွင်၏စကားကို ကြားသောအခါ လုံးဝ မတွန့်ဆုတ်ဘဲ သူ၏စိတ်ဝိညာဉ် အမျှင်တန်းတစ်ခုကို တိုက်ရိုက် ထုတ်ယူကာ ချင်ယွင်ထံ ပေးအပ်လိုက်သည်။

သူ၏အသက်သွေးစိတ်ဝိညာဉ်ကို အပ်နှံပြီးနောက်၊ သူ၏လွတ်လပ်မှုများ ဆုံးရှုံးသွားခဲ့ပြီး၊ သူသည် အခြားသူ၏ ကျွန်ဖြစ်သွားလျှင်ပင်၊ သူ၏အသက်နှင့် နှိုင်းယှဉ်ပါက လွတ်လပ်မှုက ဘာအသုံးကျမည်နည်း?။

ချင်ယွင်သည် ရန်ချုံ၏ အသက်သွေးစိတ်ဝိညာဉ်ကို သူ၏စိတ်ဝိညာဉ်ထဲတွင် ထည့်ထား လိုက်သည်။ ချက်ခြင်းပင် သူ၏ရှေ့မှ ရန်ချုံနှင့် သူ၏စိတ်ကြားမှာ ဆက်သွယ်မှု အရိပ်အယောင်ကို ခံစားလိုက်ရပါသည်။ ယခုအခါ, သူ၏စိတ်ကို တစ်ချက်လှုပ်ရှား လိုက်သည်နှင့် သူသည် ရန်ချုံ၏ စိတ်ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်နိုင်သည်။

"သခင်၊ ကျွန်တော့်ကို ဘာလုပ်စေချင်လဲ" ရန်ချုံက ချင်ယွင်ကို ကြည့်ပြီး မေးသည်။ ယခု သူသည် ချင်ယွင်၏ ကျွန်ဖြစ်သွားပြီ ဖြစ်၍၊ သူသည် ချင်ယွင်ကို အရှင်သခင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

"တကယ်တော့, ငါ မင်းကို လုပ်ခိုင်းချင်တဲ့အရာက အရမ်းကို ရိုးရှင်းပါတယ်။ ငါက မင်းကို ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်စေချင်တယ်။" ချင်ယွင်က ရန်ချုံကို ပြောသည်။

"အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့လား?" ရန်ချုံ၏ မျက်နှာသည် အလွန်ပင် ပဟေဠိဆန်သော အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

“မှန်တယ်၊ မင်းကို အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်စေချင်တယ်။ အမှန်အတိုင်းပြောရရင် ငါက ဒီတစ်ကြိမ် နတ်ဘုရားနန်းတော်ကြီးသုံးခုရဲ့ မစ်ရှင်တွေကို ပြီးမြောက်စေခဲ့သူပဲ။ ဒါကြောင့်, ငါက လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ရဲ့ မစ်ရှင်ကိုလည်း ပြီးမြောက်ချင်တယ်။ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆို, ငါ ဘာလုပ်မလဲဆိုတာ မင်း ခန့်မှန်းနိုင်လိမ့်မယ်၊ ဟုတ်တယ် မဟုတ်လား?" ချင်ယွင်က ရန်ချုံအား ပြုံးပြုံးလေး ပြောလိုက်သည်။

တကယ်တော့ ချင်ယွင်သည် မူလက ရန်ချုံကို သတ်ပစ်ရန် ရည်ရွယ်ထားသော်လည်း၊ အခုတော့ ချင်ယွင်သည် စိတ်ပြောင်းသွားပါပြီ။ ရန်ချုံကို ထိန်းချုပ်ထားခြင်းက အနာဂတ်မှာ သူ့အတွက် အသုံးဝင်ကောင်း အသုံးဝင်လာနိုင်သည်။

နောက်ဆုံးတွင်၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်မှာ မြို့တော်သခင် တစ်ဦးကို သတ်ပစ်ရန် ဖြစ်သည်။ ယခုအခါ, သူသည် ကောင်းကင်ဘုံထွဋ်မြို့တော်ကို ရန်ငြိုးထားပြီးဖြစ်သည်။ ထို့ကြောင့်, ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ချင်ယွင်၏ ရည်ရွယ်ချက်မှာ ရန်ချုံကို ကောင်းကင်ဘုံထွဋ်မြို့တော်၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်လာစေရန် ဖြစ်သည်။ အနာဂတ်တွင် သူ ကောင်းကင်ဘုံထွဋ်မြို့တော်ကို ခိုးဝင်သောအခါ ရန်ချုံက သူ့ကို ကူညီပေးနိုင်လိမ့်မည် ။

ယခု ရန်ချုံ၏စိတ်ဝိညာဉ်သည် သူ၏ထိန်းချုပ်မှုအောက်တွင် အပြည့်ရှိနေပြီ။ ရန်ချုံသည် ဤကိစ္စကို ထုတ်ဖော်မည်ကို စိုးရိမ်နေမည် မဟုတ်ပေ။

ချင်ယွင်၏စကားကို ကြားတော့ ရန်ချုံသည် ချက်ချင်းပင် မျက်လုံးပြူးသွားပြီး အလွန်မင်း တုန်လှုပ်နေသော အမူအရာကို ထုတ်ဖော်လိုက်သည်။

မကြာသေးခင်က သူသည် ဝိညာဉ်နတ်ဘုရားမ၏ နေရာကို ရှာဖွေနေခဲ့သော်လည်း အက်စ်ခက်ကာများ အကြောင်းကို သူ သိနေပါသေးသည်။ သူ၏ရှေ့မှ ဤလူငယ်သည် အက်စ်ခက်ကာတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားမိပါဘူး။

ထို့အပြင်၊ သူ မမျှော်လင့်ထားသည့် အရာမှာ ချင်ယွင်သည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ မြို့တော်သခင်အား အမှန်တကယ် အာရုံစိုက်လာခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းကို တွေးပြီး သူ၏တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ချင်ယွင် သူ့ကို လုပ်စေချင်သည့်အရာက ကောင်းကင်ဘုံထွဋ်မြို့တော်မြို့၏ မြိုတော်သခင်ကို တိုက်ရိုက် သတ်ခိုင်းခြင်း မဟုတ်ဘူးဆိုသည်ကို သူသိသော်လည်း မြို့တော်သခင်ကို သတ်ဖြတ်ရာရာ မှာ ကူညီပေးခြင်းကလည်း ကြီးလေးသည့် ပြစ်မှုကြီးတစ်ခု ဖြစ်နေပါသည်။

သို့သော် ယခုအချိန်တွင် သူသည် နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ အဆုံးတွင်၊ သူ၏စိတ်ဝိညာဉ်သည် ချင်ယွင်၏ထိန်းချုပ်မှု အောက်တွင်ရှိနေပြီ ဖြစ်သည်။

"တစ်ယောက်ယောက် လာနေပြီ။ ငါ့ကို မင်းရန်သူအဖြစ် သဘောထားလိုက်ပါ။ ငါက တင်းချန်ကို သတ်လိုက်တာလို့ သူ့ကို ပြောလိုက်ပါ။" ချင်ယွင်က ရန်ချုံကို အသံဖြင့် ပို့လွှတ်၍ ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့်, သူက ရန်ချုံ၏ ရင်ဘတ်ကို ရိုက်ချလိုက်ပြီး သူ့ကို လွင့်ပျံသွားစေ ခဲ့သည်။

All Chapters